Channel Myanmar

Felix Solis

The Friend (2024) 6.5
The Friend (2024)  Boulder နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆုရရှိခဲ့တဲ့ The Friendကို ခရမ်းချဉ်သီးပုပ်ကလည်း rating 7/10 ပေးထားပါတယ်။လူသားနဲ့အိမ်မွေးခွေးကြားက နှစ်လိုဖွယ်ရာသံယောဇဉ်ကိုပူဆွေးသောကနဲ့တွဲဖက်ဖော်ကျူးထားပြီး မင်းသား၊ မင်းသမီးကြီးတွေဖြစ်တဲ့ Naomi Watts၊ Bill Murray တို့က ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။The Friend ဟာ ခွေးပိုင်ရှင်တွေနဲ့ ချစ်ရသူတွေကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေအတွက် ခံစားချက်တွေထပ်တူကျစေမယ့်ကားဖြစ်ပါတယ်။စာရေးဆရာမအိုင်းရစ္စဟာ မိတ်ဆွေဖြစ်သူဆုံးပါးသွားတာကြောင့်အဲဒီမိတ်ဆွေရဲ့ဆန္ဒအရ အပိုလိုဆိုတဲ့အသက်ကြီးနေပြီဖြစ်တဲ့Grate Dane ခွေးကြီးကို သူ့တိုက်ခန်းလေးထဲမှာ မွေးရဖို့ဖြစ်လာတဲ့အခါ အိုင်းရစ္စတစ်ယောက် အခက်အခဲတွေအများကြီးနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ကိုယ်တိုင်က မိတ်ဆွေကိုဆုံးရှုံးရလို့ ပူဆွေးသောကရောက်နေတဲ့တိုင်အောင် အပိုလိုရဲ့ပူဆွေးသောကကပိုကြီးနေတဲ့အတွက် အပိုလိုကိုကယ်ဆယ်ရေးဂေဟာတွေကိုမပို့တော့ဘဲအိုင်းရစ္စဟာ အသက်ကြီးနေပြီဖြစ်တဲ့အပိုလိုရဲ့နောက်ဆုံးအချိန်တွေကိုအဖော်ပြုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။နှစ်ကြိမ်တိုင်တိုင်စွန့်ပစ်ခံခဲ့ရတာကြောင့် အမြဲတမ်းဝမ်းနည်းနေပုံပေါက်တဲ့အပိုလိုဆိုတဲ့ခွေးကြီးရဲ့သရုပ်ဆောင်မှုတွေနဲ့အတူ စာရေးဆရာမပီပီ ပူဆွေးသောကနဲ့ပတ်သက်လို့ အိုင်းရစ္စရဲ့ပြောင်မြောက်တဲ့ခံစားချက်တွေကလည်း ရုပ်ရုပ်ခံစားမှုကိုပိုပြီးအသက်ဝင်စေတာမြင်တွေ့ရမှာဖြစ်ပါတယ်။  File size… (1.49 GB) / (869 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

The Friend (2024)

The Curse of the Necklace (2024) 5.5
The Curse of the Necklace (2024)  ကြောက်ဖို့ကောင်းတဲ့ Horror movie ကြည့်ချင်တယ် The Exorcist ရဲ့Themes လိုမျိုး ကြည့်ချင်တယ် ဆိုတဲ့သူတွေအတွက် Warner Bros. ကရိုက်ကူးထုတ်လုပ်လိုက်တဲ့ The Curse of the necklace ဇာတ်ကားကစိတ်ကျေနပ်မှု ရစေမှာပါ။ ၁၉၆၀ ဝန်းကျင် ခေတ်အနေအထားကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ ပါဝင်ထားတဲ့ သရုပ်ဆောင်တွေကလည်း Horror Genre နဲ့ အသားကျပြီးသား သရုပ်ဆောင်တွေမို့အပိုအလိုမရှိ အံဝင်ခွင်ကျ သရုပ်ဆောင်နိုင်ကြပါတယ်။(ဖရန့်ခ်- Pet Sematary၊ လော်ရာ - Shevenge ၊ အယ်လင်- M3GAN)ဇာတ်လမ်းကတော့ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေတဲ့ မိသားစုတစ်စုမှာ ဖခင်လုပ်သူ ဖရန့်ခ်က ရဲဝန်ထမ်း တစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူလော်ရာက ဆေးရုံမှာ နာ့စ်လုပ်ပါတယ်။ လင်မယား ရန်အကြီးအကျယ်ဖြစ်ပြီးနောက်ပိုင်း ယောကျ်ားက အိမ်မှာမနေတော့ဘဲ ဟိုတယ်တစ်ခုမှာနေနေရတာပါ။ ဆယ်ကျော်သက်အရွယ် သမီးကြီး ဂျူးဒစ်နဲ့ ...
movie

The Curse of the Necklace (2024)

Unfrosted (2024) 5.6
Unfrosted (2024)  မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie

Unfrosted (2024)

The International(2009) 7.0
The International(2009) The International(2009) အညွှန်း****************************IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်...အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလိုအချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်..အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်..လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်...သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့...ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး Clive Owen  နဲ့ မင်းသမီ:ကြီးNaomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲတော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့....File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , ...
movie

The International(2009)

Man on a Ledge(2012) 6.8
Man on a Ledge(2012) Man on a Ledge(2012)((နင်းကန်လန်းတဲ့ကားမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720p တို့ဖြင့် တင်ဆက်ပေးထားပါသည်။)) ခေါင်မိုးစွန်းပေါ်ကလူတစ်ယောက် သောင်းပြောင်းထွေလီလှတဲ့ လူ့လောကမှာလူပေါင်းများစွာကို ထောင်နှုတ်ခမ်းနားမဟုတ်တဲ့ တိုက်ခေါင်မိုးနှုတ်ခမ်းနားရောက်စေတဲ့ကိစ္စတွေအများကြီးရှိပါတယ်.... ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော် Avatar မင်းသား Sam Worthington တစ်ဖြစ်လဲ နစ်ကတ်စီဒီဆိုတဲ့လူဟာ ရုစဗဲ့ဟိုတယ်ရဲ့ ၂၁လွှာကနေခုန်ချဖို့လုပ်ပါတယ် ......သူ့ကြည့်ရတာ ဒီလိုခုန်ချဖို့အစီအစဉ်ကို သေသေချာဆွဲထားသလားထင်ရပါတယ်... ခုန်ချဖို့ ခေါင်မိုးစွန်ကိုမသွားခင် လက်ဗွေရာမကျန်အောင် နှုတ်ဆက်စာဆန်ဆန်ရေးခဲ့သလို ဝိုင်ပုလင်းတွေမနက်စာစားတုန်းက ကျန်ခဲ့တဲ့လက်ဗွေရာတွေကိုပါ ရှင်းခဲ့ပါသေးတယ်...ဒီလိုခုန်ချဖို့ စီစဉ်နေတုန်းမှာ နစ်ကတ်စီဒီ ရဲ့နောက်ကြောင်းကို တစ်ချက်ပြတယ်...သူကအရင်ကရဲဖြစ်ဖူးခဲ့ပြီး ပြဿနာတစ်ခုကြောင့် ထောင်(၂၅)နှစ်ကျသွားတယ်...ခုတော့ လူစည်ကားလွန်းတဲ့မြို့လယ်ခေါင်ရဲ့ ဟိုတယ်တစ်ခုပေါ်မှာ ခုန်ချဖို့ကြိုးစားနေပါတယ်...ခုန်ချဖို့ကြိုးစားတာက တခြားကြီးမားတဲ့အစီအစဉ်ကြီးအတွက် အစိတ်အပိုင်းတစ်ခုများဖြစ်လေမလား.... ဒီကားက အီသွားတဲ့နေရာမရှိဘူး...ဇာတ်လမ်းစစချင်းလူတစ်ယောက်တိုက်ပေါ်ခုန်ချဖို့ကြိုးစားတယ်..ပြီးတော့သူနောက်ကြောင်းကိုတစ်ချက်ပြတယ်...အက်ရှင်ခန်းတွေနဲ့ ဇာတ်ကိုပုံဖော်သွားတာ...ကိုယ်တိုင်လိုက်လံအဖြေထုတ်ရင်းဇာတ်လမ်းက တဖြည်းဖြည်းရုပ်လုံးပေါ်လာသလို အစကနေအဆုံးထိ ကြည့်ရင်း ကိုယ်ပါ ဇောချွေးပြန်လာတဲ့ဇာတ်ကားမို့ ကျန်တဲ့ဟာတွေမပြောတော့ပါဘူး...နည်းနည်း Spoiler လုပ်တာနဲ့ ရသပျက်သွားနိုင်တဲ့ကားမို့ပါ.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်....File ...
movie

Man on a Ledge(2012)