Channel Myanmar

Felix Merback

Blood Star (2024) 6.1
Blood Star (2024)  ဒီတစ်ခါ cm ပရိသတ်ကြီးကို Thriller ဇာတ်ကား‌‌လေးတစ်ကားနဲ့ မိတ်ဆက်‌‌ပေးချင်ပါတယ်။ဇာတ်ကားအဖွင့်မှာပဲ ပထမဆုံး သားကောင်ဖြစ်တဲ့ကောင်မလေး ကန္တာရထဲပြေးလွှားရင်း လဲကျနေချိန်ရေဘူးပေး ကျည်တစ်‌‌တောင့်နဲ့ သေနတ် ပစ်ချ‌‌‌‌‌‌‌ပေးပြီးကားနဲ့တိုက်သတ်တဲ့ အခန်းနဲ့ စတင်ထားပါတယ်။ရိုဘတ်တာ (ဘော်ဘီ) လို့ခေါ်တဲ့ ‌‌‌‌‌‌ကောင်မ‌‌‌‌လေးတစ်ယောက်စတိုးဆိုင်တစ်ခုမှာ အလစ်သုတ်တဲ့ အမှုနဲ့ အချုပ်ကျရာကနေ လွတ်လာပြီးတော့ သူ့ရဲ့ ရည်းစားဆီကိုပြန်ဖို့ ကန္တာရကို ဖြတ်မောင်း လာခဲ့ပါတယ်။လမ်းမှာ သူ့အစ်မနဲ့ ဖုန်းပြောရင်း ကားမောင်းနေတဲ့ ရိုဘတ်တာတစ်ယောက် ဆီဆိုင်မှာ ဆီဝင်ဖြည့်ရင်း သူ့ကို အတင်းအရောဝင် အအေးဘူးတိုက်တဲ့ ကောင်တီရဲ(ရှဲရစ်)ဘီစတိန်းနဲ့ စပြီးတွေ့ဆုံမိကြပါတယ်။ သူစိမ်းတွေကိုသိပ်မယုံတတ်တဲ့သူ ဖြစ်တော့ ခပ်တန်းတန်းပဲ ဆက်ဆံပြီးကားဆက်မောင်းထွက်လာတဲ့ ဘော်ဘီတစ်ယောက်လမ်းမှာ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ကားတွေကိုရှောင်တခင် ဖမ်းတဲ့နေရာမှာ မိပြီး အနောက်ကနေရဲကား လိုက်လာပါတော့တယ်။အဲဒီရဲက တခြားသူတော့ မဟုတ်ပါဘူး သူနဲ့ ဆီဆိုင်မှာဆုံခဲ့တဲ့ ကောင်တီရဲ ဘီစတိန်းပါပဲ။ အရှိန်လွန် မောင်းတဲ့အတွက်ရော လမ်းမှာ ဘော်ဘီပစ်ချလိုက်တဲ့ ...
movie

Blood Star (2024)

AIMEE: The Visitor (2023)
AIMEE: The Visitor (2023) Keyes ဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ အခြားသူတွေ ဖန်တီးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ခိုးပြီး ပြန်ရောင်းနေတဲ့ ဟက်ကာ တစ်ယောက်ဖြစ်ကာ ညစ်ညမ်းကားတွေကြည့်၊ အပြင်စာတွေ စားသောက်၊ အိမ်တွင်းပုန်းကာ ဘဝကို အချိန်ဖြုန်းနေသူ တစ်ယောက်ပါ။တစ်နေ့မှာတော့ သူ့မိတ်ဆွေ နှစ်ဦးထံမှ ဆော့ဖ်ဝဲတစ်ခုကို ရရှိခဲ့ပါတယ်။ ထိုဆော့ဖ်ဝဲဟာ AIMEE လို့ အမည်ရတဲ့ AI ပရိုဂရမ် တစ်ခုဖြစ်ကာ ခိုးရာပါ ပစ္စည်းဖြစ်တဲ့အတွက် မူရင်းဖန်တီးသူကိုတော့ မသိရပါဘူး။ ထို AIMEE ဟာ သူ့ကို activate လုပ်လိုက်တဲ့သူကို ပိုင်ရှင်အဖြစ် သတ်မှတ်ကာ အရာရာကို ခဏချင်းအတွင်း စကန်ဖတ်ကာ လေ့လာနိုင်စွမ်းမြင့်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။သူဟာ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ အရာတွေ၊ မိတ်ဆွေတွေသာမကပဲ ခံစားချက်တွေကိုပါ ဖတ်နိုင်သူ ဖြစ်ပြီး ကူညီပေးနေတဲ့အတွက် ပိုင်ရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး လွယ်ကူ လျှင်မြန်အောင် ...
movie

AIMEE: The Visitor (2023)