Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Fedi Nuril
6.3
1 Imam 2 Makmum (2025)
1 Imam 2 Makmum (2025)IMDb Rating (6.3) ဆုံးပါးသွားတဲ့ အရင်ဇနီးဟောင်းကို မမေ့နိုင်သေးတဲ့ Arman က သူ့အမေဆန္ဒအရ Anika ဆိုတဲ့ မိန်းမငယ်လေးကို အလိုမတူဘဲ လက်ထပ်ခဲ့ရတယ်။Anika က Arman နဲ့ Arman ရဲ့သမီးလေး Yasmin ကို အရမ်းချစ်ပြီး ပြုစုစောင့်ရှောက်ပေးရင်း အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့တယ်။ဒါပေမဲ့ အရင်ဇနီးဟောင်းကို မေ့မရသေးတဲ့ ခင်ပွန်းသည် Arman ကို Anika နောက်ဆုံးမှာ သူ့ကိုချစ်လာအောင် ပြောင်းလဲနိုင်မလား၊ Yasmin လေးနဲ့ Anika ကြားက သံယောဇဉ်က အမေနဲ့သမီးဆက်ဆံရေးအဖြစ် တည်ရှိသွားနိုင်မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ မိသားစုချစ်ခြင်းမေတ္တာ၊ ကတိကဝတ်တည်မြဲမှုတွေနဲ့ ရင်ထဲနွေးထွေးဖွယ် ကြည့်ရှုရမဲ့ ဒရမ်မာတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(1.3 GB) / (610 MB) Quality….WEB-DL ...
movie
1 Imam 2 Makmum (2025)
2025
5.7
Bila Esok Ibu Tiada (2024)
Bila Esok Ibu Tiada (2024) "တစ်နေ့နေ့ အမေမရှိတော့တဲ့အခါ..."ဒီတစ်ခါတော့ မိဘရှိသူတိုင်း သားသမီးရှိသူတိုင်း ကြည့်သင့်တဲ့ မိသားစု-ဒရာမာ အင်ဒိုနီးရှားဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးပါရစေ။'ခလုတ်ထိမှအမိတ' ဆိုသလိုပဲ လူတော်တော်များများက အရေးမကြုံရင် မိဘကိုမေ့နေတတ်ကြပါတယ်။ ရှိနေတုန်း တန်ဖိုးထားဖို့ မေ့လျော့နေတတ်ကြပါတယ်။ အခုဇာတ်လမ်းလေးကလည်း မိဘနဲ့သားသမီးတွေကြားမှာ ဖြစ်တတ်တဲ့အဲဒီသဘာ၀ကို ရိုးရိုးလေးရိုက်ကူးပြသထားတာပါ...။ရာမီဟာ ချစ်ခင်ပွန်းရယ် သားသမီးလေးယောက်ရယ်နဲ့ ပျော်စရာမိသားစုဘ၀လေးကို ပိုင်ဆိုင်ထားသူပါ။ ဒါပေမဲ့ လောကဓံရဲ့မမြဲခြင်းတရားက သူတို့ရဲ့မိသားစုဘ၀လေးကို ရိုက်ခတ်သွားခဲ့ပါတယ်။တစ်နေ့တော့ ခင်ပွန်းသည်ရုတ်တရက်ကွယ်လွန်ပြီး ရာမီ့ကိုခွဲခွာသွားပါတယ်။ အရွယ်ရောက်နေတဲ့ သားသမီးတွေကလည်း အလုပ်အသီးသီးနဲ့ ရာမီ့ကို ထပ်မံခွဲခွာသွားခဲ့ပြန်ပါတယ်။ဒီလိုနဲ့ အမေ့မွေးနေ့ကိုတောင်မေ့နေကြတဲ့ သားသမီးလေးယောက်နဲ့ အထီးကျန်နေတဲ့ ရာမီတို့ ဘယ်လိုရှေ့ဆက်စခန်းသွားကြမလဲ၊ ဘယ်လိုမိသားစုပြဿနာတွေ ကြုံတွေ့ရဦးမလဲဆိုတာ ကြည့်ကြရမှာ ဖြစ်ပါတယ်။ဒီဇာတ်လမ်းလေးထဲကအတိုင်း အသက်အရွယ်ရလာတဲ့ မိအိုဖအိုတွေရဲ့အထီးကျန်မှုကို ကိုယ်တိုင်မိဘနေရာရောက်သွားရင်ဆိုတဲ့ ကိုယ်ချင်းစာနာစိတ်နဲ့ ခံစားနားလည်ပေးရင်း ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ToMo~Yunni တို့ ဖြစ်ပါတယ်။) File size…1.5 GB / ...
movie
Bila Esok Ibu Tiada (2024)
7.2
Rumah Masa Depan (2023)
အင်ဒိုနီးရှား မိသားစုDrama ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ဆူကရီတို့မိသားစုဟာ ဂျာကာတာမှာစားသောက်ဆိုင်လေးတွေဖွင့်ထားပြီး ဆူကရီရဲ့အမျိုးသမီးဖြစ်သူဆွာတီကလည်း ဆုရထားတဲ့ ရှက်ဖ်တစ်ယောက်ဖြစ်တဲ့အပြင်YouTuber တစ်ယောက်လည်းဖြစ်ပါတယ် ဆွာတီရဲ့YouTube channel ကလည်းထင်သလောက် viewersမတက်လာတဲ့အပြင် ဆူကရီဖွင့်ထားတဲ့ဆိုင်တွေမှာလည်းအခက်အခဲလေးတွေကြုံနေရပါတယ်အဲဒီအပြင်ကိုမှ ဆူကရီရဲ့အဖေဖြစ်သူကလည်းရုတ်တရက်ကြီးဆုံးပါးသွားလို့ ဆူကရီတို့တစ်ပူပေါ်နှစ်ပူဆင့်ဖြစ်ပြီးရွာကိုချက်ချင်းပြန်ရပါတော့တယ် ရောက်ရောက်ခြင်းဆောက်နဲ့ထွင်းဆိုသလိုအမေဖြစ်သူနဲ့မိန်းမဖြစ်သူတို့ကလည်း ပြဿနာတွေတက်ကြတော့အဖေဖြစ်သူကိုမြေချပြီးတာနဲ့ပြန်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်နောက်ရက်ပြန်ဖို့အတွက်လမ်းတစ်ဝက်မရောက်ခင်မှာဘဲဖုန်းတစ်ကောလ်ဝင်လာရာကနေ သူတို့လည်းမပြန်ဖြစ်တော့ဘဲရွာမှာဆက်နေဖို့အကြောင်းဖန်လာကာ ဆူကရီတစ်ယောက်ဘာတွေရင်ဆိုင်ရမလဲ အမေနဲ့မိန်းမကကောဘာတွေဆက်ဖြစ်ကြမလဲဆိုတာကတော့ဆက်ကြည့်လိုက်ရအောင်ပါ File size…1.47GB / 703MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg
movie
Rumah Masa Depan (2023)
Kapan Hamil? (2023)
Kapan Hamil [2023]အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်... ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်... ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်... အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်... တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်... အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်... ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့... ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်... ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Kapan Hamil? (2023)
2023
7.1
Air Mata di Ujung Sajadah (2024)
Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 )အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး... အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ … ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့် အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်... ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်... ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်... မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့ အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီး သူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်... ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီး သေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းက တစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာ သူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း ...
movie
Air Mata di Ujung Sajadah (2024)
2024
7.2
5 cm (2012)
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို စိတ်ဓာတ်ခွန်အားဖြစ်စေမယ့်ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဘဝမှာ လက်လျှော့အရှုံးပေးချင်တဲ့ အချိန်တွေကို ကြုံဖူးကြတယ်ဟုတ်။ဒါဆိုရင်တော့ ဒီဇာတ်ကားလေးက ပရိသတ်ကြီးတို့ရဲ့ စိတ်ဓာတ်ကိုမြှင့်တင်ပေးမှာ အသေအချာပါပဲ။ဇာတ်ကားနာမည်ကတော့ 5CM လို့ခေါ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ သူငယ်ချင်း ၅ ယောက်ကခင်လာတာကြာပြီးတော့ အမြဲလိုလို အတူအချိန်ဖြုန်းဖြစ်ကြတယ်။အတူတူစားကြသောက်ကြ လည်ကြပတ်ကြနဲ့ပေါ့။ တစ်နေ့မှာတော့အဲဒီ ၅ ယောက်ထဲက ဂျန်တာ့ဆိုတဲ့တစ်ယောက်က သူတို့တွေcomfort zone က ရုန်းထွက်ဖို့လိုတယ်၊ နေ့တိုင်းတွေ့နေရင် ရိုးအီသွားမယ်၊ဒါကြောင့် သူတို့တွေ ခဏလောက် ခွဲနေရအောင်ဆိုပြီး အကြံပြုလာခဲ့တယ်။ကျန်တဲ့ ၄ ယောက်ကလည်း သူပြောတာကို ထောက်ခံကြပြီး ၃ လအဆက်အသွယ်မလုပ်ကြဖို့ သဘောတူလိုက်ကြတယ်။ ၃ လအတွင်းမှာကိုယ့်ဘဝကိုယ် တိုးတက်ပြောင်းလဲစေမယ့်အရာတွေကို လုပ်ကြတော့တာပေါ့။၃ လပြည့်လို့ ပြန်တွေ့ကြတဲ့အခါ သူတို့ ၅ ယောက်က ခရီးတစ်ခုထွက်ကြပါတယ်။ ဂျာဗားရဲ့ အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ မဟာမယ်ရူတောင်ကို တက်ကြတာပေါ့။ ဒီတောင်တက်ခရီးက ဘယ်လောက်တောင် ခက်ခဲကြမ်းတမ်းပြီးတော့ သူငယ်ချင်း ...
movie
5 cm (2012)
6.2
Satria Dewa: Gatotkaca (2022)
Satria Dewa: Gatotkaca (2022) ====================== IMDb Rating - 6.2/10အင်ဒိုနီးရှားဟာလည်း ကိုယ်ပိုင် စူပါဟီးရိုးတစ်ကောင်ကို အတွဲလိုက် ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မိုဘိုင်းလဲဂျန်းဂိမ်းကစားသူတွေကတော့ ဒီစူပါဟီးရိုးနာမည်ကို ကြားဖူးမှာပါ။ ဂါတို့ကာ့ကြာပါပဲ။ ဒီဇာတ်လမ်းဟာ ရာမာယနလိုပဲ နာမည်ကြီး ပြဇာတ်ကြီးတစ်ခုဖြစ်တဲ့ မဟာဘာရာတာ ဇာတ်ကိုအခြေခံထားတာပါပဲ။ပန်ဒါဝါ တွေနဲ့ ကူရာဝါမျိုးနွယ်တွေဟာ ခရစ်တော်မပေါ်ခင်နှစ် ၃၀၀၀ လောက်မှာ ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ပါတယ်။ ကူရာဝါတွေဟာ ဖျက်ဆီးချင်း လုယူချင်းဗီဇရှိသူတွေဖြစ်ပြီး၊ ပန်ဒါဝါတွေကတော့ ဗီဇကောင်းရှိသူတွေဖြစ်ခဲ့ တာကြောင့် နတ်ဘုရားတွေဟာ စစ်ပွဲမှာ ပန်ဒါဝါတွေကို အနိုင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ နတ်ဘုရားတွေကိုဆန့်ကျင်ပြီး ကူရာဝါတပ်မှူး အဆွာတာမဟာ ပြန်တိုက် ခဲ့တာကြောင့် ထာဝရအကျဉ်းချခြင်းကိုခံလိုက်ရပါတော့တယ်။အဲဒီသမိုင်းကနေ ဒီနေ့ခေတ်ကိုအရောက်မှာတော့ ကူရာဝါမျိုးဆက်တွေဟာ ပန်ဒါဝါမျိုးဆက်တွေကို လိုက်သတ်ပြီး သူတို့ရဲ့ သခင် အဆွာတာမကို ကယ်တင်ဖို့ ကြိုးစားလာပါတော့တယ်။ ပန်ဒါဝါတွေအကုန်သေဆုံးပြီး အဆွာတာမလွတ်မြောက် လာမှာကို တားဖို့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် ပန်ဒါဝါတွေရဲ့ ကယ်တင်ရှင် ဂါတို့ကာ့ကြာအဖြစ် စွမ်းအားရှင်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ အဲဒီဂါတို့ကာ့ကြာ အသစ်ဟာ အစွမ်းတွေဘယ်လိုရပြီးဘယ်လိုတိုက်ခိုက်မလဲဆိုတာကို ဆက်ကြည့်ရမှာပါပဲ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(1.82 GB) / (750 ...
movie
Satria Dewa: Gatotkaca (2022)
2022