Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Federico Tocci
7.7
There’s Still Tomorrow (2023)
၂၀၂၃ ခုနှစ်ကမှ ထွက်ရှိခဲ့တဲ့ အီတာလျံစကားပြော ရုပ်ရှင်တစ်ခုဖြစ်တဲ့ ဒီရုပ်ရှင်ဟာ အီတလီပြည်တွင်းမှာ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ဝေဖန်သူတွေ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ရောမရုပ်ရှင်ပွဲတော်မှာ ဆုသုံးခု ရရှိခဲ့တဲ့အပြင် အီတလီနိုင်ငံမှာ ၂၀၂၃ ခုနှစ်အတွက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ အီတာလျံခေါင်းစဥ်က C'è ancora domani ဖြစ်ပြီး Period Comedy-Drama အမျိုးအစားပါ။ဇာတ်အိမ်ကို ဒုတိယကမ္ဘာစစ်အပြီး ကာလမှာတည်ထားပြီး Delia ဆိုတဲ့ အိမ်ရှင်မတစ်ဦးရဲ့ အဲဒီခေတ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ လူမှုဒုက္ခတွေနဲ့ လူတန်းစားရုန်းကန်မှုတွေကို ပြဆိုထားတာ ဖြစ်ပါတယ်။ Delia ရဲ့ ခင်ပွန်းဖြစ်သူက ဇနီးအပေါ် နှိပ်စက် ချုပ်ချယ်တတ်တဲ့ လူစားမျိုးဖြစ်ပြီး သမီးဖြစ်သူ Marcella နဲ့ သားနှစ်ဦးရှိပါတယ်။ Delia ဟာ အိမ်မှုကိစ္စအားလုံးကို လုပ်ကိုင်ရသလို အပြင်ထွက်ပြီး ငွေလည်းရှာရပါသေးတယ်။ ဒီကြားထဲမှာ ခင်ပွန်းဖြစ်သူရဲ့ မထင်ရင် ...
movie
There’s Still Tomorrow (2023)
The Voyagers (2022)
ဒီဇာတ်ကားလေးက ၂၀၂၂ ကမှထွက်ရှိထားတဲ့ အီတလီဇာတ်ကားလေးပါ။ အချိန်ခရီးသွားတဲ့ Fantasy အမျိုးအစားဇာတ်ကားဖြစ်ပြီး ခါတိုင်းလို အမေရိကန်တွေက ကမ္ဘာကြီးကိုကယ်တင်မဲ့အစား ဒီတစ်ခါတော့ အီတာလျံတွေ ကမ္ဘာကိုကယ်တင်မှာကို ကြည့်ရှုရမှာပါ။ဇာတ်လမ်းအကျဥ်း ကတော့ မက်စ် ဆိုတဲ့ကောင်လေးရဲ့ အစ်ကိုဖြစ်သူ ဘီယိုက သိပ္ပံသုတေသန Lab တစ်ခုမှာ အလုပ်လုပ်နေတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး တစ်နေ့မှာ ခြေရာလက်ရာမကျန်ဘဲ လုံးဝပျောက်ဆုံးသွားပါတယ်။တစ်နှစ်အကြာမှာ အစ်ကိုဖြစ်သူပျောက်သွားတဲ့ Lab ကို မက်စ်နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ ဂရီတာ နဲ့ ဖလီဘိုတို့ သုံးယောက်သား ဖောက်ထွင်းဝင်ရောက်ရာကနေ စက်တစ်ခုကို မတော်တဆဖွင့်မိရင်း သူငယ်ချင်းသုံးယောက်လုံး အတိတ်ကိုပြန်ရောက်သွားပါတော့တယ်။ ရောက်သွားတဲ့အတိတ်က ဒုတိယကမ္ဘာစစ်ဖြစ်ခါနီး မူဆိုလီနီအုပ်ချုပ်နေတဲ့ ဖက်ဆစ်အီတလီနိုင်ငံကိုဖြစ်ပါတယ်။ အစ်ကိုဖြစ်သူကိုစုံစမ်းရင်း Montanary Brigade ဆိုတဲ့ ဖက်ဆစ်ဆန့်ကျင်ရေးအုပ်စုတစ်စုနဲ့ ဆက်သွယ်မိပြီး မူဆိုလီနီက ဒုတိယကမ္ဘာစစ်ကို အနိုင်တိုက်ပြီး သမိုင်းကိုပြောင်းဖို့အတွက် ပြီးပြည့်စုံတဲ့ ကာလယန္တရားတစ်ခုကိုတည်ဆောက်နေပြီး မက်စ်ရဲ့အစ်ကို ဘီယိုကိုလည်း ဖမ်းဆီးထားတာကို ...
movie
The Voyagers (2022)