Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Farida Jalal
6.1
Raja Hindustani (1996)
Raja Hindustani 1996 ကြမ္မာချစ်သူ Imdb 6.1/10ဒီကားကတော့ ၁၉၉၆ ခုနှစ်က ထွက်ရှိခဲ့ပြီး ဒါရိုက်တာဒါမက်ရှ်ဒါရှန်ရဲ့အချစ်နဲ့ ဒရာမာကို ပေါင်းစပ်တင်ဆက်ထားတဲ့ လက်ရာမြောက် ဇာတ်ကားတစ်ကားပါ အိန္ဒိယရုပ်ရှင်သမိုင်းမှာလည်းအောင်မြင်မှုအများကြီးရခဲ့တဲ့ ရုံတင်ဇာတ်ကားတစ်ကားဆိုလည်း မမှားပါဘူး ဒီဇာတ်ကားမှာ အဓိက သရုပ်ဆောင်တွေကတော့ ဘောလိဝုဒ်ရဲ့ နာမည်ကြီး မင်းသား အာမီရ် ခန်းနဲ့ မင်းသမီးကာရစ္စမာကာပူးရ်တို့က အချိတ်အဆက်မိမိသရုပ်ဆောင်ပေးထားပြီးနဲ့ အစွမ်းကုန်ချောမောပေးထားကြပါသေးတယ်ဇာတ်လမ်းရဲ့ အစကတော့ အိန္ဒိယနိုင်ငံ၊ ကိုယင်ဘာတိုနားက တောင်ကုန်းမြို့လေးတစ်ခုမှာ တက္ကစီဒရိုင်ဘာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ရာဂျာဆိုတဲ့ လူငယ်တစ်ယောက်နဲ့ စတင်ပါတယ် ရာဂျာက အရမ်းရိုးသားဖြောင့်မတ်ပြီးဘဝကို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ဖြတ်သန်းတတ်သူပါ သူ့ရဲ့ အပေါင်းအသင်းတွေနဲ့လည်း ပျော်ပျော်နေတတ်တဲ့ ဒေသခံလူငယ်လေးတစ်ဦးပေါ့ မိဘတွေက ငယ်စဉ်ကတည်းကဆုံးပါးသွားကြလို့ တွေ့ရာလူနဲ့ အဆင်ပြေပြေပေါင်းပြီး ဘဝကိုဖြတ်သန်းခဲ့ပါတယ်တစ်ဖက်မှာတော့ မွန်ဘိုင်းမြို့က ချမ်းသာကြွယ်ဝပြီး ခေတ်မီတဲ့ မိသားစုက ဆင်းသက်လာသူ အာရ်တီဆိုတဲ့ အလှပဂေးလေးတစ်ဦးရှိပါတယ်အာရ်တီက အမေမရှိတော့တဲ့ကလေးတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ ဖခင်ဖြစ်သူနဲ့ မိထွေးရဲ့ ပြုစုစောင့်ရှောက်မှုအောက်မှာ ကြီးပြင်းလာခဲ့တာပါ နွေရာသီအားလပ်ရက်အဖြစ် ကိုယင်ဘာတိုနားက ...
movie
Raja Hindustani (1996)
5.5
Chori Chori Chupke Chupke (2001)
Chori Chori Chupke Chupke 2001 (ချစ်ခြင်းလှည့်ကွက်)CMကနေပြီးတော့ Bollywood ပရိသတ်ကြီးအတွက် အဟောင်းထဲကနေ ကောင်းနေဆဲဖြစ်တဲ့ ဆာလ်မန်ခန် နဲ့ ရာနီမူကာဂျီတို့ရဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရာ့ဂျ်နဲ့ ပရီယာတို့ဟာ လက်ထပ်ထားခါစ ဇနီးမောင်နှံအသစ်စက်စက်လေးပေါ့။အိမ်ထောင်ရေးအဆင်ပြေခဲ့ပြီး ပရီယာတစ်ယောက် ကိုယ်ဝန်ရခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ကလေးဟာ ပျက်ကျခဲ့ပြီး ပရီယာတစ်ယောက် ထပ်မံ ကိုယ်ဝန်ဆောင်ဖို့အတွက် မဖြစ်နိုင်တော့ဘူးဖြစ်သွားခဲ့ရပါတယ်။ဒီလိုနဲ့ မျိုးဆက်လိုချင်တဲ့ ရာ့ဂျ်တို့ဟာ ကလေးလိုချင်လွန်းလှတဲ့အတွက် အငှားကိုယ်ဝန်ဆောင်နဲ့မွေးဖို့အတွက် လုပ်ကြပါတော့တယ်။ ဒီလိုနဲ့ ပြည့်တန်ဆာတစ်ယောက်ဖြစ်တဲ့ မာဒူဘာလာနဲ့ ချိတ်ဆက်မိရင်း ရာ့ဂျ်နဲ့ ပရီယာတို့ရဲ့ ရင်သွေးလေးကို မာဒူဘာလာတစ်ယောက် မွေးဖွားပေးဖို့ ဖြစ်လာခဲ့ပါတော့တယ်။ဒီလိုနေလာရင်း တဖြည်းဖြည်းနဲ့ ရာ့ဂျ်တစ်ယောက် မာဒူဘာလာ့အပေါ်မှာ သံယောဇဉ်ဖြစ်မိရင်း ချစ်မိသွားရာကနေ ရာ့ဂျ်၊ ပရီယာနဲ့ မာဒူဘာလာ တို့ရဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်း ပေါ်ပေါက်လာပါတော့တယ်။ဒီသုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဟာ ဘယ်လိုများ အဆုံးသတ်သွားမလဲ ....... ရာ့ဂျ်တစ်ယောက် မိန်းမဖြစ်သူနဲ့ သူ့ရင်သွေးကို လွယ်ပေးထားရတဲ့ ချစ်ရသူ ဘယ်သူ့ကိုရွေးချယ်သွားမလဲ ...... ဆိုတာကို ဆက်လက်ကြည့်ရှုပေးပါဦး။ ဇာတ်လမ်းလေးဟာ အချစ်ဒရာမာဟာသ ဇာတ်လမ်းလေးဖြစ်တဲ့အတွက် ကြည်နူးတာလေးတွေကြည့်ရင်း ဟာသလေးတွေနှောရင်း စိတ်အမောပြေစေနိုင်မဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo ...
movie
Chori Chori Chupke Chupke (2001)
The Legend of Bhagat Singh (2002)
အိန္ဒိယနိုင်ငံတော်လှန်ရေး သူရဲကောင်း ဘဂတ်စင့် အကြောင်းရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်ဖြစ်ပါတယ်မျက်နှာဖြူအင်္ဂလိပ်လက်အောက်ကနေ အိန္ဒိယနိုင်ငံကြီး လွတ်လပ်ရေး ရဖို့ ကြိုးစားကြရာမှာ ပေးဆပ်မှုတွေ မျက်ရည်တွေ သွေးမြေကျခဲ့ရမှုတွေကို သမိုင်းအတိုင်းရိုက်ကူး ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ခုပါ ၂၀၀၂ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပြီး လူတွေ ရဲ့ နှလုံးသားထဲဝင်ရောက်ခဲံပြီး အောင်မြင်ခဲ့တဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်File size…(3.5 GB)/(1.6 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Crime, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Emma
movie
The Legend of Bhagat Singh (2002)
Kuch Kuch Hota Hai (1998)
IMDb Rating (7.6) / Rotten Tomatoes (92%)မင်းသားကြီး ရှာရွတ်ခန်းနဲ့ မင်းသမီး ကာဂျိုးတို့ရဲ့နာမည်ကြီးဇာတ်ကားပါပဲ…မင်းသမီး Rani Mukerji နဲ့ မင်းသား ဆယ်မန်ခန်းတို့လဲ ပါဝင်ထားပါသေးတယ်….ဇာတ်လမ်းကတော့…မိတဆိုးသမီးလေးတစ်ယောက် ဖခင်အပေါ်ကိုပဲအားလုံးမှီခိုနေရပြီး မိခင်ဆိုတာ ဓာတ်ပုံအချို့ပဲမြင်ဖူးခဲ့တာပါ.. တိုက်တိုက်ဆိုင်ဆိုင်ကျောင်းကျပန်းစကားပြောပြိုင်မွဲမှာသမီးလေးကျတဲ့ခေါင်းစဉ်က “အမေ” တဲ့ ခေါင်းစဉ်လေးကိုကိုင်ရင်း လက်တွေတဆတ်ဆတ်တုန် မျက်လုံးနဲ့ပြောနေတဲ့စကားက အမေအကြောင်းသမီးမသိပါဘူးလို့ အဓိပ္ပါယ်ဖော်နေသယောင်ပုံဖော်နေတယ်ကံကောင်းတာတစ်ခုက ၈နှစ်ပြည့်မွေးနေ့မှာ အမေထားခဲ့တဲ့စာလေးဖတ်လိုက်ရတယ် စာထဲမှာရေးထားတာက ” အန်ဂျလီဆိုတာ တကယ်တော့သမီးရဲ့နာမည်အရင်းဖြစ်သလို သမီးအဖေသိပ်ချစ် ရတဲ့ကောင်မလေးရဲ့နာမည်လည်းဖြစ်တယ်တဲ့”စာလေးထဲမှာ အတိတ်ကအကြောင်းတွေအများကြီးရေးထားတယ် ကျောင်းတက်စဉ်ငယ်ဘဝတုန်းက ကောင်လေးတစ်ယောက်မှာအရမ်းခင်ရတဲ့ ယောကျ်ားလေးဆန်ဆန်ကောင်မလေးတစ်ယောက်ရှိတယ် ပေါ့ပေါ့ပါးပါးလေးဖြတ်သန်းနေတဲ့သူတို့ဘဝလေးထဲကို ကောင်မလေးတစ်ယောက်ညင်ညင်သာသာလေးဝင်လာခဲ့တယ် ဒါပေမဲ့ ထိချက်ကတော့ အတော်ပြင်းတယ် ယောင်္ကျားလေးဆန်ဆန်ကောင်မလေးက နောက်ဆုံးစာမေးပွဲကိုတောင်မဖြေပဲ အပြီးအပိုင်ဇာတ်မြှုတ်ပျောက်ကွယ်သွားတယ် အဲ့ဒီယောက်ျားလျာကောင်မလေးရဲ့နာမည်က ” အန်ဂျလီ”တဲ့ဆုံးသွားတဲ့မိခင်က သမီးကိုသူ့ရဲ့နောက်ဆုံးဆန္ဒဘာတွေရေးခဲ့လဲသမီးလေးကရော အမေ့ရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်ပါ့မလားဆိုတာတွေနဲ့ချစ်ခြင်းမေတ္တာကိုပုံဖော်ရာမှာ ထိမိလွန်းတာကြောင့် နာမည်ကြီးတဲ့ဇာတ်ကားတစ်ကားပါပဲ။ဒီဇာတ်ကားက ကြာတော့ကြာခဲ့ပါပြီ ဒါပေမယ့် နှစ်ချို့ဝိုင်လိုအစွမ်းထက်နေတုန်းပါပဲကဲပရိတ်သတ်ကြီးရေ နှစ်ချို့ဝိုင်လေးသောက်ကြည့်ပါလို့ အကြံပြုရင်း……….။ File size…(3.2 GB) / (1.8 GB)/ (650 MB) Quality…BluRay 1080p / 720p / ...
movie
Kuch Kuch Hota Hai (1998)
5
Pyaar Diwana Hota Hai (2002)
Pyaar Diwana Hota Hai (2002) - ထူးဆန်းသောချစ်ခြင်းတရားသီတင်းကျွတ်အခါသမယလေးမှာ အိမ်တွင်းအောင်းကြမယ့် ပရိသတ်တွေအတွက် ဘောလီးဝုဒ်အချစ်ဟာသကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။(၂၀၀၂) ကထွက်ထားတာဆိုတော့ ကားဟောင်းလေးဆိုပေမယ့် ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ နယူးဒေလီလို မြို့ကြီးမှာ အလုပ်ရှာဖို့ရည်ရွယ်ချက်နဲ့ မြို့ပေါ်တက်လာတဲ့ ကျေးလက်ဒေသရွာလေးတစ်ရွာက ဆွန်ဒါ...အနုပညာမှာထူးချွန်သလို ရုပ်ရည်ကလည်းသန့်ပြန်ချောမောပေမယ့် ဂေါ်မစွံသေးတဲ့လူပျိုကြီးဆွန်ဒါ...မြို့ပေါ်က လူလည်ကြီးသားသမီး သူငယ်ချင်းတွေက ဗျူဟာတွေခင်းပေးပေမယ့် ဂေါ်မစွံဖြစ်နေရှာတဲ့ ဆွန်ဒါတစ်ယောက် ပါယယ်ခူရာနာဆိုတဲ့ မိန်းမချောလေးတစ်ယောက်နဲ့ အမှတ်မတင်ဆုံစည်းခဲ့မိပြီး မိန်းမချောလေးရဲ့အချစ်ကိုရဖို့ ဟန်ဆောင်လိမ်ညာခဲ့ရင်းကနေအစပြုပြီးတော့......ဇာတ်လမ်းလေးအဆုံးမှာ ဂေါ်မစွံလူပျိုကြီးတစ်ယောက် မိန်းမချောလေးနဲ့ပေါင်းဖက်ခွင့်ရမလားဆိုတာကို ကြည့်ရှုခံစားရင်း သီတင်းကျွတ်အခါသမယကို ပျော်ပျော်ရွှင်ရွှင်ကုန်ဆုံးလိုက်ကြရအောင်လား။(အညွန်းနဲ့ဘာသာပြန်ကိုတော့ Bollywood Team မှ ရေးသားပေးထားတာဖြစ်ပါတယ်) File size… 2.8 GB / 1.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 28m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie
Pyaar Diwana Hota Hai (2002)
6.9
Kaho Naa…Pyaar Hai (2000) Kaho Naa Pyaar Hai
Kaho Naa...Pyaar Hai (2000)IMDb Rating (6.9) / Rotten Tomatoes (80%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသား Hrithik Roshan ရဲ့ ပွဲဦးထွက်ရုပ်ရှင်ကားဖြစ်သလို မင်းသမီး Ameesha Patel ရဲ့ ပွဲဦးထွက်ရုပ်ရှင်လဲဖြစ်ပါတယ်။ ဒါရိုက်တာကြီး Rakesh Roshan က သူ့သား Hrithik Roshan ကို စတင်ပွဲထုတ်တဲ့ ဒီရုပ်ရှင်ကားက ဘယ်လောက်တောင် အောင်မြင်ကျော်ကြား လူကြိုက်များခဲ့သလိုဆိုရင် ဆုပေါင်း ၉၂ ခုထိ ရရှိခဲ့လို့ ဂရင်းနစ်စံချိန်ထဲတောင် ဝင်ခဲ့ပါတယ်။ Best Actor,Best Male Debut, Best Female Debut, Best Film ,Best Music Director, Best Director အစရှိတဲ့ ဆုပေါင်းများစွာကို အိန္ဒိယမှာကော နိုင်ငံတကာမှာပါရရှိခဲ့ပါတယ်။Kaho Naa Pyaar Hai(2000) ရဲ့အောင်မြင်မှုကြောင့် မင်းသား Hrithik ...
movie
Kaho Naa…Pyaar Hai (2000) Kaho Naa Pyaar Hai
2000
1080p Untouched
Tera Jadoo Chal Gayaa (2000)
Tera Jadoo Chal Gaya (2000)သုံးပွင့်ဆိုင်အချစ်၂၀၀၀ ခုနှစ်များဆီက ဆွတ်ပျံ့ဖွယ်အချစ်ဇာတ်လမ်းလေးတွေကို ကြိုက်တတ်တဲ့ CM ပရိသတ်ကြီးအတွက် အဘီရှိတ်ခ်ဘဂျမ်း ၊ ကီရ်သီရတ်ဒီနဲ့ ဟာသမင်းသားကြီးဂျွန်နီတို့ အဓိကပါဝင်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ပူဂျာက အောင်မြင်တဲ့ဒါရိုက်တာကြီးအရမ်းဖြစ်ချင်တဲ့သူ ဒါပေမဲ့ အလုပ်မှာတော့အမြဲနောက်ကျတတ်လို့ ခဏခဏအဆူခံရတဲ့သူပေါ့ ၊ အများနဲ့မတူထူးခြားကောင်းမွန်တဲ့ သူ့အိုင်ဒီယာတွေကိုလည်း အလုပ်က စီနီယာတွေဆီမှာ ဖြတ်လုခံရနဲ့ ဒါရိုက်တာကြီးအိပ်မက်က အလှမ်းဝေးနေလေရဲ့။တစ်နေ့သူငယ်ချင်းမင်္ဂလာဆောင်သွားရင် အာဂရာမြို့မှာတွေ့ခဲ့တဲ့ ကဘီးရ်က သူ့ကိုမြင်မြင်ချင်းစိတ်ဝင်စားသွားတော့တယ် ၊ ကဘီးရ်ဆိုတာလည်း သူ့မြို့မှာတောင် မသိသူမရှိ လူချစ်လူခင်များတဲ့သူ ၊ကဘီးရ်ကသာ ပူဂျာ့ကိုစိတ်ဝင်စားပေမဲ့ ပူဂျာကတော့ ကဘီးရ်ရဲ့ အစွမ်းအစနဲ့ လူချစ်လူခင်များတာကိုသဘောကျရုံကလွဲ စိတ်ဝင်စားမှုရှိမလာပါဘူး၊ သူ့စိတ်ထဲမှာ သူ့လက်တွဲဖော်အတွက် ပုံဖော်ထားပြီးသားဖြစ်နေတာကြောင့်လည်းပါတယ်ပူဂျာအိပ်မက်ထဲက လက်တွဲဖော်ပုံစံနဲ့ထပ်တူကျတဲ့သူပေါ်လာချိန်မှာတော့ အိပ်မက်တွေကိုအလေးထားတဲ့ ပူဂျာနဲ့ သူတန်ဖိုးထားလိုချင်တဲ့အရာတွေကို ရအောင်ယူနိုင်စွမ်းရှိတဲ့ ကဘီးရ်တို့ကြားမှာ ဘယ်လိုအပြောင်းအလဲ ၊ အလှည့်အပြောင်းတွေဖြစ်လာမလဲဆိုတာ ရှုစားကြည့်ပါဦးအညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် File size…2.56 GB / 1.3 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 23m Subtitle….Myanmar Subtitle (Hard ...
movie
Tera Jadoo Chal Gayaa (2000)
4.6
Taarzan: The Wonder Car (2004)
Taarzan: The Wonder Car (2004)အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအဂျေးပါဝင်သရုပ်ဆောင်ထားတဲ့ ကားလေးပဲဖြစ်ပါတယ်ရိုးသားကြိုးစားတဲ့ ကားဒီဇိုင်နာလေး ဒေဗင်ကို ေမာ်တော်ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခုက မကောင်းကြံပြီး သတ်ပစ်လိုက်ကြတယ်အထက်အရာရှိတွေနဲ့ ညှိစားပေါင်းစား ပြီး ဒီအမှုဟာ မတော်တဆမှုအဖြစ် တစ်ခန်းရပ်သွားခဲ့တယ်...12နှစ်ကြာပြီးတဲ့နောက် ဒီလုပ်ငန်းက ပါတနာတွေ တစ်ယောက်ပြီး တစ်ယောက်အသတ်ခံရလာခဲ့ပါတော့တယ်...မျက် မြင်သက်တွေရဲ့ပြောပြချက်အရ သူတို့ကိုကားတစ်စီးက လိုက်သတ်နေပြီး မောင်းနေတဲ့သူကို သဲသဲကွဲကွဲမမြင်ရပါဘူးတဲ့...ဒါဆို ယာဥ်မောင်းမပါတဲ့ ကားတစ်စီးက လူလိုက်သတ်နေတာလား...ဒီအမှုဟာ ထင်သလို မရိုးရှင်းလာတဲ့အခါ ဘယ်လိုအဖြေရှာဖေါ်ထုတ်ကြမလဲ....တကယ့်အဖြစ်မှန်နဲ့ လှည့်ကွက်လေးတွေက ဘယ်လိုဖြစ်နေမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ရှုစားပေးပါ... File size…2.89GB / 1.37GB Quality…1080p WEB DL AAC2.0CH / 720p Format…mp4 Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by T.A.Y.L.O.R
movie
Taarzan: The Wonder Car (2004)
2004
6.5
Deewangee (2002)
မင်းသားကြီးအဂျေးနဲ့အရှေးခန်နာ...မင်းသမီး Urmila Matondkar တို့ပါဝင်ထားတဲ့ ဒီဇာတ်ကားက IMDb Rating(6.5) ရရှိထားတဲ့ Crime,Mystery အမျိုးအစား စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ။"အချစ်" ခေတ်အဆက်ဆက်က ဒီစကားလုံးလေးနှစ်လုံးကို ကဗျာတွေ စာတွေ ပေတွေနဲ့ ဖော်ကျူးခဲ့ကြတယ်...ခံစားချက်ထောင်ချီကနေ ပေါက်ဖွားလာတဲ့ ဒီစကားလုံးလေးက လူသားကို လုံးဝ ရူးသွပ်သွားအောင် လုပ်နိုင်ခဲ့တယ်..ပြောကြတယ်မလား အချစ်အတွက်ဆို အသက်လည်းပေးနိုင်သလို သေလည်းသေရဲတယ်ပေါ့ ဒါဟာ တကယ်အချစ်ကိုရူးသွပ်ကြတဲ့ လူတွေမှာ ပေါက်ဖွားလာတဲ့ ခံစားချက်လေးပါ...ဒီလိုအချစ်မျိုးတွေ တကယ်ရှိခဲ့ကောင်း ရှိခဲ့ပါလိမ့်မယ် ရှိလည်း ရှိနိုင်ပါတယ်...ဒီလိုစွဲလန်းရူးသွပ်စိတ်ကို ဖေါ်ပြထားတဲ့ ဒီကားလေးမှာ ငယ်ငယ်လေးကတည်းက တိတ်တခိုးချစ်စိတ်တွေနဲ့ ဖုံးကွယ်ထားခဲ့ရတဲ့ ခံစားချက်တွေကို ရင်မှာမျိုသိပ်ရင်း ဆရ်ဂမ်ဆိုတဲ့ကောင်မလေးကို တရန်းဆိုတဲ့ကောင်လေးဟာ ရင်မှာကျိတ်ပိုးငြိတွယ်နေခဲ့တယ်...မိဘတွေက ရင်းနှီးသိကျွမ်းကြလို့ သူတို့နှစ်ယောက်ကို ငယ်ငယ်လေးကတည်းက သဘောတူထားခဲ့ကြတယ်..လောကဓံကြောင့် တရန်းရဲ့မိဘတွေ ငယ်ငယ်လေးကတည်းက ဆုံးပါးသွားခဲ့ကြပြီး ချစ်ရသူနဲ့ငယ်ငယ်လေးကတည်းက ကွေကွင်းသွားခဲ့ရပါတယ်..ပြန်ဆုံမိတဲ့အခိုက်အတန့် သိပ်မကြာခင်မှာပဲ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်...ရဲတွေဟာ တရန်းကို လက်ပူးလက်ကြပ်မိလို့ လူသတ်တရားခံလို့ မှတ်ယူထားခဲ့ကြတယ်...ဆရ်ဂမ်ဟာ တရန်းကလူသတ်သမားမဖြစ်နိုင်ဘူးဆိုတာကို ယုံကြည်တဲ့အတွက် နာမည်ကျော်ရှေ့နေလေး ရာဂျ်ကို အမှုလိုက်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်...တရန်းကလည်း သူ လူမသတ်ပါဘူးလို့ ငြင်းတယ်...ရှေ့နေရာဂျ်ကလည်း ဆရ်ဂမ်ကို သဘောကျနေတော့ ဒီအမှုကိုလိုက်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ တရန်းဟာ တကယ်ပဲ လူသတ်သမားဖြစ်နေမလား...တကယ့်လူသတ်သမားက ဘယ်သူဖြစ်နေမလဲဆိုတာကို လှည့်ကွက်တွေများစွာနဲ့ ...
movie
Deewangee (2002)
5.6
Duplicate (1998)
လောကမှာ လူသူမရှား နာမည်တူမရှားဆိုပြီး ပြောစမှတ်တွင်ခဲ့ကြတယ်မလားဒီဇာတ်ကားလေးမှာလည်း မင်းသားကြီး ရှာရွတ်ခန်းက နှစ်ကိုယ်ခွဲနေရာက သရုပ်ဆောင်ထားတယ်...တစ်ယောက်က ငွေရဖို့အတွက်ဆိုရင် ကမ္ဘာမီးလောင်လည်း သားကောင်ချနင်းမယ့် လူစားမျိုးဖြစ်တဲ့ လူမိုက်ကြီးမန်နူးဒါဒါ...နောက်တစ်ယောက်ကတော့ မိခင်ကိုပျော်အောင်ထားပြီး ကမ္ဘာ့အတော်ဆုံး စားဖိုမှူးလေးဖြစ်ချင်နေတဲ့ ဘဗ်လူး...မန်နူးကို လိုက်ဖမ်းရင်းနဲ့ ရဲတွေက ဘဗ်လူးကို မှားဖမ်းမိတဲ့အခါ အရှုပ်တော်ပုံတွေ ပေါ်လာရပါတော့တယ်။ရိုးသားဖြူစင်တဲ့ဘဗ်လူးကို အကောက်ကြံပြီး သူ့ဘဝကိုပါ လုယူချင်လာတဲ့ မန်နူးနဲ့ကြောက်တတ်ပေမယ့်လည်း အနိုင်ကျင့်သူကို သင်ခန်းစာပြန်ပေးဖို့ကြိုးစားရမယ့် ဘဗ်လူးတို့ကြားသူတို့ရဲ့ ချစ်သူတွေ မိသားစုတွေပါ ပါလာတဲ့အခါမှာတော့...ဘယ်လိုတွေဇာတ်ရှိန်တက်လာမလဲဆိုတာ.........။ရှရွတ်ခန်း ၂ ကိုယ်ခွဲနဲ့ ဇာတ်လမ်းကြာချိန် ၃ နာရီနီးပါးကို ရုပ်ရှင်ရုံထဲ လိုက်ကြည့်ရသလို အကအလှရသအစုံ ခံစားရမှာပါ။ File size…(4 GB)/(1.6 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:44:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie
Duplicate (1998)
6.0
Batti Gul Meter Chalu (2018)
Batti Gul Meter Chalu (2018) ဒီဇာတ်ကားကတော့ Kabir Singh မင်းသား Shahid Kapoor နဲ့ Yami Gautam တို့အပြင် နာမည်ကြီး မီဇားပူးဇာတ်လမ်းတွဲထဲက Munna Tripathi ဆိုတဲ့ Divyenndu တို့ အဓိက ပါဝင်သရုပ်ဆောင်ထားကြတဲ့ Comedy,Dramaအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း SK, Lalitaနဲ့ Sundarတို့သုံးဦးဟာ အရမ်းချစ်ကြတဲ့ ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ Sundarရဲ့ ပုံနှိပ်တိုက်ကို မီတာဘေ(လ်) မတန်တဆ အတောင်းခံရတဲ့အခါမှာတော့ Sundar ဟာ သူ့ကိုယ်သူ အဆုံးစီရက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ငယ်သူငယ်ချင်းတစ်ယောက်လုံး ဆုံးရှူံးလိုက်ရတဲ့ ရှေ့နေ SKပန့်(တ်)ဟာ မီတာဘေ(လ်) မတန်တဆတောင်းတဲ့ SPTL လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီကို တရားစွဲဆိုပါတော့တယ် ...တရားရုံးက ဘယ်လိုအဆုံးအဖြတ်ပေးမှာလဲ သူ့ သူငယ်ချင်းအတွက် တရားမျှတမှု ရမှာလား ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်ရှူပေးကြပါလို့ ...။ (ဘာသာပြန်သူတွေကတော့ Myint Thu ...
movie
Batti Gul Meter Chalu (2018)
7.4
Kabhi Khushi Kabhie Gham(2001)
Kabhi Khushi Kabhie Gham(2001)IMDb Rating (7.4) / Rotten Tomatoes (100%)အမီတာဘဂျမ်း..ရှရွတ်ခန်း...လက်ပွားမင်းသား ရိုရှမ်..မင်းသမီးကာဂျိုး...ကရီနာကပူးလ်စတဲ့ ဘောလိဝုဒ်ရဲ့တကယ့်ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေ ပြုံပြီးသရုပ်ဆောင်သလို ဇာတ်လမ်းကလဲတကယ်ကောင်းပါတယ်။ပြသချိန် ၃နာရီခွဲ ကြာတဲ့ဇာတ်ကားဆိုပေမယ့် ခနလေးလိုပဲ ထင်ရလောက်အောင်ကောင်းတာပါ။ဇာတ်လမ်းကတော့...ယာရှ်နဲ့ နန်ဒနီတို့ဟာ သားသမီးမဖွားမြင်တာကြောင့် ရာဟုလ်ကိုမွေးစားဖို့အိမ်ခေါ်လာပါတယ်။သားအရင်းမဟုတ်ပေမယ့်သားအရင်းတစ်ယောက်လို ချစ်ကြပါတယ်။တစ်နေ့ ရာဟုလ်က အဖြစ်မှန်ကို သိသွားခဲ့ပေမယ့် အဲဒီစကားကို အဲဒီအိမ်မှာဘယ်တော့မှထပ်မပြောကြဖို့ ယာရှ်က ဆုံးဖြတ်လိုက်တယ်။ယာရှ်ဟာ မျိုးရိုးဂုဏ်အရှိန်အဝါနဲ့ ဓလေ့ထုံးတမ်းအစဥ်အလာတွေကို အလေးထားတဲ့သူဖြစ်တာကြောင့် ရာဟုလ်ကိုအဆင့်အတန်းတူတဲ့ မျိုးရိုးက ဆင်းသက်လာသူနဲ့သာ ပေးစားချင်နေတယ်။ ဒါပေမယ့် အမျိုးဇာတ်နိမ့်တဲ့ ကောင်မလေးတစ်ယောက်ကို ရာဟုလ်က ချစ်မိသွားတဲ့အခါမှာတော့...။ဒရမ်မာဇာတ်လမ်းရှည်ကြီးတွေကို တစ်ရှူးအပြည့်နဲ့ကြည့်တတ်သူတွေ လုံးဝလက်လွတ်ခံလို့မဖြစ်ပါဘူး။(Thaik San မှ ဘာသာပြန်တင်ဆက်ထားတာပါ။) File size…(3.5 GB) / (2 GB) Quality….BluRay 1080p / 720p Format…mp4 Duration….03:29:00 subtitle….Myanmar Hardsub Encoder….Nyeinsaeya Aung Translated by Thaik San
movie
Kabhi Khushi Kabhie Gham(2001)
8.1
Dilwale Dulhania Le Jayenge (1995)
IMDb (8.1/10) / Rotten Tomatoes (94%)"ပြဿနာမရှိပါဘူး မိန်းမလှလေးနိုင်ငံကြီးတွေမှာ ဒီလိုအသေးအမွှားလေးတွေ ဖြစ်တတ်ပါတယ်"Dilwale Dulhania Le Jayenge (1995) ဆိုတဲ့ နာမည်မြင်ရုံနဲ့ ဘောလိဝုဒ်ပရိသတ်တင်မကဘဲရုပ်ရှင်ချစ်သူအားလုံး ဒီကားကိုကြည့်ဖူးကြမယ်ထင်ပါတယ်ဇာတ်ကားမကြည့်ဖူးရင်တောင် ဒီဇာတ်ကားထဲကဇာတ်ဝင်တေးတွေကိုတော့ နားရေဝနေလောက်ရောပေါ့အခုချိန်ထိ ဒီဇာတ်ကားထဲက သံစဉ်တွေကို ဖုန်း Ring Tone ထားတဲ့သူတွေ တပုံကြီးပဲဗျာဒီဇာတ်ကားရဲ့အောင်မြင်မှုနဲ့ ရ,ထားတဲ့ဆုတွေကလဲ ဘောလိဝုဒ်မှာ စံချိန်တင်ပါပဲ...ယနေ့အချိန်ထိ DDLJ ကို ရုံတင်နေဆဲ ရုပ်ရှင်ရုံတွေ အိန္ဒိယမှာရှိသေးတယ်ဆိုပဲ..ထွက်နေသမျှ ဘောလီဝုဒ်အချစ်ကားတွေမှာလည်း ဒီကားနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေဒီဇာတ်ကားထဲက ဇာတ်ဝင်တေးတွေ နာမည်ကြီးဇာတ်ဝင်ခန်းတွေကို ပြန်လည်ဂုဏ်ပြုထည့်သွင်းလေ့ရှိနေကျပဲ.ဒီတော့ ဒီကားကို ကျွန်တော်မညွှန်းခင် အားလုံးသိပြီးကြလောက်မှာပါKing Khan ရဲ့ အအောင်မြင်ဆုံး ဇာတ်ကားတစ်ကားလို့လည်း ဆိုလို့ရသလိုSRK ကို Romance King ဖြစ်စေခဲ့တာ ဒီလိုဇာတ်ကားတွေကြောင့်ဆိုတာ ငြင်းလို့မရပါဘူးမင်းသမီး Kajol ဆိုတာကလဲ ရှရွတ်ခန်နဲ့အလိုက်ဖက်ဆုံးမင်းသမီးအဖြစ်နာမည်ကြီးသလို ဘောလိဝုဒ်နတ်ဘုရားမပဲကိုး...လိုက်ဖက်တဲ့သူတို့နှစ်ယောက်ကြောင့် ဒီဇာတ်ကားနာမည်ကြီးလှတာ သိပ်တော့မဆန်းလှပါဘူး..ဇာတ်လမ်းလေးညွှန်းဆိုရရင်ရာဂျ်ဆိုတဲ့ကောင်လေးလေးနဲ့ ဆင်မ်ရန်းဆိုတဲ့ကောင်မလေးဟာ ...
movie
Dilwale Dulhania Le Jayenge (1995)
1995
7.1
Dil To Pagal Hai (1997)
"ရာဟူး(လ်)ပါ၊ နာမည်တော့ကြားဖူးမှာပေါ့"ဒီဒိုင်ယာလော့ဟာ ဒီဇာတ်ကားကြည့်ဖူးသူတိုင်း မမေ့နိုင်စရာပါအချစ်ဆိုတာဘာလဲအချစ်လား၊ ဘာများလဲဗျအချစ်ဆိုတာ ဘဝပါပဲဘုရားဟာ နှလုံးသားတိုင်းရဲ့ ဖူးစာဖက်တွေကို ဟိုးအစကတည်းကစီမံထားပြီးသားပါတစ်ယောက်ကိုတစ်ယောက် ရှာဖွေ့ဖို့ပဲလိုအပ်တာပါတနေနေရာရာမှာ တစ်ယောက်ယောက်ဟာ သင့်ဘဝလက်တွဲဖေါ်အဖြစ်ရှိနေပါတယ်။ဆုပေါင်းများစွာသိမ်းပိုက်ထားပြီး ယခုချိန်ထိနာမည်ကျော်လူကြိုက်များနေစဲဖြစ်တဲ့King Khanရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်IMDb 7.1 / 10 အထိရရှိထားပြီး အချိန်ပြည့်နားထဲစွဲနေစေမယ့်သီချင်းတွေဒရာမာစစ်စစ်တွေမှကြိုက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝလက်လွတ်မခံသင့်ပါဘူးSRK ဟာ Romance King ဖြစ်သလို သူ့ Romance ကားတွေဟာလည်းအခုချိန်ထိ လူကြိုက်များစဲ အောင်မြင်နေစဲပါပဲMadhuri Dixit Karisma Kapoor တို့၏ ငယ်ဘဝကအလှအပများ သူမတူလွန်းတဲ့ နောက်ခံသီချင်းများ၊ ယခုအချိန်ထိ နာမည်ကျော်နေတဲ့ သီချင်းများနဲ့ဘယ်အချိန်ပြန်ကြည့်ကြည့် မရိုးစေနိုင်ပါဘူးဇာတ်လမ်းလေးကတော့ရာဟူး(လ်)၊ နီရှား၊ ပူဂျားနဲ့ အဂျေးတို့ကြားထဲကစိတ်ဝင်စားဖွယ်အချစ်ဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်ဒီဇာတ်ကားကောင်းမကောင်းဆိုတာ အများစုသိပြီးသားဆိုတော့ ထပ်မညွှန်းတော့ပါဘူးလုံးဝမကြည့်ရသေးဘူးဆိုရင်တော့ သေချာပေါက်ကြည့်လိုက်ပါတကယ်သဘောကျလိမ့်မယ်ဆိုတာ အာမခံပါတယ်(သီချင်းတွေအားလုံးဟာ အမှန်အကန်တွေမို့လို့ အားလုံးကို ဘာသာပြန်ပေးထားပါတယ်) (အညွန်းနဲ့ ဘာသာပြန်ကတော့ ကိုဇော်ထူး ပါ) File Size : (2.60 ...
movie
Dil To Pagal Hai (1997)
1997