Channel Myanmar

Fajar Nugra

Risky Business (2024) Modal Nekad 6.9
Risky Business (2024) Modal Nekad  Risky Business (2024)IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Risky Business (2024) Modal Nekad

2024
Kupu-Kupu Kertas (2024) 7.2
Kupu-Kupu Kertas (2024)  ရိုမီယို ဂျူးလီးယက်တို့လို စိတ်ကူးယဉ်ဇာတ်လမ်းထက်ပိုရိုတဲ့ ပိုသနားရတဲ့ ပိုကြေကွဲစရာကောင်းတဲ့ ၁၉၆၄ ခုနှစ်တုန်းက အင်ဒိုနီးရှားနိုင်ငံထဲမှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကိုပြန်လည်ကိုးကားပြီး ရိုက်ကူးထားတဲ့ အချစ်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားလေးရဲ့နာမည်ကတော့ Kupu-Kupu Kertas ဖြစ်ပြီးလက်ရှိ IMDb Rating 7.2 အထိတောင်ရရှိထားတဲ့အတွက်ဒရာမာကားကောင်းကောင်းလေးတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၄ ခုနှစ်မှာ PKI လို့ခေါ်တဲ့ အင်ဒိုနီးရှားကွန်မြူနစ်ပါတီနဲ့NU ဆိုတဲ့ အစ္စလာမ်အဖွဲ့အစည်းတို့ကြားမှာ လယ်ယာပိုင်ဆိုင်မှုနဲ့ပတ်သတ်ပြီး တင်းမာမှုတွေများစွာဖြစ်နေခဲ့ပါတယ်။အထူးသဖြင့်ပြဿနာကြီးကတော့ PKI ကလူတွေက သာမန်လယ်သမားတွေရဲ့မြေတွေကို လူမိုက်အဖွဲ့တွေငှားပြီး အတင်းအဓမ္မလိုက်လံသိမ်းပိုက်နေတာပဲဖြစ်ပါတယ်။မတရားမှုတွေနောက်မှာ တရားမှုကိုရဖို့တော်လှန်တတ်တဲ့လူတွေအမြဲတမ်းရှိသလို ဒီထဲမှာလည်း မင်းသားဖြစ်သူအီဆန်ကဒီလိုမတရားမှုတွေကိုတော်လှန်ဖို့ NU လက်အောက်မှာဖွဲ့စည်းထားတဲ့ အန်ဆော်ဆိုတဲ့ လူငယ်အဖွဲ့ခေါင်းဆောင်ရဲ့ညီဖြစ်ပါတယ်။ထို့အတူပဲ မင်းသမီးဖြစ်သူ နှင်း ကလည်းအဲ့လိုမတရားမှုတွေကိုဦးဆောင်လုပ်နေတဲ့ခေါင်းဆောင်ကြီးရဲ့သမီးဖြစ်နေပါတော့တယ်။နှင်းက သူ့အဖေရဲ့လုပ်ရပ်တွေကိုသဘောမကျဘဲ စာနာသနားတတ်သူ ကြင်နာတတ်သူဖြစ်တဲ့အတွက် သူ့အဖေ ထပ်မံယုတ်မာပြီး လယ်ယာတွေကိုသိမ်းပိုက်ဖို့ကြိုးစားတဲ့အခါမှာ အဲ့ဒီလယ်ကလယ်သမားတွေကိုသွားရောက်သတိပေးခဲ့ပါတော့တယ်။အဲ့ဒီမှာတင် နှင်းနဲ့ဆန်တို့တွေ့ခဲ့ကြပြီး မတူညီတဲ့ဆန့်ကျင်ဖက်နှစ်ဖက်ကြားက အခက်အခဲတွေကိုဘယ်လိုကျော်ဖြတ်သွားပြီး အချစ်ခရီးကိုလျှောက်လှမ်းသွားကြဦးမလဲဆိုတာကိုရှုစားရမဲ့ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။   File size… (1.58 GB) / (984 ...
movie

Kupu-Kupu Kertas (2024)

Father’s Haunted House (2024) 7.6
Father’s Haunted House (2024) Father's Haunted House (2024)********************************အခုတစ်ခါမှာတော့ IMDb rating 7.6 ရရှိထားတဲ့ အင်ဒိုနီးရှားဖြစ်ရပ်မှန်သရဲဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့တောခေါင်းကြီးရဲ့အိမ်မှာ ကိုယ်တွေ့ကြုံခဲ့ရတဲ့ သရဲဇာတ်လမ်းကို တောခေါင်းရဲ့သားဖြစ်သူကဇာတ်လမ်းပြန်ပြောင်းပြောပြထားတာဖြစ်ပြီး ဟာသဆိုပေမဲ့လည်းရယ်ရတဲ့နေရာမှာ ရယ်ရပြီး လန့်စရာနေရာမှာ လန့်ရတဲ့ကားလေးဖြစ်ပါတယ်။ဒိုဒစ်, အဖေ, အမေရယ်, အစ်ကို‌ဒေဝိုနဲ့ အစ်ကို့မိန်းမ လစ်စ်တို့ဟာ သာယာတဲ့မိသားစုလေးတစ်ခုပါ။ ဒေဝိုနဲ့ လစ်စ်တို့မှာ သားသမီးရတနာလေးကိုကိုယ်ဝန်လွယ်ထားရပါသေးတယ်။ ဒီလို သာယာတဲ့မိသားစုလေးဟာ အဖေဖြစ်သူရဲ့ရာထူးတိုးအတွက် နယ်ဘက်က သစ်တောကြိုးဝိုင်းမှာ တာဝန်ကျလာတဲ့အခါမှာတော့ ..အဖေဖြစ်သူကို အစိုးရကချထား‌ပေးတဲ့ အိမ်လေးမှာ မိသားစုလိုက်သွားရောက်နေထိုင်ဖို့ဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ အဖေ့အိမ်လေးကို ရောက်တဲ့အချိန်မှာတော့အိမ်ဝင်းထဲမှာ သစ်ခိုးသမားတွေကို အပြစ်ပေးဖို့အတွက် ပြုလုပ်ထားတဲ့တဲလေးတစ်လုံးလည်းရှိနေပါသေးတယ်။ ဒီအိမ်လေးထဲမှာ နေလာရင်းနဲ့ ထူးဆန်းမှုတွေကြုံလာခဲ့ရပါတော့တယ်။ ဒီထက် ထူးခြားတာက ပုံမှန်နေ့တွေဆိုရင် အရမ်းမဆိုးဘဲကလီဝန်သောကြာနေ့ဆိုရင် သိသိသာသာကိုပဲ ဆိုးဆိုးဝါးဝါးခြောက်တာမျိုးကို ခံကြရတာပါပဲ။ဒီလိုနဲ့ ဒီမိသားစုလေး ..အဖေ့ရဲ့သရဲခြောက်တဲ့အိမ်ကြီးမှာ ဘာတွေဘယ်လိုဆက်ဖြစ်မလဲ .......ခြောက်နေတဲ့သရဲကရော နောက်ကွယ်မှာ ဘယ်လိုဇာတ်ကြောင်းတွေရှိနေမလဲ ......ဆိုတာကို ...
movie

Father’s Haunted House (2024)

Romeo Ingkar Janji (2024) 7
Romeo Ingkar Janji (2024) Romeo Ingkar Janji (2024)ယခုတစ်ခါမှာတော့ အင်ဒိုနီးရှား အချစ်ရိုမန့်ဒရာမာကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။အာဂသာလို့ခေါ်တဲ့ကောင်မလေးတစ်ယောက်၊ သူကတော့ မိဘတွေက ကွာရှင်းထားရပြီးတော့ သူ့ကိုလည်း မိသားစုက ဂရုမစိုက် သူရှိတယ်လို့ကို မသတ်မှတ်ထားကြအောင်ကို ပစ်ပယ်ထားခံရလို့ ဒီလောကကြီးမှာ မွေးမလာရင်ကောင်းမှာပဲလို့ တွေးနေတတ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။သူဟာ အမြဲ သေချင်တယ်စကားပဲ ပြောနေတတ်တဲ့ကောင်မလေးလည်းဖြစ်ပြီးတော့ သူ့အတွက်ဆိုရင် ဘယ်သူမှ မရှိဘူးလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်ပါ။ဒါပေမဲ့ အာဂသာ့ဆီမှာ ရှားရှားပါးပါး ရူနာလို့ခေါ်တဲ့ သူငယ်ချင်းမလေး ရှိနေပါတယ်။ ဘဝမှာ ဘယ်သူမှမရှိတဲ့အာဂသာ့အတွက်တော့ ရူနာက ရင်ဖွင့်ရာ ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူတစ်ဦးပေါ့။အာဂသာတစ်ယောက် အဘွားဖြစ်သူနဲ့ ရန်ဖြစ်စကားများရင်း အိမ်အပြင်ကို ထွက်လာရာကနေ ဓာတ်ပုံမရိုက်ရနေရာမှာ ပုံဆွဲနေတဲ့ တက်တူးဆရာလေး ရိုမီယိုနဲ့ဆုံကြပါတယ်။ ဆုံမိတာက ခဏတစ်ဖြုတ်လေးဆိုပေမယ့်လည်း ကံကြမ္မာက တွေ့ဆုံဖို့ အကြောင်းဖန်လာတော့ ဘားမှာထပ်ပြီးတော့ ဆုံကြရင်း အချင်းချင်း ရင်းနှီးတဲ့အဆင့်ကို ရောက်သွားပါတော့တယ်။ ရိုမီယိုဆိုတဲ့ တက်တူးဆရာလေးမှာလည်း သူ့အပေါ်မှာ အမြဲအဆင်သင့်ရှိနေပေးတဲ့ ဒါယုဆိုတဲ့ သူငယ်ချင်းမလေးက ရှိနေပြန်ပါသေးတယ်။အာဂသာ, ရိုမီယိုနဲ့ ဒါယုတို့ ၃ယောက်သားရဲ့ အချစ်ဇာတ်လမ်းလေးက ဘယ်လိုတွေ ဆက်ပြီးတော့ ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Romeo Ingkar Janji (2024)

Respati (2024) 6.5
Respati (2024)  Respati (2024)IMDb Rating (6.5)သူတို့ဆီမှာရုံတင်နေစဉ်ကတည်းက တစ်တော့မှာနာမည်ကြီးနေခဲ့တဲ့ အင်ဒိုသရဲကားလေးရပါပြီ။Assembly စီနေကြတဲ့ ကျောင်းသူကျောင်းသားတွေထဲမှာ သရဲတွေကိုမြင်နေရတဲ့ကျောင်းသားလေးတစ်ယောက်ဆီကိုသရဲစုံတွဲလေထဲမှာမျောပြီးရွေ့လာတဲ့အခန်းကိုကြည့်ဖူးသူတွေမှတ်မိကြပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ရတ်စ်ပါတီဟာ မိဘမဲ့ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီး အဘိုးဖြစ်သူနဲ့အတူနေထိုင်ပါတယ်။သူ့မိဘနှစ်ပါးသေဆုံးခဲ့ရမှုအပေါ်အပြစ်မကင်းသလိုခံစားချက်နဲ့အခုချိန်ထိ အိမ်မက်ဆိုးတွေနဲ့အတူအိပ်မပျော်ရောဂါကိုပါခံစားနေရတဲ့သူဟာ တစ်စတစ်စနဲ့ တစ်ပါးသူတွေရဲ့အိမ်မက်တွေထဲကိုဝင်ရောက်နိုင်စွမ်းရှိတာကိုသိစပြုလာချိန်သူ့ဘေးပတ်ဝန်းကျင်မှာ ရက်စက်ပြီး တရားခံမပေါ်တဲ့လူသတ်မှုတွေဆက်တိုက်ဖြစ်လာနေပါတယ်။အဲ့ဒီအချိန်မှာပဲသူခံစားနေရတဲ့ ဝေဒနာတွေကိုနားလည်တဲ့ သူ့လိုပဲ နာမ်လောကနဲ့အဆက်အသွယ်ရှိတဲ့ကျောင်းသူလေးတစ်ယောက်သူတို့ကျောင်းကိုပြောင်းလာတဲ့အချိန်မှာတော့ ရတ်စ်ပါတီ၊ သူ့သူငယ်ချင်းတာတာနဲ့ ကျောင်းသူသစ်လေး ၀ူလန်တို့သုံးယောက်ဟာသူတို့ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ ထူးခြားဆန်းကြယ်တဲ့အဖြစ်တွေကို အဖြေရှာဖို့ကြိုးစားရင်းထင်ထားတာထက်ကြောက်မက်ဖွယ်ကောင်းနေတဲ့ ရန်သူတွေကိုရင်ဆိုင်ရမှာဖြစ်ပါတယ်။Indo horror တို့ထုံးစံဇာတ်လမ်းဇာတ်အိမ်ကောင်း၊ လှည့်ကွက်ကောင်းတွေနဲ့ ပရိသတ်စိတ်မပျက်စေရမယ့်ကားကောင်းတစ်ကားပါပဲ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်)File size…(1.6 GB) / (815 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:53:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias
movie

Respati (2024)

2024
Pamali: The Corpse Village (2023) 6.4
Pamali: The Corpse Village (2023) Pamali : The Corpse Village [2023) (IMDb 6.8/10)ရွာတစ်ရွာမှာ အမည်မသိပလိပ်ရောဂါဆိုးကြီး ပျံ့နှံ့ကူးစက်နေတဲ့အတွက်ကြောင့် ခရိုင်ရုံးက ကျန်းမာရေးဝန်ထမ်းအချို့ကို စေလွှတ်လိုက်ပါတယ်... ရွာက အခေါင်အဖျားကျတဲ့အပြင် လူဦးရေနည်းပါတဲ့အပြင် မပြင်းထန်လွန်ဘူးလို့ ယူဆတာကြောင့် ဝန်ထမ်း ၃ယောက်ကိုသာ စေလွှတ်လိုက်ပါတယ်... ရွာကို လှေစီးသွားခါနီးမှာ မီလာတို့ ၃ယောက်အပြင် အခြားရွာက သုဘရာဇာ၂ယောက်လည်း ပါလာပါတော့တယ်.... အကြောင်းကတော့ ရွာမှာ လူသေအလောင်းတွေ မတရားစုပုံနေတဲ့အပြင် မြှုပ်ပေးမယ့် သုဘရာဇာကိုယ်တိုင် ရောဂါကူးစက်သွားတာကြောင့်ပဲဖြစ်ပါတယ်... အစမှာတော့ အရာရာက ပုံမှန်လို လည်ပတ်နေပေမယ့် နောက်ပိုင်းမှာတော့ တဖြည်းဖြည်းထူးဆန်းတဲ့ အရာတွေ ဖြစ်လာပြီးတော့ ညဆိုရင် အစ္စလာမ်ဘာသာအယူအဆရ သေသူကို အဝတ်နဲ့ စည်းနှောင်ထားတဲ့ပုံစံနဲ့ ပိုချွန်းလို့ အမည်ရတဲ့ သရဲရုပ်အလောင်းကောင်တွေက ခြောက်လှန့်လာပါတော့တယ်... ဒီလိုအဖြစ်ဆိုးကြီးက ဘာကြောင့်ဘယ်လိုဖြစ်နေမှန်း မသိပေမယ့် တနေ့ထက်တနေ့ ဆိုးဝါးလာပြီး လူသားတွေပါ ဒုက္ခရောက်တဲ့အထိ ဖြစ်လာပါတော့တယ်... ဇာတ်လမ်းရဲ့ အဆုံးမှာ ဘာတွေဖြစ်ပြီး ဘယ်လိုအလှည့်အပြောင်းတွေ ထိတ်လှန့်ခြောက်ခြားစရာတွေနဲ့ တွေ့ကြုံရမလဲဆိုတာ ကိုယ်တိုင်ရှုစားလိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Pamali: The Corpse Village (2023)

2023
Srimulat: Hidup Memang Komedi (2023) 7.1
Srimulat: Hidup Memang Komedi (2023) Srimulat.Hidup.Memang.Komediဆရီမူလတ် လူရွှင်တော်အဖွဲ့အကြောင်း ရိုက်ထားတဲ့ ဒုတိယအဆက်ကားလေးကိုပါ ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါတယ် ပထမကားထဲကအကြောင်းအရောတွေဖြစ်တဲ့ လူရွှင်တော်အဖွဲ့ကို မြို့တော်ကြီးမှာ ဖျော်ဖြေဖို့ ဂျာဗားကျွန်းကနေ သွားရောက်ကြပုံတွေ ကြိုးစားကြပုံတွေ ဘာသာစကားအခက်အခဲတွေ အဓိကဇာတ်ကောင်တွေရဲ့ အချင်းချင်း မိသားစုလိုနေရင်း တလွဲတွေလုပ် ဆူပူငေါက်ငမ်းကြရင်းနဲ့ တစ်နိုင်ငံလုံးသဘောကျအောင် ဖျော်ဖြေပေးနိုင်မှာလားဆိုတာ ဒီဒုတိယကားမှာ ဆက်ရှုစားရမှာပဲဖြစ်ပါတယ် ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပဲဖြစ်ပြီး ဘဝမှာတခါတလေ ဘာမှမစဉ်းစားပဲ ကိုယ်ချစ်ရသူရယ် ကိုယ့်ကိုချစ်တဲ့မိတ်ဆွေတွေရယ်သာရှိရင် ဘဝကြီးဆိုတာ ဒီလိုပဲနေပျော်စရာကြီးပါလားဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားနိုင်ဖို့ ဒီ heart warm ဖြစ်စေမယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 2.1GB | 921MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... Aaron
movie

Srimulat: Hidup Memang Komedi (2023)

2023
Srimulat: Hil Yang Mustahal – Babak Pertama (2022) 6.9
Srimulat: Hil Yang Mustahal – Babak Pertama (2022) Srimulat: Hil Yang Mustahal – Babak Pertama (2022)အခုတင်ဆက်ပေးမယ့်ကားလေးကတော့ ဒုတိယကမ္ဘာစစ်အပြီး နာမည်ကြီးခဲ့တဲ့ အင်ဒိုနီးရှား လူရွှင်တော်အဖွဲ့ ဆရီမူလတ်အဖွဲ့ရဲ့ အစောပိုင်းနေ့ရက်တွေအကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ် ဒီအဖွဲ့ကို တက်ဂ်ရာဟာဂျိုကနေပြီးတော့ သူ့ဇနီး ဆရီမူလတ်ကို အမှတ်တရအဖြစ်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်.... စစ်ပြီးကာလ အင်ဒိုနီးရှားမှာ စားဝတ်နေရေးကျပ်တည်း ရုန်းကန်နေရအချိန်မှာ ဆရီမူလတ်တို့လို ဖျော်ဖြေရေးအဖွဲ့တွေကို နိုင်ငံတော်အစီအစဉ်နဲ့ ရုပ်သံကနေတင်ဆက်ပြီးတော့ ပြည်သူတွေကို ဖျော်ဖြေပေးဖို့ ဂျကာတာကို ဖိတ်လိုက်ပါတယ် ပျော်ပျော်နေတတ်တဲ့ ဆရီမူလတ်အဖွဲ့သားတွေ ဂျကာတာရောက်လာတဲ့အခါမှာ တောသားမြို့တက်လေးတွေ ဘယ်လိုတလွဲတွေလုပ်ကြမှာလဲ အဆင်ပြေပြေနေနိုင်ဖို့ရော ဘယ်လိုလုပ်ကြမလဲ သူတို့လူရွှင်တော်အဖွဲ့ကြီးရော အောင်မြင်မှာလားဆိုတာ ကြည့်ရမှာပါပဲ.... ဟာသ ဒရမ်မာ အချိုးကျကျပေါင်းစပ်ထားတဲ့ အတ္တုပတ္ထိကားလေးမို့ အာရှကားကြိုက်တဲ့ပရိသတ်တွေအတွက်အကြိုက်တွေ့မယ့်ကားလေးပါပဲ နောက်ဆက်တွဲ အပိုင်း ၂ လေးလည်း ရှိသေးတာမို့ စောင့်မျှော်အားပေးကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။Genre..... Biography, Comedy, Drama Quality…. 1080p | 720p File size… 1.4GB | 773MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar ...
movie

Srimulat: Hil Yang Mustahal – Babak Pertama (2022)

2022
KKN, Curse Of The Dancing Village (2022) 6.2
KKN, Curse Of The Dancing Village (2022) KKN, Curse of the Dancing Village (2022) SynopsisIMDB - 6.2/10ညဆိုတာ အာဘွားတောင်းဖို့ မဟုတ်ပါဘူး စောင်ခြုံပြီး သရဲကားကြည့်ဖို့ပါ :'Pဒီတစ်ခါမှာတော့ အရှေ့တောင်အာရှရဲ့ နာမည်ကြီး horror film တွေထွက်နေကျဖြစ်တဲ့ အင်ဒိုနီးရှား horror film တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီကားလေးကတော့ အင်ဒိုနီးရှားနိုင်ငံ နယ်စွန်နယ်ဖျား တောအုပ်လေးထဲက ရွာလေးတစ်ရွာကို ဘွဲ့ကြိုကျောင်းသားကျောင်းသူ ခြောက်ယောက် ကျောင်းပြင်ပ လှုပ်ရှားမှုတွေ လုပ်ဖို့လာကြရင်း တားမြစ်ချက်တွေကို ချိုးဖောက်မိရာက ပရလောကနဲ့ ပတ်သက်မိပြီး အမျိုးစုံကြိုးခုန်ကြပုံကို ရိုက်ပြထားတာပါ။အနောက်တိုင်း သရဲကားတွေနဲ့ မတူဘဲ တစိမ့်စိမ့် တွေးပြီးကြောက်ရမယ့် ထူးထူးခြားခြား အရှေ့တောင်အာရှ အငွေ့အသက်လေး ရနေမယ့် ကားလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ အာယူ၊ နော်၊ ဝဒီယ၊ ဘီမာ၊ ဝယုနဲ့ အန်တွန်တို့ ကျောင်းနေဖက် သူငယ်ချင်းခြောက်ယောက်ဟာ ဘွဲ့အတွက် ကျောင်းပြင်ပ လှုပ်ရှားမှုလုပ်ဖို့ တောအုပ်ထဲက ရွာလေးကို ...
movie

KKN, Curse Of The Dancing Village (2022)

2022