Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Evan Jones
6.8
The Book of Eli (2010)
The Book of Eli(2010) IMDb - 6.8 တစ်ချို့သူတွေအတော်များများ ဇာတ်ကားတစ်ကားကြည့်ဖို့ စုံစမ်းမေးမြန်းကြစဉ်မှာ ဇာတ်လမ်းအမျိုးအစားဆိုတာထက် မင်းသားက ဘယ်သူတုန်းဆိုတာကို ပိုမိုစိတ်ဝင်စားကြသည်.. မိမိသဘောကျသည့် မင်းသားဆိုလျှင်ဘာကားအမျိုးအစားဖြစ်ဖြစ်ကြည့်ကြလေသည်... ထိုမင်းသားပါဝင်သည့်ကားတိုင်းက ကောင်းမွန်နေတတ်သလို သူ့ရဲ သရုပ်ဆောင်မှုဟန်ပန်ကလည်း ကျရာဇာတ်ရုပ်မှာ ခမ်းနားကြီးကျယ်အောင်သရုပ်ဆောင်နိုင်စွမ်းရှိလေသည်... ပြောရလျှင် ကျွန်တော်တို့ရဲ့ ယုံကြည်ကိုးစားမှုကို အမြဲရယူနိုင်သော မင်းသားမျိုးဆိုလျှင်ပိုမှန်ပေမည်.. ထိုသို့သောမင်းသားကြီးများစာရင်းတွင် Denzel Washington ကြီး က ထိပ်ဆုံးတွင်ရှိမည်ထင်ပါသည်.. ထို့ကြောင့် သူ့ပရိတ်သတ်များအတွက် ကားဟောင်းဖြစ်သော်ငြား ကားကောင်းအဖြစ်တည်ရှိနေဆဲဖြစ်သည့် The Book of Eli ကို တင်ဆက်ပေးလိုက်ပါသည်... စစ်ပွဲများကြောင့် ကမ္ဘာမြေ ပျက်သုဉ်းပြီး နှစ်ပေါင်း ၃၀ ကျော် အကြာတွင် တစ်ကိုယ်တော် သူရဲကောင်း အီလိုင် ဟာ တောတောင် ရေမြေတွေကို ဖြတ်သန်းလို့ လူသားတို့၏ အနာဂတ်ဖြစ်လာမည့် စာ တစ်အုပ်ကို သယ်ဆောင်လာခဲ့သည်။ ထိုစာအုပ်၏ ပါဝါကို သိရှိသူမှာ အီလိုင် အပြင် အခြားတစ်ဦးသာ ရှိလေသည်။ ထိုသူက ထိုစာအုပ်ကို ကိုယ်ကျိုးအတွက် အသုံးချရန် တောင်းခံလာသည့်အခါ ...
movie
The Book of Eli (2010)
7.7
Guardians of the Galaxy Vol. 2 (2017)
Marvel Cinematic Universe: Phase Three ကတော့ MCU ရဲ့ အကောင်းဆုံးအစိတ်အပိုင်းလို့ဆိုရတဲ့အထိ လူကြိုက်များပြီး ထောင့်စေ့ခဲ့ပါတယ်။Phase 3 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်နဲ့ မျက်နှာချင်းဆိုင်ဖိုက်ကြတဲ့အထိ ကြမ်းကုန်ကြပါပြီ။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 3 မှာတော့ ရုပ်ရှင် ၁၁ ကားရှိပြီး အောက်ပါအတိုင်း အစဉ်လိုက် ကြည့်ရှုကြရမှာပါ။Captain America: Civil War (2016) Doctor Strange (2016) Guardians of the Galaxy Vol. 2 (2017) Spider-Man: ...
movie
Guardians of the Galaxy Vol. 2 (2017)
2017
4K HEVC IMAX
7.0
Den of Thieves (2018)
Den of Thieves (2018)IMDb Rating (7.0) / Rotten Tomatoes (41%)ဒီရုပ်ရှင်ကားက သရုပ်ဆောင်တွေရဲ့ Badass Acting တွေက လုံးဝအထာကျပါတယ်...ကြိုးဝိုင်းထဲက လက်ဝှေ့ဘဲတွေလို ပေါ်တင်ဖိုက်ကြတာပါဒါပေမယ့် ဒီလို လက်ရဲဇက်ရဲလူကြမ်းတွေကြားမှာ ဉာဏ်ကိုလွှာသုံးမယ့် ဘဲတစ်ပွေပါလာတဲ့အခါ....အတော်ကိုမှ မိုက်တဲ့ လှည့်ကွက်တွေနဲ့ ခပ်ကြမ်းကြမ်းအက်ရှင်ကားဖြစ်သွားပါတော့တယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ လက်ရဲဇက်ရဲနိုင်တဲ့ နယ်ထိန်းရဲတပ်ဖွဲ့နဲ့ ငွေရဖို့အတွက် ခက်ခဲတဲ့မစ်ရှင်တွေကိုမှ အကွက်ကျကျစီစဉ်တတ်တဲ့ တကယ့်ထိပ်တန်းလက်ရွေးစင်ဟောင်းတစ်သိုက်တို့ ပညာပြိုင်ကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ဓားပြလုံးဝအတိုက်မခံရသေးပါဘူးဆိုတဲ့ Federal Reserve Bank ကို လက်ရွေးစင်ဟောင်းအဖွဲ့တွေ ဘယ်လိုခိုးဝင်ပြီး ဓားပြတိုက်ကြမလဲ.... နယ်ထိန်းရဲတွေက ဘယ်လိုတားဆီးမလဲ၊ မြုပ်ကွက်တွေက ဘာတွေလဲဆိုတာ.....။Unrated Version နဲ့ပြန်လည်တင်ဆက်ထားတာမလို့ ယခင် Version ထက်ပိုမိုပြည့်စုံစွာ ကြည့်ရှုခံစားရမှာပါ။ File size…(2.9 GB )/(1.4 GB) Quality….BluRay Unrated 1080p HEVC / 720p Format…mkv/mp4 Duration….02:28:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Thura & ...
movie
Den of Thieves (2018)
2018
7.0
Jarhead (2005)
Jarhead (2005) *************** IMDB....7.0ဒီစစ်ကားက တခြားစစ်ကားတွေနဲ့ မတူတဲ့ ထူးခြားချက်က ရဲဘော်တစ်ယောက် စစ်ထဲစဝင်တဲ့ အခန်းကနေစပြထားတယ် .. စစ်မြေပြင်အတွက် သင်တန်းတွေ ရဲဘော်သစ်ကို ကြိုဆိုပုံတွေ အထက်အောက်ဆက်ဆံပုံတွေကိုအသေးစိတ်ရိုက်ပြထားပြီးမှ တဖြည်းဖြည်း စစ်မြေပြင်ကိုခေါ်ဆောင်သွားတယ် .. သရုပ်ဆောင်တွေကလည်းနာမည်ကြီးမင်းသား Jake Gyllenhaal, Jamie Foxx, Peter Sarsgaard, Lucas Black စတဲ့သူတွေမို့ဝေဖန်ရေးဆရာတွေကတောင် တာဝန်ကျစစ်သည်နေရာမှာ သရုပ်ဆောင်တာ ဇာတ်ရုပ်ပီပြင်လွန်းတယ်လို့ချီးကျူးခံထားရတယ်... စာရေးဆရာကြီးဖေမြင့်ကပြောဖူးတယ် အားလုံးကိုလက်တွေ့သိဖို့မဖြစ်နိုင်ပေမဲ့ကျွန်တော်တို့မယ် လေ့လာပြီး သိနားလည်ပေးလို့ရတယ်တဲ့ .. စာအုပ်တွေ ရုပ်ရှင်တွေက အဓိကပေါင်းကူးတံတားတွေအဖြစ်တည်ရှိနေသတဲ့ .. ဒီကားက စစ်သားတွေရဲ့ နေပုံထိုင်ပုံ ကြမ်းတမ်းပုံ အရေးကြုံလာရင်အချင်းချင်းစည်းလုံးပြီး အခက်အခဲတွေ ရန်သူတွေကိုရင်ဆိုင်ကျော်ဖြတ်ခြင်းတွေကိုလှလှပပလေးရိုက်ပြသွားတယ် ကိုင်းခံစားကြည့်လိုက်ပါဦးခင်ဗျ .. File Size… 2.57 GB, 1.2 GB Quality…BluRay 1080p, 720p Format…mp4 Duration…02:05:00 Subtitle…Myanmar Subtitle(Hardsub) Translated by Zuel Khant Thwin Encoded ...
movie
Jarhead (2005)
Mr. 3000 (2004)
အားလုံးပဲ မင်္ဂလာပါ ဒီတစ်ခေါက် ဘာသာပြန်ထားတဲ့ ဇာတ်ကားလေးကတော့ ၂၀၀၄တုန်းက ထွက်ထားတဲ့ Mr 3000ဆိုတဲ့ဟာသအားကစားရုပ်ရှင်လေးပါ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ Charles Stone IIIက ရိုက်ကူးထားပြီး နာမည်ကြီးဟာသသရုပ်ဆောင် Bernie Macနဲ့ Angela Bassett တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ဘေ့စ်ဘောလောကနေ အနားယူသွားပြီဖြစ်တဲ့ မေဂျာလိဂ်ကစားသမား စတန်းရော့စ်ဟာ ရိုက်ချက် ၃၀၀၀ပြည့်ပြီး ကြယ်ပွင့်စာရင်းဝင်အဖြစ် အသိမှတ်ပြုခံရဖို့ သူ့အသက် ၄၇နှစ်မှာ ဘေ့စ်ဘောလောကထဲသို့ ခြေချလာပါတော့တယ် အသက်အရွယ်ရတာနဲ့အညီ ခေတ်ရေစီးကြောင်းတိုးတက်မှုနဲ့ တစ်တန်းတည်း မလိုက်နိုင်တဲ့ စတန်းရော့စ်တစ်ယောက် မကစားတာကြာပြီဖြစ်တဲ့ ဘေ့စ်ဘောကို လူငယ်တွေနဲ့အပြိုင် ဘယ်လို ကစားမလဲ အသင်းဖော်တွေနဲ့ရော ဘယ်လို လိုက်လျောညီထွေဖြစ်အောင်နေမလဲ သူလိုချင်တဲ့ပန်းတိုင်ကို အဆုံးသတ်မှာ ရောက်ပါ့မလားကို ရယ်ကာမောကာ ကြည့်ရှုရမှာဖြစ်ပါတယ်ဟာသကား အားကစားရုပ်ရှင် ကြိုက်တဲ့ပရိတ်သတ်ကြီးအတွက် စတန်းရော့စ်ရဲ့ ဘေ့စ်ဘောလောကသို့ တစ်ကျော့ပြန်ခရီးကို မိတ်ဆက်ပေးလိုက်ပါတယ်ဇာတ်ညွှန်းရေးသားသူ - April ...
movie
Mr. 3000 (2004)
6.6
The Homesman (2014)
The Homesman (2014)~ IMDb - 6.6/10, RT - 81%, Meta - 68% ~ဒီရုပ်ရှင်ဟာ Western ဝတ္ထုတွေနဲ့ နာမည်ကြီးတဲ့ Glendon Swarthout ရဲ့ The Homesman ဝတ္ထုကိုမှီငြမ်းထားတယ်။ သူ့ဇာတ်ကောင်တွေရဲ့ ထူးခြားချက်က သန်မာသလောက် ရှုပ်ထွေးတဲ့ပုံစံမျိုးကိုဦးတည်တယ်။ ဇာတ်ကောင်တွေက သာမန်ဖြစ်ခြင်း၊ သာမန်သတ္တိ၊ သာမန်ရဲရင့်မှု၊ သာမန်ကိုယ့်ကျင့်တရားတွေမရှိနေဘူး။ စံသတ်မှတ်ချက်တွေကနေ ကျော်လွန်တဲ့ ဒါမှမဟုတ် ကွဲပြားတဲ့ သတ္တိနဲ့ဖြောင့်မတ်မှုမျိုးကို ပြတယ်။ အဲဒီလို ဇာတ်ကောင်တွေကိုလည်း သူ့ရဲ့ Bless the Beasts and the Children နဲ့ The Homesman ဝတ္ထုတွေမှာ သိသိသာသာတွေ့ရတယ်။ The Homesman က စံသတ်မှတ်ချက်တွေကိုမေးခွန်းထုတ်ပြီး တကယ့်သတ္တိက ဘာလဲဆိုတာကို သူ့ရှုထောင့်ကနေ ဖြေဖို့ ကြိုးပမ်းချက်တွေပဲ။ ...
movie
The Homesman (2014)
2014
7.1
8 Mile (2002)
ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင်အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက်စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာကအတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်ကသူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ဒါပေမယ့် ...
movie
8 Mile (2002)
2002
6.1
A Million Ways to Die in the West (2014)
A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie
A Million Ways to Die in the West (2014)
2014
5.9
Lucky You (2007)
Lucky you (2007) ============= IMDb - 5.9ကျောင်းမှာ ကျုပ်တို့တွေ ဖဲရိုက်ဖူးကြတယ်မို့လား။ ဖဲဟာ လူငယ်လူလတ်တွေနဲ့ မကင်းတဲ့အရာပါပဲ။ ကျုပ်ဆိုကျုပ်ဘကြီး ကျောင်းမှာ ဆရာတွေနဲ့ ကျောင်းအုပ်ကြီးဆော့တာကို ကြည့်ရင်း တတ်လာတာပဲ။အဓိကက ပိုကာဒေါင်းတယ်။ အဲ့ဒီတုန်းကတော့ Texas HoldEM Pokerကို ကျုပ်တို့ခေါ်တာရှိူးပေါ့။ Full Houseတွေ Straightတွေ Flushတွေ ဘာမှမသိဘဲ ရမ်းတုတ် မှန်းတုတ်ဆော့ခဲ့ကြရတယ်။ ဖဲသမားအစစ်တွေက ဖဲချိုးမကောင်းတော့ရင် ဖဲထုပ်အသစ်ဖောက်ကြတာဆိုတော့ ဖဲထုတ်အဟောင်းတွေ ကျွန်တော်တို့ဆီ တစ်ပုံကြီးပဲ။ အဲ့ဒီဖဲထုတ်တွေကို လောင်းကြေးလုပ်ဆော့ခဲ့ကြတာပေါ့။ ပျော်ဖို့တော့ အတော်ကောင်းခဲ့သား။ ဒီရုပ်ရှင်က ဇာတ်အိမ် မရှိသလောက် ဖြစ်နေပေမဲ့ ကောင်းကွက်တစ်ကွက်တော့ရှိတယ်။ တခြားအခန်း အာစွတ်ရုံလောက်ထည့်ထားပြီး အစအဆုံးကို ဖဲဝိုင်းတွေ ဖဲသမားတွေရဲ့ဗျူဟာတွေချည်း ထည့်ထားတယ်။ ပြောရရင် ရုပ်ရှင်က လူသစ်လေးတွေကို Texas HoldEM Poker ကစားတတ်အောင် သေချာ သင်ပေးထားတယ်။ ပွဲတိုင်းက ဖဲတိုင်းကိုမြင်အောင်ပြပြီး ဘယ်ဖဲက ဘယ်လိုနိုင်တယ်ဆိုတာပြထားတယ်။ ကျုပ်လည်း အောက်ကမှတ်ချက်ထုတ်ရှင်းထားတယ်။ ဖျော်ဖြေရေးကြည့်တဲ့ရုပ်ရှင်မှာ ကွင်းစကွင်းပိတ်တွေနဲ့ ရှင်းလင်းရေးလုပ်တာက အတော်ကကြိုးကကြောင် ...
movie
Lucky You (2007)
7.3
Rescue Dawn(2006)
Rescue Dawn(2006) IMDb 7.3 ,,,,,rotten tomatoes....90% ဒီဇာတ်ကားကတော့ အမေရိကန်ဗီယက်နမ် စစ်ဖြစ်နေဆဲကာလမှာလေယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ Dieter Dengler အကြောင်းကို ပြန်လည်ရိုက်ကူးထားတာပါ...ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ရုံမက ခန္ဓာကိုယ်တွေပါပြောင်းပစ်ပြီး ပီပြင်အောင်စွမ်းဆောင်နိုင်တဲ့ Batman မင်းသားChristian Bale ကတော့ ပိုင်းလော့ကြီးနေရာမှာ သရုပ်ဆောင်ထားပါတယ်...ဒီပိုင်းလော့ကြီး ဟာ ဗီယက်နမ်စစ်မြေပြင်ကိုသွားဖို့ ကိစ္စတစ်ခုနဲ့သွားရောက်ဖို့စေလွှတ်ခြင်းခံရတယ်...စစ်ဖြစ်နေဆဲကာလမို့ ဗီယက်နမ်ခရီးဟာ သူ့အတွက် အန္တရယ်များလှ သလို ဖြတ်သန်းသွားရမယ့် လာအိုနယ်ကလည်း သူ့အတွက် အသက်အချိန်မရွေးပျောက်နိုင်ပါတယ်..တကယ်လည်း သူလေယာဉ်ဟာလာအိုထဲကိုဖြတ်ပျံသန်းစဉ်မှာ ပျက်ကျခဲ့တယ်...ကံကောင်းထောက်မစွာ သူအသက်ရှင်ခဲ့ပေမယ့် သူဖမ်းဆီးခံလိုက်ရတယ်...ကိုင်းသူလွတ်မြောက်နိုင်မလား.... စစ်သုံပန်းဘဝကိုကြံ့ကြံ့ခံနိုင်မလား..ဘယ်လိုအပေးအယူတွေနဲ့ရော သူကြုံတွေ့မလဲ...ဆိုတာကိုတော့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းဖြစ်တဲ့အပြင် IMDb 7.3 နဲ့ rotten tomatoes.90% တေတာင်ရထားလို့လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ..File Size : (980 MB) and (380 MB) Quality : Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Action, Adventure, Biography Subtitle : Myanmar Subtitle ...
movie
Rescue Dawn(2006)
2006
6.3
Hotel Artemis (2018)
သောက်ရေရှားပါးမှုကြောင့် ရေသန့်ကိုထိန်းချုပ်ထားတဲ့ သူတွေကို ဆန္ဒပြနေတဲ့ပြည်သူတွေနဲ့ မီးခိုးတလူလူဖြစ်နေတဲ့ Los Angeles မြို့မှာ တရားဥပဒေနဲ့မလွတ်ကင်းသူတွေရဲ့ ဆေးရုံလို့ခေါ်လို့ရတဲ့ ပုံပြင်ဆန်ဆန် တည်ရှိနေတဲ့ Hotel Artimis မှာ ဖြစ်ပျက်ခဲ့တဲ့တစ်ညတာအကြောင်းပါ။၂၂ နှစ်လုံး Hotel ထဲကမထွက်တဲ့ Nurse ဖြစ်သူ Genie Thomas က Hotel ကိုဦးစီးနေပါတယ်။သူ့ရဲ့ Hotel ရဲ့တည်းခိုသူတွေကတော့ လက်နက်ကုန်သည်တစ်ယောက်ဖြစ်တဲ့ Acapulco ၊Honolulu လို့ခေါ်တဲ့ အလုပ်လုပ်ရာမှာ ကျွမ်းကျင်တဲ့ဓားပြတစ်ဦးပေမယ့် ညီဖြစ်သူကြောင့် ဒုက္ခအမြဲရောက်ရတတ်တဲ့ Sharman ၊လှသလောက်အဆိပ်ပြင်းတဲ့ Nice ခေါ် Niragra ဆိုတဲ့ ကြေးစားလူသတ်သမားမလေး၊LA မြို့တစ်ဝက်လောက်ကို ပိုင်ဆိုင်ထားတဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် ဝံပုလွေဘုရင် နဲ့ တခြား မမျှော်လင့်ထားခဲ့တဲ့တည်းခိုသူ ရဲမေတစ်ယောက်ဖြစ်ပါတယ်။သူတို့တွေ လူထုအုံကြွမှုအဆိုးဆုံးဖြစ်နေတဲ့ ညတစ်ညထဲမှာ အတူတူလာစုံစည်းကြပြီးဘာတွေဖြစ်ကြမလဲဆိုတာတော့IMDB Rating 6.1 ရရှိထားတဲ့ Hotel Artemis(2018) ဇာတ်ကားထဲမှာကြည့်လိုက်ကြပါတော့ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File ...
movie
Hotel Artemis (2018)
2018
6.7
Gangster Squad
Gangster Squad (2013)_____IMDb - 6.7/10 ဒုတိယကမ္ဘာစစ်ပြီးတော့ အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက ...
movie
Gangster Squad
2013
7.5
Shot Caller (2017)
ဒီဇာတ်လမ်းလေးက ဒုစရိုက်ဂိုဏ်းသားတွေရဲ့ ထောင်ထဲမှာ ဘယ်လိုခြယ်လှယ်နေတယ်ဆိုတာကို ပုံဖော်ထားတဲ့ Action ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးက လူတိုင်းက အားကျလောက်ရအောင် စီးပွားရေးလည်းအောင်မြင်မိသားစုပျော်ပျော်ရွှင်ရွှင်ရှိနေတဲ့ ဂျေကော့ လို့ခေါ်တဲ့လူတစ်ယောက်တစ်နေ့မှာတော့ ကံဆိုးပြီး ကားမတော်တဆဖြစ်ပြီး ကားပေါ်ပါတဲ့သူ့သူငယ်ချင်းသေသွားသလိုတစ်ဖက်လူလည်း အပြင်းအထန် ထိခိုက်မိတဲ့အတွက် ထောင်ကျသွားပါတယ် ။အကုသိုလ်ကံဆိုးမှုတွေဟာ အဖော်အပေါင်းနဲ့လာတတ်တဲ့ဆိုတဲ့အတိုင်းပဲ ထောင်ကျသွားမှပိုပြီးတာ့ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ထောင်ထဲမှာ ဒုစရိုက်သမားတွေရဲ့ ဖိနှိပ်ကွပ်ကဲမှုကို ခုခံဖို့ကြိုးစားရင်းနဲ့ သူကိုယ်တိုင်လည်းမဖြစ်ချင်ဘဲနဲ့ တဖြည်းဖြည်း လူဆိုးဂိုဏ်းဝင်တစ်ယောက်ဖြစ်လာပါတယ်။ထောင်ကအထွက် သူ့ကိုလက်နက် မှောင်ခိုတစ်ခု ကွပ်ကဲဖို့ သူ့မိသားစုအသက်အန္တရာယ်ခြိမ်းခြောက်ပြီး စေခိုင်းခံလိုက်ရပါတယ်။ဂျေကော့တစ်ယောက် ဘယ်လိုနည်းလမ်းတွေ ရှာကြံပြီး သူ့မိသားစုလည်း ဘေးအန္တရာယ်မရောက်အောင်လက်နက်မှောင်ခိုမှုကို လည်းဖော်ထုတ်ပြီး ရာဇဝင်လူဆိုးတွေကိုပညာသားပါပါ ဘယ်လိုရင်ဆိုင်သွားလဲဆိုတာ စောင့်ကြည့်လိုက်ပါ ။အိမ်ထောင်ဦးစီး ဖခင်တစ်ယောက် ဒုက္ခအခက်အခဲတွေကို ကြံကြံခံရင်ဆိုင်ရင်းမိသားစုအတွက် ဘယ်လိုကာကွယ်သွားတယ်ဆိုတာကို စောင့်ကြည့်လိုက်ပါ။(ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ)Quality : Bluray 720p Running Time : 2hr 01minutes Format : Mp4 Genre : Crime, ...
movie
Shot Caller (2017)
2017