Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eugene Osment
Pay It Forward (2000)
Pay It Forward (2010) *********************ဒီကားလေးဟာ ၂၀၀၀ ခုနှစ်က ထွက်ရှိခဲ့လေတော့ တော်ရုံသတိထားမိကြမယ်မထင်ဘူးဗျ...ဒီကား အဓိက လုပ်ဖြစ်ရတဲ့အကြောင်း (၂) ချက်ရှိပါတယ်...ပထမအချက်က စာရေးဆရာမ ဂျူး ရေးသားထားတာကိုဖတ်မိလို့ပါ....ဆရာမ ရေးသားသုံးသပ်ထားတွေဟာ အတော်စိတ်ဝင်စားဖို့ကောင်းသလို...သူမကိုယ်တိုင်ညွှန်းပြီဆိုတော့ ဒီကားလေးကို လုပ်ဖြစ်သွားပါတယ်...ဒုတိယ အချက်က A.I. Artificial Intelligence ဇာတ်ကားထဲမှာ...ကလေးအရွယ်စက်ရုပ်အဖြစ်သရုပ်ဆောင်ပြီး...ကျွန်တော်တို့နှလုံးသားတွေကို...ကြေကွဲဆိုနင့်ပြိုကျအောင် အလဲထိုးခဲ့ဖူးတဲ့ ကလေးသရုပ်ဆောင် Haley Joel Osment ကြောင့်ပါ။ဇာတ်လမ်းအကျဉ်း --------------အဖေနဲ့ကွဲသွားတဲ့ အမူးသမားအမေနဲ့အတူနေရတဲ့ အလယ်တန်းကျောင်းသားလေးတစ်ယောက်ဟာ...ကျောင်းမှာ ဆရာကနေ တစ်နှစ်လုံးစာ လုပ်ရမယ့် Social Studies သင်ခန်းစာ Project တစ်ခု လုပ်ခိုင်းလာတဲ့အခါ...သူ့ရဲ့အသက်အရွယ်နဲ့မတန်လောက်အောင် သိပ်ကိုလှပတဲ့ စိတ်ကူးလေးတစ်ခု ရသွားပါတယ်။ အဲဒါကတော့ ဘာဖြစ်မလဲ...ဒီဇာတ်ကားလေးနဲ့ပတ်သက်ပြီး ပြောချင်တာက ခင်ဗျားဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်နေနေ...ဘယ်လိုကားအမျိုးအစားကိုမှ ကြိုက်နှစ်သက်သည်ဖြစ်စေ...ခင်ဗျားရဲ့ အသက်ဟာ ဘယ်အရွယ်ကိုပဲရောက်နေနေ...ခင်ဗျားရဲ့နှလုံးသားဟာ ခံစားနိုင်စွမ်း အကန့်အသတ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ..ဒီကားလေးကို ဒေါင်းကြည့်ကြပါလို့ တိုက်တွန်းပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Sherlock ဖြစ်ပါတယ်.....File Size : 2.54GB / 953MB Quality : WEB-DL ...
movie
Pay It Forward (2000)
7.1
A.I. Artificial Intelligence(2001)
A.I. Artificial Intelligence(2001)အညွှန်း *********************************** IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့တစ်ကားလုံးမဟုတ်တောင် ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာနောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်...တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး...ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...File Size…(3GB) and (1.43GB) Quality…Blu-Ray 1080p, 720p Format…mp4 Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest Abe
movie
A.I. Artificial Intelligence(2001)
2001
HEVC 1080p 5.1
7.6
Minority Report (2002)
Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie
Minority Report (2002)
2002
7.5
Secondhand Lions 2003
ဝေါလ်တာဆိုတဲ့ ဆယ့်လေးနှစ်သားလေးဟာ လိမ္မာရှာပေမဲ့ မြာပွေတဲ့ အမေနဲ့နေ နေရရှာတဲ့ ဖတဆိုးသားလေးပါ ဒီလိုနဲ့တစ်နေ့မှာ သူ့အမေ ရည်းစားရှာထွက်ဖို့ ကောင်လေးဝေါ်လ်တာကို သူ့ရဲ့ လူပျိုကြီးအဖိုးလေးနှစ်ယောက်ဖြစ်တဲ့ ဟက်ဘ်နဲ့ ဂါ့သ်ဆီမှာ ချန်ထားခဲ့ပါတယ် ဒီလူပျိုကြီးနှစ်ယောက်ဆီမှာ ဝှက်ထားတဲ့ပိုက်ဆံတွေရှိနေတယ်လို့သတင်းထွက်လို့ အမျိုးတိုင်းက စိတ်၀င်စားနေကြတာပါ ဒီလိုနဲ့ ဝေါလ်တာက ဟက်ဘ် နဲ့ ဂါ့သ်တို့အိမ်ရောက်အပြီးမှာတော့ တကယ်ပဲပိုက်ဆံတွေရှိနေလား သူတို့နှစ်ယောက်က ဘယ်လိုနောက်ကြောင်းတွေရှိမလဲ ဝေါ်လ်တာကရော ဘာဆက်ဖြစ်လာမှာလဲ စတဲ့အကြောင်းအရာပေါင်းများစွာကို ကြည့်ရှုရမဲ့ မိသားစုဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 49min Genre : Comedy, Drama, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Chuck Chuck Encoded by Littleneo
movie
Secondhand Lions 2003