Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ethan Rains
Captain America: The Winter Soldier (2014)
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ...
movie
Captain America: The Winter Soldier (2014)
4K HEVC
8.0
Sin City (2005)
Sin City (2005)============IMDb Rating - 8.0/10Sin Cityအကြောင်းပြောရရင် နည်းနည်းတော့ရှည်မယ်။ဒီရုပ်ရှင်က ချီးကျူးစရာတော့ အတော်များပါမယ်။ ဒါရိုက်တာသုံးယောက်နဲ့ ဇာတ်လမ်း လေးပုဒ်ပါတဲ့ ရုပ်ရှင်တစ်ကားကိုကြည့်ရတာတစ်ကွဲတစ်ပြားမဖြစ်သွားအောင် ချိတ်ဆက်ထားပုံတွေက သပ်ရပ်တယ်။ Graphic Novelတွေကို ပြန်ရိုက်ထားပေမယ့် Graphic Novelအတိုင်း ပေးဖတ်လိုက်သလိုမျိုး CGIကိုသုံးပြီးပြီး အမြင်ကိုဖမ်းစားထားတာကလည်းဒီရုပ်ရှင်ရဲ့ဆွဲဆောင်မှုတစ်ခုပါပဲ။ အဖြူအမဲလုပ်လိုက် ပြချင်တဲ့အရာတစ်ခုကိုပဲ အရောင်ထည့်ပေးလိုက် ပြကွက်တွေဟာ ဒီအတိုင်းကျွန်တော်တို့ သတိမထားမိမယ့် ပြကွက်တွေကိုပိုသိသာစေတယ်။ Narratorလည်းထည့် ဇာတ်ကောင်ရဲ့ အတွေးတွေကိုလည်းပြထားတာပါ ပေါင်းလိုက်ရင် ဘာမှဖြည့်တွေးစရာမလိုလောက်အောင် ကြည့်ရလွယ်ကူတဲ့ Art Filmတစ်ခုကို တည်ဆောက်ပေးထားသလိုပဲ။ တစ်ချို့အကွက်တွေကတော့ Quentin Tarantinoဆန်တယ်။ ဆန်ဆို ဒီကားမှာသူက Guest Director။သူကိုယ်တိုင်၀င်ရိုက်ခဲ့တာက ငါးမိနစ်လောက်ပဲပါပေမယ့် ကျန်တာတွေလည်း သူအကြံပေးခဲ့မယ်ထင်တယ်။ ချေးအပြည့်နဲ့အိမ်သာခွက်ထဲ ခေါင်းနှစ်တာတွေကားဘေးက တရွတ်တိုက်ဆွဲပြီး စစ်မေးတာတွေ လိင်အင်္ဂါကို ဆွဲဖြုတ်တာတွေ ခြေတွေလက်တွေဖြတ်ပြီး ကျန်တဲ့ကိုယ်ကို ခွေးကျွေးတာတွေ မထင်သလို ...
movie
Sin City (2005)
2005
1080p HEVC
5.0
The 15:17 to Paris
အက်ရှင်ကားတွေ အချစ်ကားတွေကို ရိုးအီနေပြီဆိုသူတွေအတွက် အရသာအသစ်ပေးစွမ်းနိုင်မယ့်The 15.17 to Paris ဆိုတဲ့ ကိုယ်ရေးအတ္ထုပတ္တိအမျိုးအစားဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားဟာ ၂၀၁၅ တုန်းကဖြစ်ပွားခဲ့တဲ့ ISIS ရထားအကြမ်းဖက်မှုကို ပြန်လည်ရိုက်ကူးထားတဲ့ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ထူးခြားချက်ကတော့ အဆိုပါအကြမ်းဖက်မှုမှာ အသက်နဲ့ရင်းပြီးကယ်တင်ခဲ့တဲ့အမေရိကန်လူမျိုးသူငယ်ချင်သုံးဦးဖြစ်တဲ့ စပန်ဆာစတုန်း၊ အဲလက်စကာလာတို့စ် နဲ့ အန်တိုနီဆက်ဒ်လာ တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင်ဒါရိုက်တာဟာလည်းတစ်ချိန်ကဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ အော်စကာလေးဆုရမင်းသားကြီး Clint Eastwood ပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဇာတ်လိုက်သုံးယောက်ရဲ့ငယ်ဘဝကနေ စတင်ပြီး ရိုက်ကူးပြသထားတာဖြစ်တဲ့အတွက်ကြည့်ရှုသူတွေအနေနဲ့ အတန်ငယ် ပျင်းကောင်းပျင်းနေနိုင်ပါတယ်။ ဒါပေမယ့်ကိစ္စမရှိပါဘူး ဆက်သာကြည့်ကြပါ။ကြည့်ရင်းနဲ့ဇာတ်လမ်းဟာတဖြည်းဖြည်းနဲ့အရှိန်တက်လာပြီး ဇာတ်လမ်းအဆုံးထိ ပါအောင်ဆွဲခေါ်သွားပါလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်သုံးဦးရဲ့ ဥရောပခရီးစဉ်အစဖြစ်တဲ့ဗင်းနစ်မြို့ရဲ့ရှုပျော်ဖွယ်ရာကောင်းတဲ့အလှနဲ့ အမ်စတာဒမ်မြို့ရဲ့အရိုင်းဆန်တဲ့ အလှတွေကိုပါခပ်ပါးပါးလေးပြသွားတဲ့အတွက် ခရီးထွက်ရတာကို ကြိုက်နှစ်သက်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။Qty - 720p Web DLDuration - 1hr 54minGern - History/ ActionTranslator - Myo Thant KyawReview - ...
movie
The 15:17 to Paris
2018