Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Esteban Cueto
7.3
Fast Five (2011) Fast and Furious 5
Fast and Furious ရုပ်ရှင်ကားတွေအကုန်လုံးကို 4K DD.5.1 Quality နဲ့ Extended Version တွေချည်း တင်ဆက်လိုက်ပါတယ်... ဒီမှာ https://www.channelmyanmar.to/category/special-package/fast-and-furious/ ကြည့်ပါ။ Family အဓိက...ဘော်ဒါအဓိကဆိုတဲ့ Fast & Furious Franchise ဟာ ရုပ်ရှင်ထွက်လာလိုက်တိုင်း Box Office ဝင်ငွေကြမ်းခဲ့တာချည်းပါပဲ။ 1. The Fast & The Furious (2001) - $ 207 M 2. 2 Fast 2 Furious (2003) - $ 236 M 3. The Fast & The Furious : Tokyo Drift (2006) - $ 158 M 4. Fast & Furious (2009) ...
movie
Fast Five (2011) Fast and Furious 5
2011
4K HEVC
5.2
Miss Congeniality 2: Armed and Fabulous (2005)
Miss Congeniality 2: Armed and Fabulous (2005)ဒါရိုက်တာ John Pasquin ရိုက်ကူးထားပြီး Sandra Bullock, Regina King, Enrique Murciano တို့ ပါဝင်သရုပ်ဆောင်ထားသော ဟာသ၊ အက်ရှင်၊ စုံထောက်ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းFBI အေးဂျင့် Gracie Hart (Sandra Bullock) သည် Miss United States ပြိုင်ပွဲတွင် အမှုတစ်ခုကိုအောင်မြင်စွာ စုံစမ်းဖော်ထုတ်ပြီးနောက် လူသိများသော စုံထောက်အမျိုးသမီးတစ်ဦးဖြစ်လာခဲ့ပါတယ်။ဒီ 2005 ဒုတိယမြောက်ကားမှာလဲ သူမ ဘယ်လိုအမှုတွေကို စုံစမ်းဖော်ထုတ်သွားမလဲဆိုတာ ခံစားကြည့်ရှု့လိုက်ကြပါဦး။ File size…(2 GB) / (1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Comedy, Crime Duration….01:56:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin
movie
Miss Congeniality 2: Armed and Fabulous (2005)
2005
Getaway (2013)
Getaway (2013) ဇာတ်လမ်းတစ်ပုဒ်လုံး ကားမောင်းတဲ့အက်ရှင်အမိုက်စားတွေနဲ့ စိတ်ဝင်စားစရာ ဇာတ်လမ်းဇာတ်အိမ်မျိုးကို ကြိုက်တယ်ဆိုရင်တော့ 2013 ခုနှစ်ကထွက်ခဲ့တဲ့ ဒီ Getaway ဆိုတဲ့ ဇာတ်လမ်းက ရုပ်ရှင်ချစ်သူတွေအတွက် အကြိုက်တွေ့စေမှာပါ.ဒါ့အပြင် ဒီဇာတ်လမ်းထဲမှာ နာမည်ကြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Ethan Hawke ကို အဓိက ဇာတ်ကောင်အဖြစ် မြင်တွေ့ရမှာပါ. ဒါ့အပြင် ကျွန်တော်တို့ရဲ့ ငယ်ငယ်က crush လေးဖြစ်ခဲ့ဖူးတဲ့ Selena Gomez လေးကလည်း ပါသေးတယ်ဆိုတော့ကာ ဘာလိုသေးလဲ ဦးကြီးရယ်ပေါ့. ဇာတ်လမ်းအကျဉ်း ဘရန့် မဂ်နာဆိုတဲ့ ပြိုင်ကားမောင်းသမားဟောင်းတစ်ယောက်ဟာ ဇာတ်လမ်းအစမှာ အမည်မသိလူတစ်ဦးရဲ့ လမ်းညွှန်စေခိုင်းချက်အရ ကားတစ်စီးကို သွားပြီး ခိုးရပါတယ်.အဲ့ကားမှာ သူ့ကို ခိုင်းတဲ့လူက ကင်မရာတွေအပြည့်တပ်ဆင်ထားပြီး သူဘာလုပ်နေတယ်ဆိုတာကို အစအဆုံး တစ်နေရာကနေ ထိုင်ကြည့်နေပါတယ်. အဲဒီ့လူက ဘယ်သူလဲဆိုတာကိုတော့ ဘရန့်တစ်ယောက်မသိပါဘူး. နောက်တော့ ကျွန်တော်တို့ရဲ့မင်းသမီးလေး Selena နဲ့တွေ့ဆုံဖို့ဖြစ်လာပြီး အဲဒီ့တွေ့ဆုံမှုကလဲ ...
movie
Getaway (2013)
BloodRayne (2005)
ဒီ Action/Fantasy/Horror ဇာတ်ကားထဲမှာတော့ မင်းသမီး Kristanna Loken (Terminator 3 ထဲက T-X)နဲ့ Michelle Rodriguez (Fast & Furious ထဲက Letty Ortiz) အပြင် မင်းသား Michael Madsen (Kill Bill ထဲက Budd)နဲ့ Matthew Davis (Blue Crush)တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။သွေးစုပ်ဖုတ်ကောင်တွေကို ဗန်ပိုင်းယားလို့ခေါ်ဆိုတယ်ဆိုရင် လူတစ်ပိုင်း သွေးစုပ်ဖုတ်ကောင်တစ်ပိုင်းကိုတော့ ဒန်ဖီးယားလို့ ခေါ်ဆိုပါသတဲ့။ ဒန်ဖီးယားတွေက ခံရည်နိုင်စွမ်းမြင့်မားလွန်းတာမို့ မွေးစကတည်းက သုတ်သင်ရှင်းလင်းခံခဲ့ကြရတာပါ။ သို့ပေမဲ့ ဒန်ဖီးယားမလေး ရိန်းကတော့ စွမ်းအားမြင့် သွေးစုပ်ဖုတ်ကောင်ကြီးတစ်ကောင်ရဲ့ ယုတ်မာတဲ့အကြံအစည်နဲ့ လူသားမိခင်ကနေ မွေးဖွားလာနိုင်ခဲ့ပါတယ်။ရိန်းကို အစွမ်းထက်လက်နက်အဖြစ် အသုံးချလိုတဲ့ ယုတ်မာတဲ့ဖခင်ရဲ့အကြံအစည်ကို ရိပ်မိပြီး သမီးဖြစ်သူကို အသုံးချခံမဖြစ်စေလိုတဲ့ မိခင်ရဲ့ ဉာဏ်ပညာကြီးမှုနဲ့ အစတေးခံမှုကြောင့် ရိန်းက သွေးစုတ်ဖုတ်ကောင်ကြီးလက်ကနေ ...
movie
BloodRayne (2005)
5.5
The Scorpion King (2002)
The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie
The Scorpion King (2002)
2002
5.4
Bad Ass (2012)
ဒီတစ်ခါ ပရိသတ်ကြီးအတွက် ဟောင်းပေမဲ့ကောင်းနေတဲ့ ဇာတ်ကားကောင်းလေးတစ်ကားတင်ဆက်ပေးပါရစေ လူ့ဘဝကြီးမှာ လှံထမ်းလာတာကိုပဲမြင်ရတယ် ကံထမ်းလာတယ်ကိုမမြင်ရဘူးဆိုတဲ့အတိုင်း ပုံမှန်နေသားကျနေတဲ့ ဘဝကြီးကနေ အပြောင်းအလဲကြီးဖြစ်သွားတတ်တယ်ဆိုတဲ့အကြောင်းကို ရိုက်ပြထားတာမို့ ကြည့်လို့ကောင်းမဲ့ ကားကောင်းလေးပါပဲဇာတ်လမ်းအကျဉ်း ဗီဂါ ဆိုတဲ့ ဗီယမ်နမ် စစ်ပြန်ကြီးဟာ အထက်တန်းကျောင်းပြီးသွားတာနဲ့ စစ်တပ်ထဲဝင်ခဲ့လို့ သူ့ရဲ့ ရိုးရှင်းနဲ့ ဘဝလေးနဲ့ ရင်နဲ့အမျှချစ်ရတဲ့ ချစ်သူလေးကို ထားခဲ့ရတာပါ ၇နှစ်ကြာစစ်မှုထမ်းပြီးပြန်လာတဲ့အချိန်မှာတော့ သူ့ကိုစောင့်နေမလားထင်ပြီး ရည်းစားဟောင်းအိမ်ကိုသွားလိုက်တဲ့ အချိန်မှာပဲ သစ္စာရှိရှိနဲ့စောင့်နေတဲ့ သူ့ရဲ့ ချစ်သူလေးဟာ ကလေး၂ယောက်ပါ အပိုစုဆောင်းထားပေးခဲ့တာပါ အဲဒါနဲ့ မရှိတဲ့လမ်းပျောက်သွားတဲ့ ဗီဂါကကြီး က ရဲကျောင်းတက်ဖို့ကြိုးစားလည်းမအောင်မြင် ကုမ္ပဏီတွေမှာ လျှောက်တော့လည်း ကောလိပ်မတက်ခဲ့လို့ဆိုပြီး မခေါ်တာနဲ့ဘဲ ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေရတဲ့သူတစ်ယောက်ပါ အဲဒီလိုနဲ့ မထင်မှတ်တဲ့နေ့လေးတစ်နေ့မှာဘဲ သူ နေ့တိုင်းစီးနေကျ ဘတ်စ်ကားပေါ်မှာ လူငယ်နှစ်ယောက်က အဖိုးကြီးတစ်ယောက်ကို အနိုင်ကျင့်နေလို့ လက်စွမ်းပြလိုက်တာကြောင့်ပဲ အင်တာနက်မှာနာမည်ကြီးသွားပြီး "ဆရာကြီး"ဆိုတဲ့ နာမည်ပါရသွားတာပါ အဲဒီအချိန်မှာပဲ သူ့ရဲ့ဘဝကတစ်ဆစ်ချိုးပြောင်းလဲခဲ့တာပေါ့လေ အဲဒီလိုနဲ့ ...
movie
Bad Ass (2012)
5.5
Collateral Damage (2022)
မင်းသားကြီးအာနိုးရဲ့ အက်ရှင်ကားဟောင်းတစ်ကားဖြစ်ပါတယ်။အရင်င်ကအက်ရှင်ကားတွေကို လွမ်းနေသူတွေတော့ သဘောကျကြမှာပါ။ မီးသတ်သမားတစ်ယောက်ဖြစ်တဲ့ ဂေါ်ဒီဘရူအာဟာ မိန်းမနဲ့ကလေးကိုတွေ့ဖို့အသွားမှာ ဗုံးပေါက်ကွဲမှုကြောင့် မိန်းမရောကလေးပါ သေဆုံးသွားပါတယ်။ ဗုံးခွဲသူဟာ ကိုလံဘီယာနိုင်ငံက ပြောက်ကျားတပ်သားတစ်ယောက်ဖြစ်ပြီး လွတ်မြောက်သွားကြောင်းသိရတဲ့အခါ နာကျည်းမှုတွေနဲ့အတူ ဂေါ်ဒီဟာ နိုင်ငံကူးပြီးလိုက်ရှာပါတော့တယ်။ဗုံးခွဲသူဟာ ဘာကြောင့်ခွဲရတာလဲ၊အမေရိကန်အစိုးရက ကိုလံဘီယာကိုဘာတွေလုပ်ခဲ့လို့လဲ၊ မိန်းမနဲ့ကလေးအတွက် လက်စားချေလိုစိတ်နဲ့ပဲ ပြောက်ကျားတပ်တွေ အစိုးရစစ်တပ်တွေကြား အန္တရာယ်တွေပြည့်နေတဲ့ကိုလံဘီယာကိုသွားခဲ့တဲ့ဂေါ်ဒီ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုသိရဖို့ ကြည့်ကြည့်လိုက်ကြပါတော့။ File size…(2.52GB)/(1.45GB)/(776.9MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Action / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Pyi T nyein
movie
Collateral Damage (2022)
No Name and Dynamite (2022)
ကောင်းဘွိုင်ကား ကောင်းကောင်းလေးတစ်ကားတော့ရောက်လာပါပြီ အမေရိကန်သမ္မတ လုပ်ကြံခံရတဲ့အချိန်ကို ဇာတ်လမ်းတည်ပြီးရိုက်ထားတာပါ အမည်မဲ့နဲ့ ဒိုင်းနမိုက်ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ ဝရမ်းပြေးတွေကို ဖမ်းပြီး ဆုငွေထုတ်စားနေကြသူတွေပေါ့ တစ်နေ့မှာ အမေရိကန်သမ္မတ အင်ဗရာဟင်လင်ကွန်းကို သတ်ခဲ့တဲ့အမှုအတွက် ဆုငွေထုတ်ထားတဲ့ တစ်ယောက်ကို မသိဘဲကယ်တင်လိုက်မိရာကနေ ဘာတွေဖြစ်လာမှာလဲ သူတို့ ဆုငွေရဖို့ ဘာတွေကြံစည်ကြမလဲ ရုပ်တည်ကြီးနဲ့ လုပ်တဲ့ ဟာသတွေထဲမှာ ပြုံးစိစိနဲ့ စီးမျောခံစားလို့ကောင်းမယ့်ကားလေးတစ်ကားပါပဲ File size…(1.4 GB)/(600 Mb)/(350 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre...Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
No Name and Dynamite (2022)
7.5
Doctor Sleep (2019)
IMDb 7.6 အထိရထားတဲ့ ဟော်ရာကားပါ။ 1980 မှာထွက်ခဲ့ပြီး IMDb 8.4 အထိ ရှိခဲတဲ၊့ အကောင်းဆုံးဟော်ရာကားတွေထဲက တစ်ကားဖြစ်တဲ့ The Shining ရုပ်ရှင်ရဲ့ အဆက်ပါပဲ။ ဒီရုပ်ရှင် ၂ ခုလုံးကိုတော့ ဟော်ရာဝတ္ထုတွေအရေးများတဲ့ စာရေးဆရာကြီးStephen King ကပဲ ရေးသားခဲ့တာပါပဲ။ မူလရုပ်ရှင် ရှိုင်းနင်းကို ကြည့်ဖူးမှအပြည့်အစုံနားလည်နိုင်မှာပါ။ မကြည့်ဖူးရင်တော့ အချို့အခန်းလေးတွေ နားမလည်တာ ဖြစ်နိုင်ပါတယ်။ ရှိုင်းနင်းကတော့ တစိမ့်စိမ့်တွေးကြောက်စရာတွေ၊ ဖုန်းဆိုးမြေတွေ၊ ကလေးငယ်တွေနဲ့ ပတ်သတ်တဲ့ ဟော်ရာတွေနဲ့ ဖန်တီးထားခဲ့တာဖြစ်ပြီး။ ဒီရုပ်ရှင်ကတော့ ပိုပြီးမှော်ဆန်တဲ့ စွမ်းအင်တွေနဲ့ အက်ရှင်နည်းနည်းဆန်ဆန် ဖန်တီးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ ရှိုင်းနင်းကပဲ စကောက်ရပါလိမ့်မယ်။ အမေရိကန် လူနီတွေကို မြေမြှပ်သင်္ဂြိုလ်ရာ သင်္ချိုင်းမြေပေါ်မှာ အိုဗာလွတ်ခ် ဆိုတဲ့ လူမနေတော့တဲ့ ဟိုတယ်ကြီးတစ်ခုရှိပါတယ်။ အဲဒီဟိုတယ်ကြီးမှာ အစောင့်အဖြစ်နေရင်း စာရေးဖို့ရောက်လာတဲ့ စာရေးဆရာမိသားစုကတော့ ဂျက်၊ ဝင်ဒီ နဲ့ သားဖြစ်သူ ဒန်နီတို့ပါပဲ။ အဲဒီဟိုတယ်ကြီးရဲ့ အရင်အစောင့်ဖြစ်သူကတော့ သူ့မိသားစုတစ်ခုလုံးကို ပြန်သတ်ပြီး ...
movie
Doctor Sleep (2019)
2019
HEVC 1080p 5.1