Channel Myanmar

Ernest Mauser

Knock Off (1998) 4.9
Knock Off (1998)  Knock Off (1998)အက်ရှင်မင်းသား Van Damme နဲ့ Rob Schneider တို့အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟောင်ကောင်မှာ ပစ္စည်းအတုတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်တဲ့ Ray..သူ့ရဲ့လုပ်ဖော်ကိုင်ဖက် Tommy နဲ့အတူတူ အထည်အတုတွေနောက်ကွယ်က ပုန်းကွယ်နေတဲ့ ကြီးမားတဲ့လျှို့ဝှက်ချက်တစ်ခုကို ဖော်ထုတ်ဖို့ဖြစ်လာပါတော့တယ်။ထင်မှတ်မထားတဲ့ plot twist တွေ၊ နောက်ကွယ်ကသရုပ်မှန်တွေနဲ့ သူငယ်ချင်းမိတ်ဆွေ သံယောဇဉ်တွေကိုလည်း အသေအချာထည့်သွင်းသရုပ်ဖော်ထားတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။သူတို့တွေ့သွားတဲ့လျှို့ဝှက်ချက်က ဘာဖြစ်မလဲ ? ပါဝင်ပတ်သက်နေကြသူတွေရဲ့ တကယ့်မျက်နှာအစစ်ကရော ဘာတွေလဲ ?ဇာတ်လမ်းနာမည်အတိုင်းပဲ တစ်ကားလုံးမှာ အတုအယောင်တွေနဲ့ ပြည့်နှက်နေတာကို ခံစားရမှာဖြစ်ပါတယ်။ဟောင်ကောင်အက်ရှင်ကား ကြိုက်နှစ်သက်သူတွေအတွက်တော့ ကြည့်ပျော်တဲ့ဇာတ်ကားတစ်ကားဖြစ်မယ်လို့ ညွှန်းပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Theint Waddy Lynn ဖြစ်ပါတယ်။) File size… (5 GB) / (1.6 GB) Quality…. Blu-Ray 1080p / 720p Format…. mp4 Genre…. Action ,Crime, Thriller Duration…. 01:30:50 Subtitle…. ...
movie

Knock Off (1998)

1998
No Risk, No Gain (1990) 5.7
No Risk, No Gain (1990) ဒီဇာတ်ကားက Casino Raiders ကားတွေရဲ့ ဆက်စပ်လို့ဆိုပေမဲ့ ဇာတ်လမ်းသွားရော ဇာတ်ကောင်တွေပါ မတူတဲ့နောက်ထပ်ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အမေရိကန်ကနေ မကာအိုကို ဖိတ်ခေါ်ပြိုင်ပွဲအတွက် ရောက်ရှိလာတဲ့ ဖဲဝိဇ္ဇာ ရေးတစ်ယောက်လူလိမ်၂ယောက်နဲ့တိုးကာ ပြိုင်ပွဲအတွက် သူယူလာခဲ့တဲ့အမေရိကန်‌ဒေါ်လာတွေ အကုန်အလိမ်ခံလိုက်ရပါတယ်။အဲဒီပိုက်ဆံတွေကို လိမ်သွားတဲ့ လူလိမ်၂ယောက်က ရေးနေရာကိုပါ အစားဝင်ပြီး ပြိုင်ပွဲဝင်ပြိုင်ဖို့ ကြံနေခဲ့တာပါ။ဒါပေမဲ့ သူတို့ပြိုင်ရမယ့်ပွဲကို ဦးစီးမယ့် ကာစီနိုရုံမိသားစုအတွင်းရေးက ထင်ထားသလောက် မရိုးရှင်းနေတဲ့အခါလူလိမ်၂ယောက်ရော လူလိမ်တွေကို လိုက်ဖမ်းတဲ့ ရေးပါပဲလှော်ကြားဆားညပ်မလို အဖြစ်မျိုး ကြုံရပါတော့တယ်။အဲဒီအခြေအနေကနေ သူတို့ဘယ်လိုရုန်းထွက်နိုင်မလဲ။လူလိမ်၂ယောက်ကိုရော ရေး ပညာပေးနိုင်မှာလားဆိုတာကြည့်ရှုသွားရမှာ ဖြစ်ပါတယ်။File size…    2.12 GB / 1.09 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ..... Action / Crime / Drama/ Comedy Subtitle…. ...
movie

No Risk, No Gain (1990)

Casino Raiders (1989) 6.7
Casino Raiders (1989) ဒီဇာတ်ကားက ဟောင်ကောင်အက်ရှင်ကားတွေရဲ့ ရွှေခေတ်ကာလကဇာတ်ကားဖြစ်ပြီး Andy Lauနဲ့ Alan Tam လိုမျိုးအဲဒီခေတ်ရဲ့ တကယ့်ဂေါင်မင်းသားကြီးတွေ ပါဝင်ထားတဲ့ဖဲဝိဇ္ဇာဇာတ်ကားပဲ ဖြစ်ပါတယ်။ Ratingတွေအနေနဲ့လည်းIMDb 6.7, RT 66%နဲ့ အတော်လေးကို rating‌ ကောင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖဲဝိဇ္ဇာဘော်ဒါ ၂ယောက်ဖြစ်တဲ့ဆမ်နဲ့ ကရတ်တို့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကသူတို့ရဲ့မိတ်ဆွေ ကာစီနိုရုံမန်နေဂျာက ဖဲလိမ်ရိုက်ခံနေရတဲ့ဖြစ်ရပ်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ ခေါ်ရင်း လက်သည်အစစ်တွေဖြစ်တဲ့ ဂျပန်ဖဲဝိဇ္ဇာတွေကို ဖော်နိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ အဲဒီ ဖဲဝိဇ္ဇာတွေက ရိုးရိုးလူတွေမဟုတ်ဘဲ ဂျပန်လူမိုက်ဂိုဏ်းက လွှတ်ထားတဲ့သူ‌တွေဖြစ်နေလို့ သူတို့ကိုဖော်လိုက်တဲ့ ကရတ်တို့နှစ်ယောက်ကို အငြိုးထားရင်းနဲ့သူတို့နဲ့ သူတို့ချစ်ရတဲ့လူတွေရဲ့ အသက်ကို ရန်ရှာဖို့အထိလုပ်လာတဲ့အခါ ဆမ်နဲ့ ကရတ် ဂျပန်တွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။File size…    2.61 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 7m Genre ...
movie

Casino Raiders (1989)

Pretty Ghost ( 1991 ) 5.8
Pretty Ghost ( 1991 ) CM တရုတ်ကားချစ် ပရိသတ်တို့ကို ၁၉၉၁ က ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ယနေ့ခေတ်မှာ ချစ်ကြိုက် ညားပြီး သစ္စာဖောက်လိုက်... ပိုင်ဆိုင်မှုလုလိုက်နဲ့ ဇာတ်တွေများနေချိန်မှာ... ၁၉၉၀ ဝန်းကျင်မှာတော့ အချစ်သာ စစ်မှန်ရင် တမလွန်ရောက်နေတဲ့မင်းကို မရရအောင် ကိုယ်ယူမှာပါဆိုတဲ့ဇာတ်မျိုး...ဇာတ်လမ်းအကျဉ်းလေးကို ပြောရမယ်ဆိုရင်... တိုနီဆိုတဲ့ ဆောက်လုပ်ရေးလုပ်ငန်းက ဗိသုကာဒီဇိုင်းပညာရှင်လေးက လူငယ်တို့သဘာဝအတိုင်း ရုံးထဲက အချောဆုံး ကောင်မလေး အယ်လန်ကို စိတ်ဝင်စားပြီး ပိုးပန်းနေခဲ့တာပေါ့...ဒါပေမယ့် သူက လခစားဆိုတော့ ပြိုင်ကားစီးနေတဲ့ သူဌေးသားနဲ့ မယှဉ်နိုင်တာကြောင့် နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေလေရဲ့... တစ်နေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်သွားစစ်ရင်း... သရဲတစ်ကောင်က လူစားထိုးဖို့ကြိုးစားရင်း မရဏလမ်းကို တစ်ခဏရောက်သွားခဲ့တယ်...စိတ်ထားလှတဲ့ သရဲမလေးအကူအညီနဲ့ သေကံက လွတ်ငြိမ်းခဲ့ပေမယ့်... သရဲမလေးကတော့ သူ့အနားမှာ ဆက်ရှိနေတာပါ့...သရဲမလေးနဲ့ သူဘယ်လိုတွေ ရင်းနှီးမှုတည်ဆောက်မယ်ဆိုတာ... သရဲမလေးအကူအညီနဲ့ အယ်လန်အချစ်ကိုရမှာလား... သရဲမလေးနဲ့ပဲ မေတ္တာမျှမှာလား... ဇာတ်ကားလေးကို ကြည့်လိုက်ကြရအောင် Filesize : 2.18 GB / 1.03 GB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Comedy ...
movie

Pretty Ghost ( 1991 )