Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Erin Cummings
4.5
Bitch Slap (2009)
အပျင်းပြေကြည့်ဖို့ ဒီ R-rated ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ၊ယုတ်ရင်းကြမ်းတမ်း တဲ့ ရိုက်ချက်တွေနဲ့ နားမထောင်ဝံ့စရာ စကားမျိုးတွေပါလို့အသက်ပြည့်မှ ကြည့်ကြဖို့ တောင်းဆိုပါရစေ။ဇာတ်လမ်းက ရှင်းရှင်းလေးနဲ့ plot twist နည်းနည်းလောက်ထည့်ထားတဲ့ကားမျိုးလေးပါအပျင်းပြေအနေနဲ့ဆိုရင်လဲ ကြည့်ပျော်ရှုပျော်ရှိတဲ့ပုံစံလေးဖြစ်ပါတယ်လူဆိုးဂိုဏ် ဆီကနေ စိန်ခိုးဖို့လာကြတဲ့ မိန်းကလေးသုံးယောက်ရဲ့ အကြောင်းဖြစ်ပြီးဘာအတွက်ကြောင့် သူတို့သုံးယောက်က လူသူမဲ့တဲ့ သဲကန္တရထဲမှာ သောင်တင်နေတာလဲဆိုတာအချင်းချင်းရော ဘယ်လို ဘောင်ချာတွေရှိနေကြလဲဆိုတာသူတို့သုံးယောက်ရဲ့ နောက်ကွယ်မှာ ဘယ်လို လျို့ဝှက်ချက်တွေနဲ့ဘာတွေ ဆက်လုပ်ကြံစည်ကြမလဲဆိုတာ တော့ဆက်လက်ကြည့်ရှုကြည့်ခံစားကြည့်ရမှာပဲဖြစ်ပါတယ်File size… 2.65 GB / 1.34 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 49m Genre ..... Comedy/Action/Crime/Dark Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Kafka
movie
Bitch Slap (2009)
7.0
The Iceman(2012)
The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie
The Iceman(2012)
7.5
King Richard (2021)
2021 အကောင်းဆုံးကားတွေထဲက တစ်ကားလို့ပြောလို့ရတဲ့ Will Smith ကားလာပါပြီဒီကားဟာ သူနာမည်ကြီးခဲ့တဲ့ Pursuit of Happyness ကိုပုံစံတစ်မျိုးနဲ့ ပြန်ကြည့်ရသလိုပါပဲ တော်တော်လေးကောင်းပါတယ် ဒါပေမယ့် ဒီဇာတ်ကားမှာ ပါဝင်တဲ့ အဓိကဇာတ်ကောင်တွေ တင်းနစ်ကစားသမားအကျော်အမော်တွေ ကစားပွဲတွေ ဒိုင်ယာလော့တွေကအစ တကယ့်ဖြစ်ရပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ် တင်းနစ်အားကစားကိုစိတ်ဝင်စားတဲ့လူတွေဆိုရင် ဆီရီနာနဲ့ဗီးနပ်စ်ဝီလီယျံ( Serena & Venus) ကို သိကြမှာပါ Grand Slam အိုးပင်းနဲ့ ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွေမှာ ၂၃ ကြိမ်လောက် ဗိုလ်စွဲထားတဲ့ ညီအစ်မဖြစ်ပြီး ကမ္ဘာ့အဆင့် ၁ နဲ့ ၂ နေရာကိုရှေ့နောက်ယူခဲ့တဲ့ ပထမဆုံး အာဖရိကန် - အမေရိကန်ညီအစ်မလည်းဖြစ်ပါတယ်ဒါပေမယ့် သူတို့ဒီလောက်ထိအောင်မြင်ခဲ့ဖို့ နောက်ကွယ်က ကြိုးကိုင်ပေးခဲ့တဲ့ သူတို့အဖေ ရစ်ချက် ဝီလီယျံ( Richard William) ကိုမေ့ထားလို့မရပါဘူး ဒီကားမှာ ရစ်ချက်ဝီလီယျံအဖြစ် Will Smith ကပါဝင်ထားပြီး ဆီရိနာနဲ့ဗီးနပ်တို့ရဲ့ ငယ်ဘဝကနေ.. ပရိုတင်းနစ်သမားတွေဖြစ်အောင် ဖခင်ဖြစ်သူနဲ့ ဘယ်လောက်ထိ ရုန်းကန်လှုပ်ရားခဲ့ရသဲဆိုတာ တွေ့ရမှာပါတင်းနစ်ဆိုတာ လူဖြူတွေပဲ ကြီးစိုးတဲ့ အားကစားဖြစ်ပြီး လူမည်းကစားသမားဆိုတာ မရှိသလောက်ရှားပါတယ် အထူးသဖြင့် လူမည်းအမျိုးသမီး တင်းနစ်မယ်ဆိုတာ မရှိခဲ့ပါဘူး ...
movie
King Richard (2021)
7.4
The Disaster Artist (2017)
The Disaster Artist (2017) IMDb - 7.4/10_____Rotten - 91% နိုင်ငံတိုင်းမှာ ရုပ်ရှင်လောကတိုင်းမှာ ပေါကားဆိုတာရှိစမြဲပါ။ပေါတဲ့ခံယူချက်ကတော့ တူကြမှာမဟုတ်ပါဘူး။သရုပ်ဆောင်မကောင်းလို့၊ ဇာတ်အိမ်မကောင်းလို့၊ ကိုယ့်အနုပညာကို ပရိသတ်မြင်လာအောင်မချပြနိုင်လို့ပေါကားဖြစ်သွားကြတာတွေရှိသလို သူများနဲ့မတူအောင် ရိုက်ရာကနေ ပေါသွားတာမျိုး၊ ပိုက်ဆံရရင်ပြီးရော ပရိသတ်ကိုနားလည်ပါးရိုက်လုပ်နေတဲ့ ပေါကားတွေလဲ ဒုနဲ့ဒေးပါပဲ။ဒီ Disaster Artist ဆိုတဲ့ရုပ်ရှင်ကားကတော့၂၀၀၃ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်၊ အပေါဆုံးရုပ်ရှင်ဆိုတဲ့ ဂုဏ်ပုဒ်တွေရယူထားနိုင်တဲ့ The Room ဇာတ်ကားရဲ့ပဲ့ကိုင်ရှင် Tommy Wiseau အကြောင်းကို ရိုက်ကူးပြထားတာပဲဖြစ်ပါတယ်။ဘယ်ကလာတယ်၊ အသက်ဘယ်နှနှစ်လဲ၊ ဘယ်မှာမွေးတာလဲ၊ ပိုက်ဆံတွေဘယ်လိုရလာသလဲဆိုတဲ့ နောက်ကြောင်းရာဇဝင် ဘာဆိုဘာမှမသိရတဲ့ Tommy Wiseau နဲ့ သရုပ်ဆောင်ဖြစ်ရရင်၊ အောင်မြင်ရရင် ကျေနပ်ပါပြီဆိုတဲ့ Greg။သူတို့နှစ်ယောက် လော့အိန်ဂျလိစ်ရဲ့လမ်းမထက်မှာ အိပ်မက်ကိုယ်စီမက်ခဲ့ကြတယ်။တစ်ယောက်ကိုတစ်ယောက် အားပေးဖို့၊ ကိုယ့်အိပ်မက်ကို ဘယ်တော့မှလက်မလျှော့ဖို့ ကတိပေးခဲ့ကြတယ်။ဟောလိဝုဒ်မှာ နေရာတစ်နေရာရလာဖို့ အမျိုးစုံကြိုးစားခဲ့ပေမယ့် ဟောလိဝုဒ်က သူတို့ကိုငြင်းပယ်လာတဲ့အခါ.....သူတို့နှစ်ယောက်မှာ ကမ္ဘာ့အဆိုးဆုံးရုပ်ရှင်တစ်ကားဖြစ်လာဖို့ ကမ္ဘာ့အကောင်းဆုံးအကြံတစ်ခုထွက်လာကြပါတယ်။အဲ့ဒါကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ...
movie
The Disaster Artist (2017)
2017