Channel Myanmar

Eric Starkey

The Unbreakable Boy (2025) 5.8
The Unbreakable Boy (2025)  Unbreakable Boy ဟာ 2025 ခုနှစ်ထွက်Family Drama ရုပ်ရှင်လေးပဲ ​ဖြစ်ပါတယ်..Shazam မင်းသား Zachary Levi ပါဝင်သရုပ်ဆောင်ထားပြီး  ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဒီဇာတ်ကားလေးဟာIMDb 5.8 ရရှိထားပါတယ်...ဇာတ်လမ်းကတော့...မျိုးရိုးလိုက်တတ်တဲ့ အရိုးရောဂါသည်လေး ထရီဆာနဲ့စကော့ထ်တို့ အကြောင်းပါခဲ့ရာမှ အော်တစ်ဇင် နဲ့အရိုးရောဂါသည်လေး အော်စတင်မွေးဖွားလာခဲ့ပြီးသူတို့မိသားစု ကြုံကြ ဆုံကြ ရင်ဆိုင်ကြရတဲ့အကြောင်းတွေပဲဖြစ်ပါတယ်...အိမ်ထောင်ရေး ပြဿနာတွေ မိသားစု သံယောဇဥ်တွေပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ဖေးမမှုတွေ စတာတွေကိုFamily drama ဇာတ်ကားကောင်း ပီသစွာ ကြည့်ရှုခံစားနိုင်မှာပဲ ဖြစ်ပါတယ်...  File size… (1.61 GB) / (888 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Min Thway
movie

The Unbreakable Boy (2025)

Deadly Misconduct (2021) 5.8
Deadly Misconduct (2021) Deadly Misconduct (2021)====================IMDb Rating - 5.8/10ဒီတစ်ခါမှာတော့ စုံစမ်းရေးမှူး အလန်းစားလေး ပါဝင်ထားတဲ့ မှုခင်းကားလေးကို တင်ဆက်ပေးချင်ပါတယ်။အန်နီဟာ စုံစမ်းရေးမှူးတစ်ယောက်ဖြစ်ပြီး ပြည်နယ်တစ်ခုလုံးရဲ့လက်ထောက်စုံစမ်းရေးမှူးဖြစ်ဖို့အတွက်အလားအလာကောင်းများစွာ ရှိနေတဲ့သူပါ။ ဒီလို အရည်အချင်းနဲ့ ပြည့်စုံနေတဲ့ အန်နီအတွက် သူ့သမီးလေးကတော့အရာရာပါပဲ။သူ့ချစ်သူ မာ့ခ်ရဲ့ ဖောက်ပြန်မှုကို သိသွားပြီးတဲ့နောက်ဖြေရှင်းကြတဲ့ခါမှာ သမီးလေးကိုသာ ကမ္ဘာထင်နေတဲ့ အန်နီဟာသူ့ရဲ့ ချစ်သူမာ့ခ်အပေါ်မှာတော့ အချိန်မပေးနိုင်တဲ့အတွက်ကြောင့်ပဲနှစ်ဦးသား လမ်းခွဲလိုက်ကြပါတယ်။တစ်ဖက်မှာလည်း လာဆန်က အန်နီနဲ့ ပြိုင်ဘက်ရှေ့နေတစ်ယောက်ပါ သူဟာ ဥပဒေအသိုင်းအဝိုင်းမှာ အသပြာရှေ့နေအဖြစ် နာမည်ကြီးသူဆိုရင်လည်း မမှားပါဘူး။ တစ်နေ့ အန်နီတစ်ယောက် အကြောင်းအမျိုးမျိုးကြောင့် လာဆန်အိမ်မှာတစ်ညအချိန်ကုန်မိသွားပြီး နိုးလာတဲ့ချိန်မှာ လာဆန်တစ်ယောက်သေဆုံးနေတာကို တွေ့လိုက်ပါတော့တယ်။အန်နီကလည်း ဒီအမှုကို စုံစမ်းဖို့ တာဝန်ကျလာတဲ့အခါ... လာဆန်ကို သတ်တဲ့တကယ့်တရားခံအစစ်ကဘယ်သူလဲ...လူသတ်သမားက အန်နီကို ဒုက္ခပေးချင်တာလား... ဘာကြောင့် ဒီလိုတွေဖြစ်ခဲ့လဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရမဲ့Thriller ဇာတ်လမ်းလေးဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Shwe Pyaeမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ F&R ...
movie

Deadly Misconduct (2021)

2021
Stillwater (2021) 6.9
Stillwater (2021) Stillwater (2021)IMDb- 6.9ကဲ ဇာတ်ကားကောင်းတွေ စုပြုံထွက်ရင် သိပ်ပျော်တယ် ဗဲရီးဟက်ပီးဆိုတဲ့ cm ပရိသတ်ကြီးရေမင်းသားကြီး Matt Damon ရဲ့ crime, drama, thriller လေးကိုလည်း လက်မလွှတ်တမ်း အားပေးကြပါဦးဗျကြိုတင်ပြောချင်တာက ဒီကားဟာ စကားအသုံးအနှုန်းတွေ R အဆင့်သတ်မှတ်ထားလို့ ကလေးသူငယ်တွေ၊ လူကြီးတွေနဲ့ကြည့်ဖို့ သိပ်အဆင်ပြေမယ်မထင်ပါဘူးဇာတ်လမ်းအကျဉ်းကတော့ဖခင်ဖြစ်သူဟာ ကိုယ်ရဲ့ အရပ်ဒေသမဟုတ်တဲ့ တစ်နယ်တစ်ကျေးမှာကိုယ်နဲ့ ကွဲကွာနေရတဲ့ သမီးဖြစ်သူအတွက်သူမကျူးလွန်ထားတဲ့ အမှုကို မကျူးလွန်ကြောင်း သက်သေပြဖို့လူမျိုးခြားတွေ လူမျိုးရေးခွဲခြားသူတွေကြားရုန်းကန်ဖြေရှင်းဖို့ ကြိုးစားရင်းပြဿနာတွေ ကြုံရတဲ့အကြောင်းကို စိတ်၀င်စားဖွယ် ရိုက်ကူးတင်ပြထားတာပဲဖြစ်ပါတယ်အညွှန်းကတော့ Yoon Sandi Aung ဖြစ်ပြီးတော့ဘာသာပြန်တွေကတော့ Thar Htet, Yoon Sandi Aung, Jimx, Amelia တို့ပဲ ဖြစ်ကြပါတယ်။File size…2.24GB Quality….WEB-DL 1080p Format…mp4 Duration….2h 19min Subtitle….Myanmar Subtitle (Hardsub) Translator ..... CM Team Encoder ..... Augsut
movie

Stillwater (2021)

2021
Minari (2020) 7.7
Minari (2020) Minari (2020) ========== IMDb Rating. = 7.7/10 Rotten Tomatoes. = 100%Minari ဟာ အတော် ရိုးရှင်းတယ်။ ပြောတတ်သလို အနီးစပ်ဆုံး ဥပမာပေးရရင် ဦးဖိုးကျားရဲ့ စကားပြေတွေလိုပဲ။ အကြောင်းအရာ အရေးအသားရိုးရှင်းတယ်။ ဒါပေမဲ့ ထိတယ်။ အမေရိကန်ရောက် ကိုရီးယားမိသားစုတစ်စုကို အခြေပြုပြီး အမေရိကန်အိပ်မက်မက်ကြသူတွေရဲ့ ဘ၀အကြောင်းကို ပြသွားရုံပဲ။ မိသားစုဆိုတဲ့ဝေါဟာရကို ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်ဖွင့်သွားတယ်။ ဒီလိုပြသွားပုံလေး‌ဟာ အတော်လှတယ် ကြည်နူးစရာနဲ့ လှတာတော့မဟုတ်ဘူး။ ရင်နာနာနဲ့ လှတာ။သိပ်လှတဲ့ အချက်ကလေးတွေအများကြီးရှိတယ်။ ဒါပေမဲ့ အညွှန်းရဲ့မူလရည်ရွယ်ချက်က ခံစားမှုကိုလမ်းကြောင်းပေးဖို့ဆိုတော့ကာ ဇာတ်အိမ်ရိုးရှင်းတဲ့ ရုပ်ရှင်ကို ကျွန်တော် ဇာတ်လမ်းများများရေးပြဖို့ရာ မသင့်ဘူး။ အနုပညာပစ္စည်းကို ခံစားရတာကြိုက်တဲ့လူတွေမှာ သိပ်ချစ်စရာကောင်းတဲ့ ဗီဇတစ်ခုရှိတယ်။ ကိုယ်ခံစားရနှစ်သက်တာကို တစ်ပါးသူတွေကိုလည်း ခံစားကြည့်စေချင်တဲ့ ဆန္ဒပေါ့။ ကျွန်တော်လည်း ခင်ဗျားကို ဒီရုပ်ရှင်ကို ခံစားကြည့်စေချင်တယ်။ကျွန်တော့်အမြင်အရတော့ လီချန်းဒုံရုပ်ရှင်တွေရဲ့ ဇာတ်လမ်းတင်ပြပုံနဲ့ ဆင်တယ်။ဒါရိုက်တာရဲ့ ရက်စက်မှု ပါးတယ်။မသိမှုထည့်တာ ပါးတယ်။ သုံးထားတဲ့ စကားလုံးတွေဟာ လက်တွေ့ကျကျနဲ့သိပ်လှတယ်။ ဇာတ်လမ်းက မိသားစုရဲ့ အိမ်နဲ့စိုက်ခင်းရှိခဲ့တဲ့ နေရာဟာ ဒီရုပ်ရှင်က ဇာတ်ညွှန်းသမားနဲ့ဒါရိုက်တာလုပ်ထားတဲ့ Lee Isaac Chungရဲ့ ကြီးပျင်းခဲ့တဲ့နေရာနဲ့ အတူတူပဲ။ သရုပ်မှန်များလို့ပဲထင်တယ် သိပ်လက်တွေ့ကျတယ်။ အော်စကာ Best Picture ပြိုင်ဖို့ရဖို့ တန်မတန်ဆိုတာ ပညာရှင်တွေဆုံးဖြတ်ရမယ့်အလုပ်, ဒါပေမဲ့ မနှစ်က BPရတဲ့ Parasiteထက် ခံစားရပိုစစ်မှန်တယ်ဆိုတာ‌ကတော့ ကျွန်တော်ရဲရဲကြီး အာမခံတယ်။(ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို WiRa Aung မှ ခံစားတင်ဆက်ထားတာပါ။)  File size…(1.6 GB) Quality….WEBscr 720p Format…mp4 Duration….01:55:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya ...
movie

Minari (2020)