Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eric Roberts
4.1
Heretics (2024)
Heretics (2024)Horror, footage အမျိုးအစားကြိုက်ကြတဲ့ CM ပရိတ်သတ်ကြီးအတွက်ဒီတစ်ခါတင်ဆက်ပေးချင်တာကတော့ 2024 မှာထွက်ရှိခဲ့တဲ့ Heretics ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းသူငယ်ချင်းတွေဖြစ်ကြတဲ့ဆယ်ကျော်သက်အုပ်စုတစ်စုဟာ အတူတူသောက်စားရင်း ဂိမ်းတွေဆော့နေကြပါတယ်။အဲ့အချိန်မှာပဲ သူတို့ထဲကတစ်ယောက်က အဲ့နားမှာရှိနေတဲ့ စွန့်ပစ်ထားတဲ့အိမ်ကြီးဆီကို ဘယ်သူသွားရဲလဲဆိုပြီး စိန်ခေါ်ပါတယ်။အဲ့ဒီအိမ်ကြီးမှာလဲ မကောင်းတဲ့ ပါးစပ်ရာဇ၀င်တွေအမျိုးမျိုးရှိလို့နေပါတယ်။ သွားချင်တဲ့သူကများနေတော့ သူတို့အားလုံး အိမ်ကြီးရှိရာကိုသွားကြပါတယ်။ အိမ်ကြီးဆီရောက်သွားတဲ့အခါ ကောလဟာလတွေဟာ တကယ်ပဲလား ? ဒါမှမဟုတ် အပြောသက်သက်ပဲလား ? သူတို့ဘာတွေကြုံတွေရမလဲဆိုတာကို footage ရုပ်ရှင်အနေနဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ivy Noe ဖြစ်ပါတယ်။) File size… (2 GB) / (870 MB) Quality…. WEB-DL 1080p / 720p Format…. mp4 Genre…. Horror Duration…. 01:23:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Ivy Noe
movie
Heretics (2024)
2024
Séance Games: Metaxu (2024)
ဆိုရှယ်မီဒီယာကနာမည်ကျော်ဆယ်လီလေးယောက်ဖြစ်တဲ့ မော်ဂန်, ကာထရီနာ, တွမ်မီနဲ့ စတီဗန်တို့သူငယ်ချင်းလေးယောက်ဟာ Metaxu ဆိုတဲ့ ဝိဥာဥ်များနဲ့ဆက်သွယ်ခြင်းကစားပွဲကိုဝင်ရောက်ယှဥ်ပြိုင်ပြီး ဆုကြေးငွေ ဒေါ်လာ 1.2 သန်းကိုရရှိဖို့စိတ်အားထက်သန်နေပါတယ်အဲ့ဒါကြောင့် သရဲခြောက်ပြီးကြောက်စရာအကောင်းဆုံးလို့နာမည်ကြီးတဲ့ဟော်တယ်အဟောင်းကြီးတစ်ခုမှာ နှစ်ညအိပ်သွားရောက်နေထိုင်ပြီး ဝိဥာဥ်တွေခေါ်ပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့လုပ်ပါတယ တကယ်လည်း အဲ့ဟော်တယ်ကြီးကကျောချမ်းဖွယ်ဖြစ်ပြီး သူတို့လေးယောက်ဝိဥာဥ်ဆင့်ခေါ်ရာကနေ ငရဲတံခါးကိုဖွင့်မိလိုက်တဲ့အခါ.....ဒီဇာတ်ကားဟာ IMDB rating 3.3/10 ပဲရှိတာကြောင့် အရမ်းကြီးကောင်းနေတာမျိုးမဟုတ်ပေမဲ့ အပျင်းပြေကြည့်ရှုနိုင်မှာပါFile size…(1.2 GB)/(717 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ruby Jane
movie
Séance Games: Metaxu (2024)
4.4
MMA Cop (2025)
MMA Cop (2025)သတင်းထောက်မချောချောလေးတစ်ယောက်က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့သူတွေ၊ မိန်းကလေးတွေကို လိင်လုပ်သားအဖြစ် ကုန်ကူးတဲ့သူတွေနဲ့ကလေးလေးတွေကိုရောင်းဝယ်ဖောက်ကားတဲ့ ယူကေနိုင်ငံရဲ့ ထိပ်တန်းလူတွေအကြောင်းကိုလိုက်စုံစမ်းနေတာပါ။အဲ့လိုနဲ့ သတင်းထောက်မလေးကို အကောင်ကြီးကြီးတွေက လူတွေလွှတ်ပြီးလုပ်ကြံခိုင်းပါတော့တယ်။သတင်းထောက်မလေးက ခပ်ကြမ်းကြမ်းတမ်းတမ်းစုံထောက်တစ်ယောက်နဲ့ တွေ့သွားပြီးတော့ ဘယ်လိုမျိုး ဖော်ထုတ်သွားမလဲဆိုတာကို ရိုက်ပြသွားတာပါ။ *ဇာတ်ကားထဲက အသုံးအနှုန်းတွေနဲ့ 18+ အခန်းတွေလဲပါတာကြောင့် သတိထားကြည့်ရှုသင့်ပါတယ်။* (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.2 GB) / (630 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Crime, Thriller Duration…. 01:32:00 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat
movie
MMA Cop (2025)
2025
5.8
24 Hours to D-Day (2024)
ယခုတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Action/War အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်..ရုပ်ရှင်ပညာဆုပေါင်းများစွာရရှိထားပြီး အော်စကာဆု စကာတင်စာရင်းမှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Eric Roberts ဟာ ဒီဇာတ်ကားလေးမှာမဟာမိတ်တပ်ပေါင်းစုရဲ့ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်....ဒုတိယကမ္ဘာစစ်အတွင်း နော်မန်ဒီကမ်းတက်တိုက်ပွဲအတွက် ယူရီကာရေဒါအချက်ပြစနစ် နေရာချထားပေးရမယ့် လေထီးခုန်တပ်သားတွေရဲ့သက်စွန့်စံဖျားကြိုးစားအားထုတ်မှုကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်..နာမည်ကျော် နော်မန်ဒီကမ်းတက်တိုက်ပွဲဟာ ဂျာမန်နာဇီဝါဒချုပ်ငြိမ်းဖို့အတွက် အရေးပါခဲ့တဲ့ တိုက်ပွဲတွေထဲက တစ်ခုဖြစ်ပြီး လေထီးခုန်တပ်ဖွဲ့တစ်စုဟာကမ်းတက်တိုက်ပွဲမတိုင်ခင်မှာပဲ တိုက်ပွဲအတွက်အရေးပါတဲ့ စစ်ဆင်ရေးပြုလုပ်ခဲ့ရပါတယ်..၎င်းတို့ဟာ ဂျာမန်များသိမ်းပိုက်ထားတဲ့ နယ်မြေအတွင်းသို့ ဝေဟင်မှတဆင့်စိမ့်ဝင်ပြီး စစ်မျက်နှာပြင်တစ်ခုဖွင့်ဖို့ ကြိုးစားရပါတယ်..သို့သော်လည်း ပြင်သစ်နိုင်ငံရဲ့ ထူထဲလှတဲ့မြူဟာ လေထီးခုန်တပ်ဖွဲ့များ ဆင်းသက်ရာစုရပ် ရှာရေးဖွေရေးကို ကြီးစွာဒုက္ခပေးလျက်ရှိရာယူရီကာရေဒါအချက်ပြစနစ်ဟာ အဖြေတစ်ခုဖြစ်လာခဲ့ပါတယ်..ထိုစနစ်ဟာ မြေပြင်မှာ သုံးရတာဖြစ်တဲ့အတွက်ကြောင့် လေထီးခုန်တပ်ဖွဲ့များအားလုံး မထိုးဖောက်မီ တပ်ကြပ်ကြီစတီးတို့တပ်စုဟာ ယူရီကာရေဒါအချက်ပြစနစ်တပ်ဆင်ရေးအတွက် ကြိုတင်နေရာချထားခံရပါတယ်..မြူဆိုင်းတဲ့ပြင်သစ်ရာသီဥတုရဲ့ ရက်စက်မှုကြောင့် ၎င်းတို့တပ်စုဟာ ဆင်းသက်ရာမြေပြင်ရှာမရဘဲ တစ်ယောက်တကွဲစီ ပြန့်ကျဲကာနောက်ဆုံး လူ ၄ ယောက်သာ အသက်ရှင်နိုင်ခဲ့ပါတယ်.ဂျာမန်များစိုးမိုးရာ နယ်မြေအတွင်း ဌာနချုပ်နဲ့ပါ အဆက်အသွယ်ပြတ်သွားသူ ၄ ...
movie
24 Hours to D-Day (2024)
5.7
The Prophecy II (1998) The Prophecy 2
The Prophecy II (1998)နတ်တမန်ချင်း စစ်ခင်းကြတဲ့ကြား လူတွေရောက်ခဲ့ရပြီးနောက် ၄ နှစ်အကြာမှာ ငရဲပြည်မှာ ပိတ်လှောင်ခံထားရတဲ့ နတ်မင်းတမန် ဂေဘရီယယ် လူ့ပြည်ကို ပြန်တက်လာခဲ့တယ်။ဒီတစ်ခေါက်မှာ သူ့ရည်ရွယ်ချက်က နတ်တမန်စစ်ပွဲကို အဆုံးသတ်ပေးလိမ့်မယ်လို့ ဗျာဒိတ်ပေးခံထားရတဲ့ကလေး မွေးမလာခင်မှာ လက်ဦးမှုယူပြီး သုတ်သင်ပစ်ဖို့ပဲ။ဒီလိုနဲ့ ဘုရားသစ္စာတော်ခံနတ်တမန် ဒန်နေယယ်နဲ့ ပေါင်းဖက်ရာကနေ ကိုယ်ဝန်ရှိသွားခဲ့တဲ့ ဗယ်လာရီဆိုတဲ့ မိန်းကလေးနောက်ကို ဂေဘရီယယ် တောက်လျှောက်လိုက်ရင်းက ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရမယ်။ဒီ The Prophecy II ဟာ ၁၉၉၅ က ထွက်ရှိခဲ့တဲ့ The Prophecy ရဲ့ နောက်ဆက်တွဲဖြစ်ပြီး အရင်ကားမှာသရုပ်ဆောင်စွမ်းပြခဲ့တဲ့ Christopher Walken ကပဲ ဂေဘရီယယ်နေရာမှာ ဆက်သရုပ်ဆောင်ထားတဲ့ ဘာသာရေး ဟော်ရာဇာတ်လမ်း ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Costanza ဖြစ်ပါတယ်။) File size… (1.6 GB) / (770 MB) Quality…. Blu-Ray ...
movie
The Prophecy II (1998) The Prophecy 2
1998
5.4
The Comic Shop (2025)
The Comic Shop (2025)ဒီဇာတ်ကားကတာ့ မကြာခင်ကမှထွက်ရှိထားပြီး IMDb 5.4/10ရရှိထားပါတယ်။Drama, Comedy အမျိုးအစားဖြစ်ပြီး ပေါ့ပေါ့ပါးပါးအေးအေးဆေးဆေးကြည့်လို့ကောင်းတဲ့ဇာတ်ကားမျိုးလေးပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ Las Vagasမြို့မှာcomicဆိုင်သေးသေးလေးဖွင့်ထားတဲ့မိုက်ခ်ဟာ အငယ်ကတည်းကပုံဆွဲဆရာဖြစ်ချင်ခဲ့ပေမယ့်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်မလာခဲ့ပါဘူး။ သူ့ဘဝကိုဒီလိုပဲ နေသွားတာ့မယ်လို့ဆုံးဖြတ်ပြီးမှ တစ်နေ့မှာ သူ့ဆိုင်ထဲကိုဝင်လာတဲ့ ဘရန်ဒန်ဆိုတဲ့ဝါသနာတူလူငယ်လေးတစ်ယောက်ကြာင့် အရင်ကဝါသနာကိုပြန်ပြီးစိတ်အားထက်သန်လာပါတော့တယ်။ဒါပေမဲ့ ဘယ်အရာကမှလွယ်လွယ်ကူကူမရလေတော့ အခြေကျနေပြီးသားအလုပ်ကနေတခြားအလုပ်ကို ပြောင်းဖို့ကထင်သလောက်မလွယ်ခဲ့ပါဘူး။ ထို့အတူ ဘရန်ဒန်မှာလဲသူ့အဖေက သူ့ရဲ့ဝါသနာကိုဘာအဓိပ္ပါယ်မှမရှိဘူးဆိုပြီး အမြဲတားမြစ်နေသူပါ။ဒီလိုနဲ့ သူတို့ဟာတစ်ယောက်ကိုတစ်ယောက်အပြန်အလှန်ကူညီရင်းနဲ့ပဲသူတို့ရဲ့ရည်မှန်းချက်အိပ်မက်တွေပြည့်ဝနိုင်သွားမလားဆိုတာ ကြည့်ရှုပေးကြပါဦး။ File size… 1.6 GB / 784 MB Quality… Webrip 1080p / 720p Format… mp4 Audio... AAC Duration…. 1h 34m Genre ..... Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Mastero
movie
The Comic Shop (2025)
5.2
Desert Fiends (2024)
Desert Fiends (2024)ဒီကားက Horror vibe နဲ့ Crime vibe ကို ကြိုက်တတ်တဲ့ လူတွေအတွက်တော့ မိုက်မယ်ထင်ပါတယ်။သွေးထွက်သံရဲတွေအများကြီးပါတာမို့ စိတ်ခိုင်မှကြည့်ဖို့ ပြောချင်ပါတယ်။18+ ဆိုပေမယ့် ကျွန်တော်ကတော့ 21+လို့တောင် ထားချင်ပါတယ်။ ဆဲဆိုတာတွေလည်းအများကြီးပါတော့ ကလေးတွေကြည့်လို့မသင့်တော်ပါဘူး။ဇာတ်ကားအကျဉ်းScottဆိုတဲ့ကောင်လေးရယ် သူ့ကောင်မလေးရယ် သူ့ကောင်မလေးသူငယ်ချင်းတွေရယ်က ကန္တာရထဲက Music Festival ကို သွားကြပါတယ်။ကံဆိုးစွာနဲ့ပဲ အဲ့ကန္တာရထဲ Psychoလိုလို Zombie လိုလို မိသားစုတစုနေထိုင်ပြီး လိုက်မကိုက်ပဲ လိုက်သတ်စားတာပါ။သူတို့ကရော ဘာလို့လိုက်သတ်နေကြတာလဲ။ သူတို့တွေရော လွတ်မြောက်လာကြမလား။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။) File size… (1.9 GB) / (930 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Horror Duration…. 01:47:07 Subtitle…. Myanmar Subtitle (Hardsub) Encoder…. ...
movie
Desert Fiends (2024)
2024
6.6
Rule of Thirds (2024)
မော်ဒယ်လို့ပြောလိုက်ရင် ဓာတ်ပုံဆရာကို မေ့ထားလို့မရသလိုဓာတ်ပုံဆရာလို့ပြောလိုက်ရင်လည်း မော်ဒယ်ကို မေ့ထားလို့မရအောင် ဒီအလုပ်အကိုင်နှစ်ခုက နေနဲ့လ ရွှေနဲ့မြလို တွဲဖက်ညီနေကြပါတယ်။ဒါပေမယ့် ဒီမော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဆက်ဆံရေးတွေထဲက လူတွေမမြင်တဲ့မှောင်မိုက်တဲ့အခြမ်းတွေရှိနေပါသေးတယ်။အဲ့လိုခါးသီးတဲ့အမှန်တရားတွေကို မီးမောင်းထိုးပြပြီးရိုက်ကူးထားတဲ့ ဒရာမာဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Rule Of Thirds ဖြစ်ပြီး လက်ရှိIMDb အနေနဲ့ 6.6 အထိရရှိထားပါတယ်။မွန်တီလို့ခေါ်တဲ့ဓာတ်ပုံဆရာတစ်ယောက်က အရမ်းနာမည်ကြီးပြီး အောင်မြင်ကျော်ကြားတဲ့အတွက် သူ့ဓာတ်ပုံဆရာလောကမှာ ဒိတ်ဒိတ်ကြဲဆရာကြီးလို့တောင်ဆိုရမှာပါပဲ။သူ့ကိုလိုချင်တဲ့ အလုပ်ရှင်တွေကလည်း အရမ်းများကြပြီးသူကိုင်ရတဲ့မော်ဒယ်တွေကလည်း အလန်းစားတွေပါပဲ။သူ့မှာ သူ့အတွက်အလုပ်လုပ်ပေးနေတဲ့ ညီအစ်ကိုလိုခင်ရတဲ့ဂျယ်ရမီဆိုတဲ့သူလည်းရှိပြီး သူ့ဘ၀ကြီးက အရမ်းပြည့်စုံနေခဲ့ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ အလုပ်ကိစ္စခရီးသွားရင်းမထင်မှတ်ဘဲ စားသောက်ဆိုင်တစ်ခုမှာ ဒကိုတာဆိုတဲ့ကောင်မလေးနဲ့တွေ့ခဲ့ပါတော့တယ်။ဒကိုတာက သာမန်မိန်းကလေးဖြစ်ပေမဲ့ မွန်တီက သူ့ရဲ့အလှတရားကိုထွင်းဖောက်မြင်ခဲ့ပြီး မော်ဒယ်လုပ်ချင်ရင်ဆက်သွယ်ဖို့ပြောခဲ့ပါတော့တယ်။ဒကိုတာရဲ့အမေဖြစ်သူကလည်း သမီးအပေါ်မှာ ဘယ်တုန်းကမှကောင်းခဲ့တဲ့အမေမဟုတ်တဲ့အတွက် ဒကိုတာလည်းအကုန်လုံးကိုစွန့်လွှတ်ပြီး မွန်တီရှိရာကိုလိုက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ဒကိုတာနဲ့ မွန်တီ မော်ဒယ်နဲ့ ဓာတ်ပုံဆရာတို့ရဲ့ဇာတ်လမ်းလေးစတင်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဘယ်လိုခါးသီးတဲ့အမှန်တရားတွေကို ပြသထားဦးမလဲဆိုတာကို ရှုစားရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.09 GB) / (675 MB) Quality… WEB-DL ...
movie
Rule of Thirds (2024)
5.0
Lumina (2024)
2024မှာထွက်ရှိထားတဲ့ ဒီကားလေးဟာ si-fi horrorကားလေးပဲ ဖြစ်ပါတယ်။ဇာတ်လမ်းလေးရဲ့အစမှာတော့ Alex ဟာ သူ့အိမ်မှာ ပါတီပွဲလုပ်ရင်း သူငယ်ချင်းများနဲ့ပျော်ပါးနေကြပါတယ်။ထို့နောက်မှာတော့ Alexရဲ့ ချစ်သူကောင်မလေး Tatiana ဟာရေကူးနေရင်းနဲ့ အလင်းတန်းတစ်ခုပေါ်လာပြီး ပေါက်ကွဲမှုဖြစ်ကာ ပျောက်ကွယ်သွားပါတယ်။ထိုအဖြစ်အပျက်ဟာAlexရဲ့ ချစ်ခင်ရင်းနှီးကတဲ့သူငယ်ချင်းPatricia နဲ့ Alexကို တဖက်သပ်ကြိုက်နေတဲ့ Deliah တို့ရဲ့မျက်စိရှေ တည့်တည့်မှာတင်ဖြစ်ပျက်သွားတာဖြစ်ပါတယ်။Alexကတော့ သူ့ချစ်သူကောင်မလေးဟာ အသက်ရှင်နေတုန်းပဲဆိုတာကို ယုံကြည်လက်ခံထားပြီး စုံစမ်းမှုတွေပြုလုပ်ပါတော့တယ်။စုံစမ်းမှုတွေအရထိုပျောက်ဆုံးသွားမှုက အစိုးရနဲ့ပါသက်ဆိုင်နေမှန်းသိလိုက်ရတဲ့အခါ Alex,Patricia,Deliah နဲ့ Alexသူငယ်ချင်း Georgeတို့ဟာ လူပျောက်ရှာဖွေရေးစွန့်စားခန်းကိုထွက်ပါတော့တယ်။သူတို့ဟာ နောက်ဆုံးမှာ Tatiana ကိုရှာတွေနိုင်မှာလား....ဘယ်လို လျှို့ဝှက်ချက်တွေကိုရှာဖွေတွေ့ရှိသွားမလဲ.....အခက်အခဲတွေကိုသူတို့ဘယ်လိုကျော်ဖြတ်ကြမလဲကိုစိတ်ဝင်စားဖွယ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်..... File size… (1.95 GB) / (815 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 53m Genre …. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle ...
movie
Lumina (2024)
5.5
Down Below (2024)
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မြို့တစ်မြို့ကခရစ်စမတ်အကြိုနေ့မှာလူပေါင်းများစွာဟာ ဘုရားကျောင်းထဲမှာအဆိပ်ငွေ့တွေနဲ့အသတ်ခံရလိုက်တယ်။မစ္စတာမန်းဒေးဆိုတဲ့သူနဲ့ ကလေးတစ်ယောက်ကဒီကိစ္စရဲ့အဓိကတရားခံတွေပေါ့။နှစ်တွေကြာလာတဲ့အခါ ဒီမြို့မှာ အကြီးအကျယ်လူသတ်ခဲ့တာကို ဘယ်သူမှမသိကြတော့ဘူး။တစ်နေ့မှာမစ္စတာ မန်းဒေးဟာ လူတစ်ယောက်ချင်းစီရဲ့စိတ်ကူးအတွေးထဲကနေထွက်ပေါ်လာတယ်။ဒီထဲမှာ ကလေးငယ်လိင်ပိုင်းဆိုင်ရာကျူးလွန်တယ်လို့စွပ်စွဲခံထားရတဲ့ ဆဲလ်မ်၊ စိတ်ရောဂါခံစားနေရတဲ့ ဘန်ဒီနီ၊မိန်းမပျက်ဘဝနဲ့အသက်မွေးနေရတဲ့ ခရစ်စမာ တို့ဟာအတိတ်ကဖြစ်ရပ်တွေကိုတရိပ်ရိပ်ပြန်မြင်လာရတဲ့အခါမှတော့.... File size… (2.03 GB) / (946 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TML
movie
Down Below (2024)
7.1
Trust in Love (2024)
၂၀၂၄ ခုနှစ်ကထွက်ရှိပြီး IMDb rating 7.1 ရရှိထားတဲ့Trust In Love ဟာ Drama အမျိုးအစားကိုမှ ဟာသနှောရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။တစ်ချိန်ကနာမည်ကျော်တေးထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့မစ်ကီဟာ ခေတ်ရဲ့ပြောင်းလဲမှုနောက်ကိုမလိုက်နိုင်တာကြောင့်ပေါက်တဲ့သီချင်းတွေကိုမဖန်တီးနိုင်တော့ဘဲ အောင်မြင်မှုနဲ့ဝေးကွာပြီး တေးထုတ်လုပ်သူဘဝကိုစွန့်လွှတ်ရတော့မလိုဖြစ်နေခဲ့ပါတယ်။ကံဆိုးချင်တော့ အသက် ၅၀ ကျော်အရွယ်မစ်ကီနဲ့မလိုက်ဖက်လောက်အောင် လှပချောမောလွန်းတဲ့ဇနီးငယ်ငယ်လေးကလည်းသူ့မှာနောက်တစ်ယောက်ရှိနေလို့ ကွာရှင်းမယ်လို့ ဆိုလာခဲ့ပါတယ်။မိဘတွေရဲ့ကွာရှင်းမှုက ဂျန်နီဖာနဲ့ကိုဒီတို့မောင်နှမအတွက်ကြီးမားတဲ့စိတ်ဒဏ်ရာတစ်ခုဖြစ်လာပြီး အထူးသဖြင့် သားငယ်ကိုဒီဟာ ကိုယ့်အခက်အခဲတွေနဲ့ကိုယ်ဖြစ်နေတဲ့ဖခင်မစ်ကီရဲ့အကူအညီကိုလိုအပ်နေခဲ့ပါတယ်။ မစ်ကီဟာ တစ်ချိန်တည်းမှာကြုံတွေ့လာရတဲ့ဘဝရဲ့စမ်းသပ်မှုတွေကိုကျော်လွှားနိုင်ဖို့ကြိုးစားလေလေ လွဲချော်မှုတွေနဲ့တွေ့ကြုံရလေဖြစ်ပုံကို ဟာသနှောကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size… (1.58 GB) / (856 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by July
movie
Trust in Love (2024)
8.5
Ayla: The Daughter of War (2017)
ဖြစ်ရပ်မှန် စစ်နောက်ခံ ရုပ်ရှင်ကားတစ်ခု တင်ပေးပါရစေ။ Rating 8.2 အထိ ရှိပါတယ်။တကယ် ခံစားလို့ကောင်းတဲ့ ရုပ်ရှင်လေးပါပဲ။ တောင်မြောက်ကိုရီးယား စစ်ပွဲမှာ ကူညီဖို့ရောက်လာတဲ့တူရကီ တပ်ရဲ့ တပ်ကြပ်ကြီး ဆူလီမန်ဟာ တိုက်ပွဲထဲမှာ တစ်ယောက်ထဲကျန်နေခဲ့တဲ့ကိုရီးယား ကလေးမလေးတစ်ယောက်ကို ကယ်တင်လာခဲ့တယ်။ ကလေးလေးက စကားလည်းမပြောနိုင်နာမည်လည်း မသိတာမို့ အိုင်လာလို့ပဲ နာမည်ပေးခဲ့လိုက်ပါတယ်။ အိုင်လာ ဆိုတာ လရောင် လို့အဓိပ္ပါယ်ရတဲ့ တူရကီ စကားလေးပါပဲ။ စစ်ပွဲတစ်လျှောက်လုံး အသက်ဘေးကြားထဲကနေ ကလေးလေးကိုစောင့်ရှောက်ခဲ့တဲ့ တူရကီ စစ်သားနဲ့ သူ့ကို အဖေလို့ပဲ ထင်နေတဲ့ အိုင်လာလေးရဲ့ ဘဝဇာတ်လမ်းပါပဲ။နည်းမျိုးစုံနဲ့ မခွဲရဖို့ ကြိုးစားခဲ့ပေမယ့် တူရကီကို ပြန်ရတော့မယ့် အချိန်ရောက်လာတဲ့အခါ ဆူလီမန်ဟာအိုင်လာကိုပြန်လာတွေ့ပါ့မယ်လို့ ကတိပေးထားခဲ့တယ်။ ဆူလီမန်က ပြောခဲ့တယ် အဖေဆိုတာသားသမီးကို ပေးတဲ့ ကတိကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသက်ရှင်နေတာပါတဲ့။ ကြည့်လိုက်ပါ၊ငိုလိုက်ပါ၊ ပြုံးလိုက်ပါ။ နောက်ဆုံးမှာ ဆူလီမန်နဲ့အိုင်လာ အစစ်တို့ရဲ့ ...
movie
Ayla: The Daughter of War (2017)
2017
6.1
Tacoma (2024)
Tacoma (2024)IMDb Rating (6.1) ကျွေးတဲ့အစာကနေဖြစ်လာတဲ့ မှိုရောဂါတစ်မျိုးကြောင့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးနေတဲ့ဝက်ကလေးတာကိုမာကို ပြန်လည်ကောင်းမွန်ဖို့ စမ်းသပ်မှုတွေလုပ်နေတဲ့ လီယို။ရှေ့မှာ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တဲ့စမ်းသပ်မှုတွေကနေ ဝက်ကလေးတာကိုမာပေါ်မှာ မျှော်လင့်ချက်ရောင်ခြည်တွေသန်းလာခဲ့တယ်။သူစမ်းသပ်နေတာက အပင်ဆီက ပြန်လည်အသစ်ဖြစ်ပေါ်စေတဲ့ဆဲလ်တစ်မျိုးကို လူသားတွေဆီမှာအသုံးချနိုင်ဖို့။သူ့အမှားတွေကို ထောက်ပြခဲ့တာက တရားမဝင်ရွှေ့ပြောင်းနေထိုင်နေကြတဲ့ မက္ကဆီကိုလူမျိုးမိသားစုက စားပွဲထိုးမလေး အယ်လီဂျန်ဒရာ။သူတို့နှစ်ယောက်စမ်းသပ်မှုကနေ အောင်မြင်လာမဲ့ရလဒ်ကိုစောင့်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ မိသားစုတစ်ခုကလည်းရှိနေတဲ့အခါမှာတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1 GB) / (540 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Sci-Fi, Thriller Duration….01:44:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo
movie
Tacoma (2024)
2024
5.8
Arena Wars (2024)
ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်...တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ...။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ...။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား...။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ...။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , ...
movie
Arena Wars (2024)
5.1
Team of Two (2024)
Team of Two (2024)IMDb Rating (5.1) ဒီကားကတော့ 2024 ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ ဟာသအက်ရှင် ဇာတ်ကားလေးဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Joss Gomez , Marc Singer , Eric Roberts စတဲ့ သရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ ဒါရိုက်တာအနေနဲ့ရော ဇာတ်ညွှန်းကိုပါ Joss Gomez ကိုယ်တိုင်ပဲ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းMarc Valentine(Joss Gomez) ကတော့ တစ်ယောက်တည်း အလုပ်လုပ်ရတာကို ကြိုက်တဲ့ လူသတ်မှု စုံထောက်တစ်ယောက်ဖြစ်ပါတယ်။ဒါပေမယ့် အထက်လူကြီးရဲ့ အမိန့်အရ လူမျိုးစုံနဲ့ အလုပ်တွဲလုပ်ရဖို့ဖြစ်လာပါတယ်။Marc ကတော့ သူ့ကိုယ်သူ 80 ခုနှစ်တွေထဲမှာပဲ နေထိုင်နေတယ်လို့ ထင်ပြီးတော့ နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်ပါတယ်။Big Boss Tango(Marc Singer) ကတော့ တစ်ကမ္ဘာလုံးကို ကပ်ဘေးဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်တစ်ခုကို ဖန်တီးပြီးတော့ Marc သာ မတားဘူးဆိုရင် ...
movie
Team of Two (2024)
2024
6.0
The Firing Squad (2024)
ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Timothy A. Cheyရိုက်ကူးထားတဲ့ Drama ဇာတ်ကားတစ်ကားဖြစ်ပြီးတော့ဖြစ်ရပ်မှန်အဖြစ်အပျက်တွေပေါ်မှာ အခြေခံထားပါတယ်။သရုပ်ဆောင်တွေအနေနဲ့ Cuba Goodin Jr., Kevin Sorboနဲ့ James Barrington တို့က ပါဝင်ပေးထားပါတယ်။ဇာတ်အိမ်ကို အင်ဒိုနီးရှားနိုင်ငံမှာတည်ထားပြီးတော့ သေဒဏ်ပေးခံရတော့မယ့် ခရစ်ယာန်အကျဉ်းသားသုံးယောက်အကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရာဇဝတ်မှုတွေနဲ့မကောင်းတဲ့အလုပ်တွေကိုလုပ်ခဲ့လို့ သေဒဏ်ကျခံရတော့မယ့်ထောင်သားသုံးယောက်ဟာ သူတို့ရဲ့အပြစ်တွေကို ချေဖျက်ဖို့အတွက် ဘာသာရေးကိုရှာတွေ့သွားပြီးတော့ သူတို့ရဲ့ဘဝတွေကိုသာမကပဲ ပတ်ဝန်းကျင်ကိုပါ ပြောင်းလဲနိုင်သွားပုံကို ကြည့်ရှုကြရမှာပါ။ဇာတ်လမ်းက ဘဝရဲ့အမှောင်မိုက်ဆုံးအချိန်တွေမှာတောင်မျှော်လင့်ချက်တွေရှိသေးတယ်ဆိုတဲ့အချက်ကို ပေါ်လွင်အောင်ရိုက်ပြထားနိုင်ပြီးတော့ Motivation တွေရစေပါတယ်။IMDb မှာ Rating ကောင်းတစ်ခုကို ရရှိထားတဲ့အပြင်ကြည့်ရှုသူတွေကို စိတ်ခွန်အားပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.67GB) / (794MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 33m Genre …..Adventure , Biography , Drama Subtitle….Myanmar Subtitle ...
movie
The Firing Squad (2024)
5.0
The Contract (2024)
ဒီဇာတ်ကားလေးကတော့ Comedy Family Dramaအမျိုးအစားဖြစ်ပြီးတော့ အဓိကဇာတ်ဆောင်တွေအဖြစ်Gabrielle Dennis, Lil Duval, Caryn Ward တို့ကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ Dennis နဲ့ Annaတို့ရဲ့အိမ်ထောင်ရေးမှာ မိန်းမဖြစ်သူ Anna က ကလေးအရမ်းလိုချင်နေပြီးတော့ Dennis က ကလေးမယူချင်ပါဘူး။အဲဒီအခါမှာ Anna အနေနဲ့ သူ့ယောကျ်ားလိုချင်တဲ့အရာတွေကိုဖြည့်ဆည်းပေးရင်းနဲ့ ကလေးယူချင်လာအောင် သိမ်းသွင်းပါတယ်။ အဲဒီလိုနဲ့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးကတဖြည်းဖြည်းပြောင်းလဲလာကာ နောက်ဆုံးမှာ ဘယ်လိုဖြစ်သွားလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုလိုက်ပါ။ဇာတ်လမ်းကို ဟာသဆန်ဆန်ရိုက်ကူးထားပြီးတော့ စကားအသုံးအနှုန်းတွေက နည်းနည်းညစ်ညမ်းတာကြောင့် မိသားစုနဲ့အတူကြည့်သင့်တဲ့ ဇာတ်ကားမျိုးတော့ မဟုတ်ပါဘူး။ File size… (1.26GB) / (735MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
The Contract (2024)
Dying to Sleep (2023)
Dying to Sleep ဇာတ်ကားက မအိပ်နိုင်တဲ့ ဘဝဖြစ်စဥ်အကြောင်းကို စိတ်ဓာတ်ဖိစီးမှုတွေနဲ့ ထိတွေ့သဘောထားထားပြီး စိတ်လှုပ်ရှားစရာကောင်းအောင် ဖန်တီးထားတဲ့ သရုပ်ဆောင်မှုကောင်းများနှင့် ရုပ်ရှင်ဖြစ်ပါတယ်။ဒီဇာတ်ကားကို ဦးဆောင်သရုပ်ဆောင်မင်းသား (actor name) က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး၊ ဒါရိုက်တာ (director name) က ဇာတ်အိမ်ကို စိတ်ဝင်စားဖွယ် ရိုက်ကူးထားပါတယ်။ နာမည်ကြီး ရုပ်ရှင်ပွဲတွေနဲ့ ဆုပေးပွဲတွေမှာလည်း အကောင်းဆုံး အလှည့်အပြောင်းဖြစ်စေတဲ့ ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။မအိပ်ချင်ကြီးပြင်းလာချိန်မှာ အဖြစ်မှန်နဲ့ အိပ်မက်တွေ အပေါ်ဆုံးမှ ထိခိုက်စေတဲ့ ရိုက်ချက်တွေ၊ ရှေ့ပြေးလှုပ်ရှားမှုတွေက ရင်ခုန်စရာအတွေ့အကြုံကို ပေးစွမ်းထားပြီး စိတ်ရှုပ်ထွေးမှုအပြည့်နဲ့ ကြည့်ရှုသူကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။File size…(969 MB)/(542 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Thriller, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Banyar Aung
movie
Dying to Sleep (2023)
An Angry Boy (2023)
An Angry Boy (2023)အိုဝင်ဆိုတာ လမ်းမှာဒုက္ခရောက်နေသူတွေကို ကူညီကယ်တင်တတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်။ တစ်နေ့ အဲဒီလိုကယ်တင်လိုက်မိရာကစ သူ့မျက်နှာ လိုင်းပေါ်မှာပျံ့သွားပြီး ဒုက္ခပေးမဲ့သူပေါ်လာခဲ့တယ်။ သူမသိပေမဲ့ အဲဒီလူက သူ့ငယ်ဘ၀တုန်းကလည်း ပတ်သက်ခဲ့ဖူးတဲ့သူ။ စိတ်ဒဏ်ရာအကြီးကြီးကြောင့် မှတ်ဉာဏ်တွေကို ဦးနှောက်ကပိတ်ပစ်လိုက်တာမျိုးမို့ သူမမှတ်မိနေတဲ့သူ။ ဒီလိုလူကပဲ နောက်တစ်ကြိမ်ထပ်ပြီး စိတ်ဒဏ်ရာအကြီးကြီးထပ်ပေးတဲ့အခါ။ အိုဝင်တစ်ယောက် အတိတ်ကိုသတိရဖို့ကြိုးစားပြီး သူကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ နာကျင်မှုတွေကို ပြန်တွန်းလှန်တိုက်ခိုက်ဖို့ ကြိုးစားတဲ့အခါမှာတော့..။(အညွှန်းနဲ့ဘာသာပြန်ကတော့ aungmo3han ဖြစ်ပါတယ်)Genre..... Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 1.6GB | 738MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... aungmo3han Encoder ..... Aaron
movie
An Angry Boy (2023)
Top Gunner: America vs. Russia (2023)
မင်းသားကြီး Tom Cruiseရဲ့ Top Gun Maverickလိုမျိုး အက်ရှင်ဇာတ်လမ်းကိုတင်ဆက်ပေးလိုက်ပါတယ်။ အိန္ဒိယနဲ့ ပါကစ္စတန်လိုမျိုးပဲ စစ်ကားဆိုရင် အမြဲတမ်းလိုလို တည်လေ့ရှိတဲ့ အမေရိကန်နဲ့ ရုရှားတို့ကြားက အရှုပ်အရှင်းကိစ္စလေးတွေမှာ အမေရိကန်နဲ့ ရုရှားတို့ရဲ့ လေကြောင်းတိုက်ခိုက်ရေးကို အဓိကထားရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ရုရှားသမ္မတ ဗဆီးလီယက်ဟာ အမေရိကန် ဝါရှင်တန်မြို့ကို ငြိမ်းချမ်းရေးဆွေးနွေးဖို့အတက် လာရောက်မှာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားမှာရှိနေတဲ့ CIAအဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ဗရောနီကာ့ဆီကို မိတ်ဆွေတစ်ဦးထံကနေ အရေးကြီးပြောစရာရှိတယ်ဆိုပြီး ခေါ်တွေ့ရာက ရုရှားကာကွယ်ရေးဝန်ကြီးက ရုရှားသမ္မတကို အမေရိကန်ခရီးစဉ် အမေရိကန်တို့ရဲ့မြေမှာ လုပ်ကြံပြီး အမေရိကန်အစိုးရကို အပြစ်လွှဲချပြီး သမ္မတလုပ်အာဏာသိမ်းမဲ့ အစီအစဉ်ဖြစ်ပါတယ်။ရုရှားသမ္မတကလည်း ရောက်လာပြီမို့ သူတို့သိထားတဲ့ အစီအစဉ်ကို ကြိုတင်ပြောပြ ကာကွယ်ဖို့ အတော်လေးခက်ခဲနေတဲ့ အနေအထားမှာလည်းရှိနေပါတယ်။ အစပိုင်းလေးပဲ ပြောပြထားတာဖြစ်ပြီး နောက်မှာ ဇာတ်ကြောင်းတွေအများကြီးရှိသေးတာမို့ စစ်ပွဲတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်တဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ကြိုက်နှစ်တတ်တဲ့သူတွေ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File ...
movie
Top Gunner: America vs. Russia (2023)
1
2
3
Next