Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Eric Elmosnino
6.3
Vicky and Her Mystery (2021)
Vicky and Her Mystery (Mystre, 2021)ဆိုတဲ့ဇာတ်ကားလေးကတော့ မိသားစု၊ဒရာမာတစ်ပုဒ်ဖြစ်ပြီးသားသမီးနဲ့ တိရစ္ဆာန်များကြားက ချစ်ခြင်းမေတ္တာ၊ဝမ်းနည်းမှုနှင့် ပြန်လည်ထူထောင်မှုတို့ကို သဘာဝဆန်ဆန်ဖော်ပြထားတဲ့ကားလေးပဲဖြစ်ပါတယ်။Denis Imbert မှ ဦးဆောင်ရိုက်ကူးထားပြီး အသက်ရှစ်နှစ်အရွယ် မိန်းကလေးဖြစ်သည့် Vicky နှင့် သူ့အဖေStphane တို့သည် မိခင်/မိန်းမ ကိုဆုံးရှုံးလိုက်ရပြီးနောက်တောထဲရှိ ကျေးရွာသို့ ရွှေ့ပြောင်းနေထိုင်တာကနေအစပြုထားပါတယ်။ သူတို့နှစ်ဦးလုံးသည် ဝမ်းနည်းမှုအတွင်းမှ ပြန်လည်ထွက်မြောက်ရန် ကြိုးစားရင်းတစ်နေ့မှာ သားအဖနှစ်ယောက်တို့ကတောင်တက်ရင်းလမ်းပျောက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း တောင်ခြေကအိမ်တစ်အိမ်မှာအကူညီတောင်းခံပြီး အိမ်ရှင်က VickyကိုMystery ဆိုတဲ့ခွေးလေးတစ်ကောင်လက်ဆောင်ပေးခဲ့ပါတယ်။သို့သော်လည်း Mystery က ဝံပုလွေဖြစ်ကြောင်း သိရှိလာသည့်အခါ ဝံပုလွေကိုမုန်းတီးကြတဲ့ သိုးထိန်းနယ်ခံတွေကြားထဲမှာ သူတို့ဘယ်လိုမျိုး ပြဿနာတွေကိုဖြေရှင်းကြမလဲMysteryကိုကယ်တင်ပေးနိုင်ကြမလား ဆိုတာတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မှာပါ။Vicky and Her Mystery သည် မိသားစုနှင့် တိရစ္ဆာန်ချစ်သူများအတွက် ကြည့်ပျော်ရှူပျော်ဖြစ်မဲ့ ဇာတ်ကားတစ်ပုဒ်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းလေးနဲ့ သက်ရှိသတ္တဝါများကြားထဲကချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုခံစားနိုင်မဲ့ကားလေးပဲ ဖြစ်ပါတယ်။ File size… (1.50 GB) / (832 ...
movie
Vicky and Her Mystery (2021)
7.2
Summer Hours (2008)
Rotten Tomatoes 94% IMDb 7.2အထိရရှိခဲ့ပြီး ဆု ၈ ခုနဲ့ ဆန်ကာတင် ၂၃ ခုကိုဆွတ်ခူးခဲ့တဲ့ ၂၀၀၈ ခုနှစ်ထွက် အနုပညာ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ ပြင်သစ်မိသားစု ဒရာမာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ဒီရုပ်ရှင်ထဲမှာ အထင်ကရ ပြင်သစ်ပန်းချီပညာရှင်၊ လက်မှုပညာရှင်တွေနဲ့ နာမည်ကျော်အနုပညာလက်တွေအကြောင်းကို အလျှံပယ်တွေ့ရှိရမှာပါ။ဟယ်လင် ဟာ နာမည်ကြီး ပြင်သစ်ပန်းချီဆရာ အနုပညာစုဆောင်းသူတစ်ဦးဖြစ်တဲ့ Paul Berthier ရဲ့တူမဖြစ်ပြီး Paul Berthier ဆုံးပါးသွားပြီးနောက်ပိုင်းမှာ ဦးလေးဖြစ်သူရဲ့ အိမ်ခြံနဲ့ တန်ဖိုးကြီးအနုပညာပစ္စည်းတွေကို ဆက်လက်ထိန်းသိမ်းပေးနေတဲ့ ၇၅နှစ်အရွယ် အမျိုးသမီးကြီးတစ်ယောက်ပါ။ဟယ်လင်ရဲ့ သားသမီးသုံးယောက်ဖြစ်သူ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့ဟာ ၎င်းတို့ရဲ့မိသားစုတွေနဲ့အတူ မိခင်ကြီးရဲ့ ၇၅နှစ်ပြည့်မွေးနေ့မှာ တွေ့ဆုံကြဖို့အတွက် ငယ်ဘ၀ကအိမ်လေးဆီ အရောက်ပြန်လာခဲ့ကြပါတယ်။ထို့နောက် ဟယ်လင်ဟာ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာတော့ ဖရက်ဒရစ်၊ ယေဟေမိနဲ့ အေဒရီယန်တို့သုံးဦးဟာ အမေဖြစ်သူဟယ်လင် ဘ၀တလျှောက်လုံးထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ Paul Berthier ရဲ့အိမ်တော်ကြီးနဲ့ ...
movie
Summer Hours (2008)
7.3
The Bélier Family (2014)
ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belierလို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက်တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေးနေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပိုတွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေးအဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာသောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်ကသူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင်လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ...
movie
The Bélier Family (2014)