Channel Myanmar

Eric Dane

Borderline (2025) 5.4
Borderline (2025) Borderline (2025) ============== IMDb - 5.4/10 Rotten Tomatoes - 61%ဒီရုပ်ရှင်ကို ဒါရိုက်တာ Jimmy Warden က ရိုက်ကူးခဲ့ပြီး Thriller/Comedy ရုပ်ရှင်အမျိုးအစားဖြစ်ပါတယ်။ဒီရုပ်ရှင်ထဲမှာ Ready or Not (2019) ရုပ်ရှင်နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Samara Weaving က အဓိကနေရာကနေ ပါဝင်သရုပ်‌ဆောင်ထားပါတယ်။ဇာတ်လမ်းသဘောကတော့ နာမည်ကြီး ပေါ့စတားတစ်‌ယောက်ဖြစ်တဲ့ Sofia ရဲ့ အိမ်ကို စိတ်ရောဂါကုဆေးရုံက လွတ်လာတဲ့ ဂေါက်သီး Paul Duerson က ဝင်ရောက်ကျူးကျော်ပါတယ်။Sofia ရဲ့ ပရိသတ်အကြီးစားဖြစ်တဲ့ Paul Duerson က Sofia နဲ့ အရမ်းလက်ထပ်ချင်နေတာပါ။ဒါနဲ့ Sofia က ဂေါက်သီး Paul ဆီကနေ လက်လွတ်ရုန်းပြီး ပြေးရတဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ရယ်စရာလေးတွေပါတာမို့ ကြည့်ရရှုရပြေပါတယ်။ File size…1.2 GB / 700 MB Quality…WEB DL 1080p ...
movie

Borderline (2025)

Redeeming Love (2022) 6.7
Redeeming Love (2022) Redeeming Love (2022)IMDb Rating (6.7) ရှင် ကျွန်မကို ဘာလို့ဒီ​​လောက်ချစ်ရတာလဲ?ကျွန်မက အငယ်အ​နှောင်းရဲ့ သမီးတစ်​​ယောက်၊ ​လူ့​လောကထဲ​ရောက်မလာသင့်တဲ့သူလို့ ဖခင်ရင်းနှုတ်က​နေ အ​ပြောခံရသူပါ၊ အ​မေကလည်း မျိုးရိုး​ကောင်းမဟုတ်သလို ​လောကဓံလှိုင်းတံပိုးကြား ကာလသား​ရောဂါနဲ့ ဆုံးခဲ့ရသူပါ။ကျွန်မဆိုတာကလည်းမိခင်​သေဆုံးပြီး အသက်၈နှစ်အရွယ်တည်းက "အိန်ဂျယ်​​"ဆိုတဲ့နာမည်ဝှက်နဲ့ မိန်းမပျက်ဘဝ စခဲ့သူပါ။ ဒီလို မသန့်ရှင်း​တော့တဲ့မိန်းက​လေးတစ်​ယောက်ကို ဘာလို့ဒီ​လောက်ထိချစ်ရတာလဲ။ရှင် ကျွန်မရဲ့အတိတ်အ​ကြောင်း တစ်ဝက်​လောက်သိရင်​​​တောင် စွန့်ခွာထွက်​ပြေးသွားမှာမလား၊ ကျွန်မရဲ့နာမည်အရင်းကို​​တောင် ရှင်သိရဲ့လား၊ အချစ်ဆိုတာက အချိန်တန်ရင် ပျောက်သွားမယ့် စိတ်ခံစားချက်လို့ပဲ သ​ဘောထားတာကို ရှင်သိရဲ့လား၊ ကျွန်မရဲ့ မှတ်ဉာဏ်ထဲမှာ ရှင်ဟာ ကျွန်မနဲ့ပျော်ပါးဖူးတဲ့ မတစ်​ထောင်ဖွား ယောကျ်ားသား​တွေနဲ့ အတူတူပဲဆိုတာမသိလို့လား၊ ဘာ​ကြောင့်ကျွန်မကို ဒီ​လောက်ထိ လက်ထပ်ချင်​နေရတာလဲ။ကျွန်မဆိုတာ ကိုယ့်ခံစားချက်ကို​ဘေးချိတ်ပြီး ဝမ်း​ရေးအတွက် ဒီအလုပ်ကို လုပ်​နေရသူပါ၊ ရှင့်ကိုချစ်ဖို့မဆိုနဲ့ အ​တွေးထဲ​တောင် အဝင်မခံနိုင်တဲ့သူပါ၊ ရှင်ဟာ အမျိုး​ကောင်းသားတစ်​ယောက်ပါ၊ ကျွန်မထက် သာတဲ့ မိန်းက​​လေး​တွေ လက်ချိုး​ရေမကုန်ပါဘူး၊ ရှင် ကျွန်မကို ...
movie

Redeeming Love (2022)

2022
4K HEVC
One Fast Move (2024)
One Fast Move (2024) ဝက်စ်ဆိုတဲ့လူငယ်လေးဟာ မိခင်ဆုံးပြီးနောက်မှာ ဆိုင်ကယ်မောင်းသမားဖြစ်ချင်တဲ့ သူ့အိပ်မက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ဆိုင်ကယ်မောင်းသမားတစ်ယောက်ဖြစ်တဲ့ သူ့ကို ငယ်စဉ်ကတည်းက စွန့်ပစ်သွားခဲ့တဲ့ ဖခင်ဖြစ်သူဆီကို ထွက်လာခဲ့ပါတော့တယ်။ဒီလိုနဲ့ ဆိုင်ကယ်ဆိုင်ပိုင်ရှင် အေဘယ်လ်နဲ့ ဖခင်ဖြစ်သူ ဒင်းန်တို့ရဲ့ ပံ့ပိုးပေးမှုနဲ့ အတူတူ ဝက်စ်တစ်ယောက် ဆိုင်ကယ်ပြိုင်သမားတစ်ယောက်ရဲ့ လမ်းကြောင်းပေါ်ကို ဘယ်လိုတက်လှမ်းနိုင်သွားမလဲဆိုတာကို ကြည့်ရှုရမယ့် လူငယ်ကြိုက်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Sakura ဖြစ်ပါတယ်)File size…(1.9 GB)/(996 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre... Action, Drama, Romance  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sakura 
movie

One Fast Move (2024)

Bad Boys: Ride or Die (2024) 7.0
Bad Boys: Ride or Die (2024) ကောင်ဆိုးလေးများ ၂၀၂၄ ထွက်အသစ် လာပါပြီ။Bad Boys ထွက်ခဲ့တဲ့ ရုပ်ရှင်အားလုံးကိုလည်းchannel myanmar Web နဲ့ App မှာ ကြည့်နိုင်ပါပြီ။အစဉ်လိုက်ဆိုရင်1. Bad Boys 1995 2. Bad Boys II 2003 3. Bad Boys for life 2020 4. Bad Boys ride or die 2024Will Smith နဲ့ Martin Lawrence တို့ပဲ ပြန်ပါဝင်ထားပြီး၄ ကားမြောက်ဆိုပေမဲ့ ပေါမသွားဘဲ ပိုကောင်းလာအောင်ဖန်တီးထားတာ တွေ့ရမှာပါ။ ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ရဲ့ ကွယ်လွန်သွားတဲ့ ကပ္ပတိန်ဟောင်းဝဒ်နဲ့ပတ်သတ်တာပါပဲ။ကပ္ပတိန်ဟောင်းဝဒ်ကို မိုင်ယာမီရဲစခန်းကနေ မက္ကဆီကိုဒုစရိုက်ဂိုဏ်းတွေဆီက လာဘ်စားပြီး ပူးပေါင်းလုပ်နေတယ်လို့သက်သေအပြည့်အစုံနဲ့ ချောက်တွန်းလာပါတယ်။ဟောင်းဝဒ်ရဲ့ သိက္ခာကို ကာကွယ်ဖို့အတွက် လိုက်စုံစမ်းရင်းအကျင့်ပျက်ရဲတွေနဲ့ ဂိုဏ်းက မိုက်နဲ့မားကပ်တို့ကိုပါ နှုတ်ပိတ်ဖို့ချောက်တွန်းဖို့ ကြိုးစားလာပါတယ်။ရဲအချင်းချင်းပါ ယုံလို့မရတော့တာကြောင့် မိသားစုလူနည်းစုလေးနဲ့ မက္ကဆီကိုဂိုဏ်းနဲ့ ...
movie

Bad Boys: Ride or Die (2024)

4K HEVC
Dangerous Waters (2023) 5.1
Dangerous Waters (2023) Dangerous water (2023) =================စွန့်စားခန်း thriller ကားကောင်းကောင်းမျှော်နေသူတွေအတွက် အရမ်းမိုက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ပင်လယ်ပြင်ကို မွေးနေ့အပျော်ခရီး ရွက်လွှင့်ထွက်လာခဲ့တဲ့ ရို့စ် ၊ အယ်မာနဲ့ ဒဲရက် စတိုက်တို့ ၃ ယောက်ဟာ... တဖြည်းဖြည်းနဲ့ရေစီးကြောင်းပြောင်း လဲမှုကြောင့် ဘာမြူဒါတြိဂံနားအထိရောက်သွားပါတယ်။ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ ခရီးဆက်ရင်း လူသူမနေနဲ့ စွန့်ပစ်ကျွန်းကြီးကိုရောက်သွားတဲ့အခါမှာတော့ ဆန်းကြယ်မှုတွေနဲ့ အပြည့်ဖြစ်နေခဲ့ပြီး သူတို့ ၃ ယောက်ကြားမှာလည်း မပြီးပြတ်သေး တဲ့ ပြဿနာလေးတွေကိုဖြေရှင်းရင်း သမုဒ္ရရာကြီး‌ကနေ ဘယ်လို လွတ်မြောက်သွားမလဲဆိုတာကို စိတ်၀င်တစားစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်)File Size..........(1.5 GB) / (560 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 41Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Thiha Yan Naing Encoder..........SWM
movie

Dangerous Waters (2023)

2023
Feast(2005) 6.2
Feast(2005) Feast(2005) ===========ကြမ်းပေ့ရမ်းပေ့ သွေးထွက်စုတ်ပြတ်တဲ့ကားမှ ကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက် Feastဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ဇာတ်လမ်းတစ်ခုလုံး နီဗားဒါးမှာရှိတဲ့ အရက်ဆိုင်တစ်ခုအတွင်းမှာတင်ဖြစ်ပျက်သွားတာပါ။ အရက်လာသောက်သူတွေဟာ သာမာန်နေ့တွေလိုပဲသောက်စားပျော်ပါးနေကြရင်းနဲ့ ဟီးရိုးဆိုတဲ့လူတစ်ယောက် ရောက်လာပြီးအပြင်မှာမကောင်းဆိုးဝါးတွေ ရှိနေပြီလို့ လာပြောပြခဲ့ပါတယ်။မကောင်းဆိုးဝါးတွေဟာ လျှင်မြန်ရုံတင်မက ရွံစရာကောင်းပြီး အင်မတန်ကိုဆာလောင်နေကြတာပါ။ ဒီလိုမကောင်းဆိုးဝါးတွေက အရက်ဆိုင်ဆီ မဖိတ်ခေါ်ပဲရောက်လာတဲ့အခါ အရက်ဆိုင်ထဲကလူတွေက ခုခံဖို့နဲ့လွတ်မြောက်ဖို့အတွက် အတူတကွ ကြိုးပမ်းကြပါတော့တယ်။အကောင်းဆုံးဒါရိုက်တာဆုရထားတဲ့ဇာတ်ကားပီပီ အဖြစ်အပျက်တွေဟာမထင်ရင်မထင်သလိုထထဖြစ်တာကြောင့် သာမာန်horrorဇာတ်ကားတွေနဲ့အရသာချင်းမတူတဲ့အတွက် သွေးထွက်သံယိုမှကြိုက်သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။R rated ဇာတ်ကားဖြစ်ပြီး သွေးထွက်သံယိုအခန်းတွေ အင်မတန်များတာကြောင့်ကလေးငယ်များနဲ့ အကြောက်လွန်တတ်သူတွေ မကြည့်သင့်ပါဘူးနော်။ (ဘာသာပြန်နဲ့ အညွှန်းကတော့ Jaka ပဲ  ဖြစ်ပါတယ်) File size…1.88GB / 528MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ..... Action , Comedy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Feast(2005)

Little Dixie (2023)
Little Dixie (2023) Little Dixie (2023)Doc Alexander ဟာ အမေရိကန်ရဲ့ Special Force က Superior Officer တစ်ယောက်ပါ။ Doc ရဲ့ နှစ်ပေါင်းများစွာလက်တွဲလုပ်ကိုင်လာသူကတော့ Billie Riggs ဆိုတဲ့ထက်မြက်တဲ့ လိင်တူချစ်ကြိုက်သူအမျိုးသမီး‌ Officer တစ်ယောက်ပေါ့။ Doc နဲ့ Billie ဟာ အမေရိကန်နဲ့ မက္ကဆီကိုမူးယစ်ဂိုဏ်း Cartel ကြားမှာ စီးပွားရေးဆက်သွယ်မှုတွေကိုအပေးအယူလေးတွေနဲ့ အဆင်ပြေအောင် handle လုပ်နေကြပါတယ်။ ဒါပေမယ့် သူတို့ထဲက အသိအကျွမ်းတစ်ဦးဖြစ်တဲ့ Richard Jeffs ဟာ မြို့တော်ဝန်ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေကိုမသိပဲနဲ့ Cartel ခေါင်းဆောင်ရဲ့ ညီဖြစ်သူကို ကွပ်မျက်လိုက်ပါတယ်။ အဲဒီနောက်မှာ Doc နဲ့ Billie ဟာ အခြေအနေတွေကို ထိန်းညှိဖို့ကြိုးစားကြပေမယ့် ကစဉ့်ကလျားတွေဖြစ်ကုန်ပြီးနောက်ပိုင်းမှာတော့ Doc ဟာ သမီးလေးဖြစ်တဲ့ Little Dixie လေးကိုကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။Doc Alexander ...
movie

Little Dixie (2023)

2023
American Carnage(2022)
American Carnage(2022)   ဒီနှစ်ထဲ နောက်ဆုံးထွက် thriller ကားကောင်းလေးတစ်ကားနဲ့ CM ပရိသတ်ကြီးကို မိတ်ဆက်ပေးချင်ပါတယ် မက္ကစီကိုနိုင်ငံသားတွေဟာ နယ်စပ်ချင်းထိကပ်နေတဲ့အမေရိကန်နိုင်ငံထဲကို နှစ်စဉ်လူပေါင်းများစွာ ခိုးဝင်အခြေချနေထိုင်လေ့ရှိကြပါတယ်။ ဒီခိုးဝင်မက္ကစီကန်တွေဟာ ဒီမိုကရေစီနိုင်ငံကြီးအမေရိကန်ထဲမှာ လွယ်လွယ်ကူကူနေထိုင်ခွင့်တော့ မရပါဘူး။ခွဲခြားဆက်ဆံမှုတွေ ဖိနှိပ်ချုပ်ချယ်မှု အနိုင်ကျင့်မှုတွေ ကြုံတွေ့ရပါတယ်။ ဒီဇာတ်လမ်းထဲမှာလည်း ခိုးဝင်အခြေချနေထိုင်တဲ့ မက္ကစီကန်မိဘက မွေးဖွားလာတဲ့ ကလေးတွေဟာ အမေရိကန်နိုင်ငံသားဖြစ်သွားပြီ ဆိုပေမဲ့ လူမျိုးရေးခွဲခြားဆက်ဆံခံနေရတုန်းပါပဲ။ ဒီလိုခွဲခြားဆက်ဆံခံရမှုကို အံတုပြီး ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို အရောက်လှမ်းနေတဲ့ ဂျေပီနဲ့ လီလီတို့မောင်နှမနှစ်ယောက်ဟာ ပြည်နယ်အုပ်ချုပ်ရေးမှူးက အရေးပေါ်ဖမ်းဆီးမိန့်တစ်ခုထုတ်ပြန်ပြီး ခိုးဝင်နေထိုင်သူအားလုံးကို ဖမ်းဆီးခိုင်းလိုက်တဲ့အခါမှာတော့ သူတို့ဘဝတွေဟာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲခဲ့ပါတော့တယ်။Racism ရဲ့အဆုံးစွန်ရူးသွပ်မှုကို ဖော်ပြထားတဲ့ဒီဇာတ်လမ်းဟာ အစပိုင်းမှာတော့ ဒရာမာလို့ထင်ရပေမဲ့ သည်းထိတ်ရင်ဖို thriller အဖြစ်ကို ဖြည်းဖြည်းချင်းပြောင်းလဲသွားတာမို့ ကြည့်ရှုခံစားကြည့်ကြပါဦး။ File size… 1.3Gb /(836MB)/(406MB) Quality…. 1080p /720p / 480p Format…mp4 Duration….01:38:00 Genre...Comedy/ Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...
movie

American Carnage(2022)

Valentine’s Day (2010) 5.7
Valentine’s Day (2010) [Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie

Valentine’s Day (2010)

Marley & Me (2008) 7.1
Marley & Me (2008) Marley & Me(2008) IMDb - 7.1/10_____Rotten - 62%  အခုမိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ခွေးလေးတွေကိုချစ်တတ်တဲ့သူတွေ အကြိုက်တွေ့စေမယ့် Comedy - Drama အမျိုအစားလေးပါ... ဒီကားလေးကတော့ Marley ဆိုတဲ့ခွေးလေးနဲ့ သူ့သခင် John Grogan ရဲ့မိသားစု အကြောင်းကို အဓိကရိုက်ကူးထားတာဖြစ်ပါတယ်..... John နဲ့ Jenny Grogans တို့လင်မယားနှစ်ယောက်လက်ထပ်ပြီး အလုပ်အတွက် မိုင်ယာမီကိုပြောင်းလာတာကနေစတာပဲ..... အိမ်ထောင်သက်အနည်းငယ်ရလာတော့ မိန်းမဖြစ်သူJenny က ကလေးလိုချင်လာတယ်... ဒါကို ကလေးမယူချင်သေးတဲ့John က မိန်းမကိုအာရုံလွှဲတဲ့အနေနဲ့ ခွေးလေးမွေးဖို့ကြံလိုက်တယ်...အဲ့ဒီမှာ John အတွက် ငါးပါးမှောက်တော့တာပဲ.... မွေးထားတဲ့ ခွေးလေး Marley ဟာ  တစ်အိမ်လုံးမှာ ရှိသမျှပစ္စည်းတွေကိုဖျက်ဆီးဖို့ တာဝန်ပေးထားသလား မှတ်ရတယ် ..အကုန် ကိုက် စုတ် ဖြဲ တဲ့ တာဝန်ကိုခန့်ခန့်ကြီးယူထားပါတယ်.. တော်တော်သောင်းကျန်းပြီး  ချစ်လည်းချစ်စရာကောင်း ရယ်လည်းရယ်ချင်စရာလည်းကောင်း အမြင်ကတ်ချင်စရာလည်းကောင်းတဲ့ခွေးလေးတစ်ကောင်ပေါ့... Marley ကသောင်းကျန်းတဲ့ခွေးလေးဖြစ်ပေမယ့် တစ်မိသားစုလုံးက ချစ်တယ် သူကလည်း မိသားစုကိုအရမ်းချစ် တစ်ကားလုံး ရယ်စရာ စိတ်ညစ်စရာ ရသတွေအပြင်Johnတို့ လင်မယား(၂)ယောက်ရဲ့ ပြဿနာတွေဘယ်လောက်ဖြစ်ဖြစ် ပြေလည်အောင်ညှိကြတာတွေကို ဟာသလေးတွေနှောပြီး ပညာပေးထားတဲ့ကားလေးပါ...ကိုင်းခံစားကြည့်လိုက်ပါဦး... Grogan လင်မယားအဖြစ် သရုပ်ဆောင်ထားကြတဲ့သူတွေကတော့ မင်းသားကြီး Owen Wilson ...
movie

Marley & Me (2008)

2008