Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Enzo Cilenti
8.1
Guardians of the Galaxy (2014)
Marvel Cinematic Universe: Phase Two ကတော့ Phase One ရဲ့ အောင်မြင်မှုကြောင့် ပရိတ်သတ်အများအပြားရဲ့ယုံကြည်မှုနဲ့ အားပေးမှုကို အရံသင့်ရရှိခဲ့ပြီး ခန့်ညားထည်ဝယ်စွာဆက်လက်တင်ဆက်နိုင်ခဲ့ပါတယ်။Phase 2 မှာတော့ Infinity Stone ခေါ် စကြာဝဠာကျောက်တုံး(၆) တုံးနဲ့ စကြာဝဠာလူကြမ်းကြီး သားနို့စ်အကြောင်းတွေ ပိုမိုပါဝင်လာခဲ့ပါပြီ။ Phase 1 တုန်းက Solo မိတ်ဆက်ခဲ့တဲ့ လူစွမ်းကောင်းတွေကို Phase 2 မှာ ပိုမိုစုစည်းမြင်တွေ့လာရပြီး MCU ရဲ့ ကြီးမားကျယ်ပြန့်တဲ့ Universe ကို ထပ်မံချပြနိုင်ခဲ့ပါတယ်။ MCU Phase 1/2/3 ကို The Infinity Saga လို့ပေါင်းခေါ်ပြီးတော့ MCU Phase 4/5/6 ကိုတော့ The Multiverse Saga လို့ ပေါင်းခေါ်ကြပါတယ်။ Phase 2 မှာတော့ ...
movie
Guardians of the Galaxy (2014)
2014
4K HEVC
8.0
The Martian (2015)
Nasa ရဲ့ အင်္ဂါဂြိုလ်ပေါ်စူးစမ်းလေ့လာရေး ခရီးစဉ်ကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ယခုဇာတ်ကားဟာIMDb rating 8/10 ထိတောင်ရရှိထားတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲက တစ်ချို့တစ်ဝက်ကိုပြောပြရရင် အင်္ဂါဂြိုလ်ပေါ်ကိုလေ့လာမှုပြုလုပ်နေတုန်းကြောက်ဖို့ကောင်းတဲ့ မုန်တိုင်းကြီးတစ်ခုဝင်လာမှုကြောင့် အင်္ဂါဂြိုလ်ကို စွန့်ခွာရမယ့် အခြေအနေပါ။မစွန့်ခွာခင် အဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်မှုးနဲ့သူ့အဖွဲ့သား ၃ယောက်တို့ MAV ကို မလဲအောင် ထိန်းထားခဲ့ဖို့ ကြိုးစားရာကနေဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ဇာတ်လမ်း စတင်ပါတော့တယ်။မုန်တိုင်းကြားထဲမှာ Accident ဖြစ်မှုကြောင့် ကျန်နေခဲ့ရတဲ့ မာခ်ဝပ်နေ .သတိရရချင်းပဲ အင်္ဂါဂြိုလ်(Mars)ပေါ်မှာတစ်ယောက်ထဲကျန်နေခဲ့မှန်းသိလိုက်ရပါတယ်။အဲ့အတွက် သူ့အသက်မသေခင် ဂြိုလ်ပေါ်ကျန်နေခဲ့တဲ့ အစားအသောက်ရိက္ခာကိုတွက်ချက်တဲ့အခါလုံလောက်မှုမရှိမှန်းသိတဲ့အတွက် သူတတ်မြောက်ခဲ့တဲ့ပညာနဲ့ အင်္ဂါဂြိုလ်ပေါ်မှာ အာလူးပင်တွေစိုက်ဖို့ကြံပါတော့တယ်။စနစ်တကျပီပီပြင်ပြင် အပင်စိုက်ပြသွားတာဟာ nasa အဖွဲ့ရည်မှန်းချက်ကိုထုတ်ပြသွားတယ်လို့ပြောရမလားပဲအပင်တွေဖြစ်မြောက်အောင်မြင်ခဲ့ပြီးသူ့အတွက်ရိက္ခာပမာဏကို တိုးမြှင့်နိုင်ခဲ့ပါတယ်။ကမ္ဘာ မဟုတ်ဘဲ Mars ပေါ်ဖြစ်နေတဲ့အတွက်ကြုံခဲ့ရတဲ့အခက်အခဲများဟာသာမန်လူတစ်ယောက်အတွက်တော့ကြောက်ရွံ့တုန်လှုပ်တဲ့စိတ် နဲ့တင် အရှုံးပေးလက်မြှောက်လောက်ပေမယ့်ဝပ်နေ ကတော့ အခက်အခဲတွေကို လက်တွေ့ကျကျကျော်ဖြတ်ပြသွားတာဟာတကယ့်ကိုအံ့မခန်းပါပဲ။ကမ္ဘာမြေပေါ်က ပညာရှင်တွေကလည်းဝပ်နေးကို အင်္ဂါဂြိုလ်ပေါ်က ပြန်လည်ကယ်တင်ဖို့အမျိုးမျိုးကြိုးစားခဲ့ကြတာဟာ လေးစားအတုယူဖို့ကောင်းလောက်ပါတယ်။ဒါပေမဲ့ ကမ္ဘာပေါ်ကကယ်ဆင်ရေးယာဉ်က အင်္ဂါဂြိုလ်ပေါ်ရောက်မယ့်အချိန်နဲ့ ဝပ်နေးရဲ့ ရိက္ခာကျန်ရှိရက်ဟာရက်ပေါင်းများစွာကွာဟနေတာကြောင့် ကယ်ဆင်ရေးယာဉ်မရောက်ခင်မှာပဲအစာပြတ်သေသွားနိုင်တာကြောင့်ပညာရှင်တွေအကြပ်ရိုက်နေတုန်း ...
movie
The Martian (2015)
4K HEVC
7.7
The Theory of Everything (2014)
The Theory of Everything (2014) Imdb - 7.7 / Rotten Tomatoes 80%ဒီဘက်ခေတ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး သိပ္ပံပညာရှင်တွေထဲကတစ်ဦးအဖြစ် လူသိများကြတဲ့ သီအိုရီရူပဗေဒပညာရှင် Stephen Hawking ရဲ့ အတ္ထုပတ္တိရုပ်ရှင်ဖြစ်တဲ့ ဒီဇာတ်ကားက Hawking ရဲ့ တက္ကသိုလ်ကျောင်းသားဘဝကစလို့ နာမည်ကျော်သိပ္ပံပညာရှင်ဖြစ်လာတဲ့အထိ သူ့ရဲ့ဘဝဇာတ်ကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ်။ Hawking အဖြစ်သရုပ်ဆောင်ထားတဲ့ Eddie Redmayne က ဒီဇာတ်ကားနဲ့ပဲ အော်စကာဆုကိုရရှိခဲ့ပါတယ်။Stephen Hawking ရဲ့ Biopic ရုပ်ရှင်ဖြစ်ပေမဲ့ နားလည်ဖို့ခက်ခဲလွန်းတဲ့ Black Hole သီအိုရီတွေ Quantum တွေကိုအသားပေးထားတာမဟုတ်ဘဲ Hawking နဲ့ ဇနီးဖြစ်သူ Jane တို့အကြားက ချစ်ခြင်းမေတ္တာတရားတွေ၊ သံယောဇဉ်အနိမ့်အမြင့် အတက်အကျတွေနဲ့အတူ Hawking ခံစားနေရတဲ့ Motor Neuron ရောဂါကို နှစ်ဦးသားအတူရင်ဆိုင်ပြီး ဘဝကိုရှင်သန်ရှာဖွေခဲ့ကြပုံကို တင်ဆက်ထားတဲ့ ကြည်နူးဆွတ်ပျံ့ဖွယ်ဇာတ်လမ်းတစ်ပုဒ်လို့ပြောရင် ...
movie
The Theory of Everything (2014)
2014
The Beekeeper (2024)
ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie
The Beekeeper (2024)
4K HEVC
6.5
Kick-Ass 2 (2013)
Kick-Ass 2 (2013)IMDb Rating (6.5) / Rotten Tomatoes (32%)ဒီ Hero ကားလေးကတော့ ၂၀၁၀ က ထွက်ရှိခဲ့တဲ့ Kick Ass ရုပ်ရှင်ဇာတ်ကားရဲ့အဆက်အနေနဲ့ ၃ နှစ်အကြာမှာထပ်မံထွက်ရှိလာတဲ့ Kick Ass 2 ပဲဖြစ်ပါတယ်...ဇာတ်လမ်းကလဲ ဆက်စပ်ပြီးတော့ Kick Ass 2 ရဲ့အဓိကဗီလိန်ကတော့ Kick Ass 1 မှာ ပါဝင်ခဲ့တဲ့ Red Mist ဟာ Mother Fucker ဆိုတဲ့ နာမည်အဆန်းကြီးနဲ့ ပြန်လည်မွေးဖွားလာလို့ပါပဲ... (သူ့ဟာနဲ့သူတော့ဟုတ်နေတာပဲ...ဘာလို့လဲဆိုတော့ သူ့အမေကို မတော်တဆသတ်မိလိုက်လို့တဲ့ဗျာ....) သူ့ရဲ့ရည်ရွယ်ချက်ကတော့ရှင်းပါတယ်... သူ့အဖေကို ဘစူကာကြီးနဲ့မညှာမတာပစ်သတ်ခဲ့တဲ့ Kick Ass ကို မသေမချင်းပြန်သတ်ဖို့ပါပဲ... ဒါကြောင့် ကြေးစားလူမိုက်တွေအကုန်လိုက်စုစည်းပြီးတော့ အကြီးမားဆုံးရာဇဝတ်မှု့ကို ကျူးလွန်ကြတော့မှာပါ...ဒီ Kick Ass 2 မှာထူးခြားလာတာကတော့ Kick Ass တစ်ယောက်တည်း မျက်နှာဖုံးနဲ့မဟုတ်တော့ပါဘူး... Kick Ass 1 မှာကတည်းက Kick Ass ကိုသဘောကျထောက်ခံတဲ့လူတွေအများစုက သူ့တို့ကိုယ်တိုင်လည်းမျက်နှာဖုံးတွေဝတ်ပြီးတော့ မကောင်းမှုတွေကို လိုက်လံရှာဖွေနေကြတာကိုမြင်ရတော့မှာပါ... သူတို့ဟာ ဘာအစွမ်းအစမှမရှိပါဘူး...ဒါပေမယ့် ...
movie
Kick-Ass 2 (2013)
2013
4K HEVCHDR
The Fourth Kind (2009)
Resident evil, Hell Boy, Survivor, Expendables 3 အစရှိတဲ့ဇာတ်လမ်းကောင်းပေါင်းများစွာရဲ့ မင်းသမီးဖြစ်သူ Milla Jovovich က ယခုရုပ်ရှင်ကို ပြောင်မြောက်လှတဲ့ သရုပ်ဆောင် skillတွေနဲ့ ဇာတ်လမ်းကိုဦးဆောင်သရုပ်ထားပါတယ်။ ဒါအပြင် Star Trek , Evidence တို့ရဲ့ ပဲ့ကိုင်ရှင် Olatunde Osunsanmiကလည်း ယခုကားမှာ Director လုပ်ထားပြီး ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ဟိုတလောလေးကမှ အမေရိကန်နိုင်ငံက ဂြိုဟ်သားတွေရဲ့ တည်ရှိမှုကို အတည်ပြုပေးလိုက်တာဆိုတော့ အချိန်အခါနဲ့အားလျော်သွားအောင် CMကနေ ဂြိုဟ်သားရုပ်ရှင် ကောင်းကောင်းလေး ကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်တွေက သာမန်ဂြိုဟ်သားရုပ်ရှင်လို တိုက်တာခိုက်တာမျိုးမဟုတ်ပါဘူး။ Science Fiction Psychological horror thriller film ဆိုတော့ နက်နဲပြီး ကြောက်စရာကောင်းပြီး ထူးဆန်းထွေလာပုံစံမျိုး ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ကြည့်ပြီးသွားရင်တော့ သေချာပေါက် တွေးစရာ ၂ခုပေါ်လာမှာဖြစ်ပြီး အဆုံးမှာတော့ ...
movie
The Fourth Kind (2009)
6.5
Bridget Jones’s Baby (2016)
Bridget Jones's Baby (2016)~ IMDb - 6.5/10, RT - 78%, Meta - 59% ~ဘရစ်ဂျစ်တို့ တတိယမြောက်ကားကတော့ 2 အပြီး ၁၀နှစ်လောက်ကြာ 2016 ခုနှစ်မှာမှ ထွက်ခဲ့ပါတယ်။ 3 မှာတော့ Second Lead ဒယ်နီရယ်ပါမလာတော့ပါဘူး။ အဲဒီအစား နောက်ထပ်မင်းသားတစ်လက်ပါလာပါတယ်။2 မှာ ဘရစ်ဂျစ်တို့စုံတွဲက ပြန်တွဲခဲ့ပြီး ဇာတ်သိမ်းခဲ့ပေမယ့် 3 မှာတော့ သဘောထားမတိုက်ဆိုင်တာတွေဖြစ်ပြီး နှစ်ယောက်သားပြန်လည် လမ်းခွဲခဲ့ပါတယ်။ မာ့ခ်ကလည်း အခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုပြီး ကွာရှင်းလိုက်ပါသေးတယ်။ သူငယ်ချင်းတွေပါ အိမ်ထောင်အသီးသီးကျပြီး မိသားစုနဲ့ ဖြစ်နေချိန်မှာ ဘရစ်ဂျစ်က တစ်ကိုယ်တည်းပြန်ဖြစ်ပြီး အလုပ်ပဲလုပ်နေခဲ့ပါတယ်။အလုပ်ကသူငယ်ချင်းရဲ့ တိုက်တွန်းမှုကြောင့် ဂီတပွဲတစ်ခုကိုသွားရာကနေ အဲဒီမှာ အမှတ်မထင်တွေ့တဲ့လူတစ်ယောက်နဲ့အိပ်ခဲ့မိပါတယ်။ နောက်တော့ သူငယ်ချင်းရဲ့ကလေးကင်ပွန်းတပ်ပွဲမှာ မာ့ခ်နဲ့အတူ ခေါင်းကိုင်မိဘတွေလုပ်ရင်း မာ့ခ်နဲ့လည်းပြန်အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ သုံးခဲ့တဲ့အကာအကွယ်ပစ္စည်းတွေက ...
movie
Bridget Jones’s Baby (2016)
2016
7.0
Free Fire (2016)
Free Fire 2016ဒီဇာတ်ကားရဲ့ ထူးခြားချက်တစ်ခုကိုပြောပြပါဆိုရင်တော့ ပါသမျှသရုပ်ဆောင်တိုင်းက နာမည်ကြီးတွေဖြစ်နေတာပါပဲ။ Captain Marvel အဖြစ်လူသိများတဲ့ မင်းသမီးချော Brie Larson ရယ် Peaky Blinders ထဲက Thomas Shelby နေရာမှာ သရုပ်ဆောင်တဲ့ မင်းသားချောကြီး Cillian Murphy ရယ်၊ Call me by your name ထဲက မင်းသားအခန့်ကြီး Armie Hammer ရယ် အက်ရှင်ကားတွေနဲ့ဆို နာမည်ကြီးတဲ့သရုပ်ဆောင်တွေ အခြားရုပ်ရှင်ကားပေါင်းများစွာ ပါဝင်ထားတဲ့ အလန်းစားအက်ရှင်ဇာတ်ကြမ်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့... ဂျက်စတင်ဆိုတဲ့ကောင်မလေးတယောက် ဒုစရိုက်ဂိုဏ်းနှစ်ဂိုဏ်းအရောင်းအဝယ်ကိစ္စမှာကြားဝင်စေ့စပ်ရင်း ပြဿသနာသေးသေးလေးကနေစပြီး ပစ်ခတ်ကြတဲ့အခါမှာတော့ သေနတ်ပစ်ရတာပျော်နေတဲ့လူတွေကြား သူ့ခမျာပတ်ပြေးရပါတော့တယ်။ ပတ်လည်ရိုက်အောင် ပစ်ကြခတ်ကြလွန်းလို့ ကြည့်ရတဲ့သူတောင်မောလာစေမယ့်ဇာတ်ကားပါ။ နောက်ဆုံးတော့ ဒီလိုအရှုပ်ထုပ်တွေကနေ ဂျက်စတင်တစ်ယောက်ဘယ်လိုလွတ်မြောက်လာမလဲ။ ဒီအရှုပ်အရှင်းတွေကြားမှာ တယောက်ယောက်ကများ အကျိုးအမြတ်ရသွားမလားဆိုတာ.....။Action/Comedy/Crime အမျိုးအစားဖြစ်တာကြောင့် အက်ရှင်ကြမ်းကြမ်းတွေ အခွီတွေနဲ့ တကယ့်အလန်းစားဇာတ်ကားမျိုးပါပဲ။File size…(1.5 GB)/(650 MB) Quality…BluRay 1080p / 720p Format…mp4 Duration….01:30:34 Subtitle….Myanmar Subtitle ...
movie
Free Fire (2016)
5.3
Outside the Wire (2021)
Outside the Wire (2021)==================IMDb Rating - 5.3/10 ဒီနေ့အတွက် Netflix ကထွက်ရှိလာတဲ့ အလန်းစား Action, Fantasy ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ အရင်ဆုံးပြောချင်တာကတော့ Anthony Mackie ပါဝင်ထားပြီး . Damson Idrisနဲ့အတူ ဒိတ်ဒိတ်ကြဲအပြိုင်သရုပ်ဆောင်ထားတဲ့ ကားလေးပါ . ဒီကားအတွက်လည်း ဘတ်ဂျက်ကို အတော်အကုန်ကျခံရိုက်ကူးထားတယ်လည်းသိရပါတယ်။2021 ရဲ့ အစဟာ မူဗီချစ်ပရိသတ်တွေအတွက်တော့ အတော်လေးကျေနပ်စရာကောင်းလောက်မယ့်ကားကောင်းလေးတစ်ချို့ထွက်ရှိလာတာကိုလည်းတွေ့ရပါတယ်။ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ဟာ့ပ်ဆိုတဲ့ drone pilot တပ်သားတစ်ယောက်ဟာ drone ပစ်ခေတ်မောင်းနှင်ရာမှာအတော်လေးကျွမ်းကျင်ပြီးပစ်မှတ်ကိုတိတိကျကျပစ်ခတ်နိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် Mission တစ်ခုမှာ သူ့ရဲ့ စိတ်လောပြီးတဇွတ်ထိုးနိုင်တဲ့စိတ်ကြောင့် အမှားတစ်ခုကျူးလွန်မိပြီး . မိမိတပ်ဘက်ကစစ်သားတစ်ချို့ရဲ့ အသက်ပါ ပေးဆပ်လိုက်ရတာကြောင့် ဒဏ်ပေးခံရတဲ့အနေနဲ့ စစ်ဇုံတစ်ခုကိုအပို့ခံရပါတော့တယ်။ အဲ့ဒီ စစ်စခန်းရောက်မှ လီယိုနဲ့တွေ့ပြီးခက်ခဲကြမ်းတမ်းတဲ့ Mission ကို ရပ်တန့်ရင်ဆိုင်ရမှာကို ပစ်ကွင်းပစ်ကွက် အတိုက်အခိုက်တွေနဲ့ ရိုက်ပြသွားတာကိုကြည့်ရှုရမှာပါ။Anthony ဖန်တွေကတော့ အကြိုက်ဖြစ်ဦးမှာမလွဲပါဘူး။(ဒီဇာတ်ကားရဲ့ ...
movie
Outside the Wire (2021)
2021
5.7
Greed (2019)
England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်က...
movie
Greed (2019)
6.6
Juliet, Naked (2018)
အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့ Juliet, Naked ဆိုတဲ့ အင်္ဂလိပ်ဒရမ်မာကားလေးပါဒန်ကန်ဆိုတဲ့ လူဟာ တပ်ကာခရိုးဆိုတဲ့ ရော့ခ်အဆိုတော်ဟောင်းကို အရမ်းစွဲလမ်းပြီး ကြိုက်နှစ်သက်တဲ့ သူပါသူ့ရဲ့ စွဲလမ်းမှုတွေဟာ သူနဲ့အတူနေတဲ့ သူ့ရည်းစား အန်နီကို အရမ်းလွှမ်းမိုးခဲ့ပါတယ်အန်နီကတော့ သူ့အဖေပိုင်တဲ့ ပြတိုက်ကို ဦးစီးလုပ်ကိုင်ရင်းရော့စ်ဆိုတဲ့ မိန်းကလေးချင်းစိတ်ဝင်စားသူ ညီမဖြစ်သူကို အုပ်ထိန်းနေသူပါတစ်နေ့မှာတော့ Juliet, Naked ဆိုတဲ့ ခွေအကြမ်းသွင်းထားတဲ့ ခွေတစ်ခွေ ဒန်ကန်ဆီကို ရောက်လာရာကသူတို့နှစ်ေယာက်ရဲ့ အချစ်ရေးမှာ ဆူးညောင့်ခလုတ်တစ်ခု ဖြစ်လာပါတော့တယ်ဒီအခါ သူတို့ ဘယ်လိုဖြေရှင်းကြလဲဆိုတာနဲ့ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါဇာတ်ကားက ပိုအသက်ဝင်လာပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတော့တယ်IMDB 6.6 ထိရထားတဲ့ ဒရမ်မာကားကောင်းတစ်ကားဖြစ်လို့လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) File Size : (800 MB) and (380 MB) Quality ...
movie
Juliet, Naked (2018)
2018
5.6
High-Rise (2015)
High-Rise (2015)IMDb - 5.6/10_____Rotten - 60% "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie
High-Rise (2015)
2015
6.2
Next (2007)
Next (2007) =======ဒီတစ်ခါ တင်ဆက်မဲ့ကားကတော့ Nicolas Cageရဲ့ ရွှေခေတ်တုန်းက အက်ရှင်ကားတစ်ကားပါ။ဘဝမှာ နောက်ထပ်ပြီး နောက်ထပ် ဘာပြီးရင် ဘာတွေဖြစ်မလဲ ကြိုသိနေကြရင် ဘာတွေများဖြစ်လာပါမလဲ... အနာဂတ်နဲ့ ပက်သက်တဲ့ပြဿနာတစ်ခုက အနာဂတ်ကို ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကြည့်လိုက်တဲ့အတွက် အနာဂတ်က ပြောင်းလဲသွားတာပါပဲ....။ ဒီဇာတ်လမ်းကတော့ အနာဂတ်ကို မြင်နိုင်တဲ့လူတစ်ယောက်ရဲ့ စွန့်စားခန်းတစ်ခုကို ရိုက်ကူးပြသထားတဲ့ဇာတ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂတ်ကို အရှေ့၂မိနစ် ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာတစ်ယောက်ရှိပါတယ်။ တစ်ဖက်မှာလည်း FBI ဟာ နျူကလိယား တိုက်ခိုက်မှုတစ်ခုကိုကို ဖြေရှင်းနေရပါတယ်။ဒီလိုနဲ့ FBI က အရှေ့ကို ၂မိနစ်ကြိုမြင်နိုင်တဲ့ မျက်လှည့်ဆရာကို သတိထားမိပြီး သူ့ကို အသုံးချဖို့လုပ်ပေမဲ့.. မျက်လှည့်ဆရာဟာ သူမလုပ်နိုင်တာကြောင့် ထွက်ပြေးခဲ့ပါတယ်။ FBI နဲ့ အကြမ်းဖက်သမားတွေက သူ့ကို ထောင်ဖမ်းကြပေမဲ့ ရှေ့၂မိနစ်ကြိုမြင်နေရတဲ့အတွက် သူတို့ထက် နှာတစ်ဖျားသာနေတဲ့အခါမှာတော့ ဘယ်လိုတွေဆက်ဖြစ်သွားမလဲ....။ဒီဇာတ်ကားဟာ -Action, Sci-Fi, Thrillerအမျိုးအစား ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)File size__( 850 MB) and ( 350 MB) Quality__HD-Rip 720p IMDb Rating__6.2/10 Format__mp4 Duration__01:36:10 Type__Action, Sci-Fi, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt
movie
Next (2007)
2007
6.2
The Rum Diary (2011)
မင်းသားကြီး ဂျွန်နီဒပ်ကိုယ်တိုင်သရုပ်ဆောင် ထုတ်လုပ်သူအဖြစ် ဖန်တီးထားတဲ့ဇာတ်ကားပါ။ခေတ်သစ်ဂျာနယ်လစ်လောကကို ပြောင်းလဲစေခဲ့သူအဖြစ် နာမည်ကောင်းနဲ့ကျော်ကြားသလို တာတေလန်အောင်ဆိုးတဲ့ ဆိုးကွက်တွေနဲ့လဲ နာမည်ကြီးလှတဲ့ အမေရိကန် ဂျာနယ်လစ် Hunter S Thompson ရဲ့စာအုပ်ကို ရုပ်ရှင်ရိုက်ကူးထားတာဖြစ်ပါတယ်။Thompson ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလဲဖြစ်ပါတယ်။ဒီဇာတ်ကားဟာ ကျွန်တော့်အတွက်တော့ ထူးခြားနေခဲ့ပါတယ်။ဘာလို့ဆို ကျွန်တော်တို့ပုရိသယောကျင်္ားထုရဲ့ နတ်သမီးလေး Amber Heard ဆိုတဲ့မင်းသမီးလေးကို ဘိုးတော်ကြီးဂျွန်နီဒပ်ဟာ ဒီရုပ်ရှင်မှာခေါ်ရိုက်ပြီး လက်ထပ်ပစ်လိုက်တာပါ။ ဘိုးတော်နဲ့ အဲ့မင်းသမီးက အသက်နှစ်ဆယ်လောက်ကွာပါတယ်...so sad....ထားပါတော့...ခုတော့ဖြင့် သူတို့အတွဲလဲ ပြတ်ပြီး နောက်အတွဲတွေနဲ့ ကိုယ့်လမ်းကိုယ်လျှောက်နေကြပါပြီ။ ကျွန်တော့်မှာသာ ယောင်ရင်တောင် Amber Heard လို့ထယောင်တုန်း....သြော်..နှင်းပျောက်တဲ့နွေ။ File size(999 MB) Quality…Blu-Ray Rip 720p Format…mp4 Duration….01:57:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie
The Rum Diary (2011)
2011