Channel Myanmar

Enric Auquer

A House On Fire (2024)
A House On Fire (2024) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဒရာမာဇာတ်လမ်းလေးပဲဖြစ်ပါတယ်... ဇာတ်လမ်းကတော့ မွန်ဆယ်ဆိုတဲ့အမျိုးသမီးဟာ ကွဲကွာသွားခဲ့တာကြာပြီဖြစ်တဲ့ ခင်ပွန်းဟောင်း ကာလိုစ့်...သမီးဖြစ်သူ ဂျူလီယာ...သားဖြစ်သူ‌ ဒေးဗစ် တို့နဲ့အတူ ကမ်း‌ခြေကသူမပိုင်တဲ့အိမ်မှာ မိသားစုပြန်ဆုံစည်းဖို့ကြိုးစားတဲ့အကြောင်းကိုရိုက်ကူးထားတာပါမွန်ဆယ်ကသူမရဲ့အမေကိုရိပ်သာပို့ဖို့ ပိုက်ဆံလိုလို့ ကမ်းခြေကအိမ်ကိုရောင်းဖို့အတွက် ပစ္စည်းတွေသိမ်းရင်းနဲ့ မိသားစုပြန်စုံစည်းဖို့စီစဉ်ခဲ့တာပါ... မိသားစုပြန်စုံစည်းတဲ့အခါမှာတော့ ပျော်စရာတွေအပြင် မိသားစုအကြားအချင်းပွားစရာတွေဖြစ်လာတဲ့အခါမှာတော့....ဒီရုပ်ရှင်ကားလေးဟာ စပိန်မိသားစုတစ်ခုအကြား ချစ်ခြင်းမေတ္တာနဲ့အဆင်မပြေမှုတွေကို လှပသောကာရိုက်တာများဖြင့်ပုံဖော်ထားပြီး အဓိကအားဖြင့် မိခင်တစ်ယောက်ရဲ့ အချစ်ကြီးပုံနဲ့ ပေးဆပ်မှုတို့ကို တင်ဆက်ပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်...ခံစားကြည့်ကြပါခင်ဗျာ...File size…(1.5 GB)/(964 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Comedy, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM
movie

A House On Fire (2024)

Eye for an Eye (2019) 6.6
Eye for an Eye (2019)  IMDb Rating 6.6 ရရှိထားတဲ့ Eye for an Eye ဆိုတဲ့ ၂၀၁၉ ခုနှစ်ကထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဒရာမာ ပြစ်မှု သည်းထိတ်ရင်ဖိုအစရှိတဲ့ ရသအမျိုးမျိုးအထွေအထွေကိုပေါင်းစပ်ရိုက်ကူးထားပြီး ကြည့်ရကျိုးနပ်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအစမှာတော့ပါဒင်ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ လှုပ်ရှားနေပုံတွေကိုတွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အဖေဖြစ်သူကတော့ ထောင်ကျနေရာကနေကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ဖို့ထောင်ထဲကထွက်လာခဲ့ပါတော့တယ်။ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ဖြစ်တဲ့သူက မကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့သူရောင်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ သေခဲ့ရတဲ့လူတွေမနည်းလို့ပါပဲ။မာရီယိုဆိုတဲ့ လူတစ်ယောက်ကလည်း သူ့ညီကိုမူးယစ်ဆေးကြောင့်ဆုံးရှုံးခဲ့ရဖူးပါတယ်။ဖြစ်ချင်တော့ မာရီယိုကမစ္စတာပါဒင်လာရောက်နေထိုင်တဲ့သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကသူနာပြုဖြစ်နေတဲ့အခါမှာတော့သူတို့နှစ်ယောက်တွေ့ကြပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရမလဲဆိုတာကိုကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။ File size…1.65GB / 728MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 47m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Eye for an Eye (2019)