Channel Myanmar

Ennis Esmer

Fight Another Day (2024) 5.8
Fight Another Day (2024)  ဒီဇာတ်ကားလေးကတော့ ၂၀၂၄ မှာ ထွက်ရှိခဲ့တဲ့ အမေရိကန်အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ခရိုနိုကွန်းဆိုတဲ့နည်းပညာနဲ့ဆေးဝါးကုမ္ပဏီကြီးက အနာဂတ်ကမ္ဘာကြီးကိုလွှမ်းမိုးထားပါတယ်။ သူတို့က စိတ်ငြိမ်ဆေး၊ စိတ်ကြွဆေးအမျိုးမျိုးကိုလည်း တရားဝင်ထုတ်လုပ်နေသူတွေပါ။သူတို့ရဲ့ တီဗီအစီအစဥ်ဖြစ်တဲ့ Fight Another Day အစီအစဥ်ကလည်း နာမည်ကြီးပါပဲ။Fight Another Day ဆိုတဲ့ အစီအစဥ်ကတော့ အတိတ်ခေတ်အဆက်ဆက်က ထင်ရှားသူတွေ၊ သူရဲကောင်းတွေ၊စစ်သည်တော်တွေကို အချိန်ခရီးသွားစက်နဲ့ ဆင့်ခေါ်ပြီးတော့အချင်းချင်း အခန်းတစ်ခုထဲထည့်ပြီး သေဆုံးတဲ့အထိ တိုက်ခိုက်ခိုင်းတဲ့အစီအစဥ်တစ်ခုပါ။ဒီလိုနဲ့ အတိတ်မှာ သေဆုံးသွားပြီဖြစ်တဲ့ နာမည်ကြီးရဲ အရာရှိတစ်ယောက်ဖြစ်တဲ့ ရိုင်ယန်ကိုလည်း အစီအစဥ်ကို ဆင့်ခေါ်လိုက်ပါတော့တယ်။ ရိုင်ယန်ကတော့ အတိတ်ဘဝကမတရားမှုတွေ အကြမ်းဖက်မှုတွေကို တိုက်ဖျက်တဲ့နေရာမှာနာမည်ကြီးတဲ့ ရဲအရာရှိတစ်ယောက်ပါ။ဒီဇာတ်ကားလေးမှာတော့ ရိုင်ယန်တစ်ယောက် အနာဂတ်ကတီဗီအစီအစဥ်တစ်ခုမှာ ဘယ်လိုရှင်သန်ဖို့ကြိုးစားမလဲ၊ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ရာ ကြည့်ရှုကြရမှာပါ။  File size… (1.11GB) / (647MB) Quality… WEB-DL 1080p HEVC , 720p Format…mkv / mp4 Duration….1h 37m Genre …..  Action ...
movie

Fight Another Day (2024)

I Used to Be Funny (2023) 6.4
I Used to Be Funny (2023)  I used to be funny(2023) ဒီကားလေးကတော့ လူရွှင်တော်အမျိုးသမီး ဆမ် ဟာ လူရွှင်တော်အဖြစ် မရပ်တည်နိုင်လောက်တဲ့အထိ စိတ်ဒဏ်ရာတွေရခဲ့တဲ့အကြောင်းကို ရိုက်ကူးထားတဲ့ကားလေးပဲ ဖြစ်ပါတယ်။ဆမ် ဟာ ဟာသပြောတဲ့နေရာမှာတော်ပြီး အမှန်ကိုတည့်တိုးပြောတတ်တဲ့မိန်းကလေးတစ်ယောက်ဖြစ်ပါတယ်။သူဟာ လူရွှင်တော်အပြင် ဆယ်ကျော်သက်တွေကိုထိန်းကျောင်းပေးတဲ့အလုပ်ကိုလဲလုပ်ပါတယ်။တနေ့မှာတော့မိသားစုမေတ္တာကိုလုံလောက်စွာမရတဲ့ဆယ်ကျော်သက်ပီပီ စိတ်မငြိမ်ဖြစ်နေတဲ့ ဘရွတ်ကလင်ဆိုတဲ့ကောင်မလေးကိုထိန်းကျောင်းပေးဖို့ အကြောင်းဖန်လာပါတယ်။သူတို့နှစ်ယောက်ကလွယ်လွယ်ကူကူနဲ့ပဲ သူငယ်ချင်းဖြစ်လာကြပါတယ်။တစ်နေ့မှာတော့ တည်ငြိမ်နေတဲ့ရေမျက်နှာပြင်ကိုကျောက်တုံးပစ်ချလိုက်သလို ဆမ်ဟာ ကံဆိုးမှုနဲ့ ကြုံရပါတော့တယ်။ကံဆိုးမှုတွေကိုရင်ဆိုင်နိုင်ခဲ့ပေမဲ့လဲ စိတ်ဒဏ်ရာတွေက ကျန်ခဲ့တာမိုလို့သူမဟာအရင်လိုရယ်စရာကောင်းတဲ့သူတစ်ယောက်မဟုတ်တော့ပါဘူး။သို့သော်လည်း စိတ်မတင်မကျဖြစ်နေတဲ့အရာကို ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ နောက်ဆုံးမှာ သူမက အရင်လို ရယ်ရတဲ့လူရွှင်တော်ဖြစ်လာမှာလား သူစိတ်ဒဏ်ရတွေက healing ဖြစ်လားမလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်မဲ့ကားလေးဖြစ်ပါတယ်။ဒီကားလေးက ဖြည်းဖြည်းချင်းဆွဲဆောင်သွားတဲ့ကားလေးမိုလို့သေချာကြည့်သွားမယ်ဆိုရင် ဇာတ်ကားထဲနစ်ဝင်သွားနိုင်တဲ့အထိrating 6.4ရထားတဲ့ကားလေးပဲဖြစ်ပါတယ် ။ File size… (1.44GB) / (793MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 45m Genre ….. Comedy , Drama Subtitle….Myanmar Subtitle ...
movie

I Used to Be Funny (2023)

Boot Camp (2024) 5.4
Boot Camp (2024)  ဒီတစ်ပတ် recommend ပေးချင်တာကတော့ ပေါ့ပေါ့ပါးပါး လူငယ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ နာမည်ကြီး ဝတ္တု platform ဖြစ်တဲ့ Wattpad က ရိုက်တဲ့ ကားမို့ ဝတ္တု မဖတ်ထားဖူးတဲ့သူတောင် ကြည့်ရတာပျော်စေမဲ့ ကားလေးပါ။ဇာတ်လမ်း အကျဉ်းလေးကတော့ ဝစ်နီ ကာမိုက်ကယ်ဆိုတဲ့ကောင်မလေးက ကျောင်းကပွဲမှာ သူ့ငယ်ချစ်ဦးက သူနဲ့တွဲကဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ငယ်ချစ်ဦးက အရှက်ခွဲတာကို ခံလိုက်ရပါတယ်။ အဲ့ဒီအတွက် သူ့ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ဆိုပြီး လေ့ကျင့်ရေး စခန်း မှာ နွေရာသီ လေ့ကျင့်ရေး အတွက် နာမည် စာရင်းသွင်းလိုက်ပါတော့တယ်။ကျောင်းကပွဲ မှာ ငယ်ချစ်ဦးရဲ့ မပြတ်သေးတဲ့ ရည်းစား ကြောင့် အရှက်ကွဲခဲ့ရလို့ မတွေ့ချင်ပါဘူး ဆိုကာမှ အဲ့ကောင်မကို စခန်းမှ တည့်တိုးတာ ရယ် နဲ့ ဝစ်နီ တစ်ယောက် ဒီနွေရာသီ လေ့ကျင့်ရေးစခန်းမှာအဆင်ပြေပါ့မလား ဆိုတာတော့ ပိတ်ကားမှာ ...
movie

Boot Camp (2024)

Miss Sloane (2016) 7.5
Miss Sloane (2016) Miss Sloane (2016)အယ်လီဇဘတ် ဆလွန်းဟာ အောင်မြင်တဲ့မဲဆွယ်သူတစ်ယောက်ဖြစ်ပြီးတော့ သူရဲ့အလုပ်ပေါ်အရမ်းရူးသွပ်တဲ့သူဖြစ်ပါတယ်။ စိတ်ဓါတ်မာကြောပြီး ကိုယ့်ရဲ့အောင်မြင်မှုအတွက်ဆို ဘယ်သူ့ကိုမှမငဲ့ညှာတတ်တာကြောင့် နိုင်ငံရေးနယ်ပယ်မှာ သူ့ကိုမုန်းတီးနေသူတွေလည်းအများကြီးပါပဲ။အမေရိကမှာ သေနတ်ပစ်ခတ်မှုတွေအမြဲဖြစ်ပျက်နေပြီး နစ်နာသူအများစုက ဆယ်ကျော်သက်လူငယ်တွေ၊ ကလေးသူငယ်တွေပါပဲ။ ဒါကိုရပ်တန့်ဖို့အတွက်ဆိုရင် အမေရိကမှာ သေနတ်တွေကို အလွယ်တကူဝယ်ယူနိုင်တာကို ထိန်းချုပ်ဖို့လိုအပ်တယ်လို့ လူအများစုကထင်မြင်ကြပါတယ်။ အဲဒါကြောင့် သေနတ်ရောင်းတဲ့အခါ ဝယ်သူရဲ့ နောက်ခံအချက်အလက်ကိုစီစစ်ပြီး မှတ်တမ်းတင်ထားဖို့ ဥပဒေတစ်ခု လွှတ်တော်ကိုတင်သွင်းခဲ့ပါတယ်။ ဆလွန်းဟာ အဲဒီဥပဒေအတွက်မဲဆွယ်သူအဖြစ်တာဝန်ယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေကိုဆန့်ကျင်တဲ့သူတွေက ဆလွန်းရဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကိုပါသုံးပြီး ဆလွန်းကိုတိုက်ခိုက်လာကြပါတော့တယ်။ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့ ဆလွန်းက ဒီပြဿနာတွေကို ဘယ်လိုလှည့်ကွက်တွေနဲ့ ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကြည့်ရှုရမှာပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Yee Wai ပါ။)File Size          : 1.8GB, 675MB, 382MB Quality            :1080p Blu-ray AAC ...
movie

Miss Sloane (2016)

2016
What If (2013) 6.8
What If (2013) What If (2013) Genre – Comedy, Romance IMDB – 6.8/10“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ်ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်”ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာကဒီသီချင်းလေး ဖြစ်နေလို့။အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကိုတွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင်ဘယ်လိုတွေဆက်လုပ်ကြမလဲ...လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား...မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား…ဝေခွဲမရဖြစ်မှာ သေချာပါတယ်။တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြောတလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်းကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ်ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ်ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့အခက်သားမဟုတ်လား…။သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်းရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ်ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့ကမျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ…ဘာဆက်လုပ်ရမလဲ…။ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီးဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ဒယ်နီရယ်ရတ်ကလစ်ဖ် ...
movie

What If (2013)

2013
Brace for Impact (or) Final Destiny (2016) 4.8
Brace for Impact (or) Final Destiny (2016) Brace for Impact (or) Final Destiny (2016) ============================== Thriller IMDb – 4.8/10ဒီတစ်ခေါက် ပရိတ်သတ်ကြီးကို လေယာဉ်ပျက်ကျမှုအကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ Thriller ဆန်ဆန် ဇာတ်လမ်းကောင်းလေး တစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့.. ရာထူးက ရပ်နားခံထားရတဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေး ရတဲ့အေးဂျင့်ဖြစ်တဲ့ ဆိုဖီယာတစ်ယောက် ရာထူးက ရပ်နားခံရပြီး အားလပ်ရက်ရထားတာကြောင့် သူ့အစ်ကိုနဲ့အတူတူလေယာဉ်စီးဖို့ လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လေယာဉ်ပျက်ကျတာတွေကို စစ်ဆေးရတဲ့ အေးဂျင့်ပီပီ လေယာဉ်ထွက်ခါနီးမှာပျက်ကျမှာကို စိုးရိမ်ပြီး ဆင်း လာခဲ့ပါတယ် သူ့အစ်ကိုကိုကတော့ လေယာဉ်ပေါ်မှာ ပါသွားတာပေါ့။အဲဒီလေယာဉ်ဟာ ပျက်ကျသွားတဲ့အချိန်မှာတော့ ဆိုဖီယာတစ်ယောက် ရာထူးရပ်နားခံထားရပေမဲ့ အေးဂျင့်တစ်ယောက်ရဲ့စိတ်ခံစားမှုအရ ဒီကိစ္ စကို သူ့ဘာသာစတင် စုံစမ်းပါတော့တယ်။ စုံစမ်းစစ်ဆေးနေတဲ့အချိန် အတွင်း ဆိုဖီယာဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ရမလဲ၊ သဲလွန်စတွေ က များလွန်းလို့ သူရှာတွေ့ထားတာက တကယ့်ကိုခိုင်လုံတဲ့သဲလွန်စဖြစ် ရဲ့လား။ ဒီလေယာဉ်ပျက်ကျမှုနောက်ကွယ်က ဖြစ်ရပ်မှန်ကို တကယ်ဖော် ထုတ်နိုင်မှာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ကြည့်ရှူရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်)File Size..........(1.62 GB) / (600 MB) / (337 MB) Quality............WEB-DL 1080p / ...
movie

Brace for Impact (or) Final Destiny (2016)

2016
[18+] Young People Fucking (2007) 6.3
[18+] Young People Fucking (2007) Dark Side Production မှတင်ဆက်သည်။IMDb (6.3)ဒီဇာတ်ကားလေးကတော့ လိင်ကိစ္စတက်ကြွနေဆဲဖြစ်တဲ့ လူငယ်လေးတွေရဲ့ သဘာဝကို ဟာသနှောပြီး ရိုက်ပြထားပါတယ် ဇာတ်ကားထဲမှာ စုံတွဲ ၅တွဲပါဝင်ထားပြီး တစ်တွဲနဲ့တစ်တွဲရဲ့ လိင်ဆက်ဆံဖြစ်ပုံလေးတွေကလည်း မတူညီကြပါဘူး ။ ပြီးတော့ ဝမ်းသာစရာက..... ဇာတ်ကားတစ်ကားလုံးကလဲ ကုတင်ပေါ်မှာတင် အဆုံးသတ်သွားတာဆိုတော့ကာ........၁)Friends ပထမစုံတွဲက သူငယ်ချင်းတွေပါ ။ငယ်ငယ်တည်းက ရင်းနှီးခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ပြီး လိင်ကိစ္စအာသာပြေဖို့ သက်သက်သာ ဆက်ဆံကြမှာပါ။၂)Room-mate ဒုတိယအတွဲကတော့ ဆန်းကျယ်စွာပါပဲ လူ ၃ယောက် ဖြစ်နေတာပါ။ သူ့ကောင်မလေးကို သူ့အခန်းဖော်က လိင်ဆက်ဆံတာကို ထိုင်ကြည့်ချင်တာပါတဲ့.....၃)The couple တတိယစုံတွဲကတော့ လင်မယားတွေပါ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် မရိုးသွားအောင်လို့တဲ့ ကျွန်တော်တို့ စိတ်ကူးထဲမှာတောင် မယဉ်ဘူးတဲ့ ဆန်းကျယ်လှတဲ့ နည်းလမ်းတစ်မျိုးနဲ့ Sex ကိစ္စလုပ်ကြမှာပါ.......၄)The exesဒီ စတုတ္ထအတွဲကတော့ လင်မယားဟောင်းတွေပါ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲခဲ့ကြပြီးမှ ပြန်တွေ့ကြတဲ့အခါ.....ခံစားချက်ရမ္မက်ကြီးမားစွာနဲ့..........ချစ်ရည်လူးကြမှာပါ....၅)The first date ဒီနောက်ဆုံးအတွဲကတော့ ပထမဆုံးအကြိမ်ချိန်းတွေ့ကြတာပါ ပထမဆုံးအကြိမ်ဆိုပေမယ့် ယောကျာၤးလေးရဲ့ မိန်းမတွေနဲ့ ပတ်သက်တဲ့ စကေးကြမ်းမှု ကြောင့်.....ကုတင်ပေါ်ရောက်သွားကြတဲ့အခါ.......။(ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကတော့ Dark Side Production မှ Triple X ဖြစ်ပါတယ်။)  File size…(1.7 GB) and (1 GB) Quality…BluRay 1080p and ...
movie

[18+] Young People Fucking (2007)

2007
1080p Untouched