Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emmy Raver-Lampman
6.4
Gatlopp (2024)
thriller ကို comedy အနှောနဲ့ မပျင်းရအောင် ရိုက်ကူးထားတဲ့ဒီဇာတ်လမ်းကိုတော့ အဓိကသရုပ်ဆောင်အနေနဲ့Emmy Raver-Lampman (ဆမ်) ၊Jim Mahoney(ပေါလ်)၊ Jon Bass (ကလစ်ဖ်)၊ Sarunas J. Jackson (ထရိုင်)Shelley Hennig (အဲလစ်) တို့က သရုပ်ဆောင်ထားပါတယ်။သူငယ်ချင်းဟောင်းတွေ တစ်ညတာပြန်လည်ဆုံစည်းပြီးဂိမ်းဆော့ကြပေမဲ့ သူတို့ကစားတဲ့ဂိမ်းက သာမန်မဟုတ်နေခဲ့ပါဘူး။ Gatlopp ဆိုတဲ့ မြွေနဲ့လှေကားလိုဂိမ်းကအံစာတုံးပစ်၊ ကတ်တွေထဲမေးခွန်းတွေကိုဖြေရတဲ့ ရိုးရိုးဂိမ်းလို့ထင်ရပါတယ်။ ဒါပေမဲ့ တစ်ယောက်ပြီး တစ်ယောက်ရဲ့လျှို့ဝှက်ချက်တွေကို ဖြည်းဖြည်းဖော်ထုတ်လာပြီးအချင်းချင်းကြားက ကိစ္စတွေကို ပိုကောင်းစေမှာလားပိုဆိုးစေမှာလား မသဲကွဲတဲ့အဖြစ်အပျက်တွေကြုံရပါတော့တာပါပဲ ဂိမ်း type မျိုးကိုသဘောကျပြီး supernatural၊ပေါ့ပေါ့ပါးပါး စိတ်လှုပ်ရှားရတာမျိုး ကြိုက်တတ်တဲ့သူဆိုရင် သေချာပေါက်အကြိုက်တွေ့မဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပါပဲ။ rating လည်း 6.4 ရရှိထားပါတယ်။ File size… (1.19 GB) / (686 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv ...
movie
Gatlopp (2024)
The Beekeeper (2024)
ကတုံးမင်းသား ဂျေဆင်ရဲ့ ရုံတင်အက်ရှင်ကားအသစ်လာပါပြီ။ Equalizer နဲ့ John Wick နဲ့ Jason Bourne စပ်ကျထားတဲ့ သားပေါက်လေးလိုပဲ ကြမ်းပါတယ်။ ဒါရိုက်တာက Suicide Squad ရဲ့ဒါရိုက်တာ David Ayer ပါ။ ဇာတ်ညွှန်းရေးဆရာက Equilibrium တို့ Law Abiding Citizen တို့ကိုရေးတဲ့ Kurt Wimmer ပါပဲ။ဇာတ်လမ်းအကျဉ်းဘယ်ထောက်လှမ်းရေး အစိုးရအဖွဲ့မှာမှ စာရင်းမဝင်တဲ့ ပျားမွေးသမားတွေဆိုတဲ့ လျို့ဝှက်အဖွဲ့က ဆရာကြီးတစ်ယောက်က အငြိမ်းစားယူပြီး ပျားတကယ်မွေးစားနေပါတယ်။ သူ့ကို ဂိုထောင်လေးငှားပေးထားပြီး ကျွေးမွေးထားတဲ့ အငြိမ်းစားဆရာမကြီးတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ အွန်လိုင်းလူလိမ်အဖွဲ့တစ်ဖွဲ့က ဆရာမကြီးရဲ့တစ်သက်လုံးစုထားတဲ့ငွေတွေရော ပရဟိတရန်ပုံငွေတွေရော သန်းချီပြီး လိမ်လည်သွားပါတော့တယ်။ လူလိမ်အဖွဲ့ကို ဆုံးမဖို့ လိုက်ရင်းနဲ့ သူလိုက်တဲ့လူလိမ်တွေက အဖွဲ့ခွဲလေးပဲဆိုတာသိသွားတဲ့အခါ နောက်ကွယ်ကလူတွေနောက်ကိုလိုက်စုံစမ်းရင်းနဲ့ ပိုပိုအင်အားကြီးတဲ့အဖွဲ့တွေနဲ့ တွေ့ရပါတော့တယ်။ ဘယ်လောက်ကြီးကြီး သူ့ကိုမနိုင်ကြပါဘူး။ ဘယ်လောက်များများ သူပဲနိုင်ပါတယ်။ ဂျွန်ဝစ်တို့လို ...
movie
The Beekeeper (2024)
4K HEVC
6.7
Dog (2022)
ဘရစ် ဆိုတဲ့ အမေရိကန်လေထီးတပ်သားဟောင်းတစ်ယောက်ဟာ ဦးနှောက်ထိခိုက်ဒဏ်ရာကြောင့် စစ်တပ်က အငြိမ်းစားယူလိုက်ရပါတယ်။ ပြီးတော့ လုံခြုံရေးဝန်ထမ်းအဖြစ် အလုပ်ပြန်လျှောက်ချင်ပေမဲ့ ဆေးမှတ်တမ်းတွေကြောင့် အလုပ်မရနိုင်ဖြစ်နေတယ်။ သူအရမ်းလိုချင်တဲ့အလုပ်ကိုရဖို့ သူ့ရဲ့ ဗိုလ်ကြီးဆီက ထောက်ခံချက်လိုနေတယ်။ ဒီတော့ သူ့ရဲ့ ကပ္ပတိန်ဆီကို အကူအညီသွားတောင်းချိန်မှာ သူ့ကို အပေးအယူအနေနဲ့အကူအညီတစ်ခုပြန်တောင်းခံလိုက်ရတယ်။ ဒါကတော့ သူနဲ့အတူ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ခွေးမလေး လူလူ အတွက်ပါပဲ။ လူလူရဲ့ခွေးထိန်း ရိုင်လီဟာ သူ့ကိုယ်သူ သတ်သေသွားခဲ့တာမို့ သူ့ရဲ့ ဈာပနမှာ ရိုင်လီရဲ့မိသားစုတွေက ခွေးမလေး လူလူကို ရှိစေချင်ကြတယ်။ ဒါပေမဲ့ လူလူကလည်း အခြားခွေးထိန်းတွေ ရဲဘော်တွေကို အပြင်းအထန်ဒဏ်ရာရအောင် ကိုက်ခဲ့ တိုက်ခိုက်ခဲ့တာမို့ တိရစ္ဆာန်ဆရာဝန်တွေက ကုမတဲ့ စိတ်ဒဏ်ရာအဆင့်သတ်မှတ်ပြီး ဈာပနအပြီးမှ ဆေးထိုးသတ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။ ဘရစ်ရဲ့တာဝန်ကတော့ နိုင်ငံတစ်ဝက်လောက်ကိုဖြတ်ပြီး အရမ်းကြမ်းတမ်းနေတဲ့ လူလူကို ကားနဲ့တင်ပြီး ဈာပနကိုအပို့၊ အပြင်မှာ လူလူသေရမယ့် စခန်းကို ပို့ရမှာပဲ ...
movie
Dog (2022)
Blacklight 2022
မင်းသားကြီး လီယံနယ်ဆန်ရဲ့ ရုပ်ရှင်အသစ်လေး ကြည့်ရအောင်။ အိုဘီဝမ်ကီနိုဘီနဲ့ဘတ်မန်းရဲ့ဆရာ့ မိသားစုကို ပြဿနာရှာရဲတဲ့လူမိုက်တွေ ထပ်ပေါ်လာပြန်ပါပြီ။ ဒီရုပ်ရှင်မှာတော့ ဗီယက်နမ်စစ်ပြန်ကြီး ထရက်ဗစ် ဘလော့ခ်ပေါ့။ အက်ဖ်ဘီအိုင်မှာ စာရင်းမဝင်တဲ့ မှောင်ခိုစစ်ဆင်ရေးတွေကို လုပ်ပေးနေတဲ့သူပါပဲ။ အက်ဖ်ဘီအိုင်ရဲ့ အကြာကြီး အသွင်ယူနေရတဲ့ အေးဂျင့်တွေကို ကူညီဖို့ ကယ်ထုတ်ဖို့ တာဝန်တွေကိုယူထားရတဲ့သူပါ။ တစ်နေ့မှာတော့ အသွင်ယူအက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက်က သတင်းထောက်တစ်ယောက်ကို အရေးကြီးသတင်းကြီးတစ်ခု ဖွင့်ချမယ်ဆိုပြီး ဆက်သွယ်လာတယ်။ အဲဒီအေးဂျင့်ကို အထက်က လိုက်ဖမ်းခိုင်းတော့ ထရက်ဗစ်ကလိုက်ဖမ်းရင်း အမည်မသိလူတွေရဲ့လက်ချက်နဲ့ အေးဂျင့်အသတ်ခံလိုက်ရပါတော့တယ်။ သူမသေခင်မှာ သတင်းထောက်မလေးနဲ့ ထရက်ဗစ်ကို ပြောသွားတဲ့ လျို့ဝှက်ချက်တစွန်းတစကြောင့် အက်ဖ်ဘီအိုင်ရဲ့ ညွှန်ချုပ်နဲ့ ရန်သူဖြစ်လာတဲ့အခါ....File size…(1.4 GB)/(650 Mb)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:44:00 Genre...Action, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson
movie
Blacklight 2022