Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emmanuelle Devos
6.5
How to Make a Killing (2024)
ဒါရိုက်တာ Franck Dubosc ရိုက်ကူးထားတဲ့ပြင်သစ်လူသတ်ကားလေးတစ်ကားဖြစ်ပါတယ် ။လူသတ်ကားဆိုပေမဲ့ comedy ဆန်ဆန်သွားထားပြီးထင်းရှူးစိုက်ရောင်းတဲ့ လူတစ်ဦးဟာ နှင်းတဖွဲဖွဲခရစ္စမတ်အကြိုနေ့လေးမှာ ကားမောင်းလာရင်းကနေလမ်းပေါ်တက်လာတဲ့၀က်ဝံကိုအရှောင် လမ်းဘေးမှာရပ်ထားတဲ့ကားကို၀င်တိုက်လိုက်မိရာမှာ အထဲမှာရှိနေတဲ့စုံတွဲကို မတော်တဆသတ်လိုက်မိပါတယ် ။အစကတည်းက နပ်မှန်အောင်ရုန်းကန်နေရတဲ့ဘ၀တွေဆိုတော့ အာမခံငွေကြေးလဲမတတ်နိုင်တဲ့အခါမှာမှုခင်း၀တ္ထုတွေဖတ်ရတာကြိုက်တဲ့ သူ့မိန်းမကခေါင်းရှောင်ဖို့အတွက်အကြံပေးလာတယ် ။ထူးဆန်းတာက သေသွားတဲ့စုံတွဲမှာ ယူရိုငွေနှစ်သန်းတောင်ရှိနေတာပဲ ။ ပြီးတော့ ထပ်ဖြစ်လာတဲ့လူသေမှုတွေကြောင့် ပထမဆုံးသံသယ၀င်ခံရမဲ့လူတွေအနေနဲ့သူတို့လင်မယားရှောင်ရင်းကွင်းရင်းကနေပြီးတော့လိမ်ဆင်ကပိုပိုပြီးကြီးထွားသွားကာ အန္တာရယ်များတဲ့နယ်ပယ်တွေထဲကို ကျရောက်လာတော့တယ် ......အဲ့ငွေနှစ်သန်းက ဘယ်ကအရင်းခံတာလဲ .........သူတို့လင်မယားကရော ရဲလက်ထဲကနေ ဘယ်လိုလွတ်အောင်ရှောင်ကြမလဲ ......ဒါတွေကိုတော့ ဆက်ကြည့်ရှု့လိုက်ကြပါနော် ။ File size… (1.52 GB) / ( 906 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 49m Genre …..Comedy , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Thet ...
movie
How to Make a Killing (2024)
The Dreamer (2024)
ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ဘာသာစကားပြော Romance,drama ဇာတ်ကားလေးပါ.... အသက် ၆၀ အရွယ်ရှိပြီးတော့ မျက်လုံးတစ်ဖက်ပဲရှိတဲ့ ရာဖဲလ်ဟာ သူ့မိခင်နဲ့အတူနေထိုင်ပါတယ်....သူဟာစံအိမ်ကြီးတစ်အိမ်ကိုကြည့်ရှုစောင့်ရှောက်နေရသူဖြစ်ပြီး စံအိမ်ကြီးရဲ့ပိုင်ရှင်ဆုံးပြီးကထဲက သူတို့သားအမိနှစ်ယောက်ပဲ အေးအေးဆေးဆေးနေထိုင်လာခဲ့ကြပါတယ်.....မိုးတွေသည်းနေတဲ့တစ်ည စံအိမ်ကြီးရဲ့အမွေခံဖြစ်သူ ဂဲရန်စ့်ချပ်တဲလ်ဆိုတဲ့ အမျိုးသမီး အိမ်ကိုပြန်ရောက်လာတဲ့အခါမှာတော့ ရာဖဲလ်ရဲ့တည်ငြိမ်နေတဲ့ဘဝလေးစတင်လှုပ်ခတ်လာပါတော့တယ်....File size…(1.2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Akm
movie
The Dreamer (2024)
The Beat That My Heart Skipped (2005)
သောမတ်စ်ဆေယာဟာ ပီယာနိုတီးရာမှာပါရမီပါတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ သူ့အမေဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်ခဲ့တော့ပဲ သူ့အဖေရော့ဘတ်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးအလုပ်ကိုပဲလုပ်ကိုင်ခဲ့ပါတယ် သူတို့လုပ်တဲ့အလုပ်ဆိုတာကလည်း ဖြူဖြူစင်စင်သန့်ရှင်းရှင်းမဟုတ်ဘဲ ဒုစရိုက်ဆန်ပါတယ်တစ်ရက်မှာ သူ့အမေရဲ့မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ မစ္စတာဖော့ခ်စ်နဲ့ပြန်လည်တွေ့ဆုံပြီး ဖော့ခ်စ်က တွမ်မှာပါရမီပါတာကိုသိတာကြောင့် လူရွေးပွဲဝင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ် မိခင်ဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်တော့တဲ့ တွမ်တစ်ယောက် နှစ်တွေအကြာကြီးနေမှပီယာနိုပြန်တီးရတဲ့အခါ သူ့ကိုအနီးကပ်လေ့ကျင့်ပေးဖို့ဆရာမလေးတစ်ယောက်ကိုငှားရပါတော့တယ်တွမ်တစ်ယောက် ဒုစရိုက်ဆန်တဲ့အလုပ်ကိုစွန့်လွှတ်ပြီး အေးဆေးသာယာစွာပဲ ပီယာနိုလေးတီးရင်းဖြတ်သန်းမယ်ကြံကာမှ သူ့အဖေရဲ့ကိစ္စတွေလိုက်ဖြေရှင်းပေးရတဲ့အခါ...... File size…(2 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Music, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane
movie
The Beat That My Heart Skipped (2005)
7.3
Read My Lips (2001)
ထောင်ထွက်တစ်ယောက်နှင့် နားမကြားတဲ့သာမာန်ရုံးဝန်ထမ်းကောင်မလေးတို့ နဖူးစာရွာလည်ပြီး ဒေါ်လာခုနှစ်သောင်းကို ခိုးယူဖို့ ကြံစည်ကြတဲ့အခါ???ဇာတ်လမ်းအကျဉ်း......ကာလာဟာ နားမကြားတဲ့အမျိုးသမီးဖြစ်ပြီး လူတွေရဲ့ နှုတ်ခမ်းအမူအရာကိုဖတ်ပြီး ဘာပြောနေလဲဆိုတာကို သိနိုင်တဲ့သူပါ။ သူမဟာ ဆောက်လုပ်ရေးကုမ္မဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ် လုပ်ကိုင်နေပြီးတော့ သာမာန်အတိုင်း ပျင်းရိစရာကောင်းတဲ့ ရုံးလုပ်ငန်းမှာ စိတ်လှုပ်ရှားစရာမရှိဘဲ ဘဝကို ဖြတ်သန်းနေသူတစ်ဦးပါ။ တစ်နေ့မှာတော့ သူမဟာ တစ်ယောက်တည်း အလုပ်မနိုင်တဲ့အတွက် ရုံးကူအလုပ်သင်ရှာရာကနေ ထောင်က ပူပူနွေးနွေးထွက်လာတဲ့ ပေါလ်အန်ဂျလီကို တွေ့ပြီး ထောင်ထွက်မှန်းသိသိနဲ့ သနားမိပြီး အလုပ်ခန့်လိုက်ပါတော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်သား ရင်းနှီးလာကြပြီးနောက်မှာ ပေါလ်ဟာ မားချန့်ဆိုတဲ့ ကလပ်ပိုင်ရှင်ဆီမှာ ဒေါ်လာ ခုနှစ်သောင်းအကြွေးတင်နေပြီး မားချန့်ရဲ့ ကလပ်မှာ အကြွေးဆပ်ဖို့အတွက် အလုပ်သွားလုပ်ရပါတော့တယ်။ ပေါလ်က အလုပ်လုပ်ရင်းနဲ့ မားချန့်ဆီမှာ ဒေါ်လာအများကြီးရှိကြောင်း သိလိုက်ရတဲ့အခါ ကာလာကို အကူအညီတောင်းပြီး ငွေခိုးယူနိုင်ဖို့ အစီအစဉ်ဆွဲပါတော့တယ်။ အဲဒီတော့ သူတို့နှစ်ယောက်သား မားချန့်ဆီက ငွေခိုးယူနိုင်ပါ့မလား၊ ကာလာလို့ နားမကြားတဲ့သူက ဘယ်လိုအရေးပါလို့ ...
movie
Read My Lips (2001)
6.7
Coco Before Chanel (2009)
Chanelဆိုတဲ့ ကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုကို မွေးဖွားပေးခဲ့တဲ့ Coco Chanel။ ကမ္ဘာမှာလွှမ်းမိုးမှုအရှိဆုံး ဖက်ရှင်ဒီဇိုင်နာလို့ ရှာလိုက်ရင်ပဲ အခုချိန်ထိ Coco Chanelက ထိပ်ဆုံးမှာ နေရာယူထားဆဲပါ။Coco Chanelဆိုတာ ပြင်သစ်အမျိုးသမီး Gabrielle Bonheur Chanelပဲဖြစ်ပါတယ်။ သူ့ကို ၁၈၈၃ခုနှစ် ဩဂုတ်လ ၁၉ရက်နေ့မှာ မွေးဖွားခဲ့တယ်။ ကလေးဘ၀မှာပဲ မိခင်ဖြစ်သူကွယ်လွန်သွားခဲ့ပြီး အဖေဖြစ်သူက သူတို့ညီမနှစ်ယောက်ကို မိဘမဲ့ဂေဟာမှာ စွန့်ပစ်ထားခဲ့ပါတယ်။အရွယ်ရောက်လာတဲ့အချိန်မှာတော့ မိဘမဲ့ဂေဟာက တတ်မြောက်လာခဲ့တဲ့ အပ်ချုပ်ပညာရပ်နဲ့ အလုပ်လုပ်ရပြီး ညဘက်တွေဆို စားသောက်ဆိုင်တွေမှာ သီဆိုဖျော်ဖြေရင်း ဘ၀ကိုခက်ခက်ခဲခဲနဲ့ ရုန်းကန်ခဲ့ရပါတယ်။ စစချင်းမှာ ဦးထုတ်တွေကို ဒီဇိုင်းထုတ်ပြီး ရောင်းချရာကနေစတင်ခဲ့တယ်။ စတိုင်လ်ဘောင်းဘီတွေဟာ အမျိုးသမီးတွေအတွက်လို့ မထင်ကြတဲ့ခေတ်တစ်ခုကို Coco Chanelက ပြောင်းလဲပေးခဲ့ပြီး ဖက်ရှင်လောကမှာ အောင်မြင်ခဲ့တဲ့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ဒီလိုကမ္ဘာ့ဖက်ရှင်လောကရဲ့ အကျော်ကြားဆုံးအမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘ၀ကစလို့ ဖက်ရှင်ဒီဇိုင်နာတစ်ယောက်ဖြစ်လာတဲ့အထိ ဖြတ်သန်းခဲ့ရတဲ့ဘ၀အဖုံဖုံကို ရိုက်ကူးတင်ဆက်ထားတာမို့ ကြည့်ရှုကြပါဦး။ File size…(1.9 GB)/(1 ...
movie
Coco Before Chanel (2009)
6.5
Masquerade (2022)
Masquerade (2022) =============== IMDb Rating - 6.5/10The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်)File ...
movie
Masquerade (2022)
2022
6.6
The Moustache (2005)
The Moustache (2005)~ IMDb - 6.6/10, Rotten Tomatoes - 86% ~ပြင်သစ်ဒါရိုက်တာ Emmanuel Carrère ရိုက်ထားတဲ့ Mystery / Drama အမျိုးအစားရုပ်ရှင်ပါ။ ကိန်းကနေ မင်းသားဆုရထားတဲ့ ပြင်သစ်မင်းသား Vincent Lindon နဲ့ César Award for Best Actress ရထားတဲ့ မင်းသမီး Emmanuelle Devos တို့က သရုပ်ဆောင်ပေးထားပါတယ်။ ဝေဖန်ရေးသမားတွေတော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ခဲ့ကြပြီး RT - 86% ရထားပါတယ်။Mystery / Drama ဆိုပေမဲ့ Psychological Drama လိုလို ဘာလိုလိုပါပဲ။ ဒီတစ်ကားလုံးကို မင်းသားနဲ့ သူ့နှုတ်ခမ်းမွှေးအပေါ် အခြေခံထားတယ်။ ကားစစမှာ မင်းသားနဲ့ သူ့မိန်းမပြောစကားအရ မင်းသားဟာ နှုတ်ခမ်းမွှေးမရိတ်တာ တော်တော်ကြာပြီဖြစ်တဲ့လူဆိုတာကို ပြထားတယ်။ ...
movie
The Moustache (2005)
2005
5.7
Deception (2021)
Deception (2021) =============ပြင်သစ်ကားတွေက အိမ်ထောင်ရေးဖောက်ပြန်တာကို အနုပညာဆန်ဆန် ဖန်တီးတဲ့နေရာမှာ စံထားလောက်တယ်လို့ ပြောရင်မှားမယ်မထင်ပါဘူး။ အခု ''Deception'' ဇာတ်ကားလေးကလည်း ဒီလိုပါပဲ။ အိမ်ထောင်ရေး ဖောက်ပြန်တာကို ဇာတ်အိမ်တည်ပြီး အချစ်အကြောင်းကို လှလှပပရိုက် ပြသွားတဲ့ ဇာတ်လမ်းမျိုးပါ။ဒီကားရဲ့အဓိကဇာတ်ဆောင်ကတော့ ဖီးလစ်ပေါ့။ ဖီးလစ်က ဂျူး - အမေရိကန် စာရေးဆရာတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့မယားငယ်အမျိုးသမီးလေးနဲ့အတူ ရုံးခန်းလေးထဲမှာ ပေါင်းသင်းနေထိုင်ပါတယ်။ ဒီအခန်းလေးထဲမှာပဲ ဒီအမျိုးသမီးနဲ့ တိုင်ပင်တယ်၊ ဆွေးနွေးတယ်၊ ဂျူးလူမျိုးမုန်းတီးရေးဝါဒီတွေအကြောင်းပြောကြတယ်၊ စာပေအကြောင်းတွေဆွေးနွေးကြတယ်။ တစ်ယောက်အပေါ်တစ်ယောက် သဝန်တို စိတ်မချတာတွေမရှိဘဲ စည်းမဲ့ဘောင်မဲ့ အချစ်ကိုခံစားကြတယ်။ ဇာတ်ကားတစ်ခုလုံးက အိမ်ထောင်ရေးဖောက်ပြန်မှု စည်းဘောင်တွေကျော်ပြီး အချစ်အကြောင်းဖန်တီးထားတာ ဖြစ်ပါတယ်။ အကယ်၍ အိမ်ထောင်ရေးကိစ္စတွေကိုသာ လျစ်လျှူရှုပြီး ကြည့်ခဲ့ရင် ဒီဇာတ်လမ်းလေးက အချစ်အကြောင်းကို လှလှပပလေး ပုံဖော်ထားတယ်ဆိုတာကို တွေ့ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thar Htet ဖြစ်ပါတယ်)File Size..........(1.3 GB) / (565 MB) Quality............WebRip 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator....... Thar Htet Encoder..........SWM
movie
Deception (2021)