Channel Myanmar

Emma Frances Burge

Off Ramp (2024) 5.5
Off Ramp (2024)  ရယ်လည်း ရယ်ရမယ် .. ဒရာမာလည်း ပါမယ် ..လေးနက်တဲ့ ယဉ်ကျေးမှုပိုင်းလည်း ပါရမယ် ဆိုရင်တော့Off Ramp 2023 ဇာတ်ကားကို ကြည့်ဖို့ အကြံပေးချင်ပါတယ်။လူ့အဖွဲ့အစည်းရဲ့ အထင်လွဲခံထားရတဲ့ ဂျက်ဂလိုဆိုတဲ့ လမ်းသရဲယဉ်ကျေးမှုအ‌ကြောင်းကို ထရေးနဲ့ ဆိုင်းလတ်ဆိုတဲ့ ဇာတ်ကောင်နှစ်ယောက်ရဲ့ လိုက်ဖက်ညီတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ဟာသဆန်ဆန်ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဖြူဖြူမည်းမည်း .. ရုပ်ဆိုးဆိုး ရုပ်လှလှ .. လက်သင့်ခံပေးတဲ့အဖွဲ့အစည်းတစ်ခုအကြောင်း ပြီးတော့ .. မိသားစုလို သူငယ်ချင်းတွေ ..ရက်ပ်ဂီတသီချင်းတွေအကြောင်းကို ဒီဇာတ်ကားထဲမှာ တစ်ကားလုံးမြင်တွေ့ရမှာ ဖြစ်ပြီး Insane Clown Posse ရဲ့ Rap သီချင်း‌တွေကိုသိတဲ့ သူတွေက‌‌တော့ ဒီကားကို အထူး သဘောကျ နှစ်ခြိုက်မှာအမှန်ပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ပဲဖြစ်ပါတယ် ) File size…1.38GB / 731MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h ...
movie

Off Ramp (2024)

Don’t Kill It (2016)
Don’t Kill It (2016)  Don't Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီးဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲတစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါကဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလိုလူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေကမကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့်ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်းဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလိုမဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကိုမသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီးတစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay
movie

Don’t Kill It (2016)