Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Emily Mortimer
6.6
The Party (2017)
The Party (2017)IMDb - 6.6လူမှုရေးဟာသနဲ့ ဒရာမာရောစပ်ထားတဲ့ The Party (2017) ဟာ ဗြိတိသျှ အနုပညာလက်ရာမြောက် ဇာတ်ကားတစ်ကားဖြစ်ပြီး ပြသချိန် ၇၁ မိနစ်ပဲကြာပေမဲ့ သရုပ်ဆောင်တွေရဲ့ အထူးချွန်ဆုံး ပါဝင်မှုတွေကြောင့် ကမ္ဘာတစ်ဝှမ်းက ဝေဖန်ရေးသမားတွေရဲ့ အပြည့်အဝချီးကျူးမှုကို ရရှိခဲ့ပါတယ်။ရရှိခဲ့သောဆုများ - Berlin International Film Festival (2017) – Silver Bear for Best Script (Sally Potter) - British Independent Film Awards (2017) – Best Supporting Actress (Patricia Clarkson) - အခြားဆန်ကာတင်စာရင်းဝင် ဆုများစွာသရုပ်ဆောင်တွေကတော့ - စိတ်ဖိစီးမှုတွေနဲ့ ရုန်းကန်နေရသူ အောင်မြင်တဲ့ နိုင်ငံရေးသမား ဂျန်းနက်အဖြစ် Kristin Scott Thomas - ဂျန်းနက်ရဲ့အရက်လွန်ကျွံသောက်ပြီးစိတ်ဓာတ်ကျနေတဲ့ခင်ပွန်း ဘေလ် အဖြစ် ...
movie
The Party (2017)
6.8
Paddington in Peru (2024)
Paddington in Peru (2024)IMDb Rating (6.8) / Rotten Tomatoes (94%) ဒီကားလေးကတော့ ပိတ်ရက်မှာ ကာတွန်းကားကောင်းကောင်းကြည့်ချင်သူတွေ အကြိုက်တွေ့စေမယ့် Paddington in Peru ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ကာတွန်းကားကြိုက်သူတော်တော်များများကတော့ စကားပြောတဲ့ဝက်ဝံလေး Paddington ကို သိကြမှာပါ။ဒီဇာတ်လမ်းလေးဟာ ရှေ့မှာလည်း နှစ်ကားထွက်ရှိထားပြီးဖြစ်ပြီး အတော်ကိုအောင်မြင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဒီတစ်ကားနဲ့ဆိုရင်တော့ Paddington Trilogy ပြည့်စုံသွားပြီပေါ့ဗျာ။ ဇာတ်လမ်းအကျဉ်းပက်ဒင်တန်ဟာ ပျောက်ဆုံးသွားတဲ့သူ့ရဲ့အန်တီလူစီကို လိုက်ရှာဖို့အတွက် ပီရူးနိုင်ငံကိုခရီးထွက်တဲ့ ဇာတ်ကြောင်းလေးပဲဖြစ်ပါတယ်။အမေဇုံမိုးသစ်တောတွေကိုဖြတ်ကျော်ပြီး စွန့်စားခန်းဖွင့်ကြပုံကို စိတ်လှုပ်ရှားစရာ ကြည့်ရှုကြရမှာပါ။အရင်ကားတွေကြည့်ဖူးသူတွေရော မကြည့်ဖူးသူတွေပါ ကြည့်လိုက်ဖို့ အကြံပေးပါရစေ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vader ဖြစ်ပါတယ်။) File size… (6.4 GB) / (2.2 GB) / (1.2 GB) Quality….WEB-DL 4K HEVC / ...
movie
Paddington in Peru (2024)
2024
4K HEVC
6.1
The Kid (2000)
The Kid (2000)IMDb Rating (6.1) / Rotten Tomatoes (49%) ဒစ်စနေးကထုတ်တဲ့ အက်ရှင်မင်းသား Bruce Willis ရဲ့ ဒရာမာဇာတ်လမ်းကောင်းလေးပဲ ဖြစ်ပါတယ်။ရပ်စ်က နာမည်ကျော် ရာထူးမြင့်လူတွေကို ပုဂ္ဂိုလ်ရေး၊ လူမှုရေးဆိုင်ရာ အကြံပေးတဲ့အလုပ်ကိုလုပ်ကိုင်ပြီး စိတ်ကသိကအောက်ဖြစ်စရာ စရိုက်လက္ခဏာကြောင့် လူတိုင်းတင်မက သူ့ရည်းစားကပါ အမြင်ကပ်ရပါတယ်။အဖေဖြစ်သူနဲ့ စကားမပြောဘဲ ငယ်ဘဝကိုလည်း မေ့ဖျောက်ထားသူတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ပြည့်ဖို့သိပ်မလိုတော့တဲ့အချိန် တစ်ညမှာ သူ့အိမ်ထဲကို ၈ နှစ်အရွယ် ဝတုတ်ကောင်လေး ခိုးဝင်လာပါတယ်။ပထမတစ်ခါ လွတ်သွားပေမယ့် နောက်တစ်ခါလက်ပူးလက်ကြပ်မိတဲ့အခါ ကောင်လေးကို မေးမြန်းကြည့်ရင်း ၈ နှစ်ကလေးဟာ သူကိုယ်တိုင်ပဲဆိုတာ သိလိုက်ရတဲ့နောက်မှာတော့ သူ့မေ့ထားခဲ့တဲ့ အတိတ်ကို ပြန်လည်ရင်ဆိုင်ရဖို့ ဖြစ်လာပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Sike Tan ဖြစ်ပါတယ်။)File size…(3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / ...
movie
The Kid (2000)
2000
8.2
Shutter Island (2010)
Shutter Island (2010)IMDb Rating (8.1) / Rotten Tomatoes (69 %)Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။Shutter Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းက အရူးဆေးရုံကို Teddy ( Leonardo ) နဲ့ Chuck ( Mark Ruffalo ) အရာရှိ ၂ ယောက် ရောက်လာတယ်။ သူတို့အလုပ်က Rachel Solando လို့ခေါ်တဲ့ လူနာပျောက်သွားတဲ့အမှုကို လာစစ်ဆေးဖို့။ အဲဒီအရုးဆေးရုံ တစ်နည်းအားဖြင့် စိတ်ဝေဒနာရှင်အပြင်းစားတွေကို ကုတဲ့ဆေးရုံမှာ Dr. John Cawley စိတ်ရောဂါအထူးကု ဆရာ၀န်ခေါင်းဆောင်။ သူ့အထက်မှာ ဆေးရုံအုပ်နဲ့ ဘုတ်အဖွဲ့ပဲ ရှိတော့တယ်။ မာရှယ်အရာရှိဖြစ်တဲ့ Teddy ( Leo ) က ပျောက်သွားတဲ့လူနာ ...
movie
Shutter Island (2010)
2010
4K HEVC
The 51st State (2001)
IMDb - 6.3မားသားဖာ့ကာကြီး Samuel L. Jackson ကိုယ်တိုင် ဓာတုဗေဒပညာရှင်တယောက်အနေနဲ့ဝင် cook ပေးထားတဲ့ 2001 ထွက် မှုခင်းဟာသရုပ်ရှင်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အယ်မို မက်ကယ်ရွိုင် (Samuel L. Jackson) ဟာကျွမ်းကျင် အမေရိကန်ဓာတုပညာရှင်တစ်ယောက်ဖြစ်ပြီးဘွဲ့ရလာတဲ့နေ့မှာတင် ဆေးခြောက်မှုနဲ့အဖမ်းခံလိုက်ရလို့ မူးယစ်ဆေးချက်ပညာရှင်ဖြစ်သွားခဲ့ပါတယ်။နောက်အနှစ် ၃၀ အကြာမှာတော့ အယ်မိုက ပီအိုအက်စ် ၅၁ လို့ခေါ်ပြီး သမိုင်းမှာရှိခဲ့ဖူးသမျှမူးယစ်ဆေးအားလုံးထပ် ၅၁ ဆ ပိုပြင်းတဲ့ဆေးကို ချက်နိုင်ခဲ့တဲ့အပြင်ဆေးဖော်မြူလာကိုလည်း ဒေါ်လာ သန်း ၂၀ နဲ့ ရောင်းဖို့ဖြစ်လာခဲ့ပါတယ်။ဒီဖော်မြူလာကို လီဗာပူးလ်မြို့က မူးယစ်ကုန်သည် ဒူးရန့်နဲ့အရောင်းအဝယ်လုပ်ဖို့ သဘောတူထားပေမဲ့လည်း အမေရိကန်မှာအယ်မိုလုပ်လာတဲ့အရှုပ်တွေက သူ့ရဲ့အရောင်းအဝယ်ကို ဝင်နှောက်ယှက်လို့ပျက်သွားပြီးအယ်မိုတယောက် ဒူးရန့်နဲ့ တပည့် ဖီးလစ်နဲ့ လီဗာပူးလ်မြို့မှာ ပိတ်မိသွားခဲ့ပါတယ်။ဒေါ်လာ သန်း ၂၀ ပိုက်ပြီး အေးဆေးနေချင်တဲ့ အယ်မိုတယောက်သူ့ရဲ့ ပီအိုအက်စ် ၅၁ ဖော်မြူလာကို ရောင်းချဖို့လုပ်ရင်း ဖီးလစ်နဲ့အတူအခက်အခဲပေါင်းစုံဖြတ်ကျော်ကြတာကို ...
movie
The 51st State (2001)
6.2
The Saint (1997)
The Saint (1997)မိတ်ဆွေသည် ငယ်စဉ်က ဆရာကြီး ရွှေဥဒေါင်း၏ စာများကို ဖတ်ရှူခဲ့ ကြိုက်နှစ်သက်ခဲ့သည့် ပရိသတ်တစ်ယောက်ဖြစ်သည်ဆိုငြားအံ့။ ယခု တင်ဆက်လတ္တံ့သော ဓာတ်ရှင်သည် မိတ်ဆွေဖတ်ခဲ့ဖူးလောက်သည့် ဆရာကြီး ရွှေဥဒေါင်း၏ ဇာတ်ကောင်တစ်ကောင်နှင့် သက်ဆိုင်နေပေသည်။ ဟုတ်ပါ၏။ "သူတော်စိန်" သည် The Saint ပင် ဖြစ်လေသည်။"The Saint" ခေါ် ဆိုင်မွန်တမ်ပလာသည် အင်္ဂလိပ်စာရေးဆရာကြီး Leslie Charteris ၏ ဇာတ်ကောင်တစ်ကောင်ဖြစ်၏။ 1928 ခုနှစ်တွင် အစပြုခဲ့သော The Saint သည် နှစ်ပေါင်း 95 နှစ်ပင် ကြာညောင်းခဲ့ပြီဖြစ်ရာ ဤဇာတ်ကောင်ကို အသုံးချ၍ ရာနှင့်ချီသော ရုပ်ရှင်၊ ကာတွန်း၊ တီဗီစီးရီးမျိုးစုံလည်း ထွက်ဖူးခဲ့လေပြီ။ ဂျိမ်းစ်ဘွန်းမင်းသားကြီးတစ်ဦးဖြစ်သော ဆာရော်ဂျာမိုးရ်သည်လည်း The Saint ခေါ် ဆိုင်မွန်တမ်ပလာအဖြစ် အတွဲခြောက်ခုနှင့် အပိုင်းပေါင်း ၁၁၈ပိုင်းပါသည့် တီဗီစီးရီးရှည်ကြီးတွင် ...
movie
The Saint (1997)
1997
City Island (2009)
City Island (2009) ============= IMDb Rating - 7.4/10ဇာတ်လမ်းလေးကတော့ ပျော်ရွှင်စရာမိသားစုကမ္ဘာလေးပေါ့။ မျက်နှာချင်း တိုင်းခဏတဖြုတ်ပဲ လေပေးဖြောင့်တဲ့ ရစ်ဇိုတို့လင်မယားမှာ သားသမီးနှစ် ယောက်ရှိတယ်။ ယောက်ျားဖြစ်သူ ဗင့်စ်ဟာ အကျဉ်းဦးစီးအရာရှိတစ်ဦး ဖြစ်ပြီး မိန်းမဖြစ်သူ ဂျွိုင်ဆီကို ကြောက်နေရတယ်။ မိန်းမမသိအောင် ဆေး လိပ်တောင်ခိုးသောက်ရတဲ့ဘဝ။ ဂျွိုင်ဆီကလည်း ကြမ်းကြမ်းတမ်းတမ်း။သူတို့သမီးလေး ဗီဗီယန်ကို ကောလိပ်ကျောင်းတက်နေတယ်လို့သိထားပေ မယ့် တကယ်တမ်းက အဖော်အချွတ်မယ်လုပ်ပြီးမိဘတွေမသိအောင်ပိုက်ဆံ ရှာနေသူပါ။သားဖြစ်သူ လူပျိုပေါက်အရွယ် ဗင်နီဟာ ကိုယ့်ကိုယ်ကို ကျောင်း ထက်ပိုတော်တယ်လို့ထင်ပြီး အမြဲကျောင်းပြေးနေသူ။ ဒီလိုနဲ့ ဗင့်စ်နဲ့ အမျိုး သမီးတစ်ယောက်နဲ့ တစ်ချိန်တစ်ခါက လက်သွန်ကြက်သွန်ဖြစ်ပြီးမွေးလာတဲ့ သားတစ်ယောက်က ဒီလိုအကြောင်းပြချက်ကိုယ်စီရှိတဲ့ မိသားစုထဲကို ရောက် လာတဲ့အခါမှာတော့..........(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်)File Size..........(2 GB) / (851 MB) Quality............WEB-DL 1080p / 720p Duration........1Hr 44Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator......Tin Myo Lwin Encoder..........SWM
movie
City Island (2009)
2009
6.4
Our Idiot Brother (2011)
ဒီနေ့မှာတော့ 2011 ကထွက်ရှိထားတဲ့ IMDb 6.4 နဲ့ Rotten tomatoes မှာ 70% ထိရရှိထားတဲ့ Comedy ကားကောင်းလေးတင်ဆက်ပေးမှာပါ ပါဝင်တဲ့ Cast တွေက ကိုယ်တွေနဲ့ မစိမ်းတဲ့ Paul Rudd တို့ Rom-com ကားတိုင်းရဲ့ ပင်တိုင်စံမင်းသမီးလိုဖြစ်တဲ့ Zooey Deschanel တို့အပြင်တခြားမင်းသမီးကြီးတွေလည်း ပါဝင်တာမို့ ဇာတ်အိမ်ခိုင်ပြီး မျက်စိပဒါသပါဖြစ်စေပါတယ်။ ဇာတ်အိမ်လေးက အိမ်တစ်အိမ်ရဲ့ ဆည်းလည်းလေးတစ်ခုအကြောင်းပေါ့ ၊ ရှိရင်လည်းဆဲတဲ့သူသာလဲသေသွားမယ်အချိုးတော့မပြင်တာမျိုး။ မရှိရင်ကျဟာတာတာဖြစ်သွားတာမျ်ိုးမို့ မိသားစုရဲ့နွေးထွေးတဲ့ Vibe လေးကိုဟာသနှောပြီး ကြည့်ရှုရမှာပါ (လူကြီးဟာသတွေပါတာမို့ မိသားစုနဲ့ကြည့်ဖို့တော့ သိပ်မသင့်တော်ပါဘူ File size…(1.6 GB)/(917 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre...Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie
Our Idiot Brother (2011)
7.7
Dear Frankie(2004)
Dear Frankie(2004)******************IMDB မှာ rating 7.7 ထိရရှိထားပြီး အားလုံးရဲ့ရင်ထဲကိုထိစေမယ်ဆိုတာပြောစရာမလိုပါဘူး ဖရန်ကီက နားမကြားတဲ့ကောင်လေးတစ်ယောက်ပါ။ ဖရန်ကီရဲ့အမေကတော့ဖရန်ကီရဲ့အဖေနဲ့ ဘာလို့တစ်ကွဲတစ်ပြားစီ ဖြစ်နေတယ်ဆိုတာကိုသားလေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်သွားမှာဆိုးလို့မသိစေချင်ခဲ့ပါဘူး။ အဲ့ဒါကြောင့် ဖရန်ကီရဲ့ အဖေကို သင်္ဘောသားအဖြစ်နဲ့ စိတ်ကူးယဉ်ဖန်တီးပြီး သားဆီကို စာတွေရေးပို့နေခဲ့ပါတယ်။တစ်နေ့မှာတော့ ဖရန်ကီဟာ သူ့ရဲ့သူငယ်ချင်းတစ်ယောက်နဲ့ သူ့အဖေသူ့ဆီလာတွေ့မယ် မတွေ့ဘူး ဆိုတာကို လောင်းကြေးထပ်ခဲ့ပါတယ်။ ဒီတော့ ဖရန်ကီရဲ့ အမေဟာ သူစိမ်းတစ်ယောက်ကိုငှားရမ်းပြီး ဖရန်ကီရဲ့အဖေနေရာမှာ ဟန်ဆောင်ပေးဖို့ဖြစ်လာရပါတော့တယ်။ ဖရန်ကီကရော သူလောင်းထားတဲ့ ကိစ္စမှာ အနိုင်ရရှိသွားမလား။ သူ့အမေရဲ့စိတ်ကူးယဉ်ဇာတ်လမ်းကကော ဘာဆက်ဖြစ်သွားမလဲဆိုတာကတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ရှု့စားလိုက်ပါခင်ဗျာ... File Size :(2.1GB) and (683MB) Quality : AMZN.WEB-DL1080p5.1Ch,720p Format…mp4 Duration…01:43:00 Genre : Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae
movie
Dear Frankie(2004)
7.2
Harry Brown(2009)
Harry Brown (2009)================တော်ဝင်ရေတပ်သားဟောင်းကြီး ဟယ်ရီဘရောင်းဟာ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အထီးကျန်လှတဲ့ဘဝကို ပင်စင်ယူထားတဲ့ သူငယ်ချင်းလီယိုနာ့အက်ဝယ်လ်နဲ့ပဲ အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ ဟယ်ရီတို့နေထိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အရမ်းသောင်းကျန်းပြီး ဆိုးသွမ်းတဲ့ လူငယ်လေးတွေအုပ်စုရှိပါတယ်။ လူ့အသက်တွေကို ကစားစရာလိုသတ်မှတ်ပြီး သေနတ်တစ်လက်နဲ့ ဆေးမူးပြီးလုပ်ချင်တာလုပ် ထင်ရာစိုင်းနေတဲ့လူငယ်လေးတွေပါ။ ဒီလိုမျိုး ပြဿနာပဲရှာချင်နေတဲ့ ကောင်လေးတွေက ပင်စင်စားဖြစ်ပြီး အင်အားနည်းတဲ့ မစ္စတာအက်ဝယ်လ်ကိုလည်း အနိုင်ကျင့်နှောင့်ယှက်ကြပါတယ်။ တစ်ရက်မှာတော့ ဟယ်ရီဆီကို စုံထောက်နဲ့ စုံစမ်းရေးအရာရှိတို့က မိတ်ဆွေမစ္စတာအက်ဝယ်လ်သေဆုံးသွားကြောင်းလာအကြောင်းကြားပါတယ်။ ဟယ်ရီတစ်ယောက် တစ်ဦးတည်းသောမိတ်ဆွေကိုဆုံးရှုံးလိုက်ရတဲ့အချိန်ကနေစပြီး ဘယ်လိုတွေပြောင်းလဲမလဲ.. မိတ်ဆွေအတွက်ရော ရေတပ်သားဟောင်းကြီးအနေနဲ့ ဘယ်လိုအကွက်ကျကျလက်တုံ့ပြန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်… File size…0.99GB / 330.9MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 43m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kyawt Kay Zin
movie
Harry Brown(2009)
6.8
The Ghost and the Darkness (1996)
90 born တွေဆို ငယ်ဘဝတုန်းက လူသားတွေနဲ့ ခြင်္သေ့တွေ အသဲတယားယား ဘတပြန်ကျားတပြန် တိုက်ခိုက်ခဲ့တာကို မှတ်မိကြမယ်ထင်ပါတယ်။ ဇာတ်လမ်းအကြောင်းမပြောခင် ဒီဖြစ်ရပ်ကြီးက အပြင်လောကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဆိုတာ ပြောပြချင်ပါတယ်... ဇာတ်လမ်းကတော့ လန်ဒန်က တံတားအင်ဂျင်နီယာ ကယ်နယ်တစ်ယောက်ကို အာဖရိကတိုက် ဆာဗိုဆိုတဲ့နေရာမှာ ငါးလအတွင်း တံတားတစ်ခု အပြီးဆောက်ခိုင်းတာပါ။ ဒါပေမဲ့ ကာနယ်ရောက်သွားတဲ့အချိန်မှာ အခက်အခဲပေါင်းစုံ ကြုံတွေ့ရပါတော့တယ် အလုပ်သမားအချင်းချင်း မတည့်တာမျိုး ဆေးရုံကောင်းကောင်းမရှိတာမျိုး စသဖြင့်ပေါ့၊ ဒါပေမဲ့ တကယ်ပြဿနာကြီးကတော့ ခြင်္သေ့တွေ လူလာလာဆွဲတဲ့ကိစ္စပါ။ ပထမပိုင်းတော့ ကာနယ်တစ်ယောက် အပင်ပေါ်ကနေ တစ်ကောင်သတ်ပေးလိုက်တော့ အလုပ်သမားတွေလည်း ပျော်ရွှင်၊ သူလည်း သူရဲကောင်းဖြစ် တံတားထိုးတာလည်း အဆင်ပြေပြေနဲ့ပေါ့၊ နောက်ပိုင်းကျတော့ ခြင်္သေ့တွေက ပိုအတင့်ရဲလာ လူတွေပိုသတ်လာပြီး တံတားလည်းမဆောက်နိုင် ခြင်္သေ့လည်းမသတ်နိုင်နဲ့ ဒုက္ခတွေရောက်လာတဲ့အချိန် အာဖရိကလူမျိုးစုတွေနဲ့အတူ အမဲလိုက်တတ်တဲ့ နာမည်ကျော်မုဆိုးတစ်ယောက် ရောက်ရှိလာခဲ့ပါတော့တယ်။ အဲဒီမှာ ဆိုးသွမ်းနေတဲ့ခြင်္သေ့တွေကို ...
movie
The Ghost and the Darkness (1996)
With/In(2022)
ဇာတ်လမ်းတိုလေးတွေ စုပြီး ထုတ်ထားတဲ့ ညွန့်ပေါင်းfilmတစ်ခု ဖြစ်ပါတယ်။ဇာတ်လမ်းကျောရိုးကိုတော့ Covidကာလမှာ တည်ထားပြီး ကပ်ရောဂါကြီးကြောင့် တစ်နေ့တစ်နေ့ လူတွေ နေ့မြင်ညပျောက် ဖြစ်နေတဲ့ကာလအတွင်းက လူပေါင်းစုံ ဘဝပေါင်းစုံကို ထင်မြင်အောင် ရိုက်ကူး တင်ဆက်ထားတာကို တွေ့ရမှာပါ။ အထူးသဖြင့် Covid pandemic, Black lives matterတို့လို 2020-21အတွင်း ဖြစ်ပျက်သွားတဲ့ အထင်ကရ အဖြစ်အပျက်တွေ အဓိကရုဏ်းတွေကို surrealတစ်ပိုင်းနဲ့ Mysteryလေးပါ ရောပြီး ကြည့်ရှုရမှာမို့ ဇာတ်လမ်းအေးအေးလေးနဲ့ တွေးစရာတွေ မြှုပ်ကွက်လေးတွေ ပါတာကို ကြိုက်တဲ့လူတွေအဖို့ သင့်လျော်ပါတယ်။ဇာတ်လမ်းကိုတော့ volumeနှစ်ခုခွဲကာ တစ်ရက်ခြား ထုတ်ဝေခဲ့ပြီး စုစုပေါင်း ၃နာရီအထက် ကြာမြင့်ပါတယ်။မဆိုးလှတဲ့ အနေအထားတစ်ခုမှာ ရှိတယ်လို့ ပြောလို့ရတဲ့အတွက်ကြောင့် စောင့်ကြည့်ရှုစားလိုက်ကြပါဦးနော်။ File size…(2.9GB) / (772MB) / 434.73MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:25:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by HUGO
movie
With/In(2022)
7.3
Lars and the Real Girl(2007)
Lars and the Real Girl(2007)**************************IMDb.... 7.3Ryan Gosling အဓိကပါဝင်သရုပ်ဆောင်ထားပြီးအော်စကာဆန်ကာတင်တစ်ဆုလည်း စာရင်းဝင်ခဲ့တယ်..Broken family လို့ပြောရအောင်သူ့ဘဝက ဆိုးလှတယ်..အဖေရောအမေရောဆုံးသွားတဲ့အပြင်အကိုဖြစ်သူကလည်း ငယ်ငယ်ကတည်းက အိမ်မှာ မနေ..ကားဂိုဒေါင်ထဲ တစ်ယောက်တည်းနေပါများပြီးတော်ရုံလူတွေနဲ့ စကားမပြောတော့... တိတ်ဆိတ်ခြင်းဟာသူ့အတွက်အကောင်းမွန်ဆုံးအဖော်..ဒီချိန်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ အကိုလင်မယားဟာညီဖြစ်သူရဲ့ အထီးကျန်ဆန်တဲ့ဘဝကိုတွေ့ပြီးအဖော်လေးရအောင်ဆိုပြီး ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်..အဲ့ဒီနောက်မှာတော့...File Size :(2.4GB) (743MB) and (428MB) Quality : Blu-Ray1080P,720p Format…mp4 Duration…01:59:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie
Lars and the Real Girl(2007)
5.6
Scream 3 (2000)
Scream 3 2000 ===========ဒါကတော့ တတိယမြောက်ကား ဖြစ်ပြီးတော့ အမှန်အတိုင်းပြောရရင် Scream franchise ထဲမှာ rating အနည်းဆုံးကား ဖြစ်ပါတယ်။ ဒါပေမယ့် scream ရဲ့ အရသာကိုတော့ မပျောက်အောင် ထိန်းထားနိုင်တာကြောင့် horror, mystery ဖန်တွေအတွက်တော့ ကြည့်ပျော်ရှုပျော်ရှိတဲ့ ကားတစ်ကားဖြစ်နေတုန်းပါပဲ။ ဒီကားကတော့ scream 2 အပြီး ၂ နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒီကားမှာတော့ ဆစ်ဒနေဟာ လူသူကင်းဝေးရာနေရာမှာ ခြေရာဖျောက်ပြီး သွားနေနေပါတယ်။ အဲဒီအချိန် hollywood မှာလည်း သရဲမျက်နှာလူသတ်မှုတွေကို အခြေခံထားတဲ့ stab 3 ရှပ်ရှင်ကားကို ရိုက်ကူးရေးစနေပါပြီ။ အဲဒီအချိန်မှာ နောက်ထပ် သရဲမျက်နှာလူသတ်သမားပေါ်လာပြီး လူသတ်မှုတွေ ဆက်တိုက်ဖြစ်လာပါတော့တယ်။ ဒီတစ်ခေါက်မှာတော့ သရဲမျက်နှာလူသတ်သမားက stab 3 ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ အရင်လူသတ်မှုမှာ အသက်ရှင်ကျန်ခဲ့သူတွေကိုပါ ပစ်မှတ်ထားနေပါတယ်။ IMDB 5.6 ရထားပြီး tomatometer 40% ရထားပါတယ်။ ဒီကားဟာ scream trilogy ရဲ့ နောက်ဆုံးကားဖြစ်ပြီး အတိတ်ကကြောင်းတွေကို ဖြေရှင်းထားလို့ scream ဖန်တွေကတော့ ကြည့်သင့်တယ်လို့ ပြောပါစေ။ Scream 6 ...
movie
Scream 3 (2000)
2000
7.6
Match Point (2005)
Match point(2005) ============== IMDb Rating - 7.6/10 Directed by Woody Allenဝူဒီအယ်လန်ကားဆို စောင်တလွဲလူ့ဘောင်ကြီးကို တစ်နည်းမဟုတ် တစ်နည်းနဲ့သရော်တတ်တဲ့ ရုပ်ရှင်တွေလို့ ပြေးမြင်မိကြမှာပဲ။ သူ့ကားတွေဟာ ရိုမန့် ဒရာမာ ဟာသ စာရင်းဝင်ကားတွေများတယ်။ Match Point ကတော့ ကွဲလွဲတယ်ပြောရမှာမယ်။တခြားအယ်လန်ကားတွေက နာမည်ကြီးအနုပညာသမားတစ်ချို့ကို သိမှ သူသရော်တာကို နားလည်မှာတို့ ဘာတို့ ပါတတ်ပေမဲ့ ဒီရုပ်ရှင်ကတော့ ဒါမျိုးကင်းတယ်။ မသိရင် စုံထောက်ကားလိုလိုပါပဲ။ Genresအရ Romance/Dramaပေမဲ့ ကြည့်ပြီးတဲ့သူတွေက Psychological Thriller ကားလို့ ဆိုကြတယ်။သို့ပေမဲ့ သရော်တာလည်း မကင်းပါဘူး၊ ဟာသတစ်စက်မှ မနှောဘဲ သရော်သွားတာကလွဲလို့ပေါ့။ ဒီရုပ်ရှင်မှာတော့ သူ့ THEMEကတော့ ကံပါပဲ။ ကံကိုTHEME အဖြစ်သုံးပြီး စောင်တလွဲလောကကြီးရဲ့မတရားလှတဲ့ ကံကိုသရော်သွားခဲ့တယ်။ဇာတ်လမ်းအစမှာ သူက ဒီလိုပြောထားတယ် " ကျုပ်မတော်ချင်ဘူး ကံပဲကောင်းချင်တယ်လို့ ပြောတဲ့သူက ဘဝကို ကောင်းကောင်းနားလည်တဲ့သူပဲ။ ဘဝရဲ့တစ်စိတ်တစ်ပိုင်းက ကံပေါ်အများကြီး မူတည်နေတယ်ဆိုတာကို လူတွေက ...
movie
Match Point (2005)
6.4
Relic (2020)
Relic (2020)==========IMDb Rating - 6.4/10#Unicodeဒီဇာတ်ကားလေးကတော့ 2020ခုနှစ်ထွက် IMDb 6.4/10 ရထားတဲ့ horror/dramaဇာတ်လမ်းလေးပါ။åဇာတ်လမ်းအညွှန်းကတော့ အသက်80အရွယ်အမေဖြစ်သူဟာ အိမ်က ရက်အတော်ပျောက်သွားတာကိုနယ်မြေရဲဖြစ်သူက ဖုန်းဆက်လာတာကြောင့် သမီးဖြစ်တဲ့ ကေနဲ့ မြေးမလေး ဆမ်တို့ဟာ အဖွားရှိရှာ မြို့ကိုချက်ချင်းလာခဲ့ပါတယ်။ ရဲတွေနဲ့ပူးပေါင်းပြီး သူတို့သားအမိဟာ အမေဖြစ်သူကို ရှာခဲ့ပေမယ့်လည်း လုံး၀ရှာမရခဲ့ပါဘူး။ ဒါပေမယ့် မထင်မှတ်တဲ့ တမနက်မှာတော့ အဖွားကြီးဟာ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပါတယ်။ ကေနဲ့ဆမ်ဟာ အဖွားဖြစ်သူကို ဘယ်ရောက်ခဲ့တာလဲ မေးခဲ့ပေမယ့်လည်း အသက်80အရွယ် အဖွားကြီးဆိုတော့ မမှတ်မိခဲ့ပါဘူး။ ဒါပေမယ့် တဖြည်းဖြည်းချင်း အဖွားဖြစ်သူရဲ့ ပုံမှန်မဟုတ်တဲ့ မှတ်ညဏ်ချို့ယွင်းမှုတွေဖြစ်လာတာမို့ အဲ့လိုဖြစ်တာတွေကို သူတို့သားအမိရှာဖွေတွေရှိလာခဲ့ပါတယ်။ သူတို့သားအမိဟာ အဖွားရဲ့မှတ်ညဏ်ချို့ယွင်းမှုကြောင့် မျက်စိအောက်က အပျောက်မခံပဲ သေချာစောင့်ကြည့်လိုက်တဲ့အခါမှာတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာ အဖြစ်အပျက်တွေ ဖြစ်ခဲ့ပါတယ်။ ဘယ်လို ထိတ်လန့်ခြောက်ခြားဖွယ်ရာတွေလဲဆိုတာကိုတော့ ဇာတ်လမ်းကို ဆက်လက်ကြည့်ရှုခံစားပေးကြပါဦး........(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ YK ပဲဖြစ်ပါတယ်။)#Zawgyiဒီဇာတ်ကားလေးကတော့ ...
movie
Relic (2020)
2020
7.1
Notting Hill(1999)
Notting Hill(1999)IMDb...7.1,,,Rotten...83%(အကောင်းဆုံးအချစ်ဇာတ်လမ်းစာရင်းမို့ Blu-Ray 1080p 5.1 CH, Blu-Ray 720pတို့ဖြင့်တင်ဆက်ပေးထားပါသည်)))(Unicode)လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်... စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်...စာအုပ်တွေဖတ်တယ်... ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်...ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့... တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်... ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး... မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်... တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်.... ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ... ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်...၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်.... ခံစားကြည့်ကြပါဥ◌ီး ...
movie
Notting Hill(1999)
1999
4.4
Mary (2019)
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် ခြောက်ခြားစရာလျှို့ ဝှက်ဆန်းကြယ်တဲ့ ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Mary(2019)ပါ။လတ်တလော အသစ်ထွက်ရှိလာတဲ့ဒီကားလေးကတော့ Horror Movieတွေကိုကြိုက်နှစ်သက်တဲ့ သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အနည်းငယ် တင်ပြလိုပါသေးတယ်။တစ်နေ့မှာတော့ ပင်လယ်ထဲမှာ လူသူအရိပ်အယောင်မရှိပဲဒီတိုင်းမြောပါလာတဲ့ရွက်လှေတစ်စီးကို ကမ်းခြေစောင့်တပ်ဖွဲ့ကရှာဖွေတွေ့ရှိတာကနေ ဇာတ်လမ်းကစပါတယ်။သဘောင်္ပေါ်မှာ ပစ္စည်းပစ္စယတွေ ခြေရာလက်ရာတစ်ခုမှမပျက်ပေမယ့် လူသူအရိပ်အယောင်ကတော့ လုံးဝမတွေ့ရပါဘူး။တစ်နေ့မှာတော့ အဲဒီသဘောင်္ကို မိသားစုတစ်စုက ဝယ်လိုက်ပါတော့တယ်။ကိုယ်ပိုင်သဘောင်္နဲ့ ခရီးတွေထွက်မယ်လို့ ရည်မှန်းထားတဲ့ဒီမိသားစုက သဘောင်္ကိုပြုပြင်ပြီး ခရီးထွက်တဲ့အခါဘာတွေဖြစ်လာမှာလဲ?အရင်တုန်းက လူတွေကရော ဘာလို့ကြက်ပျောက်ငှက်ပျောက်သွားကြတာလဲ?သဘောင်္ရဲ့ နောက်ကွယ်က အဖြစ်မှန်ကိုတဖြည်းဖြည်းသိလာချိန်မှာဒီမိသားစု ဘယ်လိုဆက်လုပ်မလဲ? ဆိုတာရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမယ့်ကားလေးပါ။သည်းထိတ်ရင်ဖိုပရိတ်သတ်ကြီး အကြိုက်တွေ့မယ့် ဒီကားလေးကတော့ Mary (2019)ပါ။ File Size : ( 792 MB , 297 MB)Quality : WEB-DL ...
movie
Mary (2019)
2019
7.2
Mary Poppins Returns (2018)
တစ်ခေတ်တစ်ချိန်က အောင်မြင်ခဲ့ပြီး ဆုပေါင်းများစွာအရယူထားနိုင်ခဲ့တဲ့ Marry Poppins (1964) ရဲ့ Sequal အဖြစ် အခု ၂၀၁၈ မှာMary Poppins' Return ဆိုပြီး ပြန်လည်အသက်သွင်းခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Mary Poppins ဆိုတာ မှော်ဆရာမလေးတစ်ဦး၊ သူဘယ်ကလာလဲ၊ ဘယ်အချိန်ပေါ်လာမလဲ၊ ဘာကြောင့်မှော်အစွမ်းတွေရထားတာလဲဆိုတာတော့ဘယ်သူမှမသိပါဘူး။Mary Poppins' Return အကြောင်းမပြောခင် Mary Poppins (1964) အကြောင်းလေးကနေစပြောမှ ဇာတ်ရေနည်းနည်းလည်ပါလိမ့်မယ်။Jane Banks နဲ့ Michael Banks တို့ငယ်ငယ်တုန်းက Mary Poppins က ကလေးထိန်းအဖြစ်နဲ့ စောင့်ရှောက်ပေးခဲ့ပါတယ်။အဲ့ဒီမောင်နှမနှစ်ယောက် အဖေဖြစ်သူနဲ့အဆင်ပြေပြေဖြစ်သွား၊ မိသားစုကိစ္စတွေလဲပြေပြေလည်လည်ဖြစ်သွားခဲ့တဲ့အချိန်မှာ Mary Poppins ကသူ့ရဲ့မူလနေရာလို့ဆိုရမယ့် လန်ဒန်မိုးကောင်းကင်ပေါ်ကို ပြန်သွားခဲ့ပါတယ်။အဲ့အချိန်ကစပြီး Jane နဲ့ Michael တို့နှစ်ယောက် Mary Poppins ကိုပြန်မတွေ့တော့ပါဘူး။Mary Poppins နဲ့အတူ ကြုံတွေ့ခဲ့ရတဲ့ ...
movie
Mary Poppins Returns (2018)
2018
6.5
The Bookshop (2017)
File Size : (850 MB) and (၂၀၁၇ ခုနှစ်ထွက် ဒရာမာဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေBookshop လို့အမည်ရတဲ့ဇာတ်ကားလေးက ၁၉၅၀ ဝန်းကျင်ကိုအခြေခံထားတဲ့ဇာတ်ကားလေးဖြစ်ပြီးမိန်းမသားတစ်ဦးရဲ့ လောကဓံကို ကြံ့ကြံ့ခံရင်ဆိုင်ပုံတွေ လူမှုစရိုက်သဘောသဘာဝရဲ့ကောင်းကွက် ဆိုးကွက်တွေ မြေနိမ့်ရာလှံစိုက် ဖိနှိပ်မှုတွေကို ဇာတ်လမ်းအေးအေးလေးနဲ့တင်ဆက်ရိုက်ကူးထားတဲ့ကားလေးဖြစ်ပါတယ်။။။။ဇာတ်လမ်းအကျဉ်းကတော့ ဖလော့ရမ့်စ်ဂရင်းဆိုတဲ့ မုဆိုးမလေးဟာ သူမရဲ့ဝါသနာသူမရဲ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးကို ဇာတိမြေဖြစ်တဲ့ ဟာ့ဒ်ဘော့မြို့မှာပြန်လာဖွင့်တာလေးနဲ့ အစပျိုးထားပါတယ်။ဒါပေမယ့်လဲ အဲ့မြို့မှာကစာအုပ်ဖတ်တဲ့လူဆိုလို့ မစ္စတာ ဘရန်ဒစ်ရှ်ဆိုတဲ့ အဖိုးကြီးတစ်ယောက်ပဲရှိတာဆိုတော့သူစာအုပ်ဆိုင်ဖွင့်မယ့်ကိစ္စက အထူးအဆန်းလို စွန့်စားမှုကြီးတစ်ခုလို လူတွေကမြင်ကြတာပေါ့သူဆိုင်ဖွင့်မယ် Old House(အိမ်အိုကြီး)ကလဲ ရှေးဟောင်းအိမ်ကြီးဆိုတော့မစ္စစ် ဂါမက်လို့ခေါ်တဲ့ ဘွားတော်ကြီးကလဲ Art center ဖွင့်ချင်နေပြန်ပါလေရောဒါပေမယ့်လဲ သူဖြစ်ချင်တဲ့ အကောင်အထည်ဖော်ချင်တဲ့အတိုင်း စာအုပ်ဆိုင်ကိုဇွတ်အတင်းရအောင်ဖွင့်ခဲ့ပါတယ်။ဖလော့ရမ့်စ်ဂရင်းတစ်ယောက်သူ့အိပ်မက်ဖြစ်တဲ့ စာအုပ်ဆိုင်လေးက အောင်အောင်မြင်မြင်ဖြစ်သွားမလားသူ့ကို မနာလိုမရှုစိမ့်ဖြစ်နေသူတွေကနေ ဘယ်လိုများနှောင့်ယှက်သွားအုန်းမလဲတစ်ကိုယ်တည်း မုဆိုးမတစ်ယောက်အနေနဲ့ လောကဓံကိုဘယ်လိုများတောင့်ခံသွားသလဲဆိုတာတော့ဆက်လက်ဒေါင်းကြည့်ကြပါကုန်။။။။ဇာတ်ကားတွေမှာ ရယ်စရာကောင်းတဲ့ကား၊ ကြောက်စရာကောင်းတဲ့ကား၊ ငိုရတဲ့ကား ဆိုပြီးရှိကြသလိုကျနော်ကတော့ ဒီကားလေးကို ချစ်စရာကောင်းတဲ့ကားလေးလို့ ခေါ်ချင်ပါတယ်။ဒရာမာကားစစ်စစ် တစ်ကားဖြစ်သလို ၁၅၀၀ အချစ်လုံးဝမပါတဲ့ ...
movie
The Bookshop (2017)
2017
1
2
Next