Channel Myanmar

Emilio Doorgasingh

And Mrs (2024) 5.9
And Mrs (2024)  IMDb Rating – 5.9/10ဒီကားကိုတော့ ဒါရိုက်တာ Daniel Reisinger ရိုက်ကူးထားပြီးမင်းသား Colin Hanks နဲ့ မင်းသမီး Aisling Bea နဲ့Billie Lourd တို့ကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားတော့ အချစ်ဒရာမာဇာတ်လမ်း အမျိုးအစားပဲ ဖြစ်ပါတယ်။ရင်ထဲကိုထိသွားစေမယ့် လက်ရာကောင်းလေးပါ။ဂျမ်မာ နဲ့ နေသန်နဲ့က အရမ်းချစ်ကြတဲ့ ချစ်သူတွေဖြစ်ပြီး‌တော့လက်ထပ်ဖို့အတွက် အရာအားလုံးကို စီစဉ်ပြီးနေပါပြီ။နေသန်ကတော့ ရိုးအတဲ့လူဖြစ်ပြီးတော့ ဂျမ်မာကတော့ချစ်တာကိုထုတ်မပြတတ်တဲ့အပြင် လက်ထပ်တာကိုလည်းမယုံဘူးဆိုပြီး နေလာခဲ့တဲ့သူပါ။ဒီလိုနဲ့ လက်မထပ်ခင်မှာတင်ပဲ နေသန်က ရုတ်တရက်သေဆုံးသွားခဲ့ပါတယ်။ ချစ်ရသူသေဆုံးသွားတဲ့နောက်မှာ ဂျမ်မာကနေသန့်ရဲ့ဆန္ဒတွေကို ဖြည့်ဆည်ပေးဖို့အတွက် ဆုံးဖြတ်လိုက်တဲ့အခါ‌နေသန်အမြဲဖြစ်ချင်ခဲ့သလို သူတို့နှစ်ယောက်ရဲ့ လက်ထပ်ပွဲကိုဆက်ကျင်းပဖို့ ကြိုးစားပါတော့တယ်။သတို့သားသေဆုံးသွားတဲ့ မင်္ဂလာပွဲကို ဆက်ကျင်းပဖို့အတွက်နေသန့်ညီမ အော်ဒ‌ရေးရဲ့ အကူအညီနဲ့အတူ မိသားစုဝင်တွေရဲ့သဘောမတူမှုတွေကြားမှာ ဂျမ်မာ ဘယ်လိုဆက်လုပ်မှာလဲ....တရားဥပဒေအရ လိုအပ်ချက်‌တွေကို ပြည့်မီအောင် ဂျမ်မာလုပ်နိုင်မှာလား...လူတွေရဲ့ ထောက်ခံမှု၊ ကန့်ကွက်မှုမျိုးစုံရဲ့ ကြားကနေ ဂျမ်မာရဲ့နေသန့်ဆန္ဒကို ဖြည့်ဆည်ပေးတဲ့ကိစ္စက အောင်မြင်သွားမလား...ချစ်ရသူကို သူဘယ်လောက်ချစ်ကြောင်း မပြောဖြစ်ခဲ့လို့နောင်တရခဲ့တဲ့ဂျမ်မာရဲ့ လက်ထပ်ပွဲအတွက် ...
movie

And Mrs (2024)

Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC