Channel Myanmar

Emil Kusumo

Detektif Jaga Jarak (2024) 9.2
Detektif Jaga Jarak (2024)  Detektif Jaga Jarak (2024)IMDb Rating (9.2) ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသော အယ်လ်မွန်တစ်ယောက် အခန်းငှားခမပေးနိုင်၍ အိမ်ပေါ်ကနေဆင်းခဲ့ရပါတယ်။ရည်စားဖြစ်သူကောင်မလေးကလည်း အိမ်ကနေ ယောက်ျားအတင်းပေးစားနေပြီဖြစ်သည့်အတွင်း အချိန်သုံးလအတွင်း တောင်းရမ်းလက်ထပ်ရန် ဖြစ်လာပါတော့တယ်။ရည်းစားလေးအားအရမ်းချစ်ပြီး လက်လွတ်အဆုံးရှုံးမခံနိုင်တယ့်အတွက် သုံးလအတွင်း မိန်းမတင်တောင်းရန် ပိုက်ဆံရှာရပါတော့မည်။ ဒီလိုအခြေအနေတွေကပဲ သူ့ကို စုံထောက်တစ်ယောက်ဖြစ်ဖို့ တွန်းအားပေးခဲ့ပါတယ်။သူ့အနေနဲ့ ဘယ်လိုစုံထောက်မျိုးလုပ်မှာလဲ၊ ဒီအချိန်သုံးလအတွင်းမှာ လိုအပ်တဲ့ငွေကြေးကို ရှာဖွေနိုင်ပါ့မလား။ ဇာတ်အိမ်ဇာတ်လမ်းအခိုင်အမာနဲ့ကြည့်ရမယ့် Comedy Drama အင်ဒိုနီးရှား ဇာတ်ကားလေးဖြစ်ပါတယ်။စုံထောက်ကားဖြစ်သည့်အတွက်လည်း plot twist တွေအများကြီးပါတယ့် ကားလေးဖြစ်ပါတယ်။ IMDb ကလည်း 9.2/10 ရထားတာမလို့ ကြည့်ပျော်တဲ့ကားလေးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ ZMT ဖြစ်ပါတယ်။)File size…(1.7 GB) / (730 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:12:15 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ZMT
movie

Detektif Jaga Jarak (2024)

2024
The Train of Death (2024)
The Train of Death (2024)  သရဲကားကောင်းတွေ ကြိုက်နှစ်သက်သူ cm ပရိသတ်ကြီးကိုအင်ဒိုသရဲကားကောင်း တစ်ကားဖြစ်တဲ့ The Train of Death(အင်ဒိုလို Kereta berdarah)နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ပူရ်နားမားနဲ့ ကမ်ဘန်လို့ခေါ်တဲ့ ညီအစ်မနှစ်ဦးဟာ ဆန်ခါရာအပန်းဖြေစခန်းကို အလည်အပတ်သွားရောက်ဖို့ အတွက်အထူးစီစဉ်ထားတဲ့ ရထားကို စီးနင်းလာခဲ့ကြပါတယ်။ရထားစီးနင်းလာတဲ့ လမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့အရာတွေကိုရထားပေါ်မှာ ကြုံရတဲ့အပြင် လှိုဏ်ခေါင်းတစ်ခုကို ဝင်ရောက်ချိန်မှာရထားနောက်ဆုံးတွဲဖြစ်တဲ့ ပဥ္စမမြောက်အတွဲ ပြုတ်ထွက်ကျန်တာကို မျက်ဝါးထင်ထင် မြင်လိုက်ရတဲ့ သူမတို့ ညီအစ်မနှစ်ဦးဘယ်လိုတွေဆက်လုပ်ကြမလဲ။ကျန်ရစ်ခဲ့တဲ့ ရထားတွဲထဲက ခရီးသည်တွေက ဘယ်လိုကံကြမ္မာတွေ ရင်ဆိုင်ကြရမလဲ။ ဒီရထားနဲ့ ပတ်သတ်ပြီးကြောက်မက်ဖွယ် အကြောင်းရင်းကို သိရှိလိုက်ရတဲ့ အချိန်ရထားတွဲ ခေါင်းတွဲတစ်တွဲသာ ကျန်တော့တဲ့အချိန်မှာတော့.....။ File size…1.49GB / 688MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 43m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi
movie

The Train of Death (2024)

Kultus Iblis (2023) 5.9
Kultus Iblis (2023) Kultus Iblis (2023)2023 တုန်းကထွက်ရှိထားခဲ့တဲ့ အင်ဒိုနီးရှား Horror ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ Horror ကားတွေ ထွက်ခဲ့သမျှ ဇာတ်လမ်းဇာတ်ကွက်တွေ ထပ်လာပြီး Jump Scare အခန်းတွေကိုတောင် လူတွေက မကြောက်ကြတော့ပါဘူး။ နောက်ပိုင်းထွက်လာတဲ့ Horror ကားတွေမှာတော့ ကြောက်အောင်ခြောက်တာထက် တွေးရင်းကြောက်လာအောင် လုပ်တဲ့ Horror ကားပုံစံတွေ ပိုပြီးအရိုက်များလာကြပါတယ်။ ဒီလိုမျိုး Thriller/Horror ကားမျိုးတွေကို ကြိုက်တတ်တဲ့သူဆိုရင်တော့ ဒီကားလေးကို ကြည့်လိုက်ကြဖို့ ညွှန်းချင်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ရာကာ နဲ့နေယာဆိုတဲ့ အမွှာမောင်နှမ နှစ်ယောက်ရှိပါတယ်။ တစ်နေ့ သူတို့အိမ်ကိုပြန်လာတော့ သူတို့ရဲ့ ဖခင်ဖြစ်သူက ရုပ်ပျက်ဆင်းပျက် သေဆုံးနေတာကို တွေ့လိုက်ရပါတယ်။ တိုက်တစ်ခုလုံးလဲ သွေးတွေနဲ့ပေပွနေပါတယ်။ ဒါနဲ့ပဲ သူတို့အဖေရဲ့ အသုဘကို လုပ်တဲ့အချိန်မှာ သူတို့ဗလီဆရာက ဒါကအောက်လမ်းပညာကြောင့် သေတာလို့ ပြောပါတယ်။ ဒါပေမဲ့ ခေတ်ပညာတတ်တွေဆိုတော့ ဒါမျိုးကိုအယုံကြည်မရှိကြပါဘူး။ ဒါပေမဲ့ အဲ့ညမှာပဲ သူတို့အဖေရဲ့ အလောင်းပျောက်ခြင်းမလှ ပျောက်သွားပါတယ်။ ဒါနဲ့ပဲ သူတို့လဲ ကြံရာမရပဲ သူတို့အဖေအခန်းထဲ ဝင်ရှာကြည့်ကြရာကနေ အရင်က သူတို့အဖေရဲ့ နောက်ဆုံးချန်ထားခဲ့တဲ့ အမှာစကားကိုတွေ့သွားပြီး သူတို့အဖေက ဘာလို့သူ့ငယ်ဘဝကို ဖုံးကွယ်ထားတာလဲ သူကအောက်လမ်းပညာကို ...
movie

Kultus Iblis (2023)

2023
Preman (2022) 6.4
Preman (2022) Preman (2022)ဇာတ်ဝင်ခန်းထဲက စကားလေးအတိုင်းဆိုရင် တကယ်တော့ မဒူဆာဆိုတဲ့ အမျိုးသမီးဟာ အရမ်းလှပတဲ့ မိန်းမပျိုလေး တစ်ယောက်ပေါ့ဒါပေမဲ့ သူမရဲ့ အလှအပတွေကို လိုချင်တပ်မက်နေတဲ့ ပင်လယ်နတ်ဖုရား ပိုဆိုက်ဒွန်ဟာ သူမကို မုဒိန်းကျင့်ခဲ့တယ် ဒါအပြင့် သူ့ကို မနာလိုတဲ့ နတ်ဖုရားမက အပြစ်ပေးတဲ့အနေနဲ့ မြွေတစ်ပိုင်း လူတစ်ပိုင်း ပြောင်းပစ်ခဲ့ကြတယ် ဒါတောင်မှ သူမအတွက် ရက်စက်မှုတွေက မကုန်နိုင်သေဘဲ ပါစီးယက်ရဲ့ ခေါင်းဖြတ်ခြင်းကို ခံခဲ့ရပါသေးတယ်။ဒီလိုပါပဲ လူတွေ အတွက်တော့ ပါးစီးယက်တို့က သူရဲကောင်းကြီးတွေ ဖြစ်ပေမဲ့ မဒူဆာ အတွက်တော့ သူတို့တွေဟာ မကောင်းဆိုးဝါး စစ်သားတွေပါပဲ။ ယခု ဇာတ်ကားလေးဟာလဲ အင်ဒို ၂၀၂၂ ထွက်ကားလေးဖြစ်ပြီးတော့ ဇာတ်လမ်းသဘောလေးကတော့ နားကန်းနေတဲ့ လူတစ်ယောက်ဟာ လူမိုက်ဂိုဏ်း တစ်ခုမှာ အလုပ်လုပ်နေခဲ့တာ ကြာခဲ့ပါပြီ။ ဒီလို လူမိုက်အလုပ်ကြောင့်ပဲ မိန်းမဖြစ်သူက ပစ်သွားခဲ့ပြီး သားလေးတစ်ယောက်နဲ့ လောက ကိုရင်ဆိုင်နေသူတစ်ယောက်ပါ။ နဂိုက စိတ်ထားကောင်းတဲ့သူ တစ်ယောက်ဖြစ်ပေမဲ့ ပတ်ဝန်းကျင် အခြေအနေနဲ့ အရာရာဟာ သူ့ကို ဒီဘဝကနေ ရုန်းထွက်မရအောင် ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ ...
movie

Preman (2022)

2022
Till Death Do Us Part(2021) 7.2
Till Death Do Us Part(2021) စိုက်ပျိုး​ရေး မဂ္ဂဇင်းတစ်ခုရဲ့ ဂျာနယ်လစ်တစ်​ယောက်ဖြစ်တဲ့ အာယာကို တစ်ရက်မှာ နာမည်ကြီး ရုပ်ရှင်မင်းသမီးတစ်​ယောက်က လာရှာခဲ့တယ် အာယာလို မထင်မရှား ဆင်းရဲသား​လေးတစ်​​ယောက်ဆီ ဗနီဆာလို နာမည်ကြီး မင်းသမီးတစ်​ယောက်က ဘာ​ကြောင့်လာရှာရတာလဲ ဆိုတာကို လုပ်​ဖော်ကိုင်ဖက်​တွေသာမက ရုံးလုံခြုံ​ရေးက ​မေးခွန်းထုတ်စရာဖြစ်လာပါတယ် ဗနီဆာဟာ အာယာကို မြင်မြင်ချင်း ​​သေနတ်နဲ့ ချိန်လိုက်ပါ​တော့တယ် အာယာအ​နေနဲ့ ဗနီဆာကို ရုပ်ရှင်ထဲမှာက လွဲပြီး မမြင်ဖူးပါဘူး ဒါ​ပေမယ့် ဗနီဆာက အာယာကို ​ကောင်း​ကောင်းသိ​နေတဲ့ပြင် ချစ်သူ​တွေပါလို့ ​ပြောလာပါ​တော့တယ် ဒါ့အပြင် သူ့လုပ်​ဖော်ကိုင်ဖက်​တွေကိုလည်း သိ​နေပြန်တယ်ဗနီဆာက ဘယ်​ကြောင့် အခုလိုလာလုပ်​နေတာလဲ ?သူ အာယာ့အ​ကြောင်း​တွေကို စုံစမ်းထားတာလား ?အာယာကပဲ အတိတ်​မေ့​နေတာလား CCTV ကကြည့်​နေတဲ့ လုံခြုံ​ရေး​တွေထင်သလို ​နောက်ပြောင်တဲ့ အစီအစဥ်ရိုက်​နေတာလား?"?​"တွေအများကြီးနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာပါ  File size…(1.2 GB)/ (600 MB)/ (295 MB) Quality…WEB-DL 1080p /720p / 480p Format…mp4 Duration….01:21:00 Subtitle….Myanmar Subtitle (Hardsub) Encoder….d3mon Translated by  ...
movie

Till Death Do Us Part(2021)

2021