Channel Myanmar

Eme Ikwuakor

Not Safe for Work (2014) 5.8
Not Safe for Work (2014) ဂျွန်ဖာဂူဆန်ဟာ ဒန်နင်းဆိုတဲ့ ထိပ်သီးဆေးကုမ္ပဏီကြီးတစ်ခုရဲ့မသမာမှုတွေကိုဖွင့်ချခဲ့သူဖြစ်ပြီး ကုမ္ပဏီအပေါ် ထိရောက်တဲ့အရေးယူမှုတွေရှိမလာတာကြောင့် အလုပ်အမှုဆောင်တစ်ချို့ကိုပစ်သတ်ပြီး သူ့ကိုယ်သူပါ သေကြောင်းကြံသွားခဲ့ပါတယ်။ တွမ်မီလာဆိုတာကတော့ တရားရေးလက်ထောက်တစ်ယောက်ဖြစ်ပြီး ဒန်နင်းအမှုကို ကိုင်တွယ်နေတဲ့ Law Firm တစ်ခုမှာအလုပ်လုပ်နေပါတယ်။တစ်ညနေမှာတော့ အလုပ်ကအပြန်မသင်္ကာစရာပုဂ္ဂိုလ်တစ်ချို့ကို တွေ့လို့ရုံးခန်းပေါ်ပြန်အတက်မှာ လူသတ်သမားတစ်ယောက်ဟာ သူတို့ရုံးခန်းထဲမှာအလုပ်ချိန်ကျော်လွန်ပြီး ကျန်နေသေးတဲ့ လူတွေကိုလုပ်ကြံသတ်ဖြတ်နေကြောင်းသိလိုက်ရပါတော့တယ်။ လူသတ်သမားဟာ အချိန်ပိုဆင်းတဲ့လူတွေကိုကြည့်မရတာကြောင့်လား? ဘယ်သူတွေနဲ့ရန်ညှိုးရန်စရှိနေမလဲ? ဒါမှမဟုတ် နူတ်ပိတ်သတ်ဖြတ်မှုတစ်ခုခုလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ပေါ့ပေါ့ပါးပါးနဲ့ကြည့်ရမယ့် thriller ကားတစ်ကားဖြစ်ပါတယ်။File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_0::00 Genre_Action, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias
movie

Not Safe for Work (2014)

Concussion (2015) 7.1
Concussion (2015) 2015 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားကို ဒါရိုက်တာ Peter Landesman က ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အနေနဲ့ Will Smith က ပါဝင်သရုပ်ဆောင်ထားပါတယ်။Dr Omalu ဆိုတဲ့ ဆရာဝန်တစ်ဦးက ‌ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ ဘောလုံးသမားဟောင်းတွေကို ရင်ခွဲစစ်ဆေးတဲ့ အပြင်က တကယ့်ဖြစ်ရပ်ကို စိတ်ကူးဉာဏ်ကွန့်ပြီး ရိုက်ကူးတင်ဆက်ထားတာ ဖြစ်ပါတယ်။‌အမေရိကန်မှာ ဘောလုံးအားကစားက အလွန်ခေတ်စားတဲ့အတွက် စီးပွားရေး ဈေးကွက်ကြီးတစ်ခုလို ဖြစ်နေပါတယ်။ ပြည်သူတွေကလည်း ဘောလုံးအတွက်ဆို ဘယ်လောက်ပင်ကုန်ကုန် ကူညီကြ ထည့်ဝင်ကြတဲ့အထိကို စိတ်ဝင်စားကြပါတယ်။တစ်ရက်မှာ Dr Omalu က နာမည်ကြီး ဘောလုံးသမားဟောင်းတစ်ယောက် သတ်သေသွားလို့ ရင်ခွဲစစ်ဆေးရင်း အရင်က တစ်ခါမှ မကြားထားဖူးတဲ့ ရောဂါအသစ်တစ်မျိုးကို ရှာဖွေတွေ့ရှိသွားပါတယ်။ ဒီအကြောင်းကို စာတမ်းထုတ်ပြန်ဖို့ကိစ္စမှာ ဘောလုံးဘက်ကလူတွေက ဒီလိုထုတ်ပြန်လိုက်ရင် လူတွေ ဘောလုံးကိုကြောက်ပြီး အားမပေးတော့မှာကို စိုးရိမ်တာရယ်၊ ဈေးကွက်ကြီး ပျက်သွားမှာ ကြောက်တာရယ်နဲ့ သူ့ကို ပြန်တိုက်ခိုက်ကြပါတော့တယ်။ IMDb 7.1 အထိရထားတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်လို့ ကြည့်ရှုလိုက်ကြပါဦး။File size…    1.6 GB /  ...
movie

Concussion (2015)

Ink (2009)
Ink (2009)  ဒီတစ်ခါမှာတော့ Ink (2009) ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ်ဇာတ်လမ်းလေးကတော့နေ့အချိန်လွန်ပြီး ညအိပ်ချိန်ရောက်တဲ့အခါမှာ အဖွဲ့နှစ်ဖွဲ့ပေါ်ထွက်လာပါတယ် သူတို့တွေကို မမြင်ရပေမဲ့ သူတို့ဟာ ကျွန်ုပ်တို့အိပ်နေတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ဝိဥာဥ်တွေကို အိပ်မက်တွေထဲမှာ တိုက်ပွဲဝင်ခိုင်းနိုင်တဲ့စွမ်းအင်တွေရှိကြပါတယ် တစ်ဖွဲ့က ကျွန်ုပ်တို့ရဲ့မျှော်လင့်ချက်တွေ ခွန်အားတွေနဲ့ပက်သက်ပြီး အိပ်မက်ကောင်းတွေမက်စေတဲ့ အဖွဲ့ပါ သူတို့တွေကိုတော့ ပုံပြင်ပြောသူလို့ခေါ်ပါတယ် နောက်တစ်ဖွဲ့ကတော့ ကျွန်ုပ်တို့ရဲ့စိတ်ဖိစီးမှုတွေ အကြောက်တရားတွေကို အိပ်မက်ဆိုးအဖြစ်မက်အောင်လုပ်တဲ့သူတွေပါ သူတို့က ထမင်းလုံးတစ္ဆေဆိုသလိုမျိုးမိစ္ဆာတွေပါတနေ့မှာ အမ်မာဆိုတဲ့ကောင်မလေးရဲ့ဝိဥာဥ်ကို အင့်ခ်လို့ခေါ်တဲ့သူက ခိုးယူသွားပြီး ထမင်းလုံးတစ္ဆေအဖွဲ့ထဲဝင်ခွင့်ရဖို့အတွက် အပေးအယူအနေနဲ့လဲလှယ်ဖို့လုပ်ပါတယ် အမ်မာရဲ့ဖခင်ဖြစ်သူ ဂျွန်ဆီကိုလည်း ထမင်းလုံးတစ္ဆေတစ်ကောင်က နောက်ကနေအရိပ်လိုလိုက်နေပါတယ် ဒီအခါမှာ ပုံပြင်ပြောသူတွေလို့ခေါ်တဲ့ အိပ်မက်ကောင်းမက်အောက်လုပ်ပေးရတဲ့သူတွေအဖွဲ့က ဖမ်းခေါ်သွားခံရတဲ့ ကလေးမလေးအမ်မာကို ပြန်ရအောင်လိုက်ကယ်ရပါတော့တယ် File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Chit
movie

Ink (2009)

The Gray Man (2022) 7
The Gray Man (2022) နက်ဖလစ်ရဲ့ အက်ရှင်ကားအသစ်ကြည့်ရအောင်။ ဒါရိုက်တာကတော့ ရက်ဆို ညီအစ်ကိုနှစ်ယောက်ပါပဲ။ အဗန်ဂျာဒါရိုက်တာတွေပေါ့။ ဇာတ်ညွှန်းဆရာတွေကလည်း အဗန်ဂျာရေးတဲ့သူတွေပါပဲ။ သရုပ်ဆောင်ကတော့ ရိုင်ယန်ဂို့စလင်း၊ ခရစ်စ် အီဗန်တို့နှစ်ယောက်အပြင် No Time to die တို့ Bladerunner တို့ထဲက မင်းသမီး အန်နာ ဒီအာမက်စ်လည်း ပါပါတယ်။ ပြီးတော့ Iron Fist တို့ Love and Monsters တို့မှာ အရမ်းချစ်ဖို့ကောင်းတဲ့ မင်းသမီး ဂျက်ဆီကာဟန်းဝစ်ပါ ပါပါသေးတယ်။ တမီးလ်မင်းသား Dhanush ပါ အားဖြည့်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကော့ထ်ဂျန်ထရီ (ရိုင်ယန်ဂို့စလင်း)ဟာ လူသတ်မှုနဲ့ထောင်နှစ်ရှည်ကျနေသူဖြစ်ပြီး တစ်နေ့မှာတော့ စီအိုင်အေရဲ့ လျို့ဝှက်တရားမဝင်စစ်ဆင်ရေးတွေမှာ လုပ်ပေးဖို့ အပေးအယူနဲ့ထောင်ကလွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီနောက် အေးဂျင့်လောကမှာ Six ဆိုတဲ့နာမည်တစ်လုံးနဲ့ကျော်ကြားလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူလုပ်ကြံရတဲ့ ပစ်မှတ်ဆီကနေ မရသင့်လိုက်တဲ့ အချက်အလက်တွေရသွားပြီး သူ့ရဲ့အဖွဲ့အစည်းကပါ သူ့ကိုပြန်လိုက်သတ်လာတာကြောင့် ထွက်ပြေးရပါတော့တယ်။ သူ့နောက်ကို တရားမဝင်လိုက်သတ်ဖို့ ...
movie

The Gray Man (2022)

4K HEVC Web-DL
Moonfall (2022) 5.3
Moonfall (2022) Moonfall (2022) ကမ္ဘာကြီးကို ဟစ်တလာက တစ်ခါပဲ ဖျက်ဆီးခဲ့ပေမဲ့ ဟစ်တလာထက်ဆိုးပြီး ကမ္ဘာကို ခဏခဏဖျက်နေတဲ့ ဂျာမန်သားတစ်ယောက်ရှိပါတယ်။ သူကတော့ Roland Emmerich ပါ။ အမ်းမရစ်ဟာ Independence Day၊ The Day After Tomorrow နဲ့ 2012 တို့လို ကမ္ဘာပျက်ကားတွေချည်း အဓိကရိုက်ခဲ့တဲ့ ‌ဒါရိုက်တာလို့ ဆိုရပါမယ်။ အခုလည်း လက ကမ္ဘာကို ၀င်တိုက်ပြီး ကမ္ဘာပျက်တဲ့ကားပါပဲ။လနဲ့ပတ်သက်တဲ့ သီအိုရီငစားတွေ အများကြီးကြားဖူးမှာပေါ့။ ဒီရုပ်ရှင်ကတော့ ကြားဖူးသူရှားလောက်မယ့် သီအိုရီတစ်ခု သုံးထားပါတယ်။ ဒီရုပ်ရှင်ထဲမှာ လဟာ လူကဖန်တီးထားတဲ့ မဟာယန္တရားကြီးပါပဲ။ ဇာတ်လမ်းက ဒီသီအိုရီကို ယုံကြည်တဲ့ ကောင်လေးတစ်ယောက်က လကြီးပတ်လမ်းချော်နေတာကို သတိထားမိရာက စပါတယ်။ သူဘာလို့ယုံတာလဲဆိုတော့ အပိုလို၁၁ကနေ လောင်စာကန်အလွတ်ကို လကြမ်းပေါ်ပစ်ချလိုက်တော့ တစ်နာရီလောက် ခေါင်းလောင်းလို မြည်နေခဲ့တာမို့ လက အထဲမှာ ‌ဗလာသက်သက်ကြီးလို့ ဆိုပါတယ်။ ...
movie

Moonfall (2022)

2022