Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elyse Mirto
5.0
The Star City Murders (2024)
ရုပ်ရှင်ကားကြီးတွေမှာ မြင်တွေ့နေကျတော့မဟုတ်ပေမဲ့တချို့နာမည်ကြီး Series တွေမှာမြင်တွေ့နေကျဖြစ်တဲ့ နာမည်မကြီးတကြီးမင်းသားမင်းသမီးတွေနဲ့ရိုက်ကူးထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Star City Murders ဖြစ်ပြီးလူသတ်မှုတွေကိုရှာဖွေစုံစမ်းစစ်ဆေးရတဲ့ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ စုံထောက်လောင်းတို့အတွက်တော့ကြည့်ရတာစိတ်ဝင်စားစရာကောင်းစေမှာဖြစ်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့ ဇာတ်ကားနာမည်ကိုကြည့်လိုက်တာနဲ့ စတားစီးတီး(မြန်မာကမဟုတ်) မှာဖြစ်တဲ့လူသတ်မှုတွေကိုနယ်ခံရဲဌာနကစုံထောက်ကြီးတွေက အဖြေရှာရတဲ့ပုံစံမျိုးရိုက်ကူးထားတာဖြစ်ပါတယ်။လူသတ်တဲ့ပုံစံကတခြားလူသတ်သမားတွေနဲ့မတူဘဲ မျက်နှာကိုကြည့်လိုက်ရုံနဲ့ဘယ်သူမှန်းတောင်မသိနိုင်လောက်တဲ့အထိ မျက်နှာပါမရှိတော့အောင်လုပ်ပြီးသတ်ဖြတ်ထားတဲ့အတွက် ဒီအမှုကိုအပူတပြင်းဦးစားပေးပြီး စုံစမ်းနေကြပါတယ်။အဲ့လိုစုံစမ်းနေရင်းတန်းလန်းနဲ့ကိုမှလူသတ်သမားက နောက်ထပ်တစ်ယောက်ပြီးတစ်ယောက်လိုက်သတ်ရင်းနဲ့မှ သေဆုံးသူတွေများလာလေလေ သူတို့ကြားကဆက်နွယ်မှုတွေ ပိုသိသာလာလေလေနဲ့ တစ်ဆင့်ချင်းစီဆက်စပ်ရင်းနဲ့မှ လူသတ်သမားရဲ့ရည်ရွယ်ချက်နဲ့ တရားခံဘယ်သူလဲဆိုတာတွေကို ဖော်ထုတ်သွားမဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ File size… (861 MB) / (389 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 19m Genre ….. Adventure , Crime , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
The Star City Murders (2024)
5.4
Betrayed by Love (2024)
Betrayed by Love (2024)IMDb Rating (5.4) October 6, 2024 Date နဲ့အသစ်စက်စက်ထွက်ရှိထားတဲ့ Drama/Mystery ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။Director Marla Sokoloff ရိုက်ကူးထားပြီး မင်းသမီးချော Sara Ball အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းလေးကတော့ခင်ပွန်းနဲ့သားတစ်ယောက်ကို ကားမတော်တဆမှုကြောင့် ရုတ်တရက်ထားခဲ့လိုက်ရတဲ့ ရိုင်လီ ရဲ့သေဆုံးမှုကို မသင်ကာလို့ဆိုပြီး...... "မှုခင်းစောင့်ကြည့်သူများ" ဆိုတဲ့ဝဘ်ဆိုဒ်မှာအလုပ်လုပ်နေတဲ့ ညီမဖြစ်သူ ကယ်ရီ ဟာ မရမကလိုက်စုံစမ်းပါတော့တယ်။ငယ်သူငယ်ချင်းဖြစ်တဲ့ စုံထောက် ဒိုင်လန် ကလည်း မတော်တဆမှုဟုတ်/မဟုတ်ဆိုတာကို ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ရသမျှအကူအညီပေးပြီးစုံစမ်းပေးရာကနေ ကယ်ရီ ဟာဇာတ်ရှုပ်ကြီးတစ်ခုလုံးကို တစ်စပြီးတစ်စမြေလှန်ပါတော့တယ်။ရိုင်လီ ဟာတကယ်ပဲမတော်တဆမှုကြောင့်သေသွားရတာလား။ဒါမှမဟုတ် အကွက်ကျကျလုပ်ခံလိုက်ရတာလား။တကယ်လို့လုပ်ကြံခံရတာဆိုရင်လည်း ဘယ်သူလုပ်ခဲ့တာလဲ ကယ်ရီ ကလည်းလိုက်စုံစမ်းရင်းနဲ့ဘယ်လိုအန္တရာယ်မျိုးတွေတွေ့ကြုံရဦးမလဲဆိုတာကိုတော့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leo ဖြစ်ပါတယ်။)File size…(1.6 GB) / (650 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery,TV Movie Duration….01:25:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by ...
movie
Betrayed by Love (2024)
2024
6.1
Love at First Like (2023)
လက်တလောကမှ မင်္ဂလာပွဲပျက်သွားတဲ့ အဆိုးမြင်ဝါဒီသမား ဂျာနယ်လစ်မလေး ကေစီ နဲ့ အွန်လိုင်းပေါ်က Date app တစ်ခုရဲ့ ဆယ်လီတစ်ဦးဖြစ်တဲ့ မာနကြီးကြီး ခပ်ချေချေ ပါဖြောင့်ဖြောင့် ရိုင်ယန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့လိုင်းပေါ်မှာ မိန်းကလေးတွေအတွက် Date နဲ့ပတ်သတ်ပြီး အကြံဉာဏ်တွေပေးပြီးတော့ ပျိုတိုင်သည်းသည်းလှုပ်ဖြစ်နေတဲ့ ရိုင်ယန် က ယောကျ်ားလေးတွေအတွက် အကြံဉာဏ်တွေနဲ့ အကွက်တွေကို စာအုပ်ထုတ်ဖို့အတွက် ပရိုမိုးရှင်းလုပ်ဖို့ရှိလာတာကနေ မဂ္ဂဇင်းတိုက်တစ်ခုနဲ့ လက်တွဲဖို့ဖြစ်လာတော့ ဂျာနယ်လစ်မလေး ကေစီ နဲ့ ရေစက်ဆုံပြီး ဘယ်လိုမျိုး ကို့ယို့ကားယားနိုင်ပြီး တလွဲတွေနဲ့ ရိုဆန်ကြဦးမလဲဆိုတာကိုတော့......ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo
movie
Love at First Like (2023)
Imani (2023)
IMDb 3.5/10 Rotten tomatoes 70% ဒီကားလေးကတော့ ခုလတ်တလောကမှထွက်ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် Faith ဆိုတဲ့ အမျိုးသမီးဟာ အတိတ်မေ့ရောဂါကိုခံစားနေရတဲ့ သူဖြစ်ပြီးတော့ သူမရဲ့နေ့စဥ်ဘဝကိုပုံမှန် ဖြတ်သန်း နေနေရာကနေပြီးတော့ သူမရောဂါပြန်သက်သာလာပြီးတော့ မှတ်ဉာဏ်တွေကို အိမ်မက်တွေအဖြစ် ပြန်လည်မြင်ယောင် လာခဲ့တယ်။ တစ်ရက်မှာတော့ သူမဟာပြန်ပေးဆွဲခံရပြီးတော့ ရုတ်တရက် ခေါင်းကိုအရိုက်ခံလိုက်ရ ရာကနေပြီးတော့ သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ရလာတဲ့အချိန်မှာပဲ သူမကိုသတ်ဖို့ကြိုးစားနေတဲ့သူတွေဟာတစ်ယောက်ပြီးတစ်ယောက်ပေါ်လာခဲ့ရာကနေပြီးတော့ ဘယ်လိုတွေဖြေရှင်းသွားလဲဆိုတာကို action ဆန်ဆန်ရိုက်ကူးထားတဲ့ action, mystery , thriller အမျိုးအစားပဲဖြစ်ပါတယ်။ File size…(1.6 GB)/(760 MB)/(430 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Thura
movie
Imani (2023)
6.8
Disturbia (2007)
မှန်ဘီလူးတစ်လက်နဲ့ ပတ်ဝန်းကျင်ကိုစပိုင်လုပ်နေရင်းထူးဆန်းတာတွေကြုံလာဖူးလား.... ဒီဇာတ်လမ်းလေးမှာတော့ ကေးလ်ဆိုတဲ့ဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ဟာ စာသင်ခန်းထဲမှာဆရာကိုလက်သီးနဲ့ထိုးမိလို့ နေအိမ်အကျယ်ချုပ်ပုံစံမျိုးကျပြီး အိမ်ထဲမှာပဲ၃ လ လောက်အောင်းရမဲ့ကိန်းဆိုက်လာပါတော့တယ်။အပြင်ထွက်လည် သူငယ်ချင်းတွေနဲ့ပျော်တတ်တဲ့အရွယ်မှာအိမ်ထဲပိတ်မိနေလို့ ကေးလ်တစ်ယောက် မှန်ဘီလူးတစ်လက်နဲ့ပတ်ဝန်းကျင်ကအိမ်တွေကို တစ်နေကုန်စောင့်ကြည့်ပါတော့တယ်။သူကြည့်တဲ့အထဲမှာ သူ့အိမ်ဘေးကိုပြောင်းလာတဲ့ မိသားစုထဲကသူနဲ့ရွယ်တူကောင်မလေးကိုတော့ ပိုအချိန်ပေးဖြစ်တာပေါ့။အဲ့အချိန်မှာ ဆံပင်အနီရောင်ကောင်မလေးတွေကို ပြန်ပေးဆွဲသတ်ဖြတ်မှုကလဲ သတင်းထွက်လာတဲ့အချိန် သူတို့အိမ်ဘေးကလူရဲ့နေထိုင်ပုံကလဲ မသင်္ကာစရာတွေဖြစ်လာချိန်မှာတော့စပ်စုတတ်တဲ့ ကောင်လေးဘယ်လိုဖြစ်လာမယ်ဆိုတာကိုဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။မင်းသားကတော့ Transformers ကားထဲက မင်းသားဖြစ်ပြီးသူနဲ့တွဲတဲ့မင်းသမီးတိုင်းကတကယ့်ကို အချောအလှတွေဆိုတာတော့ပြောစရာမလိုလောက်ဘူးထင်ပါတယ်။Crime, Drama,Mystery ဇာတ်ကားအမျိုးအစားဖြစ်ပြီး IMDBမှာလဲ မှတ်ချက်ကောင်းတွေပိုင်ဆိုင်ထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…2.13GB / 858MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 45m Genre ..... Drama , Mystery , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm
movie
Disturbia (2007)
5.2
Wicked (The Wicked Trilogy) (2021)
Wicked (The Wicked Trilogy) (2021)==========================IMDb Rating - 5.2/10Wicked Trilogy အနေနဲ့သုံးကားထွက်မယ့်အထဲက ပထမဆုံးကားဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ ဖေးလို့ခေါ်တဲ့ ဝိဉာဥ်စားသုံးတဲ့ မကောင်းဆိုးဝါးတွေဟာ တစ်ဖက်လောကနဲ့ကမ္ဘာကိုဆက်သွယ်ပေးမယ့် တံခါးပေါက်တွေကို ဖွင့်ဖို့အတွက် ကြိုးစားနေပါတယ်။ ဒါကို ဖေးတွေကိုလိုက်လံနှိမ်နင်းနေတဲ့ The Order လို့ခေါ်တဲ့ အမိန့်တော်ဂိုဏ်းသားတွေက ဖေးတွေရဲ့ကမ္ဘာဖျက်ကိန်းအကြံအစည်ကို မအောင်မြင်အောင်တားဆီးဖို့ နည်းလမ်းရှာ ကြိုးစားကြရမှာဖြစ်ပါတယ်။ ရုပ်ရှင်အညွှန်းအနေနဲ့ အပျင်းပေါ့ပေါ့ပါးပါး ကြည့်ရှုဖို့အတွက်သင့်တော်မယ့် ဇာတ်ကားမျိုးဖြစ်တယ်လို့ပဲ ညွှန်းပေးပါရစေ။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Han Htoo Zaw မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Mr.Anderson နဲ့ Han Htoo Zaw တို့ ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 54minSubtitle – Myanmar HardsubFormat – Mp4Genre : Drama, ...
movie
Wicked (The Wicked Trilogy) (2021)
2021