Channel Myanmar

Eloy Casados

Primal Rage (2018) 5.0
Primal Rage (2018) အတိတ်က အပြစ်ကြွေးတစ်ခုကြောင့် ထောင်ဒဏ်ကျခံနေရသူ မက်စ်ကို ကိုယ်တိုင်သွားကြိုခဲ့တဲ့ဇနီးဖြစ်သူ အက်ရှလေရဲ့ ဇာတ်ဝင်ခန်းနဲ့ ဒီဇာတ်လမ်းကို စဖွင့်ထားပါတယ်။သူ့ရဲ့မျက်ကွယ်မှာ အရွယ်ရောက်ပြီး ကျောင်းတက်စပြုနေတဲ့သားဖြစ်သူကို ပြန်တွေ့ဖို့မက်စ်နဲ့ အက်ရှလေတို့ဟာ အမေရိကန်အရှေ့မြောက်ပိုင်းက တောအုပ်ကို ဖြတ်သန်းပြီးဖောက်လုပ်ထားတဲ့လမ်းကတစ်ဆင့် ပြန်လာခဲ့ပါတယ်။ဓာတ်ဆီဆိုင်အရောက်မှာပဲ ဆီဖြည့်အနားယူနေရင်းက တောအုပ်ထဲကို အမဲလိုက်ခရီးထွက်မယ့် မုဆိုးတစ်သိုက်နဲ့ထိပ်တိုက်တွေ့ခဲ့ပေမယ့် အချင်းများမယ့်ရန်ကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။ထိုနေရာတစ်ဝိုက်မှာပဲ လူပျောက်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် နယ်ခံရဲမှူးကြီးကိုယ်တိုင် လိုက်လံစုံစမ်းနေရတဲ့အချိန်လည်း ဖြစ်ပါတယ်။နှင်းလူရဲ့လက်ချက်ဖြစ်ကြောင်း တဖွဖွပြောနေတဲ့ ဓာတ်ဆီဆိုင်စာရေးရဲ့စကားကို ရူးနှမ်းပေါကြောင်တဲ့စကားအဖြစ်သာ ယူဆနေခဲ့ပါတယ်။မက်စ်နဲ့အက်ရှလေတို့ ခရီးပြန်ဆက်ပြီးတဲ့နောက် မကြာခင်မှာပဲ ဝတ်လစ်စလစ်နဲ့ လူတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ထိုလူရဲ့ဒဏ်ရာတွေက သူတို့ကားနဲ့တိုက်တာနဲ့တင် ဒီလောက်မဆိုးရွားနိုင်မှန်း သိသာနေတာကြောင့်အက်ရှလေက ရဲကို ဖုန်းဆက်ဖို့ပြောပြခဲ့ပါတယ်။ထောင်ကနေ ပူပူနွေးနွေးလွတ်လာတဲ့ မက်စ်အနေနဲ့ကတော့ ပြဿနာကိုရှောင်ရှားဖို့ ဖြောင့်ဖြခဲ့ပေမယ့် တောအုပ်ထဲကနေ လှမ်းပစ်လိုက်တဲ့ ခဲလုံးစာမိပြီး တောင်စောင်းကနေတစ်ဆင့်ရေစီးမြန်တဲ့ချောင်းထဲကို ပြုတ်ကျခဲ့ပါတယ်။ရေစီးထဲကို မေ့ပြီးမျောပါသွားတဲ့ မက်စ်နောက်ကို အက်ရှလေက မဆိုင်းမတွဘဲ ခုန်ဆင်းလိုက်ပါ ကယ်ဆယ်ခဲ့ပါတယ်။အက်ရှလေ ခေါ်ဆိုထားတဲ့ ၉၁၁ ကောလ်ကြောင့် ...
movie

Primal Rage (2018)

2018
Dragon Wars: D-War (2007) 6.1
Dragon Wars: D-War (2007) Dragon Wars ============ King Kong တို့ Gozilla တို့ ကြိုက်တဲ့ သူတွေအဖို့ ဒီနဂါးကားကလည်း အကြိုက်တွေ့စေမယ့်ကားထဲပါပါတယ်ကိုရီးယားတွေရဲ့ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်နဲ့ချီက အသက်ရှင်ခဲ့တဲ့ နဂါးမျိုးဆက်ဟာ ကမ္ဘာကိုပြန်ပြီးကြီးစိုးမယ်လို ဟောကိန်းထုတ်ခဲ့ပါတယ်။ဒဏ္ဍာရီအရ အီမူဂီလိုခေါ်တဲ့ မျိုးရိုးမြင့်မွေတစ်ကောင်ဟာ လူမိန်းမတစ်ယောက်ရဲ့ ကိုယ်ထဲက ဝိညာဉ်အစွမ်းကိုစုပ်ယူပြီး စကြဝဠာနဂါးအဖြစ်အသွင်ပြောင်းဖို အဲဒီအမျိုးသမီးကို မြေလှန်ရှာဖွေတဲ့အခါမှာတော့....( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ )File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Action, Drama, Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark
movie

Dragon Wars: D-War (2007)

Dark Blue (2002) 6.6
Dark Blue (2002) အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie

Dark Blue (2002)

Frost/Nixon (2008) 7.7
Frost/Nixon (2008) ၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ...
movie

Frost/Nixon (2008)