Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elly D. Luthan
5.6
The Demon’s Bride (2025) Pengantin Iblis
The Demon's Bride (2025)IMDb Rating (5.6) နတ်ဆိုးနဲ့အပေးအယူလုပ်တာ၊ လက်ထပ်တာ၊ ကတိကဝတ်ပြုတာမျိုးတွေကို လူတွေဟာကြံရာမရဖြစ်ချိန်တွေမှာ ကောက်ရိုးလေးတစ်မျှင်အနေနဲ့လုပ်လေ့လုပ်ထရှိကြပြီး ပြဿနာတွေပြေလည်ပြီးလို့ပြန်လည်ပေးဆပ်ရမယ့်အချိန်ရောက်လာတဲ့အခါ ပေးလိုက်ရတဲ့ တန်ဖိုးတွေဟာ မတန်တဆဖြစ်နေတတ်တာကိုမြင်ဖူးကြမှာပါ။အောက်လမ်း၊ မှော်ပညာ၊ နတ်ဆိုး အစရှိတဲ့အရာတွေဟာ မတို့ထိသင့် မပတ်သက်သင့်တဲ့အရာတွေဖြစ်နေလို့ပါပဲ။အင်ဒိုနီးရှားနိုင်ငံမှာတော့ စည်းစိမ်ဥစ္စာအတွက်၊ ကျန်းမာရေးအတွက် နတ်ဆိုးနဲ့လက်ထပ်တဲ့ အလေ့အထဟာ အခုချိန်ထိအမြစ်တွယ်နေဆဲလို့ဆိုပါတယ်။ဒီဇာတ်ကားမှာတော့ ထွက်ပေါက်မဲ့နေတဲ့ အိမ်ရှင်မတစ်ယောက်၊ ကြံရာမရဖြစ်ချိန်မှာဒီအစီအရင်ကိုလုပ်ခဲ့မိပြီး ကြောက်စရာအကျိုးဆက်တွေနဲ့ရင်ဆိုင်ရတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။အဲ့ဒီအစီအရင်ကိုလက်တွေ့ကျင့်သုံးခဲ့ဖူးသူတွေကြုံခဲ့ရတဲ့ ဖြစ်ရပ်မှန်တွေကို အခြေခံပေါင်းစပ်ထားတာဖြစ်တယ်လို့လည်းသိရပါတယ်။ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.3 GB) / (710 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Thriller Duration….01:43:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias
movie
The Demon’s Bride (2025) Pengantin Iblis
2025
7.8
2nd Miracle in Cell No. 7 (2024)
2nd Miracle in Cell No. 7 (2024)IMDb Rating (7.8) Miracle in Cell No. 7 ဟာ မူရင်းကတော့ ကိုရီးယားရုပ်ရှင်ဖြစ်ပြီး တော်တော်လေးအောင်မြင်မှုကြီးခဲ့တယ်။မူရင်းကတော့ ကိုရီးယားက လူတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်ပြီး တူရကီကား အိန္ဒိယကား အင်ဒိုကား ဖိလစ်ပိုင်ကားစသဖြင့် မျိုးစုံရိုက်ခဲ့တယ်။မူရင်းကနေ နည်းနည်းစီတော့ ကွဲထွက်ကြပါတယ်။ တူရကီကားမှာတော့ ဇာတ်သိမ်းကောင်းအောင်ပြောင်းပေးထားခဲ့ပြီး အခု အင်ဒိုကားကတော့ ၂၀၁၉တုန်းကတော့ မူရင်းကားနဲ့ခပ်ဆင်ဆင်အတိုင်းပဲ ထုတ်ခဲ့ပြီး ၂၀၂၄မှာတော့ အစွပ်စွဲခံရပြီး သေဒဏ်ပေးခံလိုက်ရတဲ့ ကျပ်မပြည့်တဲ့ ကလေးမလေးရဲ့အဖေသေသွားပြီးတဲ့နောက် ကလေးမလေးဘဝက ဆက်ဖြစ်သွားတဲ့ အဖြစ်အပျက်တွေရယ်။ထောင်သားတွေနဲ့ အဲဒီကလေးမလေးရဲ့ ရှေ့ဆက်ဆံရေးတွေရယ်။ နောက် ကလေးမလေးအဖေနဲ့ အမေရဲ့ အတိတ်အကြောင်းရယ်ကို ပြထားတယ်။မူရင်းကိုရီးယားကားမှာတော့ ထောင်မှူးက မွေးစားခဲ့ပြီး နောက်ဆုံးမှာ ရှေ့နေဖြစ်လာတာကို တစ်ဖြတ်ပြသွားပေမဲ့ ကြားထဲက အဖြစ်အပျက်တွေကိုတော့ မပြခဲ့ဘူးဆိုတော့ အင်ဒိုဗားရှင်းက မူရင်း ...
movie
2nd Miracle in Cell No. 7 (2024)
2024
5.3
Poison Sangga: The Homewrecker’s Curse (aka) Santet Pemisah Rumah Tangga (2024)
Poison Sangga The Homewreckers Curse (2024) "ကျိန်စာ"လျှို့ဝှက်ဆန်းကြယ် သဘာ၀လွန်ဖြစ်ရပ်တွေကို စိတ်၀င်စားတဲ့ပရိသတ်ကြီးအတွက် ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ အင်ဒိုနီးရှား horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။မာယာနဲ့ဒွန်ဟာ ကျောင်းအတူတူတက်ခဲ့ကြတဲ့ သူငယ်ချင်းမကရည်းစားမကျ သူငယ်ချင်းတွေပါ။ဘွဲ့ရတဲ့နေ့မှာ ဒွန်က သုံးနှစ်ကြာရင် မာယာ့ကို မိဘတွေဆီကလာတောင်းရမ်းမယ်လို့ ကတိပေးခဲ့ပါတယ်။ မာယာကတော့ အိမ်ထောင်စောစောပြုချင်သူဖြစ်ပြီး ဒွန့်စကားကို သိပ်အလေးအနက်မထားခဲ့ပါဘူး။တစ်နှစ်လောက်နေတော့ မာယာဟာ အန်ဒီနဲ့တွေ့ပြီး မိဘကလည်းကြည်ဖြူတာကြောင့် လက်ထပ်လိုက်ပါတယ်။ ဒွန်တစ်ယောက်အသည်းကွဲသွားတာကလွဲလို့ အဲဒီအထိ အားလုံးအဆင်ချောခဲ့ပါတယ်။လက်ထပ်ပြီးတဲ့အခါ အန်ဒီ့အိမ်ကို မာယာလိုက်သွားတော့မှ တကယ့်ဇာတ်လမ်းစတော့တာပါ။အဲဒီလိုနဲ့ လက်ထပ်ပြီးစအိမ်ထောင်ဦးမှာ မာယာတစ်ယောက် အပျော်တွေအစား ဘာတွေကြုံရမလဲ၊သူတို့နေမဲ့အိမ်ကြီးက ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့စောင့်ကြိုနေမလဲ၊ နောက်ဆုံးမှာ ဇာတ်သိမ်းလှပါ့မလားဆိုတာ သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်။)File size…940 MB / 590 MB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….1h 58min Subtitle….Myanmar ...
movie
Poison Sangga: The Homewrecker’s Curse (aka) Santet Pemisah Rumah Tangga (2024)
6.4
Kuyang (2024)
အသစ်ထွက်ရှိထားတဲ့ အင်ဒိုခေါင်းပြတ်စုန်းသရဲကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။သရဲကားအမျိုးအစားထဲမှာတော့ပါပေမဲ့ အဓိကအားဖြင့်ကတော့စုန်းတွေ ကဝေတွေ အောက်လမ်းပညာတွေအဓိကတွေ့ရမှာပါ။ပြောရရင်တော့အမေရိကန်သရဲကားမျိုးတွေထက် ထိုင်းသရဲကားတွေရဲ့ Vibe နဲ့တော်တော်လေးသွားဆင်ပါတယ်။ဒီဇာတ်ကားရဲ့နာမည်ကတော့ Kuyang(ခေါင်းပျံကြီး)ဖြစ်ပြီးIMDb Rating 6.4 အထိရရှိထားပါတယ်။အေးချမ်းသာယာလှတဲ့ ညနေခင်းလေးတစ်ခုမှာကျောင်းဆရာဘီမို နဲ့ဇနီးဖြစ်သူဆရီတို့က ဘီမိုတာဝန်ကျရာရွာလေးတစ်ရွာကိုသွားဖို့အတွက်စောင့်ဆိုင်းနေကြပါတယ်။ရွာမှာသွားရောက်နေထိုင်ပြီး စာသင်ကြားပေးရမယ်ဆိုတာခက်ခဲပေမဲ့လည်း တာဝန်ကျရာသွားရမှာပဲမလို့ ဇနီးဖြစ်သူကပါမောင်တစ်ထမ်း မယ်တစ်ရွက်လိုက်ပါဖို့ ဆုံးဖြတ်ခဲ့ကြပါတော့တယ်။ဒီလိုနဲ့ရွာကို ကားတစ်စီးနဲ့စထွက်လာခဲ့ကြပြီး စစချင်းမှာတင်မီးလောင်နေတဲ့ခေါင်းပျံကြီးတွေ သူ့ဘာသာသူအလိုအလျောက်ရွေ့နေတဲ့အခေါင်းကြီးတွေနဲ့စတင်ကြိုဆိုပါတော့တယ်။ရောက်ရောက်ချင်းဆောက်နဲ့ထွင်းပြီး ရွာကိုရောက်သွားတဲ့အချိန်မှာတော့ ရွာရဲ့ဝမ်းနည်းစရာသမိုင်းကြောင်းကိုသိခဲ့ရပါတော့တယ်။ဒီရွာမှာ အရင်တုန်းက အကြီးအကျယ်ရေလွှမ်းမိုးခဲ့ပြီး ရွာမှာရှိတဲ့ လူတော်တော်များများကလေးလူငယ်လူကြီးမရွေးသေဆုံးခဲ့ကြပါတယ်။အသက်ရှင်ကျန်ခဲ့တဲ့လူတော်တော်များများကလည်း ဒီရွာကနေထွက်သွားကြတဲ့အတွက်အခုအချိန်မှာ ရွာသူရွာသားအနည်းငယ်နဲ့ ကျောင်းသူကျောင်းသား ၇ ယောက်သာကျန်ပါတော့တယ်။ဒါပေမယ့်ကလေးဘယ်လောက်နည်းနည်း စာသင်ပေးရမဲ့ တာဝန်ရှိတာကတစ်ကြောင်း ရွာသူကြီးအဆွယ်ကောင်းတာက တစ်ကြောင်းနဲ့လင်မယားနှစ်ယောက်လုံး နောက်ရက်မှ ာစာစသင်ခဲ့ကြပါတော့တယ်။ဒါပေမယ့်သူတို့စာစသင်တဲ့ရက်ကတည်းကစပြီးကြောက်လန့်စရာတွေတစ်ခုပြီး တစ်ခုဆက်တိုက်တွေ့လာကာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ကြည့်ရှုရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.39GB / 583MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Drama , Horror , Thriller Subtitle….Myanmar Subtitle ...
movie
Kuyang (2024)
7
Till Death Do Us Part (2024)
Till Death Do Us Part 2024 ( ပြစ်ဒဏ်)Imdb 7.6အိမ်တွင်းအကြမ်းဖက်မှုပုံစံများ survival များပါဝင်လို သတိပေးချက်ထုတ်ပြန်ထားတဲ့ဇာတ်ကားတစ်ကားပါမိန်းမတစ်ယောက်က အိမ်ထောင်ပြုပြီဆို လင်ယောကျာ်းလက်အောက်ခံ လင်ယောကျာ်းဘာခိုင်းခိုင်း ဘာလုပ်လုပ် နာခံရမယ်ဆိုတဲ့ ရှေးရိုးစွဲသဘောထားတွေကနေ မလွတ်ထွက်နိုင်သေးတဲ့ရီနာတာဆိုတဲ့ မိန်းကလေးတစ်ယောက်ရှိတယ် သေခြင်းကသာခွဲနိုင်တယ်လို ကတိသစ္စာဆို ယူခဲ့ကြပေမဲ့ ကြာကြာပေါင်းမှအကြောင်းသိလာခဲ့ရတဲ့ ရီနာတာလေးမှာတော့ ဒဏ်ရာအနာတရတွေနဲ့ပေါ့ ယောကျာ်းကိုကြောက်ရတော့ ယောကျာ်းဖြစ်သူအလုပ်သွားတာနဲ့ ဘယ်သူနဲ့မှမဆက်သွယ်ဘဲ အိမ်တံခါးပိတ်ပြီး အိမ်ထဲမှာပဲအချိန်တွေကိုကုန်လွန်ခဲ့ရတယ် ဒီလိုနဲ့တစ်နေ့ဖုန်းတစ်လုံးဝင်လာခဲ့ပါတယ်ယောကျာ်းအလုပ်လုပ်တဲ့ရုံးကပါ အလုပ်မလာဖုန်းလည်းမကိုင်လို နေမကောင်းဘူးလားဆိုတဲ့အကြောင်းလှမ်းမေးကြတာပါ အချိန်ပိုနေ့တိုင်းဆင်းလို နောက်ကျမှပြန်ပြန်လာတဲ့ ယောကျာ်းဖြစ်သူက အလုပ်မလာဘူးဆိုတော့ ရီနာတာစုံစမ်းရမဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပါတယ် ချောင်ပိတ်ခံရတဲ့ကြောင်က ကျားဖြစ်လာတတ်သလို ရီနာတာတစ်ယောက်ဘာတွေများပြောင်းလဲသွားမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ ToMo ~ V တိုပဲဖြစ်ပါတယ် ) File size… 1.2GB / 491MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ...
movie
Till Death Do Us Part (2024)
2024
6.0
Trinil (2024)
ဒီတစ်ခေါက်မှာတော့ Horror ရုပ်ရှင်ဆို ပြူးပြူးပြဲပြဲJump scares တွေမှကြိုက်တတ်ပါတယ်ဆိုတဲ့သူတွေအတွက်ဖြည်းဖြည်းလေးရော ဝုန်းဝုန်းဒိုင်းဒိုင်းရော နည်းမျိုးစုံ ခြောက်ပြမဲ့အင်ဒို ခေါင်းပြတ်သရဲကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းဟာ 1980ခုနှစ်များမှာ အင်ဒိုနီးရှားနိုင်ငံအတွင်း နာမည်ကျော်ခဲ့တဲ့ ရေဒီယိုဇာတ်လမ်းတစ်ပုဒ်ကိုမှီငြမ်းပြီးရိုက်ကူးထားတာဖြစ်ပြီး ဇာတ်လမ်းထဲမှာတော့1970ဝန်းကျင်ကာလကိုဇာတ်အိမ်တည်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း****************အင်ဒိုနီးရှားနိုင်ငံ Central Java မှာ လက်ဖက်ခြံပိုင်ရှင် သူဌေးကြီးဝမ်လမ်ဆောင်ဒါဆိုပြီးရှိပါတယ်။ သူ့မှာ သူချစ်စနိုးနဲ့ ထရီနီလိုခေါ်တဲ့ သမီးလေးတစ်ယောက်လည်းရှိပါတယ်။ တစ်ရက်မှာတော့သူဌေးကြီးဆုံးပါးသွားပြီး သူ့မိန်းမဟာလည်းရုတ်ချည်းဆိုသလိုပျောက်ဆုံးသွားခဲ့ပါတယ်။ သူ့သမီးကတော့ သူဌေးကြီးမဆုံးခင်အိမ်မှာ သူနာပြုလာလုပ်ပေးတဲ့ သူနာပြုဆရာလေးနဲ့လက်ထပ်ပြီးHoney moon ခရီး သုံးလကြာထွက်သွားခဲ့ပါတယ်။ သူတိုဟန်းနီးမွန်းထွက်နေတဲ့ကာလမှာ လက်ဖက်ခြံထဲ ရာသီဥတုမကောင်းတာတွေ၊ ဝန်ထမ်းတွေ သေဆုံးတာတွေ ၊သတ်သေတာတွေဆက်တိုက်ဖြစ်လာပါတော့တယ်။ သူတိုနှစ်ယောက် ဟန်းနီးမွန်းကပြန်လာတဲ့အခါမှာလည်း အိပ်နေရင်းဘီလူးစီးခံရတာတွေခြောက်လှန့်ခံရတာတွေဖြစ်လာတာမို ခင်ပွန်းဖြစ်သူကသူ့သူငယ်ချင်းအပနှင်ဆရာကို အပနှင်ပေးဖိုအကူအညီတောင်းရာကနေစံအိမ်ကြီးရဲ့လျှိဝှက်ချက်တွေတစ်ခုပြီးတစ်ခု ပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ဒီလောက်ပါပဲ။ဒီမှာ တစ်ခုသတိထားမိတာက အင်ဒိုသရဲကားတွေဟာဇာတ်လမ်းဇာတ်အိမ် ကျစ်လျစ်ပိုင်နိုင်ပြီး တင်ဆက်ပုံကလည်းအဆင့်အတန်းတစ်ခုမှာရှိပါတယ်။ ဇာတ်လမ်းကို အစကနေအဆုံးထိတန်ပိုကောင်းကောင်းနဲ့ဆွဲခေါ်သွားနိုင်တာမို အချိန်ပေးကြည့်ရတာတန်စေမဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ပါရစေရှင်။ File size…1.54 GB/ 677 MB Quality… WEB-DL ...
movie
Trinil (2024)
6.7
The Verge of Death (2023)
The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10)ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်... သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်... အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်... အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်... ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ... နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ... ဒါပေမယ့် အရာမထင်ခဲ့ပါဘူး... ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ်အညွှန်း ...
movie
The Verge of Death (2023)
2023
5
Sijjin (2023)
Sijjin (2023)Horror ပရိသတ်တွေ တောင်းတလွန်းလို့ Sijjin ကတော့ ကိုယ်ထင်ပြလို့လာပါပြီ။ reviewတစ်ပေါက်ကတော့ အတော်လေးညွှန်းနေကြတဲ့အပြင် ကြောက်တတ်သူတွေမကြည့်ကြဖို့ ပြောနေကြတာဆိုတော့ ကြောက်တတ်သူများကတော့ ဘေးမှာ ပြေးပုန်းလို့ရမယ့် ကိုကို့ရင်ခွင်ရှိမှသာ ကြည့်သင့်ပါကြောင်း...အီမာဆိုတဲ့မိန်းကလေးဟာ ကမ္ဘာမှာအပေါဆုံး ယောက်ျားသားတွေထဲမှာမှ ချော်တောငေါ့ပြီးတော့ သူ့ရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်တဲ့ ဂါလန်ကိုမှ အချစ်ကြီးချစ်မိပါသတဲ့။ ဆယ်ကျော်သက်ပီပီ အချစ်ကိုဘဝကြီးထင်တဲ့အရွယ်ဖြစ်တာကြောင့် သင့်တော်မတော်ဆိုတာတွေလည်းမတွေးနိုင် အစ်မဖြစ်သူပြောတာလည်း နားမဝင်လေတော့ အချစ်ရူးညီမကိုနားချဖို့ အစ်မဖြစ်သူက ဂျင်ပွဲကိုခေါ်သွားပါတော့တယ်။ဂျင်ကလည်း သူ့ကိုတားနေတဲ့ကြားက အသက်ပါရန်ရှာလာနိုင်တယ်လို့ပြောတဲ့ကြားကနေ အီမာတစ်ယောက် ပိုးဖလံလို ချစ်မီးလျှံထဲကိုမျက်စိစုံမှိတ်တိုးဝင်ပြီး ဂါလန်ကိုဆက်ချစ်ဖို့ ရွေးလိုက်ခဲ့ပေမဲ့ ဂါလန်ကတော့ ရုတ်တရက် အမေစီစဉ်တဲ့အတိုင်း နီဆာနဲ့အိမ်ထောင်ပြုလိုက်ပါတော့တယ်။လှုပ်လေမြုပ်လေဖြစ်နေတဲ့ အချစ်နွံထဲက အီမာကတော့ ဂါလန်နဲ့ ဆက်ပြီးပတ်သက်ခဲ့တာ ကိုယ်ဝန်ရလာတဲ့အထိပါပဲ။ ကိုယ်ဝန်ရလို့ တာဝန်ယူခိုင်းကာမှ ကျားတို့ထုံးစံ ဂါလန်က စားပြီးနားမလည်လုပ်ပါတော့တယ်။ဂါလန်က ဘယ်လောက်ပဲခါချနေပါစေ အီမာကတော့ လိုတာထက်ပိုပြီး စွဲလမ်းနေခဲ့ပြီမလို့ ဂါလန်ကိုရရေးတို့အရေးဆိုပြီး ဂါလန်မိန်းမနီဆာနဲ့ တစ်အိမ်လုံးကို ဂျင်နဲ့တိုက်ဖို့လုပ်ပါတော့တယ်ဂျင်ဆိုတာ ဖြစ်ချင်တာကိုဖြစ်အောင်လုပ်ပေးတယ်ဆိုပေမဲ့ နောက်ကွယ်မှာ ကြီးမားတဲ့ပေးဆပ်မှုတွေ ရှိတယ်ဆိုတာ အသိနောက်ကျသွားတဲ့ အီမာတစ်ယောက် ဘယ်လိုတန်ကြေးတွေနဲ့ပေးဆပ်ရမလဲဆိုတာ အသည်းတအေးအေးနဲ့ ရှုစားလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ ...
movie
Sijjin (2023)
2023
6.7
Keramat 2 Caruban Larang(2022)
Keramat 2 Caruban Larang(2022)******************************2009 ခုနှစ်ကထွက်ခဲ့တဲ့ကားကို ကြည့်ဖူးတယ်ဆိုရင် ဒီကားက သူ့ရဲ့အဆက်ပါ... ဒီဇာတ်လမ်းမှာ အကမေဂျာက ကျောင်းသူတွေနဲ့ ရုပ်ရှင်မေဂျာက ကျောင်းသားတွေပေါင်းပြီးစာတမ်းတွေနဲ့ ဗီဒီယိုတွေလုပ်ဖို့ Cirebon ဆိုတဲ့မြို့ကို ထွက်ခဲ့ပါတယ်... အဲ့ဒီမြို့မှာ တစ်ချိန်က သိပ်ကိုနာမည်ကြီးလှတဲ့ Mimi Kemuning ဆိုတဲ့အကသမားလေးတစ်ယောက်ရှိခဲ့ပါတယ်..သူဟာ တစ်နေ့မှာ ပြဿနာတစ်ခုတက်ခဲ့ပြီး အကလောကကနေရော Cirebon မြို့ကနေရော အပြီးတိုင်ပျောက်ကွယ်သွားခဲ့ပါတယ်... သူ့ရဲ့ကိစ္စကို အကမေဂျာက ကျောင်းသူလေးတွေက သိချင်တာမို့လို့ လိုက်စပ်စုရင်းကနေဘာတွေဖြစ်ကြမလဲ။ 2009 ခုနှစ်က ထွက်ခဲ့တဲ့ ကားထဲက အဖွဲ့နဲ့ရော ဘယ်နေရာမှာဘယ်လိုတွေ ပြန်တွေ့ကြမလဲဆိုတာကတော့ ... File Size :(1.5GB) and (596MB) Quality : WEB-DL1080P, 720p Format…mp4 Duration…01:34:00 Genre :Horror Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie
Keramat 2 Caruban Larang(2022)
8.0
Satan’s Slaves (2017)
သည်းထိတ်ရင်ဖို အင်ဒိုနီးရှား သရဲကား Satan’s Slaves(စေတန်နတ်ဆိုး၏ ကျွန်များ) (ခ) Pengabdi Setanဒီကားလေးဟာ 1983 ကာလကို အခြေခံရိုက်ကူးထားတာ ဖြစ်ပြီး Spoiler မပါတဲ့ ဇာတ်လမ်း အကျဉ်း အနေနဲ ့ကတော့ Rini ရဲ့ မိခင်ဟာ တစ်ချိန်က နာမည်ရ အဆိုတော် တစ်ယောက်ပါ။ သူမတို ့ မိသားစုလေးဟာ မြို ့ပြနဲ ့အလှမ်းဝေးတဲ့ မြို ့စွန် တစ်နေရာက အဖွားအိမ်မှာနေကြရင်း မကျန်းမာတဲ့ မိခင်ကို ပြုစုနေထိုင်ကြပါတယ်။ 21 နှစ်အရွယ် Rini ဟာ အကြီးပီပီ ကောလိပ် မှ ရပ်နားပြီး အိမ်မှာ မောင်ငယ် ၃ ယောက်နဲ ့မိခင်ကို ပြုစုရင်း မိသားစုအတွက် အနစ်နာ ခံခဲ့ပါတယ်။သူမ မိခင်ဟာ ဖျားနာ နေတာ ၃ ...
movie
Satan’s Slaves (2017)
2017