Channel Myanmar

Ellora Torchia

Midsommar (2019) 7.4
Midsommar (2019) Midsommar (2019) (Director's Cut Version) IMDB : 7.1 Rotten Tomatoes : 83% Genre : Psychological Horror/DramaPsychological Horror/Thriller လို့ခေါင်းစဉ်တပ်ပြီးပြောကြမယ်ဆိုရင် A24 ကိုမေ့ထားလို့မရပါဘူး။ A24 လို့ဆိုလိုက်တာနဲ့ ဒီကားက တစ်နည်းမဟုတ် တစ်နည်းနဲ့တော့ လူကိုစားတော့မယ်ဆိုတာ လူတိုင်းသိကြမယ်ထင်ပါတယ်။Midsommar မှာ Theater Version နဲ့ Director's Cut ဆိုပြီး နှစ်ခုရှိပါတယ်။ ခုကတော့ Director's Cut ဖြစ်တဲ့အတွက် ရုံတင်ဗားရှင်းမှာ ဖျက်ခံထားရတဲ့အခန်းတွေပါရှိမှာဖြစ်ပြီး မိနစ် ၃၀ ခန့်အပိုပါလာတာကြောင့် ၃ နာရီနီးပါးကြာရှည်ပါတယ်။သာမန် Horror ရုပ်ရှင်တွေနဲ့မတူတဲ့အချက်က Midsommar ဟာ ဇာတ်အိမ်ကို အရမ်းကိုလှပပါတယ်ဆိုတဲ့ ဆွီဒင်နိုင်ငံမှာ တည်ထားတာဖြစ်ပြီး နေမဝင်တဲ့ နွေလယ်ရာသီအချိန်ကာလကို ဦးတည်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါကလည်း ဒါရိုက်တာ Ari Aster ကိုချီးကျူးရမယ့် ကိစ္စပါပဲ။ မကြည့်ရသေးတဲ့လူတွေရော ကြည်ပြီးတဲ့လူတွေရော လက်မလွှတ်သင့်တဲ့ Psychological Horror ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်တာကြောင့် ...
movie

Midsommar (2019)

2019
4K HEVC
A Real Pain (2024) 7.3
A Real Pain (2024)  A Real Pain (2024)IMDb Rating (7.3) / Rotten Tomatoes (96%) ဒီရုပ်ရှင်ကတော့ 2024 ရဲ့ထိပ်တန်းစာရင်းဝင် (၁၀) ကားထဲမှာ တစ်ကားအပါအဝင်ဖြစ်ပြီး Golden Globe မှာလည်း ဆုတွေ တစ်သီကြီးရရှိထားပါတယ်။Now You See Me, Social Network တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Jesse Eisenberg ပါဝင်သရုပ်ဆောင်ထားပြီး ဆုရမင်းသား Kieran Culkin က ဦးဆောင်ထားပါတယ်။ဇာတ်လမ်းက ပိုလန်နဲ့ အမေရိကန် ရုပ်ရှင်ကုမ္ပဏီ ပူးပေါင်းရိုက်ကူးတာဖြစ်ပြီး ဒုတိယ ကမ္ဘာစစ်က နာဇီဂျူးတပ်စခန်းမှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေရဲ့ မျိုးဆက်တွေဖြစ်လာတဲ့ကမ္ဘာအနှံ့က ဂျူးမျိူးနွယ်ဝင် လူတစ်စုက သူတို့ဘိုးဘေးတွေရဲ့သမိုင်းကြောင်းခြေရာပြန်ကောက်ဖို့ ပိုလန်ကိုခရီးထွက်ခဲ့ကြတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ဒီထဲမှာ ဂျူး-အမေရိကန် တွေဖြစ်တဲ့ ဒေးဗစ်နဲ့ ဘန်ဂျီတို့ ဝမ်းကွဲညီအစ်ကိုကလည်း သူ့အဖွားနေခဲ့တဲ့ ပိုလန်ကအိမ်နဲ့ ဂျူးတွေရဲ့သမိုင်းကိုလေ့လာဖို့ ခရီးထွက်ရင်း ...
movie

A Real Pain (2024)

2024
4K HEVC
In the Earth (2021) 5.2
In the Earth (2021)  In The Earth (2021) ============== Rotten Tomatoes Ciritic Rating - 79%High Riseတို့ Free Fireတို့ Rebecca ( 2021)တို့ရဲ့ ဒါရိုက်တာ Ben Wheatleyကရိုက်ထားတဲ့ကား။ Rotten Ratingနဲ့ Metacritic Rating အရတော့ အလယ်အလတ်အဆင့်ကားလို့ဆိုလို့ရတယ်။ လန်ပျံနေအောင် ကောင်းမနေဘူး။ သို့ပေမဲ့ ကြည့်ပျော်တယ်။ပြဿနာက Genres, Horrorလို့အမည်ခံထားပေမဲ့ Thrillerအဆင့်လောက်ပဲရှိမယ်။ Mysteryဘက်လည်း တော်တော်သွားတယ်။ Horrorကားအလန်းတစ်ကားဖြစ်တော့မလိုနဲ့ အလယ်လောက်ပြုတ်ကျသွားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိကအားနည်းချက်ကတော့ လူနားမလည်အောင် အဆန်းကြီးဖြစ်အောင်လုပ်ချင်ဇောကြီးပြီး ဟိတ်ဟန်များသွားတာကြောင့်လို့ပဲ ယူဆလို့ရတယ်။ "Plot"ဇာတ်လမ်းအစအဆုံးကို သစ်တောတစ်ခုမှာ ဇာတ်အိမ်တည်ထားတယ်။ သစ်တောထဲမှာ ဘာမှန်းမသိတဲ့အရာကြီးတစ်ခုရှိနေတယ်။ အဲဒီဘာမှန်းမသိတဲ့အရာကြီးနဲ့ ဆက်သွယ်ဖို့ သိပ္ပံပညာရှင်တစ်ယောက်က ကြိုးစားခဲ့တယ်။ သိပ္ပံပညာလိုလို မှော်လိုလို ဟို‌လိုလိုဒီလိုလို နည်းတွေနဲ့ပေါ့ ။ သူ့နည်းတွေကို သူလည်း ဘာမှန်းတော့သေချာတော့သိပုံမရဘူး။ ဒီလိုနဲ့ သစ်တောကြီးက သူ့ကို ပြန်ထွက်လို့မရအောင် လုပ်ထားသလိုလို သူကပဲမထွက်ချင်သလိုလိုနဲ့ ဘာမှန်းမသိရဘဲ ပြင်ပကလူတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်။ ဘာမှန်းမသိပျောက်သွားတဲ့ သူ့ကိုရှာဖို့ ဘာမှန်းမသိဘဲရောက်လာတဲ့ လူတစ်ယောက်က ဘာမှန်းသေချာမသိဘဲပါလာတဲ့ တောထိန်းတစ်ယောက်နဲ့အတူ ...
movie

In the Earth (2021)

Crisis (2021) 6.1
Crisis (2021) Crisis (2021)===========IMDb Rating - 6.1/10ဘိန်းစကားလုံးတစ်လုံးလေးပေမယ့် တစ်လောကလုံးကို ချုပ်ကိုင်ပစ်နိုင်တယ်။ဒီဘိန်းကြောင့် အမေရိကန်ပြည်ထောင်စု ဒေသတစ်ခုမှာနေထိုင်သူ မိခင်တစ်ယောက် သူချစ်ရတဲ့သားကို ရုတ်တရက်ဆုံးရှုံးလိုက်ရတယ်၊ဒီဘိန်းကြောင့် တက္ကသိုလ်က ဇီဝဗေဒပညာရှင်တစ်ယောက် ရာထူးပြုတ်ပြီး အလုပ်လက်မဲ့ဖြစ်လုနီးပါးအခြေအနေကို ကြုံနေရတယ်၊ဒီဘိန်းကြောင့် လူဆိုးဖမ်းချင်တဲ့ အက်ဖ်ဘီအိုင်အေးဂျင့်တစ်ယောက် ဘိန်းကုန်သည်ယောင်ဆောင်ပြီးအသက် အန္တရာယ်ရှိတဲ့ဘ၀ကို နေထိုင်နေရတယ်၊ဒီဘိန်းကြောင့် မိန်းကလေးတစ်ယောက်ရဲ့ ဘ၀ဟာ လမ်းပျောက်လုနီးပါးဖြစ်နေရတယ်၊ဒီဘိန်းကြောင့် လောဘသားတွေ အတောမသတ်နိုင်သလို အပြစ်မရှိတဲ့သူတွေပါ သေဆုံးနေရတယ်၊ဒီအကြောင်းအရာတွေအားလုံးရဲ့ တစ်ခုတည်းသော တရားခံက ဘိန်းပဲ . . .ဒီတော့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲလူ ၃ ယောက် ကြုံရတဲ့ မတူညီတဲ့ အခြေအနေတွေကို ချိတ်ဆက်ရိုက်ပြထားပြီး အင်မတန်မှ စိတ်၀င်စားဖို့ကောင်းပါတယ်။− မင်းသားကြီး Gary Oldman− Social Network , Call Me by Your Name တို့နဲ့ လူသိများတဲ့ Armie Hammer− ...
movie

Crisis (2021)

2021