Channel Myanmar

Ellen Albertini Dow

Ready to Rumble (2000)
Ready to Rumble (2000) Ready to Rumble ဆိုတဲ့ "လုံးသတ်ဖို့အသင့်ပဲ" လို့အဓိပ္ပါယ်ရတဲ့ဒီဇာတ်ကားက Professional wrestling အတွင်းမှာ ပရိသတ်ရဲ့ စိတ်အားထက်သန်မှုနဲ့ အားကစားချစ်သူတို့ရဲ့ ခံစားချက်များကို ပြသဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဂေါ်ဒီနဲ့ ရှန်တို့နှစ်ယောက် နပမ်းသမားလောကမှာ သူတို့စံ,ထားရတဲ့ ဂျင်မီကင်းဟာ ပွဲတစ်ပွဲမှာ မမျှမတ ရှုံးနိမ့်သွားတာကြောင့် ပွဲစဥ်ကနေ တသက်တာအနားယူခဲ့ရပါတယ်။ဇာတ်လမ်းထဲမှာ ပရိသတ်များက သူတို့နှစ်သက်ရာ နပမ်းသမား ကို အောင်မြင်စေဖို့ အားပေးကြပြီး နောက်တန်းထွက်ကစားသမားများ, ကမ္ဘာ့စံချိန်ပြိုင်ဆိုင်မှုများနဲ့ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံများကို ဖော်ပြထားပါတယ်။ ဟာသကားဖြစ်တာနဲ့အညီ ဇာတ်ကောင်တွေရဲ့ မတူညီတဲ့စွမ်းရည် ဟာသဉာဏ်ကွန့်မြူးမှုတို့ကို တစိမ့်စိမ့်ခံစားရင်း ကြည့်ရှုရမှာပါ။ အနားယူခံရတဲ့ ဂျင်မီကို သိမ်းသွင်းပြီး နပမ်းသမားလောကကို ပြန်ရောက်အောင် ဘယ်လိုဖြောင်းဖြသွားမလဲဆိုတာ......File size…(2.5 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy  Subtitle….Myanmar Subtitle ...
movie

Ready to Rumble (2000)

Eight Crazy Nights (2002)
Eight Crazy Nights (2002) IMDb - 5.3 မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်‌ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်း (Adam Sandler) ကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့‌ ကြားဝင်‌ေဖြာင့်ဖျပေးမှု‌ကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်‌ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ လူကြီးဟာသတချို့နဲ့ အသုံးအနှုံးတချို့ကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်တဲ့ လူကြီးကာတွန်းကားတစ်ကားပါဗျ။File size…(1.2 GB)/(573 MB) Quality….Webrip HEVC ...
movie

Eight Crazy Nights (2002)

Wedding Crashers (2005) 7
Wedding Crashers (2005) IMDb Rating -7/10Rotten Tomatoes - 75%Wedding crashers ဆိုတဲ့သူတွေကမင်္ဂလာပွဲတွေကို အဖိတ်မခံရဘဲအပျော်တမ်းလိုက်တက်တဲ့သူတွေနောက်တစ်နည်းပြောရရင် လူးပါးဝတဲ့သူမျိုးတွေ ဖြစ်ပါတယ်ဒီဇာတ်လမ်းလေးမှာ ကွာရှင်းမှု ကြားဖြေဖျန်ပေးတဲ့အလုပ်လုပ်ကြတဲ့ငယ်ပေါင်းကြီးဖော် သူငယ်ချင်းနှစ်ယောက် ဂျွန်နဲ့ ဂျရဲမီတို့ဟာမင်္ဂလာပွဲတွေကို အပျော်တမ်းလိုက်တက်ကြတဲ့ wedding crasher တွေ ဖြစ်ကြပါတယ်။ဒီအတိုင်းလေး ရှိုးရွတ်ဆိုပြီး ပွဲဝင်တက်ကြတာတော့ မဟုတ်ပါဘူး ၊ သတို့သားနဲ့အသိလိုလို သတို့သမီးဘက်က အမျိုးလိုလို ဇာတ်ကြောင်းတွေ ဖန်တီးထားကြပြီးမင်္ဂလာပွဲရှင်တွေအကြောင်း စုံစမ်းပြီးမှ ပွဲတက်ကြတာပါ။အစားအသောက်တွေ အလကားစား ၊ ပွဲက တိုက်တဲ့အရက်တွေ အလကားသောက် ၊ ပွဲမှာမျက်စိကျမိတဲ့ ခပ်လန်းလန်းကောင်မလေးတွေနဲ့ တစ်ညတာပျော်ကြပါးကြနဲ့ ဒီနှစ်ယောက်ကတော့ မိန်းမလိုက်စားတဲ့ ဝါသနာရှင်တွေပဲ ဖြစ်ပါတယ်။တစ်နေ့မှာတော့ ဘဏ္ဍာရေးဝန်ကြီးက သူ့သမီး မင်္ဂလာပွဲကြေငြာလိုက်တော့ ဒီနှစ်ကောင်က အဆင့်တန်းမြင့်မြင့်ကခပ်လန်းလန်းကောင်မလေးတွေနဲ့ ပျော်မယ်ပါးမယ်ကြုံးဝါးပြီး ပွဲတက်လာကြတယ်။ပွဲရောက်ခါမှ ဂျွန် တစ်ယောက် သတို့သမီးအရံလေးကို တွေ့မိပြီးချစ်မိသွားလေသောအခါ...ချစ်မိသွားတဲ့ ဝန်ကြီးသမီးဖြစ်သူ ကလဲရာ နဲ့ ... ...
movie

Wedding Crashers (2005)

2005
The Wedding Singer(1998) 7.0
The Wedding Singer(1998) The Wedding Singer(1998) အညွှန်း*******************************Adam Sandler နဲ့ Drew Barrymore တို့ရဲ့ နောက်တစ်ကား..ရော်ဘီဟာ့ထ်ဆိုတဲ့ အဆိုရှင်တစ်ဦးကတော့ အတော်လေးအချစ်ကံခေခဲ့သူလေးဖြစ်ပါတယ်။လက်ထပ်ဖို့အထိရည်ရွယ်ထားသူဆီက အစွန့်ပစ်ခံခဲ့ရတဲ့ရော်ဘီတစ်ယောက်ဂျူလီယာဆိုတဲ့ မိန်းမလှလေးနဲ့ တွေ့ဆုံမိမှ ပျော်ရွှင်မှာကိုပြန်ရှာတတ်လာပါတော့တယ်။ဒါပေမယ့်လည်း ဂျူလီယာဆီမှာလည်း လက်ထပ်ရမယ့်သူကရှိနေပြန်တော့ခပ်နုံနုံ ရော်ဘီတစ်ယောက် ရှေ့တိုးဖို့ခက်နောက်ဆုတ်ဖို့မလွယ်နဲ့ပေါ့။အလွဲလေးတွေကိုယ်စီနဲ့ အချစ်ကံခေတဲ့ရော်ဘီတစ်ယောက်ကိုယ်ချစ်တဲ့မိန်းကလေးကို တစ်ပါးသူလက်ထဲက အမိဆွဲထားနိုင်ပါ့မလား၊ဂျူလီကရော လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့သူကိုပစ်ပြီး ရော်ဘီကိုရွေးချယ်ပါ့မလားဆိုတာကိုတော့ ဆက်လက်စောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်။သီချင်းငြိမ့်ငြိမ့်လေးတွေနဲ့အတူ ရိုမန့်တစ်လည်းဆန်ဆန် ဟာသလည်းနှောရက်နဲ့ သိပ်ကြည့်လို့ကောင်းတဲ့ ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်တဲ့အပြင်မင်းသမီးလေးကလည်း သိပ်လှတာမို့ လက်မလွှတ်တမ်းကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်ဗျာ။ File Size : (1.8GB )(941 MB) and (213MB) Quality : Blu-Ray 720p Format…mp4 Duration…01:37:00 Genre : Romance , Comedy, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Hae Areum Encoded by Phyo Pyae
movie

The Wedding Singer(1998)