Channel Myanmar

Ellen Adair

Womb (2025) 5.0
Womb (2025)  Womb(2025) ဟာဆိုရင် လက်ရှိဘဝနဲ့နီးစပ်တဲ့အဖြစ်အပျက်တွေကို စိတ်ခြောက်ခြားဖွယ်ဖြစ်အောင်ရိုက်ကူးထားတဲ့ horror/thriller ရုပ်ရှင်ကားပဲဖြစ်ပါတယ်။Jumpscare တွေမပါပဲ ဇာတ်အိမ်နှေးနှေးကနေစပြီးတဖြည်းဖြည်း စိတ်မသက်သာဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားမို thriller ရုပ်ရှင်ချစ်သမားတွေအတွက်အကြိုက်ဖြစ်စေမှာသေချာပါတယ်။ဟေလီ ဆိုတဲ့ကောင်မလေးက အရင်ကဆေးစွဲခဲ့ပေမယ့်ကိုယ်ဝန်ရပြီးနောက် ဆေးဖြတ်ပြီး ဘဝကိုပိုကောင်းအောင်နေထိုင်ဖိုကြိုးစားနေတဲ့မိခင်လောင်းတယောက်ဖြစ်ပါတယ်။သူနဲ့သူ့အမျိုးသားလောင်း ရေမွန်က ရေမွန့်အစ်မနဲ့တွေ့ဖိုမြိုစွန်က အမဲလိုက်အိမ်တခုကို အနားယူခရီးထွက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ ဟေလီဟာ ကိုယ်ဝန်ဆောင်သည်တွေကိုသတ်ဖြတ်ပြီးဗိုက်ထဲကသန္ဓေသားလောင်းကိုလုယူတတ်တဲ့ သားအိမ်အကြမ်းဖက်သမားတယောက်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတော့တယ်။ မိခင်စိတ်ဟာ လူတွေကို ဘယ်လိုအရာတွေအထိတွန်းပိုပေးနိုင်သလဲ ဆိုတာထိမိအောင်ရိုက်ကူးထားတာကိုဒီဇာတ်ကားမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ဒီစိတ္တဇ အကြမ်းဖက်သမားက ဘယ်သူလဲ.....ဘာကြောင့်ဒီလိုလုပ်နေရတာလဲ.....ဟေလီတယောက်ရော သူ့ကလေးလေးနဲ့အတူ လွတ်မြောက်သွားနိုင်မလား ဆိုတာကို တူတူစောင့်ကြည့်လိုက်ကြရအောင်...။   File size… (1.41GB) / (829MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 26m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shinki
movie

Womb (2025)

Herd (2023)
Herd (2023) Herd (2023)ဒီလအတွင်းမှာမှ လတ်လတ်​ဆတ်ဆတ် ထွက်ရှိထားတဲ့ Herd ဆိုတဲ့ အက်ရှင် သည်းထိတ်ရင်ဖိုကား​​လေးနဲ့ မိတ်ဆက်​ပေးပါရ​စေ။~ ဇာတ်လမ်းအညွှန်း ~​ဂျေမီတစ်​ယောက် သူမရဲ့ နာကျင်စရာ အတိတ်က​နေ လွတ်​မြောက်ဖို့အ​ရေး သူမရဲ့ ချစ်သူ အဲလက်နဲ့အတူ ထွက်​ပြေးလာရာက​နေ ဖုတ်​ကောင်ကူးစက်မှု​တွေပျံ့နှံ့​နေတဲ့ အ​ခြေအ​နေဆိုးနဲ့ ကြုံ​တွေ့လာရတဲ့အခါ...တစ်ဖက်မှာလည်း ဖုတ်​ကောင်​တွေကို ရှင်းလင်းဖို့ အဖွဲ့ဖွဲ့စည်းထားကြ​ပေမဲ့ မိမိကိုယ်ကျိုးကိုသာဦးစား​ပေးတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ​ဂျေမီတို့​ရောက်သွားတဲ့အခါ...​ဂျေမီတို့ဘယ်လိုအခက်အခဲ​တွေကြုံရမလဲ... သူမရဲ့ အတိတ်​ဆိုး​တွေက​နေ​ရော လွတ်​မြောက်​အောင်လုပ်နိုင်ခဲ့လား... ဆိုတာ​တွေကို စိတ်ဝင်တစားကြည့်ရှူရမယ့် ဇာတ်ကား​လေးဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.9GB, 845MB Quality - 1080p, 720p Format - mp4 Duration - 1H 37Min Genre - Action, Horror Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded by Y
movie

Herd (2023)

2023