Channel Myanmar

Elle Fanning

Somewhere (2010) 6.3
Somewhere (2010) Somewhere (2010)IMDb - 6.3ကျွန်တော်တို့ရဲ့ မင်းသမီးလေး Elle Fanning ငယ်ငယ်လေးတုန်းက ရိုက်ထားတဲ့ကားပါ။ ဒီကားလေးက ဖြေးဖြေးအေးအေးကားမျိူးပါပဲ ဒါပေမယ့် ပျင်းစရာမကောင်းပဲနဲ့ ဇာတ်ကားလေးထဲမျောသွားမှာပါ။အဓိကဇာတ်ကောင်က သရုပ်ဆောင် ပြီးတော့ အိမ်ထောင်ကွဲနေတယ် ကလီယိုဆိုတဲ့သမီးလေးတယောက်လည်းရှိတယ်။ အရင်က အရက်သောက် ကောင်မလေးတွေနဲ့ရူပ်နေတဲ့ ဂျော်နီတယောက်ဟာ သူ့သမီးလေးရောက်လာမှ သူ့ရဲ့ဘဝကြီးက ပိုအဓိပ္ပါယ်ရှိသွားသလိုပေါ့‌ဗျာ။ဂျော်နီတယောက် သူ့ဘဝကိုသူဘယ်လိုဖြတ်သန်းမိနေလဲပါ ပြန်တွေးမိကုန်တာပေါ့။ တကယ်ကြည့်သင့်တဲ့ကားလေးပါ ခံစားချက်တမျိူးလေးတော့ ကျန်ခဲ့မှာသေချာပါတယ်။File Size -1.90 GB/ 763 MB Quality - BluRay 1080p/ 720p Duration - 1:39:43 Format - mp4 Genre - Drama, Romance, Comedy Subtitle - Myanmar Subtitle (Hard Sub) Translated by - Phyu Thew Zaw Encoded by - Treasure Htet
movie

Somewhere (2010)

Live by Night (2016) 6.4
Live by Night (2016)  Live by Night ဆိုတာ 2016 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရာဇဝတ်မှုဒရာမာရုပ်ရှင်ဖြစ်ပြီး Ben Affleck က ဒါရိုက်တာအနေနဲ့ကော အဓိကဇာတ်ဆောင်အနေနဲ့လည်း ပါဝင်ထားပါတယ်။ Dennis Lehane ရဲ့ ဝတ္ထုကို အခြေခံပြီး Prohibition Era (အရက်သောက်ခွင့်တားမြစ်ခဲ့တဲ့အချိန်) ကို ဇာတ်အိမ်ထားရိုက်ကူးထားတာပါ။ဇာတ်လမ်းက Joe Coughlin (Ben Affleck) ဆိုတဲ့ စစ်သားဟောင်းတစ်ယောက်ရဲ့ အချုပ်အခြာမဲ့လူနေမှုနဲ့ စတင်ပြီး မူးယစ်အမှုအခင်းတွေထဲ ရောက်သွားတဲ့အခါ ဘဝရဲ့ တိုးတက်မှုအဆင့်ဆင့်ကို ပြသထားပါတယ်။ Joe က မူးယစ်ရောင်းချမှုတွေ၊ ဖလော်ရီဒါမှာ လျှို့ဝှက်လုပ်ငန်းတွေ စတင်လုပ်ကိုင်ပြီး နောက်ဆုံးမှာ သူငယ်ချင်း၊ အချစ်၊ သစ္စာဖောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့ အခန်းတွေအထိ ရောက်သွားပါတယ်။ရုပ်ရှင်ထဲမှာ Elle Fanning, Zoe Saldana, Chris Messina တို့လို ကောင်းမွန်တဲ့ သရုပ်ဆောင်တွေ ပါဝင်ထားပြီး ...
movie

Live by Night (2016)

2016
I Think We’re Alone Now (2018)
I Think We’re Alone Now (2018) I Think We're Alone Now (2018) ******************************Delက ကမ္ဘာမြေပေါ်မှာနောက်ဆုံးကျန်ခဲ့တဲ့လူတစ်ယောက်လို့ ...သူ့ကိုယ်သူထင်နေတဲ့လူတစ်ယောက်ပါ။ သူက လူသူဝေးရာမြို့ငယ်လေးတစ်မြို့မှာ...စိတ်ကူးယဉ်ကမ္ဘာလေးဖန်တီးပြီးကျေနပ်နေသူတစ်ယောက်ပါ။ သူနေထိုင်တဲ့မြို့လေးဟာ...ကပ်ဆိုးတစ်ခုကြောင့်တစ်မြို့လုံးကလူတွေသေဆုံးခဲ့တာပါ။ အဲဒီမြို့မှာသူတစ်ယောက်တည်းနေထိုင်ရင်း...သူ့ကိုယ်သူကမ္ဘာမြေကြီးရဲ့နောက်ဆုံးလူသားလို့ထင်နေချိန်မှာ...Graceဆိုတဲ့ ကောင်မလေးတစ်ယောက်...သူ့ဆီကိုရောက်လာခဲ့ပါတယ်။ သူက Graceကို သူ့ကမ္ဘာငယ်လေးဆီမှာမနေစေချင်ပါဘူး။ထွက်သွားခိုင်းပေ့မယ့် Graceက ဆက်နေခဲ့ပါတယ်။ လူတွေအားလုံးသေဆုံးပြီး ချောက်ခြားစရာမြို့ပျက်မှာ...သူတို့နှစ်ယောက်ကထူးဆန်းတာတစ်ခုလုပ်ခဲ့ပါတယ်။ အဲဒီလိုလုပ်နေတုန်းမှာ သူတို့ မမျှော်လင့်တာတွေ...အံအားသင့်စရာကောင်းလောက်အောင်ကြုံခဲ့ရပါတယ်။ ကိုင်း သူတို့ ဘာတွေကြုံရမလဲ...ဘယ်လိုတွေရင်ဆိုင်ဖြေရှင်းမလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး..ဒီကားထဲက အဓိက သရုပ်ဆောင်ကြီးကိုတော့အားလုံးလည်း သိပြီးသားဖြစ်မှာပါ။ မင်းသမီးလေးကလည်း နင်းကန်လှလွန်းပါတယ်...ပြီးတော့ IMDb...5.6 နဲ့ Rotten ....63% လည်းရထားလေတော့ အတော်လေးအောင်မြင်တဲ့ကားလို့ဆိုရမှာပဲဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hnin Amy Khine ပဲဖြစ်ပါတယ်...File Size : 1.3GB / 450MB Quality : WEB-DL 1080p 5.1ch / 720p Duration : 01:33:00 Genre :  Drama , Mystery , Sci-Fi Subtitle : Myanmar ...
movie

I Think We’re Alone Now (2018)

I Am Sam (2001) 7.6
I Am Sam (2001) I Am Sam (2001)IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊သူ့သမီးလေးကို ‌ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်ကသမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာ‌‌အောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က ...
movie

I Am Sam (2001)

2001
The Vanishing of Sidney Hall (2017) 6.8
The Vanishing of Sidney Hall (2017) The Vanishing of Sidney Hall (2017)IMDb Rating (6.8)The Perks of Being a Wallflower ရဲ့မင်းသားချော Logan Lerman ,မင်းသမီးချော Elle Fanning , Margaret Qualley စတဲ့တက်သစ်စတွေကို ဝါရင့်တွေဖြစ်တဲ့ Kyle Chandler , Michelle Monaghan တို့နဲ့ တွဲဖက်ပွဲထုတ်ခဲ့ပြီး Rating ကောင်းကောင်း ဝေဖန်မှုကောင်းကောင်းရရှိခဲ့တဲ့ Drama/Mystery/ Romance ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကတော့... Sidney Hall ဆိုတဲ့စာရေးဆရာတစ်ယောက်ကို အခြေပြုတည်ထားတာဖြစ်ပြီး ဒီဇာတ်ကားမှာ Sidney Hall ရဲ့ ဘဝကို ဆယ်ကျော်သက်အရွယ်၊ လူလတ်ပိုင်းနဲ့ သူပျောက်ဆုံးသွားတဲ့ အပိုင်းဆိုပြီး ၃ပိုင်းခွဲပြီး တင်ပြထားပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ လူလတ်ပိုင်းမှာဖြစ်ပျက်ခဲ့တာတွေကို အပြန်အလှန် ရိုက်ကူးပြထားပြီး အောင်မြင်တဲ့စာရေးဆရာဖြစ်လာပြီးတဲ့နောက်မှာတော့ ထူးဆန်းစွာပျောက်ဆုံးသွားပါတယ်။အဲဒီမှာပဲ သူ့ရဲ့ပျောက်ဆုံးမှုကိုလိုက်ခြေရာခံခဲ့တဲ့ Fraincis ဆိုသူပေါ်လာပြီး လိုက်လံဖော်ထုတ်ပါတော့တယ်။ Sidney Hall ဘာကြောင့်ပျောက်ဆုံးသွားရတာလဲ၊ သူဆယ်ကျော်သက်အရွယ်မှာ၊လူငယ်ဘဝမှာဘာတွေဖြစ်ပျက်ခဲ့လဲ၊ Francis ကရောဘာကြောင့်လိုက်လံစုံစမ်းရတာလဲ၊ ဘယ်လိုမြုပ်ကွက်တွေ ...
movie

The Vanishing of Sidney Hall (2017)

2017
The Door in the Floor (2004)
The Door in the Floor (2004) သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။File size…(837 MB) Quality….Webrip  720p Format…mp4 Duration….01:51:00 Genre... Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice 
movie

The Door in the Floor (2004)

Reservation Road (2007) 6.6
Reservation Road (2007)  Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီးသရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားကဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီးသူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျသွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူးတွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူးတွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်းပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန်ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန်တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့ကကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက်ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့...... File size…1.83GB / 908MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Reservation Road (2007)

The Curious Case of Benjamin Button (2008)
The Curious Case of Benjamin Button (2008)  အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှု‌တွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘ‌ဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်‌တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ ‌မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie

The Curious Case of Benjamin Button (2008)

Trumbo (2015) 7.4
Trumbo (2015)  ဒီတစ်ခါမှာတော့ စာရေးဆရာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ဘဝအကြောင်းကိုရိုက်ကူးထားတဲ့ Trumbo ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားလေးထဲမှာ Breaking Bad ထဲမှမင်းသားကြီး Bryan Cranstonကပါဝင်သရုပ်ဆောင်ထားပြီး Malificent ထဲက မင်းသမီးလေး Elle Fanning လည်းပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ထရမ်ဘိုဟာ 1947 မှာဟောလိဝုဒ်ရဲ့အအောင်မြင်ဆုံးထိပ်သီးစာရေးဆရာတစ်ယောက်ပါ ဒါပေမဲ့ သူနဲ့အတူ အခြားအနုပညာရှင်တချို့ဟာ ကွန်မြူနစ်တွေအဖြစ် စုံစမ်းစစ်ဆေးခံရပြီး တရားရင်ဆိုင်ရပါတယ် နောက်ပြီး သူတို့တွေကို နာမည်ပျက်စာရင်းသွင်းပြီး သပိတ်မှောက်ကြပါတယ်။ထရမ်ဘိုတို့ဟာလည်း အလုပ်သမားအခွင့်အရေးအတွက် တက်ကြွလှုပ်ရှားမှုတွေမှာထဲထဲဝင်ဝင်ပါဝင်ခဲ့ပြီး ထောင်ကျခဲ့ပါတယ်။ ထောင်ကထွက်လာပြီးနောက်မှာ သူ့ကိုဘယ်သူကမှအလုပ်တွဲမလုပ်ကြတော့ပါ မခေါ်မပြောနဲ့ဝိုင်းပြီးခွဲခြားခံခဲ့ရပါတယ်။ ဒါပေမဲ့ အဲ့လိုအခြေအနေမှာတောင် ဒေါ်လ်တန်တစ်ယောက် စကားလုံးနဲ့ဥာဏ်ပညာကိုအသုံးချပြီး အကယ်ဒမီဆုနှစ်ဆုကိုရအောင်ယူပြခဲ့ပါတယ် အဲ့နောက်မှာတော့ နာမည်ပျက်စာရင်းဆိုတာကြီးကို ဖျောက်ဖျက်ဖို့သူဘယ်လိုကြိုးစားခဲ့တယ်ဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ် ဒီဇာတ်ကားဟာ ဒေါ်လ်တန်ထရမ်ဘိုရဲ့ အတ္ထုပ္ပတ္တိကိုရိုက်ကူးထားတဲ့ Biography Film အမျိုးအစားလေးပါ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:04:00 Genre...Drama, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby ...
movie

Trumbo (2015)

The Nines (2007) 6.2
The Nines (2007) The Nines (2007)~ IMDb - 6.2/10, Rotten Tomatoes - 64% ~အိပ်မက်ထဲက ပေါက်ပန်းဖြူတစ်ပွင့်ကို ဆွဲထုတ်ယူလိုက်ပြီး မင်းကိုကမ်းပေးလိုက်တယ်။ ကြေမွသွားတဲ့ ပန်းကလေးရယ်၊ နောက်ကျောကိုပဲ မြင်ရတော့တဲ့ မင်းရယ်၊ ဝေခွဲမရတဲ့ ငါရယ်၊ မှောင်မည်းမည်းလောကကြီးရယ်။ တစ်ကနေ တစ်ဆယ်အတွင်း ကိုယ့်ကိုယ့်ကိုယ်တန်ဖိုးသတ်မှတ်ရင် ဘယ်လောက်များ ရနိုင်ပါ့မလဲ။ သုညကိုတောင်းဆိုမိရင် ဘုရားသခင်များ ဒေါသဖြစ်လေမလား။မင်းဟာ ငါပဲ။ သူကလည်း ငါပဲ။ နေရောင်ခြည်ကလည်း ငါပါပဲ။ တစ်ခါတလေ ပူပြင်းနေရုံ။ တစ်ခါတလေမှာ အတွေးတစ်ချက်နဲ့ လောကကြီးကို သတ်ပစ်လိုက်တယ်။ တစ်ရာ့တစ်ပါးသော ထီးဆောင်းမင်းတွေထဲမှာ ငါက အရက်စက်ဆုံးတဲ့။ အဆုံးမဲ့စကြာဝဠာကြီးကို သူတို့လက်ထဲအ‌ရောက် လက်ဆောင်ပေးခဲ့တာတော့ အရေးမပါဘူးဆိုပဲ။မသေတဲ့သူကို သေအောင်သတ်ဖို့ ဘာတွေလိုမလဲ။ မူးယစ်ဆေးဝါးခပ်ပြင်းပြင်းကို အတိုင်းအဆမဲ့ပမာဏနဲ့ အဆိပ်ခပ်လိုက်မလား။ ကိန်းဂဏန်းတွေကြားထဲမှာ (၉) ဂဏန်းကိုပဲ လိုက်ရှာနေမိတယ်။ ရှာလေတွေ့လေ၊ တွေ့လေ ...
movie

The Nines (2007)

2007
Ginger & Rosa (2012) 6.2
Ginger & Rosa (2012) Ginger & Rosa (2012)~ IMDb - 6.2/10, Rotten Tomatoes - 78% ~ဆယ်ကျော်သက်လူငယ်ဘဝဆိုတာ လူကြီးတွေရဲ့ ပုံဖျက်စကားတွေနဲ့ ပြောင်စရာလိုလို လှောင်စရာလိုလိုဖြစ်နေတယ်လို့ ပြောရမလား။ သစ်ရွက်လှုပ်ရင် ရယ်တဲ့အရွယ်တဲ့။ ဒါပေမဲ့ သူ့ရင်ထဲမှာ သူ့အတွေးထဲမှာ သစ်ရွက်လေးတွေလှုပ်သွားတာထက် အဆအများကြီးပိုတဲ့အရာတွေ ရှိနေတယ်လေ။ မြီးကောင်ပေါက်မအရွယ်တဲ့။ လူပျိုပေါက်တဲ့။ ဒါပေမဲ့ သူတို့ရင်ထဲက အတွေး၊ ခံစားချက်နဲ့ သောက‌တွေက ဆန့်ကျင်ဘက်လိင်အတွက်ချည်းပဲ မဟုတ်ဘူးပေါ့လေ။ဒီလူငယ်တွေကပဲ ကမ္ဘာကို ကိုင်လှုပ်မယ့် လူကြီးတွေ ဖြစ်လာခဲ့တာပဲမဟုတ်လား။ သူတို့တွေရဲ့ စိတ်ခွန်အားနဲ့ စွမ်းဆောင်နိုင်ရည်တွေက အကန့်အသတ်မဲ့ပဲဗျ။ ကောင်းရင်လည်း ကမ္ဘာ့ရတနာတွေ ဖြစ်လာသလို ဆိုးပြီဆိုလည်း ကမ္ဘာကို မြေလှန်ပစ်မယ်တကဲကဲ လုပ်ကြပြန်ရော။ဟုတ်တာမဟုတ်တာတော့ အသာထား။ ဆယ့်သုံးနှစ်သမီးလေးတစ်ယောက်က နျူကလီယားစစ်ပွဲကြီးကို ရပ်တန့်ပစ်နိုင်ဖို့ အစွမ်းကုန်ကြိုးစားနေလေရဲ့။ သူ့ရဲ့ ဖွားဖက်တော် သူငယ်ချင်းမလေးတစ်ယောက်ကလည်း သူ့ကိုယ်ပိုင်တည်ထောင်မယ့် အချစ်ကမ္ဘာကို အားလုံးနဲ့ဆန့်ကျင်ပြီး ...
movie

Ginger & Rosa (2012)

2012
Babel (2006) 7.4
Babel (2006) [Unicode] Babel (2006)IMDB - 7.4 Rotten Tomatoes - 69/100ဘာသာစကားတွေဟာ လူတွေရဲ့ စိတ်အ‌ခြေအနေ ခံစားချက်တွေကို ဖော်ပြဖို့ တည်ရှိနေတာပါ။ ဒါပေမယ့် တစ်ရံတစ်ခါ အနုပညာမှာဖြစ်ဖြစ် တကယ့်ဘဝမှာဖြစ်ဖြစ် ကျယ်ပြန့်လှတဲ့ ဘာသာစကားတွေတောင် သူ့ထက်ပိုကျယ်ပြောတဲ့ ခံစားချက်တွေကို စီးကူးသယ်‌ဆောင်ဖော်ပြဖို့ရာ မစွမ်းသာတော့ပါဘူး။ ရုပ်ရှင်တစ်ကားကို ညွှန်းဆိုခြင်းမှာ ဇာတ်လမ်းအကြောင်းအရာထက် ရရှိတဲ့ခံစားမှုက ပိုပဓာနကျပါတယ်။တစ်ခါတလေ ဘာသာစကားက ခံစားမှုကို မသယ်ဆောင်နိုင်တဲ့အခါမှာတော့ ရုပ်ရှင်ကရတဲ့ခံစားမှုကို ဖော်ညွှန်းဖို့ မတတ်‌နိုင်တော့ပါဘူး။ ဆိုတော့ကာ အကြောင်းအရာသက်သက်ကိုပဲ ညွှန်းဆိုပါမယ်။ဘာဘယ်ဆိုတဲ့ နာမည်ဟာ စာသမားတွေနဲ့ မစိမ်းလှတဲ့ နာမည်ပါပဲ။ သမ္မာကျမ်းစာထဲက ရေလွှမ်းမိုးမှုပြီးတော့ နောဧနောက်ပိုင်းလူတွေဟာ မိုးကောင်းကင်ကို မှီနိုင်မယ့် မျှော်စင်ကို ဆောက်ဖို့ကြိုးစားခဲ့ကြတယ်။ အဲ့ဒီမျှော်စင်ဟာ ဘာဘယ်ပါပဲ။ နာမည်ကျော် ဖရန့်ကာဖ်ကာရဲ့ မြို့တော်ရဲ့တံဆိပ်ထဲက လူတွေဆောက်လို့မပြီးကြတဲ့ မျှော်စင်ကြီးဟာ ဘာဘယ်ပါပဲ။ အဲ့ဒီမျှော်စင်ဟာ နာမည်ကျော် ဘေဘီလုံမှာရှိတယ်။ ဒီရုပ်ရှင်ရဲ့ နာမည်ဖြစ‌်နေရုံကလွဲပြီး အစအဆုံးမှာ လေသံစိုးစဉ်းမျှ မကြားရတဲ့ ဒီဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးက ဘာပက်သက်သတုန်းလို့တော့ တွေးမိကြမှာပဲ။ကမ္ဘာဦးကျမ်းမှာ မြို့တစ်မြို့နဲ့ ဘာဘယ်ဆိုတဲ့ မျှော်စင်ကြီးကို လူတွေ ဆောက်ကြတော့ ဘုရားသခင်က လူတွေ စည်းလုံးမှုပျက်ပြားပြီး မအောင်မြင်အောင် သူတို့လျှာကထွက်တဲ့ ဘာသာစကားတွေကို ကွဲအောင်လုပ်ပြီး နေရာအရပ်ရပ်ကိုပါ ...
movie

Babel (2006)

20th Century Women (2016) 7.3
20th Century Women (2016) 20th Century Women (2016) ~IMDb - 7.3/10, RT - 88%, Meta - 83%~20th Century Women ရဲ့ အပေါ်ယံကြောကို ဖြတ်လျှောက်ကြည့်တဲ့အခါ အများအားဖြင့်တော့ ကောင်လေးတစ်‌ယောက်ရဲ့ Coming of Age အခြေအနေကို မြင်ရမှာပေမဲ့ ဒီရုပ်ရှင်ဟာ အဲဒီကောင်လေးကို ဗဟိုပြုပြီး ၂၀ရာစုမိန်းမသားသုံးယောက်ရဲ့ အရွယ်သုံးမျိုးကို ပုံဖော်သွားတယ်။သက်ကြီးပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ အထီးကျန်ခြင်းတွေ၊ သက်လတ်ပိုင်း ၂၀ရာစု မိန်းမသားတစ်ယောက်ရဲ့ ဘဝဒဏ်တွေ၊ သက်ငယ်ပိုင်း ၂၀ရာစုမိန်းမသားတစ်ယောက်ရဲ့ လိုအင်တွေကို Coming of Age ဆန်ဆန် Vibe နဲ့ ချိတ်ဆက်ပုံဖော်ထားခဲ့တယ်။ နောက်ပြီး ဆယ်ကျော်သက်သား​လေး ဘဝရဲ့အချိုးအဆစ်အခက်အခဲတွေ၊ မိခင်တစ်‌ယောက်ရဲ့ အတွေးအမြင်တွေကိုင်တွယ်ပုံ​တွေ၊ အသက်ကြီးမှ ကလေးရတာမို့ generation gap ​ကြောင့် သားကို နားလည်​ပေးဖို့ ကြိုးစားတဲ့ သက်ကြီးပိုင်း ...
movie

20th Century Women (2016)

2016
Maleficent (2014) 7.0
Maleficent (2014) Maleficent (2014) IMDb - 7.0/10_____Rotten - 54%  Maleficent ဆိုတာ Disney ကာတွန်းကား Sleeping Beauty ထဲက မင်းသမီးလေးကို အိပ်မွေ့ချထားတဲ့ မှော်ဆရာမကြီးပါ။ Sleeping Beauty ကိုမသိသေးတဲ့သူတွေအတွက် ကာတွန်း ဇာတ်လမ်းကတော့ မင်းသမီးလေး မွေးပြီး မွေးနေ့ပွဲမှာ ပြည်သူလူထုနဲ့ တကွ နတ်သမီး ၇နှစ်ယောက်ပါ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။ အဲ့ဒီပွဲမှာ နတ်သမီးတွေက မင်းသမီးလေးကို သူတို့ တန်ခိုးနဲ့ ဆုတွေ ပေးနေတုန်း ၅ ယောက်မြောက်နတ်သမီးအပြီးမှာ Maleficent ဆိုတဲ့ မှော်ဆရာမက ဝင်လာပြီး ကျိန်စာတိုက်သွားပါတယ်။ မင်းသမီးလေး ၁၆ နှစ်ပြည့် မွေးနေ့မှာ ယက် ပြီကန်းစဉ်က ချည်လုံး အပ်ဆူးပြီး သေပါစေလို့ ကျိန်စာတိုက်ပြီး ထွက်သွားပါတယ်။ အဲ့ဒီမှာ ကျန်နေတဲ့ နတ်သမီးတစ်ပါးက (ကျိန်စာပျက်အောင်မတတ်နိုင်ပေမယ့်) အပ်စူးမိးမသေပဲ နှစ်တစ်ရာတိုင် အိပ်ပျော်နေပြီး တော်ဝင်သွေးပါတဲ့ မင်းသားတစ်ပါးက နမ်းမှပဲ ...
movie

Maleficent (2014)

2014
Maleficent: Mistress of Evil (2019) 6.6
Maleficent: Mistress of Evil (2019) Maleficent: Mistress of Evil (2019) IMDb - 6.6/10_____Rotten - 39%    2014 တုန်းက ထွက်ရှိထားတဲ့ Maleficent ရဲ့ အဆက် ဒုတိယမြောက်ကား ဖြစ်ပါတယ်....ပထမအပိုင်းတုန်းက ကြည့်လိုက်ရတဲ့ အတိုင်းပဲ ကျိန်စာတိုက်ထားတဲ့ ကလေးမလေးကို ချစ်မိသွားတဲ့ မယ်လိဖိဆင့် ဟာ အော်ရိုရာ လေးကို သမီးအရင်းလို မွေးစားခဲ့ပြီး မော့စ်ကို အုပ်ချူပ်တဲ့ ဘုရင်မ အဖြစ် သရဖူဆောင်းပေးခဲ့တာပါ... ဒီ ဒုတိယ အပိုင်းမှာတော့ မော့စ်တိုင်းပြည် နဲ့ မတည့်တဲ့ လူသားတွေတိုင်းပြည်က မင်းသားလေး ဖိလစ်က အော်ရိုယာ လေးကို လက်ထပ်ခွင့်တောင်းခဲ့ပြီး လက်ခံခဲ့တဲ့အတွက် နှစ်နိုင်ငံ ငြိမ်းချမ်းရေးအတွက် ဦးတည်ခဲ့ပါတယ်.... လူသားတွေ တိုင်းပြည်က ဘုရင်ကြီး နဲ့ ဘုရင်မကြီးက မယ်လိဖိဆင့် နဲ့ အော်ရိုရာ လေးကို ညစာ ဖိတ်ကျွေးတဲ့ညမှာပဲ လူသားတွေကို ကြည့်မရတဲ့ မယ်လိဖိဆင့် ဟာ ထပ်မံ ပြသနာရှာခဲ့သော ...
movie

Maleficent: Mistress of Evil (2019)

2019
The Roads Not Taken(2020) 5.0
The Roads Not Taken(2020) The Roads Not Taken(2020)လီယိုဆိုတဲ့စာရေးဆရာတစ်ယောက်ရှိတယ်...ချစ်စရာကောင်းတဲ့မိန်းမနဲ့သမီးလေးရှိပေမဲ့ စာရေးတဲ့နေရာမှာ အာရုံစူးစိုက်လို့ အဆင်မပြေဘူးဆိုပြီးမိသားစုကိုစွန့်ခွာသွားတယ်.... ဒီလို ဖြတ်သန်းခဲ့တဲ့ အကျိုးဆက်ကြောင့် မိန်းမနဲ့ကွဲခဲ့ရသလိုသမီးလေးဟာလည်း သာမန်မိန်းကလေးထက်ဘဝကို ခက်ခဲစွာရင်ဆိုင်ခဲ့ရတယ်...အဲ့ဒီနောက် လီယိုတစ်ယောက် အသိစိတ်လွတ်ဝေဒနာကိုခံစားနေရတဲ့ ရောဂါသည်ဖြစ်သွားတယ်...ဒီလိုအခြေအနေမျိုးမှာ သမီးဖြစ်သူသာ စောင့်ရှောက်ဖို့ကျန်တော့တယ်...သမီးဖြစ်သူမော်လီတစ်ယောက် ဘယ်လိုအခက်အခဲတွေရင်ဆိုင်ဖြတ်သန်းရမလဲ....မိသားစုမှာ အဓိကနဲ့သာမည ခွဲခြားတတ်ဖို့နဲ့ ရုန်းကန်ရတဲ့ဘဝတွေဟာတစ်ချို့သူတွေအတွက် အရမ်းခက်ခဲတဲ့အကြောင်းကို ပညာသားပါပါလေးပြသွားတယ်...No Country for Old Men နဲ့ အော်စကာရခဲ့တဲ့ Javier Bardem က ဖခင်ဖြစ်သူအဖြစ်သရုပ်ဆောင်ထားပြီးMaleficent ထဲက ချစ်စရာကောင်းတဲ့ မင်းသမီးလေးလူသိများခဲ့တဲ့ Elle Fanning ကသမီးလေးအဖြစ်သရုပ်ဆောင်ထားပါတယ်..ခံစားကြည့်ကြပါဦး ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်...File Size : (800 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:25:00 Genre :Drama Subtitle : Myanmar Subtitle (Hard ...
movie

The Roads Not Taken(2020)

All the Bright Places (2020) 6.5
All the Bright Places (2020) All the Bright Places (2020) IMDb - 6.5/10_____Rotten - 66% (Unicode)နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်းတံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် …ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ …ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ …အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်…သူတို့နှစ်ယောက်ရဲ့ ...
movie

All the Bright Places (2020)

2020
A Rainy Day in New York (2019) 6.9
A Rainy Day in New York (2019) unicodeဒီရုပ်ရှင်လေးကတော့ ဟာသ ဒရာမာ အမျိုးအစားပါပဲ။ခွက်ထိုးခွက်လန်ရီရမယ့် ဟာသမျိုးတွေ မဟုတ်ပါဘူး။ရယ်ရခက် ငိုရခက် ကိုးရိုးကားယား ဟာသမျိုးတွေပါပဲ။အချစ်ဇာတ်လမ်းလေးကလည်း တစ်မျိုးဆန်းပါတယ်။သရုပ်ဆောင်တွေကတော့ သိတဲ့သူများမှာပါ။တင်မိုသီ၊ အယ်လ်ဖန်းနင်း၊ ဆယ်လီနာဂိုးမက်ဇ်၊ ဂျုလော တို့ ပါပါတယ်။ဇာတ်လမ်းလေးကတော့ ဂတ်စ်ဘီဆိုတဲ့ နယူးယောက်ကလာတဲ့ကောလိပ်ကျောင်းသားလေးမှာ အက်ရှ်လိဆိုတဲ့ချစ်သူကောင်မလေး တစ်ယောက်ရှိတယ်။တစ်နေ့မှာ အက်ရှ်လိဟာ ကျောင်းသတင်းစာအတွက်နာမည်ကျော် ဒါရိုက်တာ ရိုလန်ပိုလက်နဲ့ တစ်နာရီ အင်တာဗြူးခွင့်ရခဲ့ပါတယ်။ဒီတော့ ရိုလန်ရှိတဲ့ နယူးယောက်ကို စုံတွဲအတူခရီးထွက်ရင်းအပန်းဖြေကြဖို့ စီစဉ်လိုက်ကြတယ်ပေါ့။ဒါပေမယ့် ဟိုရောက်တော့အက်ရှ်လိက ဒါရိုက်တာ၊ ဇာတ်ညွှန်းဆရာ၊ နာမည်ကျော်မင်းသားတွေနဲ့ပေါက်ကရအလွဲတွေကြုံပြီး၊ဂတ်စ်ဘီကလည်း သူ့ရည်းစားဟောင်းရဲ့ ညီမလေးနဲ့ နယူးယောက်ရဲ့မိုးရေတွေထဲမှာ ပေါက်ကရတွေ ထပ်ကြုံရတယ်ပေါ့။ဇာတ်လမ်းလေးကလှပါတယ်။ဒိုင်ယာလော့တွေလည်း ကောင်းတယ်။ကြည့်ရတာ ကသိကအောက်နဲ့ ချစ်စရာကောင်းပါတယ်။ကြိုက်ကြမှာပါ။File Size : ( 868 MB , 299 MB )Quality :  Web-DL 720pRunning Time : 1 hr 32 minFormat ...
movie

A Rainy Day in New York (2019)

2019
We Bought a Zoo ( 2011 ) 7.1
We Bought a Zoo ( 2011 ) Zawgyi*******IMDb 7.1 ရရှိထားတဲ့ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးပါရစေစွန့်​စားရမယ့်​ကိစ္စမျိုး​တွေကိုမှ ခုံမင်​နှစ်​သက်​သူ စာ​ရေးဆရာBenjamin Mee ရဲ့ ကိုယ်​​တွေ့မှတ်​တမ်းစာအုပ်​ကို မှီငြမ်းပြီးရိုက်​ကူးထားတဲ့"We bought a zoo" ဆိုတဲ့ ကား​လေးနဲ့ မိတ်​ဆက်​​ပေးပါရ​စေ။ဇာတ်​လမ်းအကျဉ်းအ​နေနဲ့က​တော့ စွန့်​စားခန်း​တွေကိုမှကြိုက်​နှစ်​သက်​တဲ့ ဖခင်​ဖြစ်​သူတစ်​​ယောက်​၊ သူမ​မျှော်​လင့်​ထားဘဲဇနီးဖြစ်​သူရုတ်​တရက်​ ကွယ်​လွန်​သွားတဲ့အခါ က​လေး ၂ ​ယောက်​နဲ့ဗျာများပြီး ကျန်​ခဲ့ရတဲ့ အ​ကြောင်းပဲဖြစ်​ပါတယ်​။ဇနီးဖြစ်​သူရှိစဉ်​က အိမ်​ကိစ္စအဝဝကို လှည့်​ကြည့်​စရာမလို​လောက်​​အောင်​​နေခဲ့ရတဲ့ Benjamin တစ်​​ယောက်​ ဇနီးဖြစ်​သူဆုံးပါးသွားတဲ့အခါမှာ​တော့အဆင်​မ​ပြေမှု​ပေါင်းများစွာနဲ့ ကြုံလာရပါ​တော့တယ်​။အဆိုးဆုံးကိစ္စက​တော့ သားကြီးဖြစ်​သူ Dylan က​ကျောင်းစည်းကမ်းချိုး​ဖောက်​မှုအပါအဝင်​ စိတ္တဇပုံ​တွေ ​ရေးဆွဲ​နေလို့​ကျောင်းက​နေ အထုတ်​ခံလိုက်​ရတာပဲ ဖြစ်​ပါတယ်​။သားအဖနှစ်​​ယောက်​ကြားမှာ ခါတိုင်းလို ​စေ့စပ်​ညှိုနှိုင်း​ပေး​နေကြမိခင်​ဖြစ်​သူ မရှိ​တော့တာ​ကြောင့်​လည်း Dylan တို့နှစ်​​ယောက်​ကမကြာခဏဆိုသလို က​တောက်​ကဆဖြစ်​​နေကြပါတယ်​။သမီးအငယ်​​လေး Rosie က​တော့ ဒီလိုတကျက်​ကျက်​ဖြစ်​​နေတဲ့သားအဖနှစ်​​ယောက်​ကြားမှာ​နေ ​နေရတဲ့သူ​လေး ဖြစ်​ပါတယ်​။သားဖြစ်​သူ​ကျောင်းကထုတ်​ခဲ့လိုက်​ရတဲ့ကိစ္စအပြင်​ ဘယ်​​နေရာကိုပဲ​ရောက်​​ရောက်​ ဘဝတစ်​ပါးကို ကူး​ပြောင်းသွားတဲ့ ဇနီးသည်​ကိုပဲတသသဖြစ်​​​နေတာ​ကြောင့်​ စိတ်​အ​ပြောင်းအလဲဖြစ်​သွား​အောင်​အိမ်​​ပြောင်းဖို့ စီစဉ်​ကြပါ​တော့တယ်​။ ဒီလိုစီစဉ်​ကြရင်း သမီးဖြစ်​သူRosie ရဲ့ ​ရွေးချယ်​မှု​နဲ့ တိရစ္ဆာန်​ရုံပါ အဆစ်​ပါလာတဲ့ ...
movie

We Bought a Zoo ( 2011 )

2011