Channel Myanmar

Eliza Bennett

The Prince & Me (2004) 5.8
The Prince & Me (2004) ဒီဇာတ်ကားကတော့ မင်းသားတစ်ပါးနဲ့ လယ်သူမလေးတစ်ယောက်အကြောင်းRomanceဆန်ဆန်ရိုက်ထားတဲ့ဇာတ်ကားလေးတစ်ကားပါပဲ။ ဇာတ်လမ်းအညွှန်းကတော့ ဒိန်းမတ်နိုင်ငံရဲ့မင်းသားဖြစ်တဲ့ အက်ဗက်ဟာ အလိုလိုက်ခံထားတဲ့သူပီပီ အပျော်အပါးအသောက်အစားများစွာလုပ်ပြီး မကောင်းသတင်းတွေ သတင်းစာထဲမှာပါပါလာကာ တော်ဝင်မိသားစုကိုအရှက်ရအောင် ခဏခဏလုပ်တဲ့သူပေါ့။တစ်နေ့မှာတော့ သူဟာတီဗွီအစီအစဉ်တစ်ခုကနေ အမေရိကရဲ့ကောလိပ်ကျောင်းသားဘဝဟာ ဘယ်လောက်ပျော်စရာကောင်းကြောင်းမြင်လိုက်ရပြီးတဲ့အချိန်မှာ ထိုကောလိပ်သို့တခြားလူတစ်ယောက်အဖြစ်ဟန်ဆောင်ပြီးတက်ဖို့သွားပါတော့တယ်။ အဲဒီကျောင်းမှာပဲ နယ်ကတက်လာတဲ့ကောင်မလေး "ပေ့ခ်ျ မော်ဂန်"နဲ့တွေ့တဲ့အခါမှာတော့ အမြဲဆိုးခဲ့တဲ့မင်းသားလေးတစ်ယောက် အချစ်အစွမ်းကြောင့် တဖြည်းဖြည်းနဲ့လိမ္မာပြီး အားကိုးထိုက်သူဖြစ်လာတာကို Comedyနဲ့ Romanceရောပြီး ရိုက်ပြထားပါတယ်။ File size…(2.2 GB) / (1.2 GB) Quality….BluRay 1080p/720p Format…mp4 Duration….01:51:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson  
movie

The Prince & Me (2004)

An American in Austen (2024) 6.6
An American in Austen (2024) အခုတစ်ခေါက် CM ပရိသတ်ကြီးကို ဖျော်ဖြေပေးမယ့် ရွှေရင်အေး Romance ကားလေးကတော့ "အချစ်ကို နားလည်သွားသော မိန်းကလေးတစ်ယောက်" အကြောင်းပဲ ဖြစ်ပါတယ်Harriot က စာကြည့်တိုက်မှူးမလေးတစ်ယောက်ဖြစ်ပြီး သူမကို လိုလေသေးမရှိအောင် ဖြည့်ဆည်းပေးတဲ့ ချစ်သူကောင်လေး Ethan ကို ပိုင်ဆိုင်ထားပေမဲ့ စာကြမ်းပိုးလေး သူမ အကြိုက်ဆုံးဝတ္ထုဖြစ်တဲ့ "Pride and Prejudice" ထဲက မစ္စတာဒါစီလို ပြီးပြည့်စုံတဲ့ အမျိုးသားတစ်ယောက်ကိုပဲ စိတ်ကူးယဉ်ပြီး ချစ်သူကောင်လေး Ethan လက်ထပ်ခွင့်တောင်းတာကို "MayBe" လို့ ကြိုးရှည်ရှည်နဲ့ လှန်ထားလိုက်ပါတယ်ဒါကို ဒဏ်ခတ်မဲ့ ကံကြမ္မာက သူမကို "Pride and Prejudice" စာအုပ်ထဲက ၁၈၀၀ များကာလ အင်္ဂလန်ကို ပို့ပေးလိုက်ပြီး ဘန်းနက် ညီအစ်မတွေဆီ အလည်လာတဲ့ အမေရိကန်က ဝမ်းကွဲအစ်မ Harriet ဘဝကို အဆန်းတကြယ် ပြောင်းလဲသွားပါတော့တယ်သူရဲ့အိပ်မက်သတို့သား မစ္စတာဒါစီနဲ့ ...
movie

An American in Austen (2024)

Nanny McPhee(2005) 6.9
Nanny McPhee(2005) Nanny McPhee(2005)===================ဇာတ်လမ်းအစမှာ ပြောခဲ့သလိုပဲ"ကျွန်တော်တို့ရဲ့ ဇာတ်လမ်းကို ဝမ်းနည်းဖို့ကောင်းအောင်.ထိုင်ခုံအလွတ်တစ်လုံးနဲ့. စတင်ရလိမ့်မယ်.တကယ်လို့ အဲဒီ့ခုံက လွတ်မနေခဲ့ဘူးဆိုရင်ကျွန်တော်တို့မှာ ပြောစရာဇာတ်လမ်းရှိမှာမဟုတ်ပါဘူး."ဇနီးသည် ဆုံးပါးသွားတဲ့နောက် မစ္စတာဘရောင်းဟာမိခင်ရဲ့စောင့်ရှောက်မှုလိုအပ်နေတဲ့ ကလေးခုနှစ်ယောက်ကိုကြည့်ရှုဖို့ ကလေးထိန်း (နာနီ)ကို ငှားရမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။သို့ပေမယ့် အလုပ်အရမ်းများတဲ့ ဖခင်ရဲ့ အာရုံစိုက်မှု၊ဂရုစိုက်မှု၊ မေတ္တာတွေကို တောင့်တနေတဲ့ ကလေးတစ်စုဟာသူတို့ရဲ့မကျေနပ်ချက်တွေကို ငှားရမ်းထားတဲ့ နာနီများအပေါ်ပုံချပြီး ပညာပေးမောင်းထုတ်ခဲ့တာ (၁၇)ယောက် တိုင်ခဲ့ပါတယ်။မိခင်ရဲ့ မေတ္တာကိုလည်း လွမ်းဆွတ်၊ ဖခင်ရဲ့ ဂရုစိုက်မှုတွေကိုလည်းတောင့်တရင်းနဲ့ အလိုမကျတဲ့ စိတ်များစွာနဲ့ ဆိုးသွမ်းနေတဲ့ကလေးတစ်သိုက် အများအမြင်မှာ ဆိုးသွမ်းနေတဲ့ ကလေးတွေအပေါ် စာနာနားလည်ပြီး မေတ္တာအပြည့်အဝ ထားပေးနိုင်တဲ့အိမ်စေလေးအီဗန်ဂျလင်းအဒေါ်ဖြစ်သူရဲ့ နောက်အိမ်ထောင်ပြုဖို့တိုက်တွန်းချက်တွေကြောင့် ကလေးတွေရဲ့ ရှေ့ရေးအတွက်ဒိမိသားစုလေးမပြိုကွဲဖို့ ဗျာများနေရတဲ့ မုဆိုးဖို မစ္စတာဘရောင်းဒီမိသားစုရဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ဖို့ကတော့ဆန်းကြယ်မှု (Miracle) တစ်ခု လိုအပ်နေပါတယ်။ဘယ်လိုဆန်းကြယ်မှုကများ ဒီမိသားစုရဲ့ အခက်အခဲတွေကိုဖြေရှင်းပေးသွားမယ်ဆိုတာကို CM ကနေပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။  File size…2.04GB / 999MB Quality…Blu-Ray 1080p ...
movie

Nanny McPhee(2005)

Do Revenge (2022) 6.7
Do Revenge (2022) Do Revenge (2022)(1080p ရပါပြီ)ထွက်ရှိထားတာ မကြာသေးပဲ hot ဖြစ်နေတဲ့ American Comedy Genre ဇာတ်ကားလေးဖြစ်ပြီး Riverdale မင်းသမီးချော Camila နဲ့ Stranger Things မင်းသမီး Maya Hawkes တို့အတွဲညီညီ သရုပ်ဆောင်ထားတဲ့ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ...ဒရေယာက အမေတစ်ခု သမီးတစ်ခုဖြစ်ပြီး ဆင်းရဲပေမယ့် ရို့စ်ဟေးလ်ကျောင်းကို ပညာသင်ဆုနဲ့ တက်ရောက်ခွင့်ရရှိထားသူပါ။ သူ့ရည်မှန်းချက်ကတော့ နာမည်ကျော် ရေးလ်တက္ကသိုလ်တက်ရဖို့ဖြစ်ပြီး ကျောင်းမှာလည်း ထိပ်ထိပ်ကြဲ လူချမ်းသာ သားသမီးတွေနဲ့ ဝင်ဆံ့တဲ့အထိ ပါးနပ်ပါတယ်။ကံဆိုးတာက သူ့ချစ်သူ သူဌေးသားမက်စ်ဆီက ဒရေယာရဲ့ sex tape ပျံ့လာခဲ့ပြီး ဒရေယာက စိတ်မြန်လက်မြန်နဲ့ မက်စ်မျက်နှာကို လက်သီးတစ်လုံးကျွေးလိုက်ရာက သူ့အချစ်ဆုံး သူငယ်ချင်းဆိုသူတွေကိုပါ ဆုံးရှုံးလိုက်ရပြီး အပယ်ခံဖြစ်သွားပါတော့တယ်။ကံကောင်းတာက သူ့အတွက် စစ်မှန်တဲ့သူငယ်ချင်းမလေး ပေါ်လာတာပါပဲ။ အဲဒါကတော့ သူ နွေရာသီ တင်းနစ်ကမ့်မှာ ဆုံခဲ့တဲ့ ...
movie

Do Revenge (2022)

2022
Inkheart (2008) 6.1
Inkheart (2008) Inkheart (2008)တချို့ပုံပြင်တွေဟာ ဖတ်ရုံပဲဆိုပေမယ့် တချို့ပုံပြင်တွေဟာ အသက်ဝင်လာနိုင်ပါတယ်.... အဲ့လို အသက်ဝင်အောင် လုပ်နိုင်စွမ်းရှိတဲ့ ပုံပြောဆရာတွေလည်း ရှိခဲ့တယ်... အသံထွက်ဖတ်ပြီး ဇာတ်ကောင်တွေ၊ အဖြစ်အပျက်တွေကို ဆင့်ခေါ်နိုင်တဲ့သူတွေပေါ့။မော်တီမာလည်း အဲဒီအစွမ်းကို မွေးရာပါ လက်ဆောင်အနေနဲ့ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ သူက အဲဒီအစွမ်းကိုမသိပဲ အသံထွက်ဖတ်ပြီး ပုံပြင်ထဲက လူဆိုးတွေကို ဆင့်ခေါ်မိတဲ့အခါမှာ လူဆိုးတွေရဲ့တိုက်ခိုက်တာလည်းခံရ၊ သူ့ဇနီးလည်း ပုံပြင်စာအုပ်ထဲကိုရောက်ရှိသွားပြီး မော်တီမာ တစ်ယောက်ဒုက္ခရောက်သွားတယ်။သူ့ဇနီးရောက်သွားတဲ့ပုံပြင်စာအုပ်ကို နှစ်နဲ့ချီ လိုက်ရှာနေရင်း တစ်နေ့မှာတော့ အတိတ်ရဲ့ တစ္ဆေတွေဟာ သူ့အိမ်တံခါးကို လာခေါက်ပါတော့တယ်။သူ့ရဲ့ဇနီးကို စာအုပ်ထဲကနေ ပြန်ခေါ်နိုင်မလား၊ စာအုပ်ထဲက လူဆိုးတွေကပဲ တကယ့်လောကကြီးမှာ ကြီးစိုးသွားမလား ဆိုတာတော့ Mummy ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသား Brendan Fraser ဦးဆောင်ပါဝင်ထားတဲ့ ဒီ Old but Gold ဇာတ်ကားကောင်းလေးကိုကြည့်ရင်း အဖြေထုတ်ကြတာပေါ့ဗျာ......(ဇာတ်ကားနဲ့အညွှန်းကို Sai Thurein Lynn မှ ပြန်ဆိုရေးသားထားပါတယ်)Size - 1.6GB, ...
movie

Inkheart (2008)

2008