Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elisha Cuthbert
7.6
Love Actually (2003)
Love Actually (2003)IMDb Rating (7.6) / Rotten Tomatoes (64 %)နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲအညွှန်းလေးအကျဉ်းချုပ်ပြောရရင်....မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက်အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်Real sex ...
movie
Love Actually (2003)
4K HEVC
6.3
My Sassy Girl (2008)
ဒီဇာတ်ကားက My Sassy Girl (2001) ကိုရီးယားဇာတ်ကားကို အနောက်တိုင်းပုံစံ ပြန်လည်ရိုက်ကူးထားတဲ့ အမေရိကန်ဇာတ်ကားလေးပါ။ IMDb RAting (6.3/10) ရရှိထားပါတယ်။ အမေရိကန်မင်းသား Jesse Bradford နဲ့ The Girl Next Door နဲ့ House of Wax ထဲက မင်းသမီးချော Elisha Cuthbert တို့အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းကတော့ My Sassy Girl ဇာတ်လမ်းအတိုင်းပါပဲ။မင်းသမီးက နှလုံးသားဒဏ်ရာကြောင့် ဘဝကိုပေပေတေတေဖြတ်သန်းနေပြီး ဘာကိုမှမလိုချင်တော့ဘဲ လူ့ဘဝကိုစိတ်ကုန်နေတဲ့ ကောင်မလေးဖြစ်ပြီး မင်းသားကတော့ ဒီလိုကောင်မလေးကိုမှ ငြိတွယ်မိတဲ့ အူတူတူကောင်လေးဖြစ်ပါတယ်...ဇာတ်လမ်းကတော့ သူတို့နှစ်ယောက်ကြားက အခက်အခဲတွေနဲ့ သံယောဇဉ်တွေအကြောင်းပေါ့။ရုပ်ရှင်က ဖွင့်ဆိုထားတာကတော့ ကံကြမ္မာဆိုတာ ကြိုးစားမှုပါပဲတဲ့.....အချစ်ကိုရချင်ရင် ကံကောင်းဖို့ ကြိုးစားရမယ် စောင့်စားရမယ် ခက်ခဲမယ်။ခပ်ဆိုးဆိုးကောင်မလေးကိုမှ ငြိတွယ်မိတဲ့ကောင်လေးခမျာ ကံကောင်းပါ့မလားဆိုတာ.......။ File size…(2.7 GB)/(1 GB) Quality….WEB-DL 1080p ...
movie
My Sassy Girl (2008)
2008
1080p Untouched
7.0
Old School (2003)
ဒီဇာတ်ကားလေးကိုကြည့်ရင်း ကျွန်တော်သတိရမိတာကSuperbad တို့ American Pie တို့လိုကျောင်းသား comedy ကားတွေကိုပါပဲ။ တစ်ခုရှိတာက အဓိကဇာတ်ဆောင်တွေက ကျောင်းသားတွေမဟုတ်ကြဘူး၊ ဒါပေမယ့် ကျောင်းသားဟာသကားပါပဲ။ ဇာတ်လမ်းက မစ်ချ်မာတင်လို့ခေါ်တဲ့ သတ်လတ်ပိုင်းလူတစ်ယောက် အိမ်ကိုစောစောစီးစီးပြန်လာတဲ့အခါ အရိုးရဲ့ အော်ပရာသီချင်းကိုလက်တွေဘဝမှာကြုံလိုက်ရပါတော့တယ်၊ ပိုတောင်ဆိုးသေးတယ်ဗျ သူ့မိန်းကလိင်စိတ်တော်တော်ပြင်းပြတော့ ယောကျ်ားခရီးသွားတိုင်းအဖွဲ့လိုက်ကြီးလုပ်နေကျ။ အဲဒီလိုနဲ့ စိတ်ဒဏ်ရာရသွားတဲ့ မစ်ချ်ကို သူ့သူငယ်ချင်းတွေကအရာအားလုံးကိုမေ့နိုင်အောင်ကူညီဖို့ကြိုးစားကြတဲ့အခါ ဘယ်လိုပြဿနာတွေတက်ကြမလဲ၊ ဘယ်လိုတွေကူညီကြမှာလဲဆိုတာကိုအလွဲအချော်လေးတွေနဲ့ တင်ဆက်ထားလို့ အတော်ကိုရယ်ရပါတယ်ခင်ဗျာ။ ဇာတ်ဆောင်တွေအနေနဲ့ကလဲcomedyချစ်သူပုရိတ်သတ်နဲ့မစိမ်းတဲ့ Charlie's Angel,Death at a funeral, Idiocracy တို့မှမင်းသားLuke Wilson ပါမက Step Brothers, Anchor Man,Zoo Lander တို့မှမင်းသား Will Ferrell အပြင်ကိုWedding Crushers, The Watch, Zoo Lander တို့မှVince Vaughn တို့လို ဟာသကျော်ကြီးတွေသုံးယောက်ပေါင်းဘယ်လိုလောင်းကျော်ထားမလဲဆိုတာကိုကြည့်ရမှာဖြစ်တဲ့အပြင် IMDB 7.0 တောင်ရထားတာဆိုတော့မြည်းစမ်းကြည့်ကြပါလို့ပဲ တိုက်တွန်းလိုက်ပါတယ်ခင်ဗျာ File size… 3 GB ...
movie
Old School (2003)
2003
6.2
Bandit (2022)
Bandit (2022)1970 ကျော်က ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့ Crime, Thriller ကားလေးပါ။နည်းပညာမတိုးတက်ခင်ကာလ စီးပွားရေးကြပ်တည်းနေတဲ့ အမေရိကန်နိုင်ငံမှာ Robert ဆိုသူတစ်ယောက်က ပြစ်မှုတစ်ခုနဲ့ မီရှီဂန် အကျဉ်းထောင်မှာ ထောင်ဒဏ် တစ်နှစ်ခွဲ ကျခံခဲ့ရပါတယ်။ Robert ဟာ အကျဉ်းထောင်ကနေ ဖောက်ထွက်လွတ်မြောက်လာပြီးနောက် ကနေဒါနိုင်ငံကို ထွက်ပြေးဖို့ ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ ကနေဒါကိုရောက်တဲ့အခါ သတိထားမိတာက ကနေဒါမှာရှိတဲ့ ဘဏ်တွေက US မှာလို လုံခြုံရေးတွေမတင်းကြပ်ဘူးဆိုတာပဲ။ ဒါနဲ့ပဲ သူက ဘဏ်ဓားပြတိုက်တာကို စလုပ်ခဲ့ပြီး ဘဏ်ပေါင်း 59 ခုကို ဓားပြတိုက်ခဲ့ကာ နောက်ပိုင်းမှာတော့ လက်ဝတ်ရတနာအရောင်းဆိုင်တွေကိုပါ ဓားပြတိုက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ရင် အလိုအရှိဆုံး ရာဇဝတ်ကောင်အဖြစ် သတ်မှတ်ခံလိုက်ရပါတယ်။Robert တစ်ယောက် ဘဏ်တွေ လက်ဝတ်ရတနာအရောင်းဆိုင်တွေကို ဘယ်လိုဓားပြတိုက်လဲ? ဓားပြမတိုက်ခင် သူဘာတွေ ပြင်ဆင်လဲ? ကနေဒါ ပြည့်သူ့ ရဲတပ်ဖွဲ့ရဲ့ ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးခံရတဲ့အခါ လွတ်မြောက်အောင် ဘယ်လိုတွေကြိုးစားမလဲ? ...
movie
Bandit (2022)
2022
6.2
The Quiet (2005)
--- စံလွဲသူနှစ်ယောက် --- ကိလေသာထောင်ချောက်ရဲ့ အဆွဲဆောင်နိုင်ဆုံး အထိအတွေ့များ၊ တီးတိုးညည်းညူသံ၊ ဖိုလှိုက်တဲ့အသက်ရှုသံများနဲ့ အိပ်ယာပေါ်က ချစ်တလင်းမှာ ဗျူဟာကျင်းလို့ စေတန်နတ်ဆိုးရဲ့ ပန်းသီး (ချဉ်စော်ကားသီး) ကို စားသုံးနေကြလေရဲ့။ ရှူထုတ်လေရဲ့ လေနုငွေ့ငွေ့တိုးခတ်မှုကို အပြန်အလှန်ထိခတ်ရင်း လေပေါ်မှာလွင့်နေသလိုခံစားရရှာတဲ့ လိင်မတူ ချစ်သူနှစ်ဦး။ ရိုးတွင်းခြင်ဆီထဲအထိ တိုးဝင်လာတတ်တဲ့ တဖျင်းဖျင်း ကြက်သီးထဖွယ် အရသာများကို ဆားငံရေလို တစွတ်စွတ်သောက်၊ မောလေ သောက်လေ ငတ်မပြေနိုင်။သဘဝတရားရဲ့ ရုန်းမထွက်နိုင်တဲ့ ထောင်ချောက်ထဲကို သက်ဆင်း ဝပ်တွားခယရတဲ့ ဟောဒီလူသားနှစ်ယောက်က လောကကြီးကိုမေ့နေပါလေရော။ သူတို့ဟာ လောကကြီးကို မေ့လျှော့နေသလိုပဲ သူတို့ဟာ သွေးရင်းသားရင်း သားအဖ တော်စပ်ပါတယ်ဆိုတာကိုပါ သတိမရ အနက်ဆုံး အမှောင်ဆုံးတွင်းကို အထိန်းမပါဘဲ သက်ဆင်းနေကြပြီ။ ဟုတ်ပါတယ်လေ။ သမီးနဲ့ ဖခင် သွေးရင်းခေါက်ခေါက်ကြီးတွေပါ။ သူတို့ဟာ သားအဖအဖြစ်ကသွေဖည်လို့ လင်မယားဘဝကို အသက်သွင်း၊ ငရဲတွင်းကို ဆင်းချင်တိုင်းဆင်းနေလေရဲ့။--- ကိုယ်ပျောက်မိန်းကလေး ...
movie
The Quiet (2005)
5.3
House of Wax (2005)
House of Wax (2005)~ 1080p UPDATED ~မိန်းကလေးတစ်ယောက်ရဲ့ နုနယ်လှပမှုကျက်သရေကို ကျွန်တော်တို့ တင်စားပြောကြရာမှာ "ကြွေရုပ်လေးလိုလှတာ၊ ဖယောင်းရုပ်လေးလိုလှတာ" အစရှိသဖြင့် သုံးနှုန်းတတ်ကြပါတယ်။ လူကြီးမင်းတို့ကို ဖယောင်းရုပ်လေးလိုလှလိုက်တာဟု ချီးကျူးလာရင်ဖြင့် သဘောကျတတ်ကြလိမ့်မယ်ထင်ပါတယ်လေ။ကျွန်တော့်ကို ဖယောင်းရုပ်လေးနဲ့တူတယ် (ဘယ်သူမှလည်း ပြောကြမှာမဟုတ်ပါဘူးလေ) လို့ပြောလာရင်ဖြင့် ကြက်သီးမွေးညင်းထပြီး အရိုးထဲကစိမ့်ပြီး ကြောက်ရမှာတော့ အမှန်ပါပဲ။ လူကြီးမင်းရဲ့ အလှတရားကို ချီးကျူးရာရောက်သလို တဖက်မှာလည်း လူကြီးမင်းဟာ လူ့လောကမှာ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့တူပါတယ်။ ဟောဒီဇာတ်ကားထဲမှာပေါ့။အနုပညာသမားတစ်ယောက်ဟာ နူးညံ့သိမ်မွေ့စွာနဲ့ အလှတရားကို ဖော်ထုတ်တတ်သူပါ။ အနုပညာသမားလေးဗင်းဆင့် ကတော့ အလှတရားကို ညွှန်းပြဖော်ကျူးတတ်ပေမဲ့ နူးညံ့သိမ်မွေ့သူတော့ မဟုတ်ခဲ့ပါဘူးလေ။ လူသားတွေဟာ သူ့အတွက်တော့ သူ့အခန်းထဲက သစ်သားတုံးတွေလိုပါပဲ။ ဆူးတွေ ဆောက်တွေနဲ့ ခုတ်ထစ် လှီးဖြတ်ပြီး ပုံသွင်းယူရမယ့် အသားတွေလိုမျိုးပေါ့။ဆရာဝန်ကြီးနဲ့ ဖယောင်းရုပ်တုပညာရှင် လင်မယားနှစ်ယောက်ရဲ့ သားနှစ်ယောက်မှာ တစ်ယောက်က ဆိုးသွမ်းလွန်းပါသတဲ့။ ထမင်းကျွေးရင်တောင် ...
movie
House of Wax (2005)
5.4
The Cellar (2022)
The Cellar (2022)=============ဒီနေ့အတွက် Horror ကားသစ်လေးတင်ဆက်ပေးချင်ပါတယ်။ မိသားစုတစ်စုဟာ စျေးပေါပေါနဲ့ ရခဲ့တဲ့အိမ်တစ်အိမ်ကို ဝယ်ယူပြီး ပြောင်းရွေ့ လာခဲ့ပါတယ်။ ထိုအိမ်ကို ရောက်လာပြီး လှည့်ပတ်ကြည့်ကြရာ ညစ်ပတ်နေတဲ့ မြေအောက်ခန်း တစ်ခန်းရှိနေတာကို တွေ့လိုက်ရတာပေါ့။ နောက်ပြီး ထိုအိမ်ကြီးကို မကောင်းဆိုးဝါးနဲ့ အပေးအယူလုပ်ထားတဲ့ စုန်းမကြီး တစ်ယောက်က ပိုင်ဆိုင်တာဆိုပြီး ကောလဟာလတွေဟာလည်း ပျံ့နှံ့လို့နေပါတယ်။ပြောင်းလာပြီးပြီးချင်း ညမှာပဲ မိဘနှစ်ယောက်ဟာ အလုပ်ရှိသည့်အတွက် သားနဲ့ သမီးကို အိမ်မှာ ချန်ထားခဲ့ပါတယ်။ မောင်နှစ်မ နှစ်ယောက်ဖြစ်သူ အယ်လီ နဲ့ စတိဗင် ဟာ ထူးဆန်းတဲ့ ဓာတ်ပြားဖွင့်စက်ကြီးကို တွေ့လို့ ဖွင့်ကြည့်လိုက်ရာ တောင်စဥ်ရေမရ အသံတွေထွက်လာပါတော့တယ်။ ညအချိန် ဇာတ်ကားကြည့်နေုတုန်း မီးပျက်သွား၍ မီးပြန်ဖွင့်ဖို့ မြေအောက်ခန်းကြီးထဲ ဆင်းကြည့်ရာမှ အယ်လီ ပျောက်ဆုံးသွားပါတော့တယ်။ ရဲတွေကလည်း သဲလွန်စရှာမရ အိမ်ကနေထွက်ပြေးသည်ဟု ကောက်ချက်ချသော်လည်း သူ့သူငယ်ချင်းတွေ အိမ်ကို လည်း ရောက်မလာချေ။ ဘာကြောင့် အယ်လီ ပျောက်ဆုံးသွား တာလဲ ။ အိမ်ကြီးနဲ့ ပတ်သတ်ပြီးထွက်နေတဲ့ ကောလဟာလတွေကရော အမှန်တွေလား။ ဓာတ်ပြားဖွင့်စက်ကြီးကရော ထိုကိစ္စနဲ့ ...
movie
The Cellar (2022)
2022