Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Elisa Lasowski
6.6
Burnt (2015)
ဒီဇာတ်ကားလေးကတော့ 2015 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသဒရာမာ ဇာတ်ကားလေးဖြစ်ပါတယ်။အဓိကသရုပ်ဆောင်တွေ အနေနဲ့ကတော့ Bradley Cooper,Sienna Miller နဲ့ Daniel Brühl တို့က ပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာ John Wells ကရိုက်ကူးထားပါတယ်။ဇာတ်လမ်းအကျဉ်း…….Adam Jones ဟာ မီချယ်လင် ကြယ်နှစ်ပွင့်အဆင့်ရှိတဲ့ စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။ Adam ဟာ အားလုံးကို ပိုင်ဆိုင်ခဲ့ပြီးမှ သူ့ရဲ့အမူအကျင့်ဆိုးတွေ အောင်မြင်မှုကို မထိန်းသိမ်းနိုင်မှုတွေကြောင့် ပြန်လည်ဆုံးရှူံးခဲ့ရပါတယ်။အဲ့တာကြောင့်သူဟာ သူ့ကိုယ်သူပြန်လည်ရှာဖွေရင်း ပဲရစ်မြို့ကနေ လန်ဒန်မြို့ကို ပြောင်းရွှေ့လာပါတယ်။လန်ဒန်မှာ သူ့ရဲ့ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ပြီး မီချယ်လင် ကြယ်သုံးပွင့်အဆင့် စားဖိုမှူးဖြစ်အောင် ကြိုးစားပါတော့တယ်။ သူ့ရဲ့အိပ်မက်အမှန်တကယ်ဖြစ်မြောက်လာအောင် Adam တစ်ယောက်ဘယ်လိုတွေလုပ်သွားမလဲ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ သူလိုချင်တဲ့ အရာတွေရော ရရှိသွားမလားဆိုတာတွေကို စိတ်ဝင်းစားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ်။2015 ခုနှစ်ကတည်းကထွက်ရှိထားတဲ့ကားလေးဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre... ...
movie
Burnt (2015)
2015
6.3
Kompromat (2022)
Kompromat (2022) =============== IMDb Rating - 6.3/10တာဝန်ဝတ္တရားတွေကို စိတ်ခံစားချက်တွေနဲ့ ရောထွေးပစ်ပြီး ကိုယ်လုပ်ချင်ရာလုပ်လိုက်တယ်ဆိုတာ လုပ်လို့ရနေတယ်ဆိုတဲ့ အသိနဲ့ကြောင့်မို့ လုပ်ချင်ရာလုပ်နေကြတာ။ ဒီလိုလူတွေဟာ စနစ်တစ်ခု ယန္တရားကြီးတစ်ခုလုံးကို အပြစ်ဖြစ်စေနေတတ်တာမျိုး ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်သွားတာမျိုးပေါ့။ လူတွေဟာ အသစ်အဆန်းတစ်ခုခုတွေ့ရင် စမ်းသပ်ချင်တာမျိုး လေ့လာချင်တာမျိုး သိချင်တာမျိုးတွေဖြစ်ကြတယ်။ဒီလိုစိတ်တွေကြောင့်ပဲ လူသားတွေဟာ ဆင့်ကဲဆင့်ကဲ တိုးတက် လာကြတယ်ဆိုပြီး လက်ခံထားကြတယ်။ အချစ်မှာရော ငြီးငွေ့ ခြင်းက ထွက်ပြေးလိုစိတ်၊ toxic rsကနေ ရုန်းထွက်လိုစိတ်တွေဟာ ဆုံတွေ့မိသွားရင် အချင်းချင်းလက်တွဲရင်း ထွက်ပြေးချင်စိတ်ကို အဖော်ပြုပေးကြရင်း ဘောင်တွေကို ကျော်လွန်တဲ့ အသစ်အဆန်း နယ်ပယ်တစ်ခုကို အတူတူ စူးစမ်းကြတယ်ဆိုရင် အပြစ်ဖြစ်ပါ အုံးမလား။ ချစ်ခြင်းတွေ လှည့်ကွက်တွေ ချောက်ချအကွက်ဆင် တာတွေကို လက်တွေ့ဘဝနဲ့ အနီးစပ်ဆုံးချပြထားတဲ့ ဇာတ်လမ်းမျိုး ကြည့်ချင်ပါတယ်ဆိုရင်တော့ ဒီကားလေးက လက်လွှတ်မခံသင့်တဲ့ ကားကောင်းလေးတစ်ခုပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Paul ဖြစ်ပါတယ်)File Size..........(1.5 GB) / (560 MB) / (300 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........2Hrs 07Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......Paul Encoder..........SWM
movie
Kompromat (2022)
2022
6.5
Ammonite (2020)
Ammonite (2020) ============= IMDb Rating 6.5/10၁၈ရာစုနှစ် အမျိုးသားဝါဒီ ကြီးစိုးတဲ့ ကာလတစ်ခုမှာ ကျောက် ဖြစ်ရုပ်ကြွင်းပညာရပ်မှာ ထူးချွန်ပြောင်မြောက်လှတဲ့ နက္ခတ္တ ပညာရှင် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Mary Anning ရဲ့ biography အကြောင်းကို ရိုက်ကူးထားတာပါ။ သူရှာဖွေတွေ့ ရှိခဲ့တဲ့ အကျော်ကြားဆုံး ကျောက်ဖြစ်ရုပ်ကြွင်းကတော့ Ichth- yosaur လို့ခေါ်တဲ့ fossil တစ်ခုပါပဲ။Mary Anning က ကမ်းခြေမှာရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်ရှာဖွေရင်း Lyme Regis မြို့ကို လာရောက်လည်ပတ်ကြတဲ့ နိုင်ငံလှည့်ခရီးသွားတွေကို ရောင်းချပြီး နာမကျန်းဖြစ်နေတဲ့ အမေ အိုတစ်ယောက်နဲ့ အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ သူ့ကို လေးစားအားကျတဲ့ အမျိုးသားတစ်ယောက် ရောက်လာပြီး Fossils တွေအကြောင်း စူးစမ်းလေ့လာမယ့် ခရီးစဥ်အတွက်လာပြောပါတယ်။အဲအမျိုးသားနဲ့အတူ သူရဲ့မိန်းမဖြစ်တဲ့ Charlotte လည်းပါလာခဲ့ပါ တယ်။အဲအမျိုးသားက နာမကျန်းဖြစ်နေတဲ့ သူ့မိန်းမ Charlotte ကို ကူညီပေးဖို့ Mary ကို တောင်းဆိုလာပြီး နောက်ပိုင်းမှာတော့ Mary နဲ့ Charlotte တို့ ချစ်ကျွမ်းဝင်သွားကြပါတယ်။ ၁၈ရာစုနှစ်က အမျိုးသမီး နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းက ...
movie
Ammonite (2020)
2020
7.6
Eastern Promises (2007)
Eastern Promises (2007)===================== Crime, Thriller ဇာတ်ကားတွေကို ကြည့်ရတာ နှစ်သက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက် Eastern Promises ဆိုတဲ့ ဇာတ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည် Eastern Promises ထဲက promises(ကတိစကားများ) ဆိုတဲ့ စကားလုံးအတိုင်းပဲ ဒီဇာတ်ကားထဲမှာဆိုရင်လိမ်လည်လှည့်ဖျားတဲ့ ကတိတွေက လူတစ်ယောက်ရဲ့ ဘဝကိုဘယ်လောက်ထိ စုတ်ပြတ်သွားစေနိုင်လဲဆိုတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် ရုရှားသူတစ်ယောက်ဟာပိုကောင်းတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံခြားပြန် သူငယ်ချင်းရဲ့"အလုပ်ကောင်းကောင်းရမှာ"ဆိုတဲ့ စကားကိုယုံစားပြီး လန်ဒန်ကိုလိုက်လာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူဟာ လန်ဒန်ဆေးရုံမှာကလေးမွေးရင်းနဲ့ သေဆုံးသွားခဲ့ရတယ်။သူ ကလေးမွေးတာကို တာဝန်ယူပေးတဲ့ သားဖွားဆရာမက မထင်မှတ်ဘဲဒိုင်ယာရီစာအုပ်တစ်အုပ်ကို တွေ့သွားခဲ့ပါတယ်။ ရုရှားဘာသာစကားနဲ့ရေးထားတဲ့ ဒိုင်ယာရီစာအုပ်ပါ။ သေဆုံးသွားသူ အမျိုးသမီးရဲ့ မိသားစုဝင်တွေကို ဆက်သွယ်ဖို့အတွက် ဒိုင်ယာရီစာအုပ်ကို ဘာသာပြန်ဖို့လူလိုက်ရှာပါတော့တယ်။ သားဖွားဆရာမ မထင်မှတ်ထားတာကတော့သေဆုံးသူအမျိုးသမီးဟာ သွေးရိုးသားရိုး သေဆုံးခဲ့တာမျိုးမဟုတ်ဘဲနောက်ကွယ်မှာ လူဆိုးဂိုဏ်းတစ်ဂိုဏ်းနဲ့ ပတ်သက်မိနေခဲ့တာပါ။အဲဒီလူဆိုးဂိုဏ်းဟာ နာမည်ကြီး လူဆိုးဂိုဏ်းဖြစ်ပြီးတော့ ပြည့်တန်ဆာလုပ်ငန်းနဲ့ လူကုန်ကူးတာတွေကို ဆောင်ရွက်နေတဲ့ဂိုဏ်းပါ။ အစိုးရဘက်ကအသည်းသန် ...
movie
Eastern Promises (2007)