Channel Myanmar

Eileen Walsh

Small Things Like These (2024) 7.2
Small Things Like These (2024)   Peaky Blinder မင်းသားကြီး ခီလီယံ မာဖီရဲ့ အိုင်ယာလန်သမိုင်းဖြစ်ရပ်မှန် ဒရာမာ ရုပ်ရှင်အသစ်ကို တင်ဆက်ပေးထားပါတယ်။ဇာတ်လမ်းအခြေခံကတော့ Magdalene asylums ဒါမှမဟုတ်Magdalene laundries (ယေရှုခရစ်တော်ရဲ့ နောက်လိုက် မေရီမက်ဒလင်းရဲ့နာမည်ကို အစွဲပြု) ဆိုတဲ့ ၁၈ ရာစုနဲ့ ၂၀ ရာစုကြားကအမျိုးသမီး ပြုပြင် ထိန်းသိမ်းစောင့်ရှောက်ရေး ဂေဟာတွေရဲ့အရှုပ်တော်ပုံအကြောင်းတွေကို အခြေခံထားတာပါ။ အင်္ဂလန်၊စကော့တလန်၊ ဝေလ၊ အိုင်ယာလန်၊ အမေရိက၊ ကနေဒါ၊ ဆွီဒင်၊ဩစတြေးလျလို နိုင်ငံကြီးတွေမှာပါ ရှိပါတယ်။ သီလရှင်တွေကခရစ်ယာန်ဘာသာရေးအောက်ကနေ ဦးစီးတာပါ။ မူလရည်ရွယ်ချက်ကတော့ လိင်လုပ်သား အမျိုးသမီးတွေ၊ ခင်ပွန်းမရှိဘဲ ကိုယ်ဝန်ရှိသူတွေ၊ မိသားစုစောင့်ရှောက်မဲ့သူမရှိတဲ့ မိန်းကလေးငယ်တွေကိုစောင့်ရှောက်ဖို့ပါပဲ။ ဒါပေမဲ့ စားစရာနေစရာလောက်ပဲရပြီး ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ရတာတွေ၊ ထောင်တွေထက်တောင် တင်းကြပ်တဲ့စည်းကမ်းတွေ နဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုတွေ အနိုင်ကျင့်မှုတွေကြောင့်နာမည်ပျက်မျိုးစုံနဲ့ ပိတ်ခဲ့ရတဲ့ အဖွဲ့အစည်းစနစ်လည်းဖြစ်ပါတယ်။နောင်မှာ ဒီဂေဟာတွေက လွတ်မြောက်လာသူတွေကို တရားဝင်ပါပြန်လည်တောင်းပန်ခဲ့ရတဲ့အထိ ဆိုးရွားခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်း***************ဘေလ်ဖာလောင်ဟာ သဘောကောင်းပြီး အလုပ်ကြိုးစားတဲ့သူဖြစ်သလို ...
movie

Small Things Like These (2024)

4K HEVC
Nicholas Nickleby (2002) 7.1
Nicholas Nickleby (2002) အင်္ဂလိပ် စာရေးဆရာကြီး Charles Dicken ရဲ့ ဝတ္ထုကို ပြန်လည်ရိုက်ကူးထားတဲ့ period comedy-dramaဖြစ်ပြီး နာမည်ကြီးတွေ ဖြစ်တဲ့ Christopher Plummer,Jamie Bell, Anne Hathaway, Charlie Hunnam တို့က အဓိကဇာတ်ဆောင်များအဖြစ် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းက သူ့နာမည်အတိုင်းပဲ Nicholas Nickleby ဆိုတဲ့ လူငယ်လေးရဲ့ ဘဝကို ဖွဲ့နွဲ့ပြီး တင်ဆက်ထားတာပါ။Nicholas တစ်ယောက်သူ့အဖေသေဆုံးပြီး နောက်ပိုင်းမှာ မိခင်နဲ့ ညီမ ဖြစ်သူကိုခေါ်ပြီး သူတို့ဦးလေးရှိတဲ့ London မြို့ကို အကူအညီရလိုရငြား လာခဲ့ကြပါတယ်။ မောင်နှမ နှစ်ယောက်လုံး ဦးလေးရဲ့အကူအညီနဲ့ အလုပ်ကိုယ်စီ ရသွားကြပါတယ်။Nicholasဟာ Squeers ဆိုတဲ့ ကျောင်းအုပ်ရဲ့ ကျောင်းမှာ ဆရာအဖြစ် လုပ်ကိုင်ရင်း Squeers မိသားစုရဲ့ ကျောင်းသားကလေးသူငယ်တွေအပေါ် ညှင်းပန်းနှိပ်စက်မှုတွေ၊ Smike ဆိုတဲ့ မသန်စွမ်းကောင်လေးကို ဆိုးဆိုးဝါးဝါး ရိုက်နှက်မှုတွေကို ကိုယ်တွေ့မြင်လာရပါတယ်။ဒီလိုနဲ့ ...
movie

Nicholas Nickleby (2002)

Triage (2009)
Triage (2009)  "It is only the dead who have seen the end of the war." ဆိုသလိုပဲ လူတွေသေဆုံးသွားရင်တောင် စစ်ပွဲတွေကတော့ အမြဲတမ်းရှိနေမှာပါ။စစ်ပွဲတွင်းကနေပြန်လာတဲ့သူတွေမှာ သာမန်လူတွေနဲ့မတူတဲ့စိတ်ဒဏ်ရာကြီးကြီးမားမားတွေရှိနေတတ်တယ်။ ထိရောက်တဲ့ကုထုံးတွေမှမကူရင် ဘယ်လိုမှနလံမထူနိုင်အောင် အချိန်စက်ဝန်းတစ်ခုတည်းမှာပဲပိတ်မိနေသလို လက်ကျန်ဘဝတစ်ခုလုံး နာကျင်နေရတတ်ပါတယ်။ ခွင့်လွှတ်မှုဆိုတာတခြားသူတွေဆီကရနိုင်တဲ့အရာမဟုတ်ပါဘူး ကိုယ့်ကိုကိုယ်၌မှာပဲ ကိုယ့်ကိုပြန်ပြီးခွင့်လွှတ်ပေးလို့ရတဲ့အရာမျိုးပါ စိတ်ရဲ့ပြဿနာတော်တော်များများက ကိုယ့်ကိုကိုယ်ခွင့်မလွှတ်နိုင်တာကနေစပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲတွင်းမြင်ကွင်းတွေကို ဓာတ်ပုံရိုက်ဝင်ငွေရှာတဲ့ သဘာဝဓာတ်ပုံဆရာမာ့ခ်က ဒီတစ်ခေါက်မှာသူငယ်ချင်းဒေးဗစ်နဲ့အတူ စစ်ပွဲရှိရာKurdistanကို အလုပ်ခရီးထွက်ဖြစ်ခဲ့တယ်။ သူတို့စခန်းချတဲ့နေရာကတော့ Triageစနစ်ကျင့်သုံးတဲ့ စစ်လူနာကုသဆောင်မှာပေါ့။ တစ်နေ့မှာ မာ့ခ်က အဖြစ်ဆိုးတစ်ခုနဲ့ကြုံခဲ့ရတယ်။ သူကြုံခဲ့ရတဲ့အဖြစ်ဆိုးကို သူကိုယ်တိုင်ရော ရေရေရာရာသိမှာလား လက်ခံနိုင်စွမ်းရှိမှာလား စစ်ပွဲတွေနဲ့ထိတွေ့မှုမရှိတဲ့အပြင်ကမိသားစုဝင်တွေကရော မာ့ခ်ကိုကူညီပေးနိုင်မှာလား။ ဒီအဖြေတွေကို Triage 2009 movieမှာ ကြည့်ရှုလို့ရပါပြီ။ သဘာဝရုပ်ရှင်တွေကိုကြိုက်တဲ့ရုပ်ရှင်ပရိသတ်တွေအတွက်တော်တော်ကိုပြီးပြည့်စုံတဲ့ဇာတ်ကားတစ်ကားလို့ပြောလို့ရပါတယ်။  File size…(1.8 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Drama, Thriller, Mystery ...
movie

Triage (2009)

Made in Italy (2020) 5.6
Made in Italy (2020) ဒီတစ်ခေါက်တော့ CMပရိတ်သတ်ကြီးအတွက်Comedy/Romance အမျိုးအစား ကားကောင်းလေးကို တင်ဆက်ပေးလိုပါတယ်။မင်းသားကြီး Liam Neesonရဲ့အသစ်စက်စက်ထွက်ရှိလာတဲ့ကားကောင်းလေးဆိုရင်လည်းမမှားပါဘူး။ဇာတ်လမ်းလေးနာမည်ကတော့ Made in Italy(2020)ပါ။ပန်းချီဆရာတစ်ဦးဖြစ်သူ ရောဘတ်ဖောစတားနဲ့ သားဖြစ်သူဂျက်တို့ အရေးပေါ်ငွေလိုရာကနေ အီတလီမှာရှိတဲ့သူတို့အိမ်ဟောင်းကိုရောင်းဖို့ ပြင်ဆင်ရာကနေ ဇာတ်လမ်းကစပါတယ်။မရောက်ဖြစ်တာ နှစ်၂၀ ကျော်နေပြီဖြစ်တဲ့ ဒီအိမ်ကြီးကို ရောင်းထွက်နိုင်ဖို့သားအဖနှစ်ယောက်ပြင်ဆင်ရင်း ဘာတွေဆက်ဖြစ်လာခဲ့တယ်ဆိုတာစိတ်၀င်တစားကြည့်ရှုရမှာပါ။လွမ်းမောဖွယ်ရာရှုခင်းတွေနဲ့ ကဗျာဆန်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုဟာသလေးနှောကာ တင်ဆက်ထားတာကြောင့်အဆုံးအထိ မငြီးမငွေ့ကိုကြည့်ရှုရမှာအသေအချာပါပဲ။ဇာတ်လမ်းလေးနာမည်ကတော့ Made in Italy(2020)ပါ။ File Size : ( 870 MB , 336 MB) Quality : WEB Rip 720p Running Time : 1 hr 34 min Format : Mp4 Genre : Comedy Subtitle : ...
movie

Made in Italy (2020)