Channel Myanmar

Ehud Bleiberg

100 Girls (2000) 5.8
100 Girls (2000)  100 Girls (2000)IMDb Rating (5.8) / Rotten Tomatoes (60%) မိန်းကလေးအယောက်တစ်ရာ....။ရုပ်ရှင်နာမည်အတိုင်းပဲ ဒီဇာတ်လမ်းမှာ မိန်းကလေးအယောက်တစ်ရာပါခဲ့ပါတယ်။ဘယ်လိုပါလဲဆိုတော့ မက်သရူးဆိုတဲ့ကောင် ပါတီကနေအပြန် ဓာတ်လှေကားပေါ်မှာကုန်ဆုံးခဲ့ရတဲ့တစ်ညနဲ့စပါတယ်။မီးပျက်သွားလို့ရပ်နေတဲ့ ဓာတ်လှေကားမှာ မက်သရူး စော်လေးတစ်ဗွေနဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ်။တစ်ညတာမတ်တပ်ရပ်ခဲ့ရပေမဲ့ စော်လေးကိုချစ်မိသွားတဲ့ မက်သရူးတစ်ယောက် စင်ဒရဲလားကိုလိုက်ရှာရတဲ့မင်းသားလိုပဲ သူ့ဆီမှာကျန်ခဲ့တဲ့ပင်တီတစ်ထည်နဲ့ အဲဒီစော်လေးကို လိုက်ရှာဖို့ဖြစ်လာခဲ့တယ်။ရှာရမှာကလည်း မိန်းကလေးအယောက်တစ်ရာတောင်ရှိတဲ့ မိန်းကလေးဆောင်မှာ။မက်သရူးတစ်ယောက် သူချစ်မိသွားတဲ့ကောင်မလေးကို ရှာနိုင်မှာလားဆိုတာကို အဆောင်သူလေးတွေရဲ့အလှကိုငမ်းရင်းခံစားကြည့်ရှုကြပါဦး။အဖော်အချွတ်များတာနဲ့ စကားပြောရိုင်းစိုင်းလွန်းတာတွေကြောင့် ၁၈နှစ်အောက်ကလေးတွေ မကြည့်ချင်ရင်မကြည့်ကြပါနဲ့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။)File size…(2.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:35:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo
movie

100 Girls (2000)

2000
The Iceman(2012) 7.0
The Iceman(2012) The Iceman(2012)****************လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာလူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာတစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူစတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ ...
movie

The Iceman(2012)

Adam Resurrected (2008) 6.1
Adam Resurrected (2008) Adam Resurrected (2008)===================IMDb Rating - 6.1/10ဒုတိယကမ္ဘာစစ်အတွင်း နာဇီစစ်သုံ့ပန်းစခန်း​တွေနဲ့ နာဇီ​တွေရဲ့ စစ်သုံ့ပန်း​တွေအ​ပေါ်ကျူးလွန်ခဲ့တဲ့ လူမဆန်တဲ့စမ်းသပ်မှု​တွေ၊ ဖိနှိပ်ဆက်ဆံမှု​တွေဟာ အ​တော်​​လေး အရုပ်ဆိုးအကျည်းတန် ခဲ့သလို နာမည်ဆိုးလည်း တွင်ခဲ့ပါတယ်၊ သူတို့ဒဏ်ကို များစွာ ခံစားခဲ့ရတာက​တော့ ဂျူးလူမျိုး​တွေပဲ ဖြစ်ပါတယ်။ဒီဇာတ်ကားက​တော့ နာဇီစစ်စခန်း​တွေက​နေ အသက်ရှင်လျက် လွတ်​မြောက်လာသူ​တွေနဲ့ သူတို့ရဲ့ စိတ်ဒဏ်ရာ​တွေအ​ကြောင်း အဒမ်စတိုင်းဆိုတဲ့ ဂျူးလူမျိုးတစ်​ယောက်နေရာက​နေ ရိုက်ကူး ပြမှာဖြစ်ပါတယ်၊ Main Cast၂​ယောက်က​တော့ old school မင်းသားကြီး​တွေဖြစ်တဲ့ Jeff Goldblum နဲ့ William Dafoe တို့ပဲဖြစ်ပါတယ်။အဒမ်စတိုင်းဟာ စစ်ကြီးမတိုင်ခင်က ဆပ်ကပ်တစ်ခုပိုင်သလို ဂျာမနီရဲ့လူသိအများဆုံး လူပြက်clownတစ်​ယောက်ဆိုလည်း မမှားပါဘူး၊ ဒါ​ပေမဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ပြီး နာဇီ​အင်အားစုကြီး တန်ခိုးထွားလာချိန်မှာ​တော့ ဂျူးလူမျိုးဖြစ်​နေတဲ့ အဒမ်လည်း နာဇီ​တွေလက်က​နေ မလွတ်နိုင်ခဲ့ပါဘူး၊ သူ့ကို ဖမ်းဆီးသွားသူ က​တော့ ကွန်မန်ဒါကလိုင်းဆိုတဲ့ ဂျာမန်ဗိုလ်ချုပ်တစ်ဦးပါ။ကွန်မန်ဒါကလိုင်းက သူ့ကို တခြားဂျူး​တွေလို နှိပ်စက်စမ်းသပ် တာမျိုးမလုပ်ဘဲ တစ်မူထူးတဲ့အရာတစ်ခုကို လုပ်ခိုင်းခဲ့ပါတယ်၊ အဲဒါက​တော့ သူ့ရဲ့လက်စွဲ​တော်​ခွေးရက်ဇ်အတိုင်း ​ခွေးလို​နေပြီး ​ခွေးလို ကျင့်ကြံခိုင်းတာပါ၊နှစ်​ပေါင်းများစွာ ​ခွေးတစ်​ကောင်လို ပုံစံသွင်းခံလာရတဲ့ အဒမ်ဟာ စစ်ပြီး​​ခေတ်မှာ​တော့ အပြင်ပိုင်း လူစိတ်ဆို​ပေမယ့် မသိစိတ်ထဲမှာ ​ခွေးဗီဇစွဲကပ်​နေခဲ့ပါပြီ။အဆိုပါဗီဇကို စစ်ပြီး​ခေတ် ...
movie

Adam Resurrected (2008)

2008