Channel Myanmar

Ehan Bhat

Dange (2024) 5.3
Dange (2024) Dange 2024 အန္တရာယ်စက်ကွင်း Imdb 5.3ဒါရိုက်တာ Bejoy Nambiar ရဲ့ လက်ရာသစ်ဖြစ်တဲ့ Danger နဲ့ ရင်တမမ ဖြစ်စေမဲ့ ခရီးစဉ်ကို စတင်လိုက်ရအောင်ဇာတ်လမ်းအစကို‌ပြောရရင် စိန့်မာတင်ကောလိပ်ရဲ့ တံခါးဝကို ခြေချလိုက်တဲ့ ကျောင်းသားသစ် ယူဗာရဲ့ ဘဝက မမျှော်လင့်ထားတဲ့ ကြောက်မက်ဖွယ်ရာ အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့အခါ... ‌ကောလိပ်ကျောင်းသားဘဝဆိုတာကို ပျော်ပျော်ကြီးဖြတ်သန်းဖိုအားအင်အပြည့်နဲ့ ကောလိပ်ကျောင်းသားဘဝထဲ ခြေစုံပစ်ဝင်လာခဲ့ပြီးမှ အာဏာရှင်ဆန်တဲ့ အကြီးတန်းကျောင်းသားတွေရဲ့ ရက်စက်တဲ့ အနိုင်ကျင့်မှုတွေကြားမှာ ယူဗာတစ်‌ယောက် ပါးစပ်အဟောင်းသားလေးပေါ့ ပြင်းထန်လာတဲ့နှိပ်စက်မှုတွေဖြစ်လာချိန်မှာတော့ ရဲရဲရင့်ရင့် ပြန်လည်ခုခံဖို ဆုံးဖြတ်လိုက်ပေမဲ့ကောလိပ်ရဲ့ နံရံတွေနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ လျှိဝှက်ဆန်းကြယ်မှုတွေနဲ့ အန္တရာယ်တွေက သူ့ကို စောင့်ကြိုနေပါတယ် လူမျိုးရေးခွဲခြားမှုရဲ့ မီးတောက်တွေ တောက်လောင်နေတဲ့ ကောလိပ်မှာ အာဝါဇ်ကော်မတီရဲ့ တရားမျှတမှုအတွက် အော်ဟစ်သံတွေက ပဲ့တင်ထပ်နေချိန်မှာ ယူဗာဟာ ဘယ်သူ့ကို ယုံကြည်ရမလဲဘယ်အရာက အမှန်တရားလဲဆိုတာကို ရှာဖွေဖို ကြိုးစားရင်း မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ အန္တရာယ်တွေကြားမှာ ယူဗာရဲ့ ခရီးလမ်းဟာ မျှော်မှန်းထားသလို ...
movie

Dange (2024)

Dil Dosti Aur Dogs (2025)
Dil Dosti Aur Dogs (2025) Dil Dosti Aur Dogs 2025 (ခွေးလေးများနဲ့ ဟူးမန်းတို့ရဲ့ သံယောဇဉ်နှောင်ကြိုးများ)==================================================Neena Guptaလို ဒါရိုက်တာ ပရိုဂျူဆာ မင်းသမီးကြီးပါဝင် သရုပ်ဆောင်ထားပြီးတော့ ခွေးလေးတွေလည်း အများကြီးပါဝင်ထားလို့ ခွေးချစ်တဲ့သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ခရစ္စမတ်နဲ့ နှစ်သစ်ကူးအတွက်ဇာတ်လမ်းလေးတွေ အများကြီးပဲ ထွက်ခဲ့သလို အခုဇာတ်လမ်းလေးကတော့ မိုတီလို့ခေါ်တဲ့ ခွေးလေးပြောပြတဲ့ လူသားတွေနဲ့ ခွေးလေးတွေကြားထဲက အချစ်ဇာတ်လမ်းလေးတွေပေါ့။ဆန်နီလို့ခေါ်တဲ့ ကောင်လေးဟာ ဂိုအာမှာ စားသောက်ဆိုင်လေးဖွင့်နိုင်ဖို့က သူ့အိပ်မက်တစ်ခုဖြစ်တဲ့အလျောက် စားသောက်ဆိုင်လေးဖြစ်မြောက်လာခဲ့ပြီးဖွင့်ပွဲအခမ်းအနားမှာပဲ ခွေးလေးတစ်ကောင်ကြောင့် ပွဲပျက်သွားခဲ့ရပါတော့တယ်။ ဖွင့်ပွဲမှာ လူစည်ခဲ့ပေမဲ့ ခွေးလေးကို ပြောခဲ့ဆိုခဲ့တဲ့အတွက်နဲ့ သူ့ဆိုင်မှာ ရေဗူးလာဝယ်မဲ့သူတောင် မရှိတော့တဲ့အခါမှာအထက်ကနေ ဒီပြဿနာကိုရှင်းဖို့အတွက် ပီအာမန်နေဂျာကို စေလွှတ်စေခဲ့ပါတယ်။ ဒီလိုနဲ့ စားသောက်ဆိုင်လေးကို ဘယ်လိုနည်းလမ်းသုံးပြီးတော့ ပြန်လည်ဦးမော့အောင်လုပ်မလဲ .........ရူဟီလို့ခေါ်တဲ့ ကလေးမလေးမှာ ကီမွန်ဆိုတဲ့ခွေးလေးရှိပါတယ်။သူ့အဖေဟာ မရှိတော့ဘဲ အမေဖြစ်သူကလည်း သူ့အတွက် ဖေဖေလေးရှာပေးထားလို့ ရူဟီတစ်ယောက် သူ့ဖေဖေလေးကို မုန်းတီးနေပြီး အဖေဖြစ်သူကိုပဲ တောင့်တနေသူလေးပေါ့။အဖေဖြစ်သူပြောခဲ့ဖူးတာက တစ်ခုခုပျောက်ခဲ့ရင် အရှင့်ဆီမှာ တောင်းဆိုရင်ရတယ်ဆိုတဲ့စကားအတိုင်း ကီမွန်လေးကိုခေါ်ပြီး အရှင့်ဆီ သွားတောင်းဆိုနေရင်း ကီမွန်လေးပျောက်ဆုံးသွားခဲ့ပါတယ်။ ရူဟီလေးနဲ့ ကီမွန်လေးတို့ ပြန်ပြီး တွေ့ဆိုံနိုင်ပါ့မလား ........အာဂျွန်နဲ့ ...
movie

Dil Dosti Aur Dogs (2025)

Starfish (2023) 8.6
Starfish (2023) Starfish (2023) "ပင်လယ်အောက်က လမ်းပျောက်ကြယ်" ===========================================IMDb 8.7/10 Dhokha: Round D Corner ဆိုတဲ့ ၂၀၂၂ ထွက် ရုပ်ရှင်ထဲမှာ တမီလ်မင်းသားကြီး အာရ်မာဒေဗန်းနဲ့ အပြိုင်သရုပ်ဆောင်ပြီး အနီရောင်ဆာရီတစ်ထည်တည်းနဲ့ ပရိသတ်တွေကို ပြုစားခဲ့တဲ့ မင်းသမီးချော ခူရှားလီကူးမားရ်ရဲ့ Starfish ဆိုတဲ့ ရုပ်ရှင်လေးထွက်ရှိလာပါပြီ။ဒီရုပ်ရှင်ဟာဆိုရင် မင်းသမီးခူရှားလီကူးမားရ်ရဲ့အလှတွေနဲ့အတူ ပင်လယ်ရေအောက်ကမ္ဘာကြီးရဲ့ ပဟေဠိဆန်တဲ့အလှအပတွေကိုပါ သေချာပုံဖော်ပြထားလို့ ပရိသတ်တွေအတွက် မျက်စိပဒါသဖြစ်စေမှာ အမှန်ပါပဲ။ပင်လယ်ဆိုတာ အပေါ်ယံမှာ လှပေမဲ့ ဘယ်သူမှမမြင်နိုင်တဲ့အတွင်းပိုင်းမှာတော့ လျှို့ဝှက်ချက်တွေပြည့်နေပါတယ်။ တာရာ့ဘဝဟာလည်း အဲဒီလိုပါပဲ။ အပြင်ပိုင်းမှာ စင်းလုံးချောလှတဲ့ ရေငုပ်သမလေးဆိုပေမဲ့ လူတွေမသိတဲ့အတွင်းပိုင်းမှာတော့ မှောင်မိုက်ရှုပ်ထွေးမှုတွေ မတည်ငြိမ်မှုတွေ ပြည့်နှက်နေပါတယ်။ ပင်လယ်ကြီးလိုမျိုး နားလည်ရခက်တဲ့တာရာဟာ သူချစ်တဲ့ယောက်ျားတစ်ယောက်နဲ့ သူ့ကိုချစ်တဲ့ ယောက်ျားတစ်ယောက်ကြားမှာ ဘဝရဲ့ လျှို့ဝှက်ချက်တွေကို ဖွင့်ချရင်း သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းအတူ စိတ်ဒဏ်ရာတွေကို ဖွင့်လှစ်ပြပုံကို တာရာ့ရဲ့ အလှအပတွေနဲ့အတူ ဒီရုပ်ရှင်လေးထဲမှာမြင်ရမှာပါ...။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File ...
movie

Starfish (2023)

2023
99 Songs (2021) 7.9
99 Songs (2021) 99 Songs (2021)အော်စကာဆုရှင် A.R.Rahman ကိုယ်တိုင် ထုတ်လုပ်သူ နဲ့ ဂီတပိုင်းကို တာဝန်ယူပြီး ဇာတ်ညွှန်းကို ပူးတွဲရေးသားထားတဲ့ "သီချင်း (၉၉) ပုဒ်" ဇာတ်လမ်း ထွက်ရှိလာပါတယ်။အေအာရ် ရဲ့လက်ရာ ဖြစ်တဲ့အတွက် သီချင်းနဲ့ နောက်ခံတေးဂီတ ကောင်းဖို့ကတော့ အာမခံပါတယ်။သီချင်းပေါင်း ၉၉ ပုဒ် ..... ဘာအတွက်ကြောင့်များပါလိမ့် ?????ကိုယ့်ချစ်သူအတွက် ကိုယ်ပိုင်သီချင်းစပ်ပေးဖို့ စိတ်ကူးယဉ်ဖူးတဲ့လူတွေများ ရှိပါသလား?ဒါဆိုရင်တော့ ဒီဇာတ်လမ်းလေးကို ကြည့်ပြီး စိတ်ကူးတွေ ယဉ်လို့ ရမှာပါ။ဇာတ်လမ်းကတော့ ဒီလိုပါ။ဂျေးဆိုတဲ့လူငယ်လေးဟာ ဂီတအပေါ်မှာ တမ်းတမ်းစွဲအောင် ရူးသွပ်လွန်းသူတစ်ဦးပါ။ ဘယ်လောက်ထိ ရူးသွပ်သလဲဆိုရင် ကိုယ့်ရဲ့ချစ်သူကောင်မလေးအတွက် သီချင်းဆိုပြရင်တောင် ကိုယ်ပိုင်သီချင်းရေးပြီးမှ ဆိုပြလေ့ရှိတာပါ။ဂျေးရဲ့ချစ်သူကောင်မလေး ဆိုဖီယာကတော့ စကားမပြောနိုင်တဲ့ သူဌေးသမီးတစ်ယောက်ပေါ့။ဆိုဖီယာရဲ့အဖေက အစမှာတော့ ဂျေးကို သဘောကျခဲ့ပါတယ် သို့ပေမယ့်လည်း ဆိုဖီယာ့အဖေက ဂီတကို စီးပွားရေးဆန်ဆန် အသုံးချလိုသူဖြစ်တဲ့အတွက်သူဟာ ဂျေးကို သူ့ရဲ့ဂီတစီးပွားရေးလုပ်ငန်းတွေကို ဦးစီးစေခဲ့ပါတယ်။ဂီတအပေါ်မှာ ဘာလောဘမှမရှိ ကိုယ့်ရဲ့ကိုးကွယ်မှုတစ်ခုလို သက်ဝင်ယုံကြည်နေတဲ့ ဂျေးအဖို့ ...
movie

99 Songs (2021)

2021