Channel Myanmar

Edward Bunker

Reservoir Dogs (1992) 8.3
Reservoir Dogs (1992)  IMDb 8.3 ရရှိထားတယ်ဆိုတာတော်ယုံ Rating မျိုးမဟုတ်ဘူးနော် 1992 ခုနှစ်ကထွက်ခဲ့တဲ့ဇာတ်ကားဟောင်းလေးဆိုပေမဲ့ကောင်းနေဆဲဇာတ်ကားလေးပါ။ Crime/Thriller ဇာတ်ကားလေးဖြစ်ပါတယ်ဗြိတိန်နာမည်ကြီး Film magazine တစ်ခုဖြစ်တဲ့ Empire Film magazine ကတောင် "Greatest Indenpendent Film of all Time" အဖြစ်သတ်မှတ်ခံထားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံမှာ ရုံဝင်ငွေဒေါ်လာ၂.၅သန်းအထိရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံမှာပိုလို့အောင်မြင်ကာ ဝင်ငွေပေါင် ၆.၅သန်းအထိရလာခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ယောက်ကိုတစ်ယောက် မသိကြတဲ့နာမည်ဝှက်ကိုယ်စီနဲ့ဒုစရိုက်သမား ၆ယောက်ကို ဓားပြတိုက်မှုတစ်ခုလုပ်ဖို့အတွက် စုစည်းလိုက်တဲ့တာကစတာပဲဖြစ်ပါတယ်။ တကယ်တော့ အဲဒါဟာရဲတွေရဲ့ထောင်ချောက်ဆင်မှုတစ်ခုဖြစ်ပြီး ဒါကိုမသိလိုက်တဲ့၆ယောက်သား ကိုယ်လွတ်ရုန်းဖို့လုပ်ရတော့တာပဲဖြစ်ပါတယ်။သူတို့တွေထောင်ချောက်ဆင်ခံလိုက်ရတာကိုသိသွားပြီးတဲ့နောက်မှာ အဓိကလက်သည်ဟာဘယ်သူလဲအဲဒီသူဟာသူတို့ထဲမှာရှိနေပြီး သစ္စာဖောက်သွားတာလားဆိုတာအဖြေရှာကြတော့တာပါပဲ။ ဇာတ်လမ်းအချိုးအကွေ့တွေနဲ့စိတ်ဝင်စားစရာကောင်းပြီး ဝေဖန်မှုတွေလည်းကောင်းကောင်းရထားပြီး အောင်မြင်ခဲ့တဲ့ Crime/Thriller ဖြစ်တာကြောင့်ကြည့်စေချင်ပါတယ်။ R rated ဖြစ်ပြီးအပြောအဆိုကြမ်းတမ်းတာတွေပါနိုင်ပါတယ်။အညွှန်းကိုတော့ Thura Zarni Aung က ရေးသားပေးထားပါတယ်။ File size…(5.7 GB)/(1.4 GB)/(670 Mb) Quality….Blu-Ray 4K HEVC/1080p / 720p Format… ...
movie

Reservoir Dogs (1992)

1992
4K HEVC
Animal Factory (2000)
Animal Factory (2000) ထောင်တွင်း ဇာတ်လမ်းတွေကို သဘောကျနှစ်သက်သူတွေအတွက် 2000 ခုနှစ်ထွက် ထောင်တွင်းဇာတ်လမ်း Animal factory ဖြစ်ပါတယ် မင်းသားကြီး Willem Dafoe ပါဝင်ထားတဲ့ကားတစ်ကားဖြစ်ပြီး သူ့ခေတ်သူ့အခါက သဘာဝကျတဲ့ ထောင်ဇာတ်ကားတစ်ကားအဖြစ် အသိအမှတ်ပြုမှုတွေရရှိခဲ့ပါတယ်ဇာတ်လမ်းကတော့.... မိသားစုနောက်ခံကောင်းကောင်းကလာတဲ့ Rich Kid လေး ရွန်ဒက်ကာ တစ်ယောက် ဆေးခြောက်လက်ဝယ်တွေ့ရှိမှုနဲ့အဖမ်းခံလိုက်ရပါတယ် ထောင်မကျအောင် အစွမ်းကုန်လျှောက်လှဲတဲ့ကြားက ထောင်ကျသွားပါတော့တယ် ထောင်ထဲမှာတော့ သူ့ကို နှစ်ကြီးသမားကြီး အားလ်ကိုပန် က အကာအကွယ်ပေးခဲ့ပါတယ် ထောင်ထဲမှာ ကြုံရမယ့်အခက်အခဲတွေကနေ ကာကွယ်ပေးရုံတင်မကဘဲ သူ့ရဲ့ပြစ်ဒဏ်ကနေပါ လွတ်ငြိမ်းခွင့်ရအောင် အားလ်က ကူညီပေးဖို့ကြိုးစားပါတော့တယ် အရာရာ အဆင်ပြေပြေနဲ့ပဲ ရွန် တစ်ယောက် အပြင်ပြန်ထွက်သွားနိုင်မလား ဒါမှမဟုတ် အခက်အခဲတွေကြုံလာရဦးမလားဆိုတာကတော့......File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated ...
movie

Animal Factory (2000)

Tango & Cash (1989) 6.4
Tango & Cash (1989) Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie

Tango & Cash (1989)

1989
The Longest Yard(2005) 7.0
The Longest Yard(2005) The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့...  File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Longest Yard(2005)

The Running Man (1987) 6.6
The Running Man (1987) ဒီဇာတ်ကားက ၁၉၈၇ မှာထွက်ခဲ့တယ်။ဇာတ်လမ်းက အဲဒီအချိန် ၁၉၈၇ ကနေ အနာဂတ်နှစ်ပေါင်းသုံးဆယ်ကို ကြိုမှန်းပြီး ၂၀၁၇ မှာ ဇာတ်အိမ်တည်ထားတယ်။ ဒါပေမဲ့ အခုလက်ရှိဖြစ်ပျက်ကြုံတွေ့နေရတဲ့ ကာလံဒေသံနဲ့တော့ အင်မတန်ကိုက်ညီတဲ့ ဇာတ်ကားပါပဲ။၂၀၁၇ မှာ တကမ္ဘာလုံးစီးပွားပျက်ကပ်ကြီးဖြစ်ပြီး စားနပ်ရိက္ခာထုတ်လုပ်မှုတွေလျော့ကျ၊ သံယံဇာတတွေ ရေနံ သဘာဝဓာတ်ငွေ့တွေလည်း နည်းပါးပြတ်လပ်လာခဲ့တာ တကမ္ဘာလုံးမှာပါပဲ တဲ့။ အဲလိုအချိန်မှာ အမေရိကန်နိုင်ငံမှာ အကြွင်းမဲ့အာဏာရှင်အစိုးရတစ်ရပ်က အုပ်ချုပ်နေပါသတဲ့။ စာရေးဆရာနှယ် စိတ်ကူးမှယဉ်တတ်‌သေးတယ်ဗျာတယ်။ (တကယ်တော့ အဲဒီဇာတ်လမ်းဟာ စာရေးဆရာ Stephen Kingက ကလောင်ခွဲတစ်ခုနဲ့ ရေးသားထုတ်ဝေခဲ့တဲ့ ဝတ္ထု The Running Manကိုပဲ အခြေတည်ပြီး ရိုက်ကူးထားတာလို့ သိရပါတယ်။) တနိုင်ငံလုံးကို စစ်နယ်မြေဇုန်တွေခွဲပြီး သံမဏိစည်းကမ်းနဲ့ အုပ်ချုပ်ပါသတဲ့။ စာပေ ဂီတအပါအဝင် အနုပညာအားလုံးကို ဆင်ဆာပိတ်ထားတယ်။ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းလို့ မရှိစေရ။ တစ်နေရာနဲ့တစ်နေရာ စာရေး၊ဖုန်းဆက်ခွင့် မပြု။ ခရီးသွားချင်ရင် အစိုးရထုတ်ပေးထားတဲ့ ခရီးသွားလက်မှတ်ရှိမှ ...
movie

The Running Man (1987)

4K HEVC