Channel Myanmar

Edgar Ramírez

Deliver Us from Evil (2014) 6.2
Deliver Us from Evil (2014) Deliver Us from Evil (2014)IMDb Rating (6.2) / Rotten Tomatoes (30%) ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး အဓိကဇာတ်ဆောင် ရာ့ဖ်ဆာချီကိုယ်တိုင်ရေးသားခဲ့တဲ့ မှတ်တမ်းဝတ္ထုတစ်ပုဒ်ကိုပြန်လည်ရိုက်ကူးထားတဲ့ Horrorဇာတ်ကားကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ရာ့ဖ်ဆာချီဆိုတာလည်း နှယ်နှယ်ရရမဟုတ်ဘဲ NYPDရဲ့စုံထောက်တစ်‌ယောက်ဖြစ်ကာ ရဲဘဝမှ အနားယူလိုက်ပြီးပရ‌လောကအကြောင်း စူးစမ်းလေ့လာရင်း အမှုတွေကိုလိုက်လံဖြေရှင်းနေသူတစ်ဦးဖြစ်ပြီး အက်ဒ်နဲ့ လောရိန်းလင်မယားနဲ့ပါ သဘာဝလွန်ဖြစ်ရပ်တွေကို ပူးပေါင်းပြီးကူညီဖော်ထုတ်ပေးခဲ့ဖူးသူတစ်ဦးလည်း ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အမှုလိုက်တစ်ယောက်အ‌နေနဲ့ ပုံမှန်ထက်ပိုပြီး ထူးခြားတဲ့ အာရုံတစ်ခုရှိနေတဲ့ ရာ့ဖ်ဆာချီကအမှုပေါင်းစုံကို ဖြေရှင်းနေရင်း သူကိုင်တွယ်ရတဲ့ အမှု တွေက သာမန်ထက်ပိုထူးခြားနေသလို တစ်ခုနဲ့တစ်ခုကဆက်စပ်မှုတွေ ရှိနေတာကို ရိပ်စားမိလာတဲ့နောက် အဲဒီနောက်ကွယ်က အကြောင်းရင်းကို ရအောင်အဖြေရှာရင်းသူနဲ့သူ့မိသားစုဘဝကိုပါ ရိုက်ခတ်လာတဲ့အထိ ဆိုးဝါးတဲ့နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရဖို့ ဖြစ်လာတဲ့အကြောင်းစိတ်ဝင်စားဖို့ကောင်း‌အောင် ရိုက်ကူးထားတာဖြစ်သလို  BGM နဲ့  jumpscare တွေကလည်း မထင်ထားတဲ့အချိန်မှာအတော်လေးခြောက်ခြားအောင် လုပ်နိုင်တဲ့အထိ အစွမ်းပြထားတာကို တွေ့ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ JimX ဖြစ်ပါတယ်။)File ...
movie

Deliver Us from Evil (2014)

2014
Zero Dark Thirty (2012) 7.4
Zero Dark Thirty (2012) Zero Dark Thirty (2012)IMDb Rating (7.4) / Rotten Tomatoes (91 %)“အိုစမာ ဘင်လာဒင် ” ဆိုတဲ့ကမ္ဘာကျော် နာမည်ကိုအားလုံးကြားဖူးကြမှာပါ။ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ အမေရိကန်နိုင်ငံရဲ့ ကမ္ဘာ့ကုန်သွယ်ရေးစင်တာ တာဝါ ၂ ခုကို အယ်လ်ကိုင်းဒါးအကြမ်းဖက်အဖွဲ့က ပြန်ပေးဆွဲထားတဲ့ လေယာဉ်နဲ့ ဝင်တိုက်ခဲ့တာကြောင့် လူ ၃၀၀၀ ကျော် သေဆုံးခဲ့တဲ့ (၉/၁၁) ဖြစ်စဉ်ကို အဓိကကြိုးကိုင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ဒီဖြစ်ရပ်အပြီးမှာ အိုစမာ ဘင်လာဒင်ဟာ ကမ္ဘာ့အလိုရှိဆုံး အကြမ်းဖက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့လည်း ၉/၁၁ ဖြစ်စဉ်အပြီး ဆယ်စုနှစ်တစ်ခုနီးပါးကြာတဲ့အထိ ဘင်လာဒင်ရဲ့အရိပ်အယောင်ကို အမေရိကန်တွေ ရှာမတွေ့ခဲ့ကြပါဘူး။ကမ္ဘာ့အကောင်းဆုံးနည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ အမေရိကန်ရဲ့လက်ကနေ နှစ်အများကြီးလွတ်အောင် ဘင်လာဒင် ဘယ်လိုပုန်းကွယ်ခဲ့လဲ။ အဲဒီလိုပုန်းကွယ်နေရင်း အယ်လ်ကိုင်းဒါးအဖွဲ့နဲ့ ဘယ်လိုချိတ်ဆက်ပြီး အမေရိကန်ကိုဆက်လက်အထိနာစေတဲ့အကြမ်းဖက်လုပ်ရပ်တွေလုပ်ခဲ့လဲ။အပုန်းကောင်းသူကြီး အိုစမာ ဘင်လာဒင်ရဲ့ နေရာကို အမေရိကန်တို့ ဆယ်နှစ်ကြာအောင် ဘယ်လို စတေးမှုတွေနဲ့ ဘယ်လိုခက်ခက်ခဲခဲရှာဖွေခဲ့ရပြီး သုတ်သင်ခဲ့ရလဲ ဆိုတာတွေကို ဒီရုပ်ရှင်မှာ ...
movie

Zero Dark Thirty (2012)

2012
4K HEVC
Gold (2016) 6.7
Gold (2016) Gold (2016)***********IMDb....6.7 စီးပွားရေးနဲ့သက်ဆိုင်တဲ့ကားတွေထဲမှာ ကြည့်ပြီးသလောက် ကျွန်တော့်ရင်ထဲကို တသသစွဲကျန်စေလောက်အောင်ကောင်းတဲ့ (၂)ကားရှိတယ်... ပထမ တစ်ကားကတော့ The Wolf of Wall Street (2013) ဖြစ်ပြီး ဒုတိယကားကတော့ ယခု Gold (2016) ဆိုတဲ့ကားပါပဲ.... (၂)ကားလုံးဟာ ဖြစ်ရပ်မှန်ကို အခြေခံထားကြသလို  သရုပ်ဆောင်တွေကလည်း ဒိတ်ဒိတ်ကျဲမင်းသားတွေဖြစ်တဲ့ Leonardo  နဲ့ Matthew တို့ ကိုယ်စီသရုပ်ဆောင်ထားကြတယ်... Rating အနေအထားအရ The Wolf of Wall Street ကိုတော့ မမီနိုင်ပေမဲ့ အဲဒီကားနီးပါးကောင်းတယ်လို့တော့ ပြောလို့ရမယ်ထင်တယ်... ဒီကားအတွက် Matthew  ဟာ ကိုယ်အလေးချိန် ပေါင်(၄၀)တက်အောင်ပြုလုပ်ခဲ့ရတယ်... ဗိုက်ရွှဲရွှဲ အရက်တမြမြ  စစ်ကရက်မီးခိုးတစ်အူအူနဲ့ Matthew ကို အားမာန်ပါပါ ဒီကားထဲမှာတွေ့ရလိမ့်မယ်...ဇာတ်ကားအကြောင်းကိုနည်းနည်းသွားရအောင်.... ကန်နီဝဲလ်စ်ဆိုတဲ့သူတစ်ယောက်ပိုင်တဲ့  ရွှေတူးဖော်ရေးကုမ္ပဏီတစ်ခုရှိတယ်.....ကန်နီတို့ ဘိုးဘွားစဉ်ဆက်ပိုင်ခဲ့တဲ့ ကုမ္ပဏီဖြစ်သလို သူကိုယ်တိုင်ကလည်း ဒီအလုပ်ကို ချစ်မြတ်နိုးတယ်...သို့ပေမဲ့ ကန်နီလက်ထက်မှာ ကုမ္ပဏီက ကျရှုံးလုနီးပါးဖြစ်နေတယ်... ဒီလိုအခြေအနေမှာ ကုမ္ပဏီကိုပြန်အဖတ်ဆယ်ဖို့ ဘယ်သူမှမလုပ်ရဲတဲ့အလုပ်တစ်ခု လုပ်ဖို့သူဆုံးဖြတ်လိုက်တယ်... အဲဒါကတော့ အင်ဒိုနီးရှာကိုသွားပြီး ရွှေကြောကြီးရှာဖို့ ဘုမိဗေဒပညာရှင်တစ်ယောက်နဲ့ ပေါင်းပြီး ရှာဖွေဖို့ စွန့်စားခဲ့ပါတော့တယ်... ဒီရှာဖွေဖို့အတွက် ရှိသမျှစည်းစိမ်ပုံအောရသလို သူပူးပေါင်းတဲ့ ဘူမိဗေဒပညာရှင်ပြောဆိုတဲ့ ရွှေတူးဖို့နေရာကလည်း တခြားပညာရှင်တွေအားလုံးက ငြင်းပယ်ထားတဲ့ နေရာကြီးဖြစ်နေပါတယ်.. ကိုင်းရွှေကြောကြီးကိုတွေ့မလား.....သူအောင်မြင်မလား.... ခေါင်းပုံဖြတ်ချင်တဲ့ကုမ္ပဏီကြီးတွေကရော ...
movie

Gold (2016)

Emilia Pérez (2024) 7.0
Emilia Pérez (2024)  အားလုံး စောင့်မျှော်နေကြတဲ့ Emilia Perez ဇာတ်ကားဟာ၂၀၂၄ ခုနှစ်ထွက် Musical Drama ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ နာမည်ကျော် Cannes Film Fesitval နဲ့ EuropeFilm Award ပွဲတွေမှာ ဆုတွေ Nomination တွေ တစ်သီကြီးရထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။နောက်ပြီးတော့ နာမည်ကြီး ဂါမိုရာမင်းသမီး Zoe Saldaña အပြင်Selena Gomez နဲ့ Karla Sofía Gascón တို့ ပါဝင်သရုပ်ဆောင်ထားလို့ ဇာတ်လမ်းကို ကြည့်မှပဲ သေချာခံစားလို့ရအောင် အရမ်းမပြောတော့ဘူးနော်။ဇာတ်လမ်းအကျဉ်း ++++++++++မက္ကဆီကိုက မူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ယောက်သူ ငယ်စဉ်ကတည်းက မျိုသိပ်ထားတဲ့ဆန္ဒကို ရှေ့နေမတစ်ယောက်ရဲ့အကူအညီနဲ့ ရယူနိုင်ခဲ့ပြီး ဘဝဟောင်းကို စွန့်ခွာကာ ဘဝသစ်စတဲ့အခါမှာ ဘဝအဟောင်းရဲ့ သံယောဇဉ်တွေက ဘဝအသစ်ကိုဘယ်လိုလာရိုက်ခတ်မှာလဲ ဘဝအသစ်မှာရော ဘဝအဟောင်းရဲ့ကြွေးတွေ ဆပ်ခွင့်ရနိုင်မလား အဆုံးသတ်မှာ ဘဝ ၂ ခု ပြန်ပေါင်းစပ်သွားတဲ့အခါ ဘယ်လိုအဆုံးသတ်သွားမှာ စတာတွေကို အရမ်းကောင်းတဲ့musical ...
movie

Emilia Pérez (2024)

Borderlands (2024) 5.8
Borderlands (2024)  ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်ကအသံသရုပ်ဆောင်ပေးထားတာပါ။သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း***************ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကိုအုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေးတွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ်နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာလျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ်နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက်၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC ...
movie

Borderlands (2024)

4K HEVC
Bright (2017) 6.6
Bright (2017) ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာလူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာလော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူတာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကိုအမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံးသတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီးမှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲလိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ဘယ်လိုတားဆီးမလဲ ဆိုတာတော့ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့်တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။  Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင်David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။  File size…    ...
movie

Bright (2017)

2017
4K HEVC
The Bourne Ultimatum (2007) 8.0
The Bourne Ultimatum (2007) The Bourne Ultimatum (2007)IMDb Rating (8.2) / Rotten Tomatoes (92%)++++++++++++Jason Bourneဟောလိဝုဒ် ရုပ်ရှင်နယ်မြေကနေ ခေတ်အဆက်ဆက် စုံထောက်ဇာတ်လိုက်များအား မိတ်ဆက်ခဲ့သည်ကို ကျွန်တော်တို့ပရိသတ်တွေ ခေတ်အလိုက် ကြည့်ရှုခဲ့ကြရသည်။စုံထောက်အမျိုးမျိုးအနက်က လူသိအများဆုံးမှာ ဗြိတိသျှစုံထောက်ကျော်ကြီး ကိုယ်ပိုင်အမှတ်တံဆိပ် 007 ဂျိမ်းစဘွန်းကြီး ဖြစ်လောက်မည်။ယင်းစုံထောက်ကြီး၏ ရုပ်ရှင်များဖြင့် အသားသေနေချိန်မှာ 2002ကာလလောက်တွင် Jason Bourne ဟု အမည်ရသည့် အေ့ဂျင့်ကလေးပေါ်လာလေသည်။စာရေးဆရာကြီး Robert Ludlum ၏ ဇာတ်ကောင်ဖြစ်ပါသည်။Jason Bourne ဇာတ်ကောင်သည် 1988ကတည်းက Mini Series အဖြစ်ထွက်ရှိပေမယ့် သိပ်မထင်ရှားခဲ့ပေ။2000ခုနှစ်လောက်မှ Bourneကိုပြန်လည်အသက်သွင်းဖို့ ကြိုးပမ်းခဲ့သည်။ဘရက်ပစ် ။စတားလုံးတို့အား လျာထားခဲ့သော်လည်း Matt Damon ကိုသာ ရွေးချယ်ဖြစ်ခဲ့သည်။အတိတ်မေ့ ဒဏ်ရာရနေသော လူတစ်ယောက်ဇာတ်ရုပ်ပီပြင်ဖို့အတွက် Matt မှာ အထူးပင် လေ့ကျင့်အားထုတ်ခဲ့ရသည်။အေ့ဂျင့်တစ်ယောက်စရိုက်နှင့် ကိုက်ညီနေစေဖို့ တိုက်ခိုက်ရေးသင်တန်းများတက်၍ ခြောက်လနီးပါး ...
movie

The Bourne Ultimatum (2007)

4K HEVC
The 355 (2022) 4.8
The 355 (2022) The 355 (2022)ဒီတစ်ခါတော့ "The 355" ဆိုတဲ့ အလန်းစားဆိုက်ဘာအက်ရှင်ဇာတ်ကားလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ် အင်တာနက်တွေ ဆိုက်ဘာနည်းပညာတွေ တိုးတက်လာတဲ့ခေတ်မှာ တီထွင်မှုတွေကလည်း အပြိုင်အဆိုင်ကို ပေါ်ပေါက်လာခဲ့ပါတယ် ကိုလံဘီယာ ဘိုဂိုဒါမှာ ကမ္ဘာကြီးရဲ့ ဘယ်အရာကိုမဆို ထိန်းချုပ်နိုင်တဲ့ ဒရိုက်ဗ်တစ်ခုကို တီထွင်နိုင်ခဲ့ပါတယ် အဲဒီဒရိုက်ဗ်ကို ကိုလံဘီယာအေးဂျင့် လူဝစ်က ရရှိသွားပြီးတော့ စီအိုင်အေကို ဒေါ်လာသုံးသန်းနဲ့ အပေးအယူလုပ်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာတော့ အဲဒီတာဝန်ကို ထမ်းဆောင်ဖို့ စီအိုင်အေ အေးဂျင် မေ့စ်နဲ့ သူ့ချစ်သူ နစ်ခ်တို့နှစ်ယောက် ပဲရစ်ကိုရောက်လာကြပါတော့တယ် အပေးအယူလုပ်တဲ့နေရာမှာ ဂျာမန်အေးဂျင့် မယ်ရီက ပိုက်ဆံထည့်ထားတဲ့ အိတ်ကို ကြားထဲကနေ ဖြတ်ယူသွားပါတော့တယ် မေ့စ်က မယ်ရီနောက်လိုက်နေတုန်း နစ်ခ်က ပစ်သတ်ခံလိုက်ရပါတယ် စီအိုင်အေကို ပြန်ရောက်တော့မှ မေ့စ်တစ်ယောက် နစ်ခ်အသတ်ခံလိုက်ရမှန်း သိသွားပါတော့တယ် မေ့စ်ရဲ့ အထက်လူကြီး မတ်ခ်က မေ့စ်ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဒရိုက်ဗ်ကို ပြန်ရအောင်ယူခိုင်းတဲ့အခါမှာတော့ မေ့စ်တစ်ယောက်ဘယ်လိုတွေလုပ်မလဲ- စီအိုင်အေ အေးဂျင့် မေ့စ် - ဂျာမန်အေးဂျင့် မယ်ရီ - ကွန်ပျူတာကျွမ်းကျင်သူ ခါဒီဂျာ - ကိုလံဘီယာစိတ်ရောဂါကုဆရာဝန် ဂရေစီယယ်လာသူတို့တွေ တတိယကမ္ဘာစစ်ကြီး မဖြစ်အောင် ဘယ်လိုတွေကာကွယ်ကြမလဲဆိုတာ ...
movie

The 355 (2022)

Jungle Cruise (2021) 7
Jungle Cruise (2021) Jungle Cruise (2021)တောတွင်း အပျော်စီး သင်္ဘောကြီး စီးဖို့ အသင့်ဖြစ်ကြပြီလားဗျိုု့မာလိန်မှူး ထူးစိန် တော့ မဟုတ်ဘူးပရိတ်သတ်များရဲ့အချစ်​တော်ကြီး မာလိန်မှူးကြီး ​မောင်​ကျောက်ခဲ (The Rock) နဲ့ "ရူးတိုးတိုး"part 1 and 2ဇာတ်ကားထဲက မင်းသမီး "Emily Blunt" တို့ရဲ့ Jungle Cruise ဆိုတဲ့ အခွီ၊ စွန့်စားခန်း၊ အက်ရှင်ကားသစ်​ကြီးကို ဒီ​နေ့ထွက် ဒီ​နေ့ချက်ချင်း ချန်နယ်မြန်မာပရိတ်သတ်ကြီးဆီ တင်ဆက်​ပေးလိုက်ပါပြီပထမကမ္ဘာစစ်​ခေတ်ကို ​ကျောရိုးယူထားပြီး သ​င်္ဘောမာလိန်မှူးကြီး "ဖရန့်"ဦး​ဆောင်ကာ ​ဒေါက်တာ"လီလီဟော်တန်"နဲ့ သူ့အကိုတို့ပါဝင်တဲ့ လူစွန့်စားသုံး​ယောက်အဖွဲ့ဟာ အ​မေဇုန်​တောနက်ကြီးထဲမှာရှိတဲ့ "လမျက်ရည်"ဆိုတဲ့ သစ်ပင်ကြီးကို သွား​ရောက်ရှာ​ဖွေခဲ့ကြပါတယ်။ ဒီသစ်ပင်ကြီးဟာဆိုရင် ဖျားနာမှုမှန်သမျှကို ယူပစ်သလို သက်သာ​စေတဲ့ နတ်​ဆေးပင်ကြီး တစ်ပင်ပါအဲ့ဒီနတ်​ဆေးပင်ကြီးကို သွား​ရောက်ရှာ​ဖွေရင်း ​တောကြီးမျက်မည်းတို့ရဲ့မာယာအတိုင်း ကြုံ​တွေ့ရမယ့်သတ္တဝါဆိုးတွေ၊ ​​ဘေးအန္တရာယ်တွေကို သူတို့ဘယ်လို စွန့်စွန့်စားစား​ကျော်ဖြတ်ကြမလဲဒီ​လောက်အစွမ်းထက်လှတဲ့ နတ်​ဆေးပင်ကြီးကို ရှာ​ဖွေဖို့ ကြိုးစား​နေတာ သူတို့သုံး​ယောက်ထဲ ဟုတ်ပါ့မလား၊ ဘယ်လိုလူဆိုး​​တွေပါ​နေဦးမလဲဆိုတာကို ကြည်​တောက်ရှင်းခံစားကြည့်ရှူလိုက်ပါဦး ပရိတ်သတ်ကြီးတို့...အညွှန်းကိုတော့ JimX က ရေးသားပေးထားပါတယ်။ဘာသာပြန်တွေကတော့ CM ...
movie

Jungle Cruise (2021)

2021
4K HEVC
Che: Part One (2008) 7.2
Che: Part One (2008) Che: Part One(2008)__________IMDb - 7.2/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ကပ်ပတိန်ကြီး ...
movie

Che: Part One (2008)

Yes Day (2021) 5.7
Yes Day (2021) Yes Day (2021)============IMDb Rating - 5.7/10ဒါကတော့ မိသားစု ဟာသကား စစ်စစ်လေးပါ။ သားသမီးသုံးယောက်ကို အမြဲ စိုးရိမ်လွန်ပြီးစည်းကမ်းတင်းကြပ်ထားတဲ့ အမေဟာ ကလေးတွေနဲ့ အဆင်မပြေတာ များလာတဲ့အခါ နည်းလမ်းတစ်ခုကို စမ်းကြည့်ဖို့ ကြိုးစားလာပါတယ်။ အဲဒါကတော့ YES DAY ဆိုတဲ့ နေ့ရက်တစ်ရက်ကလေးတွေကို ဖန်တီးပေးဖို့ပါပဲ။ အဲဒီနေ့မှာ ကလေးတွေ တောင်းဆိုသမျှကို No လို့ ငြင်းလို့မရပါဘူး။မိသားစု ၅ ယောက်အတူ ကလေး ၃ ယောက် တောင်းဆိုတဲ့ ပေါက်ကရတွေကို လိုက်ဖြည့်စည်းရင်းဘယ်လို တလွဲတွေဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ ချစ်စရာကောင်းတဲ့ family ရုပ်ရှင်လေးပါ၊(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRipDuration - 1h 26minSubtitle – Myanmar HardsubFormat – Mp4Genre ...
movie

Yes Day (2021)

2021
The Last Days of American Crime 6.2
The Last Days of American Crime   ဒီတစ်ခေါက်မှာတော့ စီအမ် ပရိတ်သတ်ကြီးအတွက် ဇွန်လ ၅ ရက်နေ့ကမှ ထွက်ထားတဲ့ ဇာတ်ကြမ်းကား တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ဂရေဟမ် ဘရစ် ရယ် ရှဲဘီ ဒူပရီး ရယ် ကီဗင် ကတ်ရှ် တို့ က ရဲ့ အကွက်ချပြီး ဘဏ်တိုက်ဖောက်ဖို့ကြိုးစားတဲ့ ဇာတ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ဂရေဟမ် ဘရစ်က တစ်ယောက်တည်းကျန်ခဲ့တဲ့ ကြေးစားလူမိုက်လိုဖြစ်နေတာ သူ့ကို ဒူမိုးရစ် မိသားစုက လိုက်သတ်နေတယ် ဒူမိုးရစ် ရဲ့ သားက ကီဗင်ကတ်ရှ် ဒီကောင်ကလည်း သူ့အဖေနဲ့ ရန်သူလိုဖြစ်နေတာ သူ့ကောင်မလေးက ဒူပရီး အဲ့ဒီအချိန်မှာ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကလည်း မကောင်းဘူး ပြည်သူတွေကို အေပီအိုင် ဆိုတဲ့ အာရုံကြောကို ထိန်းချုပ်နိုင်တဲ့ စနစ်တစ်ခုကို အစိုးရက အကောင်အထည်ဖော်နေတယ် ဒါကိုပြည်သူတွေက လက်မခံဘူး ဆန္ဒတွေပြကြတယ် ကနေဒါကို ထွက်ပြေးကြတယ် ထွက်ပြေးတဲ့သူတွေကို အစိုးရက ဖမ်းတယ် ထောင်ချတယ် အဲ့ဒီအခါ ပိုပြီး ဆန္ဒပြမှုတွေပြင်းထန်လာတယ် ဒါကို အစိုးရကလည်း လက်မလျော့ဘူး ဆက်ပြီး အကောင်အထည်ဖော်တဲ့ အေပီအိုင် စနစ် ချပ်စ် ပြားလေးကို လူတွေရဲ့ ဉီးနှောက်ထဲထည့်ရင် ...
movie

The Last Days of American Crime

2020
Wasp Network 2019 5.8
Wasp Network 2019 ဒီကားကတော့ လူတော်တော်များများမကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကားမျိုးပါ။အထူးသဖြင့် နိုင်ငံရေးနဲ့ သမိုင်းကြောင်းတွေကို စိတ်၀င်စားတဲ့သူတွေအတွက်ပေါ့။ 1.ဘာလို့ ကြည့်သင့်လဲ ဒီဇာတ်လမ်းဟာ ကျူးဘားနိုင်ငံရဲ့ ထောက်လှမ်းရေးစစ်ဆင်ရေးတစ်ခုအကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ကျူးဘား ထောက်လှမ်းရေးအဖွဲ့တွေဘယ်လိုတော်တယ်၊ဘယ်လို‌စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာတွေနဲ့ အမေရိကန်တွေရဲ့ ဇာတိအချို့ကိုလည်းတွေ့မြင်ရမှာမို့ပါ။ 2.ဇာတ်လမ်းအကျဉ်း ကျူးဘားနိုင်ငံရှိစစ်အစိုးရကို မုန်းတီးသော ပြည်ပရောက်ကျူးဘားလူမျိုးများ၊အကြမ်းဖက်အဖွဲ့များ နှင့်ကြေးစားစစ်သားတို့သည် ထိုစစ်အစိုးရကို ဖြုတ်ချဖို့အတွက် ကျူးဘားနိုင်ငံ၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်သော ခရီးသွားလုပ်ငန်းကို ဖျက်လိုဖျက်စီးလုပ်ဖို့အတွက် ကြံစည်ခဲ့ကြပါတယ်။ ထိုအခါတွင် စစ်အစိုးရအဖွဲ့မှ ထိုအဖွဲ့များအားပြန်လည်ချေမှုန်းတဲ့အနေနဲ့ ထိုအဖွဲ့များ၏အဓိက ရုံးစိုက်ရာဖြစ်သော အမေရိကန်သို့ သူလျှိုများကို တိတ်တဆိတ်စေလွှတ်ခဲ့ပါတယ်။ ထိုအရေအတွက်နည်းလှသော သူလျှိုအစုက အမေရိကန်နိုင်ငံရှိ အကြမ်းဖက်အဖွဲ့များကို မည်မျှအထိဖျက်စီးနိုင်ခဲ့ကြောင်း၊အဘယ်သို့ဆောင်ရွက်ခဲ့ကြကြောင်းနှင့် ထောက်လှမ်းရေးအဖွဲ့များနှင့် သူလျှိုအဖွဲ့များသည် နိုင်ငံတစ်နိုင်ငံအတွက်မည်မျှအထိအရေးပါသည်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ကြည့်လိုက်ပါ။ File Size : 900 Mb / 450 Mb Quality :WEB-DL 720p Format…mp4 Duration…02:07:00 Genre : Comedy, Thriller Subtitle : Myanmar ...
movie

Wasp Network 2019

Resistance (2020) 6.0
Resistance (2020) Resistance (2020)==============IMDb Rating - 6.0/10#Unicodeဒီဇာတ်ကားရဲ့ အညွှန်းကိုမဖတ်ခင် . မင်းသားကိုမြင်တာနဲ့ ကြည့်ချင်သွားစေမယ်ဆိုတာတော့မှန်တယ်မှတ်လား။ ဟုတ်ပါတယ် Now You See Me လို အစရှိတဲ့နာမည်ကြီး ကားတော်တော်များများ ရိုက်ကူးထားတဲ့ မင်းသား Jesse Eisenberg က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်း အညွှန်းလေး ကို ပြောပြရရင်တော့ . . .သတ္တိရှိတယ်ဆိုတာ ကြောက်ရွံ့ခြင်းကို ဖြတ်ကျော်ပြီး ရဲရင့်လိုက်တဲ့ အခိုက်အတန့်လေးတစ်ခုပါပဲ။ကိုယ့်အသက်ကို ရင်းပြီး အများကောင်းကျိုးအတွက် ဆောင်ရွက်ရဲတာ သူရဲကောင်းပါ။ ဒီဇာတ်လမ်းကတော့ ဒုတိယ ကမ္ဘာစစ်က ဂျူးလူမျိုး၊ အနုပညာရှင် သူရဲကောင်းတစ်ယောက် ရဲ့ ကိုယ်ကျိုးစွန့်ပြီးသူများအကျိုးအတွက် ပထမဆုံး ရဲရင့်ဖူးတဲ့အချိန်ကို ဇာတ်လမ်းဆင်ရိုက်ကူးထားတာပါ။ မင်းသားJesse Eisenberg သရုပ်ဆောင်ကောင်းတာနဲ့ ဇာတ်လမ်းသွက်သွက်လေးနဲ့ တင်ဆက်ပုံ ကောင်းတာလေးတွေက နှစ်နာရီနီးပါးကြာတဲ့ တစ်ကားလုံးကို ခဏလေးလို့ ထင်ရလောက်အောင် ...
movie

Resistance (2020)

2020
Vantage Point ( 2008 ) 6.6
Vantage Point ( 2008 ) Zawgyi*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB 6.6 ရရှိထားပါတယ်ဇာတ်လမ်းကတော့ ရိုးရိုးလေးပါ စပိန်နိုင်ငံမှာ ညီလာခံတစ်ခုလာတက်ရင်းအမေရိကန်သမ္မတကြီး လုပ်ကြံသတ်ဖြတ်ခံရပါတယ်ဒါပေမယ့် အဲ့အဖြစ်အပျက်လေးကိုပဲရှုထောင့်မျိုးစုံကနေတင်ပြထားတာဖြစ်ပါတယ် ပြောလိုက်ရင်ပေါ့သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါလို့ တိုက်တွန်းရင်းစလယ်ဆုံး ကြည့်ကောင်းမယ့်ဇာတ်ကားကောင်းတစ်ကားဖြစ်ကြောင်း အာမခံလိုက်ပါရစေ Unicode*******Action ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့သူတွေအတွက်ဇာတ်ကားကောင်းလေးကိုပြန်လည်တင်ဆက်ပေးလိုက်ပါတယ် 2008 ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb 6.6 ရရှိထားတဲ့ Vantage Point ဆိုတဲ့ဇာတ်ကားလေးကိုဒါရိုက်တာ Pete Travis က ရိုက်ကူးတင်ဆက်ထားပါတယ်က သရုပ်ဆောင်ထားပါတယ်..အရာအားလုံးအဖြစ်အပျက်အားလုံးမှာ ရှု့ထောင့်မျိုးစုံရှိကြပါတယ်ဥပမာ ချားရဟတ်တစ်ခုပဲဆိုကြပါစို့ဟိုးအမြင့်ကြီးပေါ်ရောက်နေသူကအမြင်တစ်မျိုးအောက်ကနေမော့ကြည့်နေသူက အမြင်တစ်မျိုးစသည်ဖြင့်ကွဲပြားမှာအမှန်ပါပဲဒီ နိုင်ငံရေးအခြေခံ Thriller ဇာတ်ကားထဲမှာမင်းသားကြီး Dennis Quaidပါဝင်သရုပ်ဆောင်ထားပြီး IMDB ...
movie

Vantage Point ( 2008 )

2008
Point Break (2015) 5.3
Point Break (2015) Point Break (2015)_____IMDb - 5.3/10    လိုင်းဖြတ် သို့တည်းမဟုတ် ကျရှုံးချိန်နေရာတစ်ခု..... မိတ်ဆွေတို့ရဲ့ Point Break ကရော . ဘယ်အချိန်.. ဘယ်နေရာမှာပါလဲ? ဒီဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ Point Break ကတော့..... ဇာတ်လမ်းကတော့ ဘက်စုံကျွမ်း အားကစားသမားဖြစ်တဲ့ ယူတာ့ရှ်တစ်ယောက် FBI ကို ဝင်ဖြစ်ပုံနဲ့ စတင်ထားပါတယ်။ သူရောက်ပြီးနောက်ပိုင်းမှာတော့ စိတ္တဇဆန်ဆန် လုယက်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ယူတာ့ရှ်ဟာ အမှုသွား အမှုလာတွေကို လေ့လာပြီးတော့ သံသယရှိသူတွေဟာ ဘက်စုံကျွမ်း အားကစားသမားများ ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အကြောင်းကတော့ အိုဇာကီ ၈ ချက် ဆိုတဲ့ သဘာဝတရားနဲ့ လိုက်လျောညီထွေ နေပေးရင် ထွက်ရပ်ပေါက်မယ်ဆိုတဲ့ အယူဝါဒကြောင့်ပါ။ ဒီလိုကိစ္စတွေကို လုပ်မယ့်သူတွေဟာ ဘက်စုံကျွမ်းအားကစားသမားများပင် ဖြစ်နိုင်ကြောင်း တင်ပြခဲ့ပါတယ်။ ဒါပေမယ့် FBI အထက်တန်းက အဲ့ဒီအယူအဆကို လက်မခံခဲ့ပါဘူး။ တစ်ခုရှိတာကတော့ ယူတာ့ရှ်ရဲ့ ဘော့စ် ဟောလ်က လက်ခံပေးလိုက်တာပါပဲ။ အဲ့ဒီမှာတင် အသွင်ယူစစ်ဆင်ရေးစတာပါပဲခင်ဗျ။ အိုဇာကီ ၈ ချက်ထဲကအတိုင်း ကမ္ဘာ့နေရာ အနှံ့အပြားမှာ စတန့်ပြကွက်တွေ၊ ဒုစရိုက်လုပ်ငန်းတွေကို လုပ်ဆောင်သွားတာတွေကို ရင်သက်ရှုမောဖွယ် ကြည့်ရှုခံစားကြရမှာပါ။ စတန့်ပြကွက်တွေ ဖောဖောသီသီ သုံးထားတဲ့ ...
movie

Point Break (2015)

2015