Channel Myanmar

Ed Lauter

Cujo(1983) 6.0
Cujo(1983) Cujo (1983)IMDb - 6.1horror, thriller ပရိသတ်တွေအတွက် 1983 ခုနှစ်ထွက် ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ကူဂျိုကတော့ စိန့်ဘားနက်ဒ်အမျိုးအစားခွေးကြီးဖြစ်ပြီး ကလေးချစ်တတ်သလို လူကိုလည်းအန္တရာယ်မပေးတတ်ပါဘူး။ဒါပေမဲ့လည်း တောထဲမှာဆော့ရင်း ခွေးရူးရောဂါပိုးရှိတဲ့ လင်းနို့ကိုက်တာခံလိုက်ရရင်း ‌ရောဂါကူးသွားပြီး ထိန်းမနိုင်သိမ်းမရသောင်းကျန်းပါတော့တယ်။ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဒွန်နာ ထရန်တန်နဲ့ သားဖြစ်သူ တက်ဒါတို့ကလည်း ကားပျက်ရင်း ကားထဲမှာပိတ်မိနေတဲ့အခါ မိခင်တစ်ယောက်ရဲ့ ဒုက္ခတောထဲကလွတ်မြောက်ဖို့အတွက်ရုန်းကန်ကြိုးစားမှုတွေကို ရင်တမမနဲ့ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။File size…    2.9 GB /  1 GB Quality… BluRay 1080p / 720p Format… mp4 Audio... AAC Duration…. 1h 33m Genre ..... Horror/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by TMMT
movie

Cujo(1983)

1983
Thirteen Days (2000) 7.3
Thirteen Days (2000)  Thirteen Days (2000)IMDb Rating (7.3) / Rotten Tomatoes (83%) ဒီရုပ်ရှင်ကားလေးကတော့ ၁၉၆၂ ခုနှစ် သမ္မတကနေဒီလက်ထက်တုန်းက အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုအကြား နျူးကလီးယားစစ်ပွဲဖြစ်လုနီးနီးဖြစ်ပျက်သွားတဲ့ သမိုင်းကိုစိတ်ဝင်စားတဲ့သူတွေအတွက်ကျူးဘားဒုံးကျည်အရေးအခင်းဆို လူတိုင်းသိကြမှာဖြစ်တဲ့ အဖြစ်အပျက်ကို ရိုက်ကူးထားတာပါ။နိုင်ငံကြီးနှစ်နိုင်ငံအကြား အားပြိုင်ကြတာကို ကမ္ဘာက စောင့်ကြည့်ရင်း ရင်တမမနဲ့ ဘယ်တော့ အန်ကယ်ဆမ်နဲ့ ဆိုဗီယက်ခရူးရှက်တို့ ထိပ်တိုက်တွေ့မလဲဆိုတာ သည်းထိတ်ရင်ဖို ဖြစ်ရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ကိုယ်တွေ မြန်မာနိုင်ငံက အတွင်းရေးမှူးချုပ်ဦးသန့်က ကမ္ဘာ့ကုလသမ္မဂမှာ တာဝန်ထမ်းဆောင်နေတဲ့အချိန်ဆိုတော့ သူ့နာမည်တောင် ရုပ်ရှင်ထဲမှာပါသေးတယ်။တကယ့်ကို သရုပ်ဆောင်ကောင်းတဲ့သူတွေနဲ့ သမိုင်းရဲ့ တကယ့်အဖြစ်အပျက်တစ်ခုကို အကောင်းဆုံးသရုပ်ဖော်သွားနိုင်တဲ့ ရုပ်ရှင်ကားလေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(2.9 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Thriller Duration….02:26:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny
movie

Thirteen Days (2000)

2000
Not Another Teen Movie (2001) 5.8
Not Another Teen Movie (2001) ကပ္ပတိန်အမေရိကားကြီး Chris Evans ပါဝင်သရုပ်ဆောင်ထားတဲ့အမေရိကန်ကျောင်းသားဟာသ ဇာတ်ကားအမြူးလေးပါ။ ဘတ်ဂျက် ၁၅သန်းပဲကုန်ကျခဲ့ပေမယ့် Box Office 66.5 သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်ကားဖြစ်ပါတယ်။ American Pie ကားတွေလိုမျိုး ကျောင်းသားလူငယ်ဟာသကားဆိုတဲ့အတိုင်း ၁၈+အခန်းလေးတွေလဲ အများအပြားပါဝင်တယ်။ ရယ်လည်းရယ်ရတယ်ပေါ့နော်။ဇာတ်လမ်းလေးကတော့ ဂျွန်ဟူးဆိုတဲ့အထက်တန်းကျောင်းလေးမှာအခြေတည်ထားတာပါ။ ကျောင်းမှာနာမည်ကြီး Cheer leader ဖြစ်တဲ့ပရစ်ဆယ်လာနဲ့တွဲနေတဲ့ကျောင်းနာမည်ကြီးဘောလုံးကစားသမားဖြစ်တဲ့ ဂျိတ်ခ်ဝိုင်လာ(ChrisEvans)တယောက် ရုတ်တရက် အခြားအူကြောင်ကြောင်ကျောင်းသားတယောက်ကြောင့်ရည်းစားဖြတ်တာခံလိုက်ရပါတယ်။အဲဒါနဲ့ဂျိတ်ခ်ရဲ့သူငယ်ချင်းတယောက်ကကျောင်းမှာ ရိုးအအနဲ့ လူရာသိပ်မသွင်းတဲ့ ဂျေနီဘရစ်ဆိုတဲ့ ကျောင်းသူတယောက်ကို Queenဖြစ်အောင်လုပ်ပေးဖို့လောင်းကြေးထပ်ပါတယ်။ အဲဒီကစပြီးဂျိတ်တယောက် ဂျေနီဘရစ်နဲ့နီးစပ်ဖို့အမျိုးမျိုးကြံပါတော့တယ်။ဒါပေမယ့်ကြားထဲမှာ အစ်မဖြစ်သူကတ်သရင်းကြောင့်ရော၊ဂျေနီရဲ့လူမသိသူမသိအချစ်ဆုံးသူငယ်ချင်း ရစ်ကီလစ်မန်းရော၊ သူ့ရဲ့အတိတ်ကဘောလုံးပွဲအတိတ်ဆိုးတွေကပါအနှောင့်အယှက်ပေးတာကို ကြုံရပါတော့တယ်။အစ်မဖြစ်သူကတ်သရင်းကတော့ သူ့မောင်ကိုတဖြေးဖြေးကူညီပေးရင်း ဂျေနီကို ပုံစံလုံးဝပြောင်းပေးပြီး အလန်းလေးဖြစ်အောင်လုပ်ပေးလိုက်တဲ့အခါမှာတော့.... Chirs Evan အပါအဝင် တကျောင်းလုံးကကောင်တွေ ဘယ်လိုကြွေကျပြီး ဘယ်လိုသောက်တလွဲတွေနဲ့ အခွီတွေလုပ်ကြမလဲဆိုတာ......။"Not another teen movie" ဆိုတဲ့အတိုင်း ခင်ဗျားတို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားမျိုးလို့တော့ မထင်လိုက်နဲ့ဆိုပြီး အချီကြီးနဲ့စထားပါတယ်... ဒါပေမဲ့ ကျွန်တော်တို့ကြည့်နေကြ ဆယ်ကျော်သက်ဇာတ်ကားတွေဖြစ်တဲ့ Bring It On, American Pie, Cruel Intentions, American Beauty, Never ...
movie

Not Another Teen Movie (2001)

2001
Death Wish 3 (1985) 5.8
Death Wish 3 (1985) ဒီဇာတ်ကားမှာတော့ ပေါလ်ကာဆင်တစ်ယောက် နယူးယောက်မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နယူးယောက်မြို့အရှေ့ပိုင်းက သူငယ်ချင်းဖြစ်သူ ချာလီဆီကို အလည်အပတ် ပြန်လာတဲ့အချိန်မှာတော့ဓားခုတ်ရာလက်ဝင်လျှိုမိတဲ့ အဖြစ်နဲ့ ကြုံခဲ့ရပါတယ်။ပေါလ်ရောက်လာချိန်မှာ ချာလီကို လမ်းသရဲတွေ ရိုက်နှက်ပြီး ထားခဲ့တဲ့အချိန်ဖြစ်နေပါတယ်။ပေါလ်လက်ထဲမှာ ချာလီသေဆုံးသွားခဲ့ပြီး ရဲတပ်ဖွဲ့ရောက်ရှိလာချိန်မှာတော့ ပေါလ်ကိုလူသတ်သမားလို့ ယူဆပြီး ဖမ်းဆီးသွားခဲ့ပါတော့တယ်.။ရဲစခန်းအရောက်မှာတော့ ရဲမှူးဖြစ်တဲ့ ရစ်ချတ်ရှရိုက်ကာက နယူးယောက်မြို့မှာ လွန်ခဲ့တဲ့ ၁၀ နှစ်ကကျော်ကြားခဲ့တဲ့ မစ္စတာ "ဗစ်ဂျီလန်တီ" ဖြစ်နေမှန်း မှတ်မိသွားခဲ့ပါတယ်။ရှရိုက်ကာက ပေါလ်ကို ထောင်ထဲမှာအရိုးမဆွေးချင်ရင် သူ့လက်အောက်မှာ လုပ်ကိုင်ဖို့ အခွင့်အရေးတစ်ခု ကမ်းလှမ်းခဲ့ပါတယ်။ဒီလိုနဲ့ပဲ ရဲတွေကို ရှောင်တိမ်းကာ လုယက်သူတွေကို နှိမ်နင်းခဲ့တဲ့ "ဗစ်ဂျီလန်တီ" က ဒီတစ်ခေါက်မှာတော့ရဲလက်အောက်ကနေ လျှို့ဝှက်အမှုထမ်းရသူ ဖြစ်လာခဲ့ပါတယ်။ဒီနောက်မှာတော့ ပေါလ်ဟာ သေဆုံးသူ ချာလီရဲ့တိုက်ခန်းဆီကို ပြောင်းရွှေ့နေထိုင်ခဲ့ပါတယ်။အဆိုပါဧရိယာမှာ ကြီးစိုးနေတဲ့ လမ်းသရဲဂိုဏ်းကြောင့် ပေါလ်နေတဲ့ အဆောက်အဦမှာနေထိုင်သူ သက်ကြီးရွယ်အိုတွေဟာ ကျီးလန့်စာစား နေထိုင်နေရပါတယ်။ပေါလ်အနေနဲ့ သူ့ရဲ့လမ်းစဉ်အတိုင်း လမ်းသရဲဂိုဏ်းကို လုံးပါးပါးအောင် နှိမ်နင်းရင်းနဲ့ပဲထိုအသိုက်အဝန်းက လူကောင်းသူကောင်းတွေရဲ့ ...
movie

Death Wish 3 (1985)

The Rocketeer (1991) 6.6
The Rocketeer (1991) Rocketeer (1991)IMDb Rating (6.6) / Rotten Tomatoes (66%)Dark Horse Comicက ထုတ်ဖူးခဲ့တဲ့ Rocketeer comic စီးရီးကို Period SuperHero ကားတစ်ကားအဖြစ် ၁၉၉၁မှာ Disneyက ပြန်အသက်သွင်းထားခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓိကဆွဲဆောင်မှုကတော့ အမေရိကန်ဖစ်ရှင်သမိုင်းတစ်လျှောက်မှာ ဟာရိုးရော်ဘင်တို့လို ဘတ်ဆဲလ်လား စာရေးဆရာတွေ , မာတင်စကောဆေးစိလို ဒါရိုက်တာတွေ ကြီးကြီးကျယ်ကျယ် မိုက်မိုက်ကန်းကန်း သူဌေးတစ်ယောက်အဖြစ် ပုံဖော်ခဲ့ကြတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာက ဒီဇာတ်လမ်းရဲ့ အဓိကအခရာအဖြစ်ပါနေတာပါပဲ။ အိုင်းရွန်းမန်း တိုနီစတက်ကာရိုက်တာကလည်း ဟောင်းဝတ်ဟုဒ်ကာရိုက်တာကိုပဲ မှီးထားခဲ့တယ်။ ချမ်းသာပြီး မိုက်ကန်းရူးရဲသလို အရည်အချင်းလည်းရှိတဲ့ ဟောင်းဝတ်ဟုဒ်ကာရိုက်တာဟာ ဟိုးရှေးကတည်းကနေ အခုထက်ထိ ပရိသတ်ကို ကောင်းကောင်းဆွဲဆောင်နိုင်တဲ့ ကာရိုက်တာမျိုးဖြစ်ခဲ့တယ်။ ဒီကားထဲက ဟောင်းဝတ်ဟုဒ်ကတော့ နည်းနည်းအသက်ကြီးသွားသလို နည်းနည်းလည်းကွဲပြားတယ်ပြောရမယ်။1938ခုနှစ်မှာ နာမည်ကျော် လေယာဉ်ထုတ်လုပ်သူ Howard Hughesဟာ ကျောမှာတပ်ဆင်ပြီးပျံသန်းလို့ရစေမဲ့ ဒုံးပျံကို အချိန်အင်အား ...
movie

The Rocketeer (1991)

1991
Youngblood (1986) 6.2
Youngblood (1986)  ဟော်ကီကစားတာကို အပြင်းအထန် ကြိုက်နှစ်သက်ပြီး ဘဝကို ဟော်ကီကစားပြီးရှင်သန်ချင်တဲ့ ယန်းဘလတ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်‌လေးတယောက် ဟော်ကီအသင်းကြီးမှာ ချေစွမ်းပြဖို ဖိတ်ခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ အဲ့အခွင့်အ‌ရေးကို အမိအရဖမ်းပြီး သူထွက်သွားခဲ့ပါတယ်အသင်းကြီးရောက်တဲ့အချိန် သူထင်ထားတဲ့ ဟော်ကီကစားတာနဲ တကယ့်လက်တွေ့ကစားတာနဲ့ ကွဲလွဲနေတာကို သိလိုက်ရတဲ့ အချိန် ယန်းဘလတ်ဘယ်လိုတုံပြန်မလဲ နိုင်ငံကျော် ဟော်ကီကစားသမားပဲ ဖြစ်လာမလား ဒါမိုမဟုတ် လက်လျော့ပြီးအိမ်ပြန်လာမှာလားဆိုတာကို စောင့်ကြည့်ရမယ့်အားကစားကြိုက်သူတွေအတွက် သဘောကျချင်စရာ ဇာတ်ကားတစ်ကားပါ File size…(2.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Youngblood (1986)

Trouble with the Curve (2012)
Trouble with the Curve (2012)  IMDb - 6.8ဂန္တဝင်မင်းသားကြီး Clint Eastwood, လူးဝစ် လိန်းသရုပ်ဆောင် Amy Adams နဲ့ Justin Timberlake တို့ ပါဝင်သရုပ်‌ဆောင်ထားတဲ့ အားကစား ဒရာမာရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂတ်စ် လိုဘယ် (Clint Eastwood) ဟာ ဘေ့စ်ဘောကင်းထောက်တစ်ယောက်ဖြစ်ပြီး ဘရေ့ဗ်အသင်းမှာ အလုပ်လုပ်ပါတယ်။ ငယ်တုန်းကတော့ အသင်းအတွက် ကစားသမားကောင်းတွေ သေချာရှာပေးနိုင်ပေမဲ့ ဇရာရလာပြီဖြစ်လို့ အမြင်အာရုံကလည်း ချို့ယွင်းစပြုလာခဲ့ပြီး ကစားသမားကောင်းရွေးနိုင်စွမ်းလည်းကျလာခဲ့ပါတယ်။ မိတဆိုး သမီးလေးဖြစ်သူ မစ်ကီ (Amy Adams) နဲ့လည်း အခေါ်အပြောဆက်ဆံရေးလောက်ပဲရှိပြီး ရင်းနှီးတဲ့ဆက်ဆံရေးမရှိခဲ့ပါဘူး။ မစ်ကီကတော့ အဖေနဲ့ နီးစပ်ချင်လို့ကြိုးစားခဲ့ပေမဲ့လည်း ဂတ်စ်ကိုယ်တိုင်ကရှောင်နေခဲ့တာပါ။တနေ့မှာတော့ ဂတ်စ်တယောက် မြောက်ကယ်ရိုလိုင်းနားက နာမည်ကြီးနေတဲ့ ဘို ဂျန်ထရီဆိုတဲ့ ကစားသမားကို ကင်းထောက်သွားဖို့ရင်း မိတ်ဆွေဖြစ်သူ ပိပ်ရဲ့ အကူအညီတောင်းမှုကြောင့် သမီးဖြစ်သူ မစ်ကီလည်းလိုက်လာပြီး ကင်းထောက်တာကို ကူညီပေးရင်းနဲ့ အဖေနဲ့ သမီးနှစ်ယောက်ကြားက ...
movie

Trouble with the Curve (2012)

The Town that Dreaded Sundown (2014)
The Town that Dreaded Sundown (2014)  ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ...
movie

The Town that Dreaded Sundown (2014)

The Number 23 (2007)
The Number 23 (2007)  ဟာသ သရုပ်ဆောင် Jim Carreyလို့ ပြောလိုက်ရင် သူ့ရဲ့ပြောင်မြောက်လှတဲ့ ဟာသဉာဏ်နဲ့ သရုပ်ဆောင်စကေးတွေကြောင့် လူသိများပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်ထဲမှာတော့ Jim Carrey ရိုက်နေကြ Comedy ပုံစံမဟုတ်ဘဲ ပုံမှန်နဲ့ကွဲထွက်တဲ့ Thriller/Mystery ပုံစံလေး ရိုက်ကူးထားပါတယ်။ Personally အရ ပြောရရင် ဇာတ်လမ်းရော သရုပ်ဆောင်တွေရော 10/10 ပါပဲနော်။ကျွန်တော်တို့ လူတွေတိုင်းမှာ ကိုယ်စီ အယူသီးတဲ့ နံပါတ် ရှိကြပါတယ်။ ဥပမာ ကမ္ဘာလုံး အယူသီးကြတဲ့ ၁၃ဆိုရင် ကံမကောင်းတဲ့နံပါတ်၊ ၇ကတော့ ကံကောင်းစေတဲ့ နံပါတ်လေးပေါ့။ ကျွန်တော်ဆိုရင်လည်း ၁၃၊ ၂၅၊ ၂၇ ဆိုရင် ကျွန်တော့်အတွက် ကံကောင်းစေတဲ့ နံပါတ်တွေလို့ အယူသီးလေ့ရှိပါတယ်။ ဒါကတော့ လူတစ်ဦးတစ်ယောက်ချင်းပေါ်မှာ မူတည်ပြီး ကွဲပြားသွားပါလိမ့်မယ်။ဝေါတာ စပဲရိုးက တိရစ္ဆာန် ထိန်းသိမ်းရေးအရာရှိ တစ်ယောက်ပါ။ သူက အက်ဂက်သာလို့ ခေါ်တဲ့ ...
movie

The Number 23 (2007)

Talladega Nights: The Ballad of Ricky Bobby (2006) 6.6
Talladega Nights: The Ballad of Ricky Bobby (2006)    အနောက်တိုင်း Comedy movie တွေကို 2k vibe နဲ့ ခံစားချင်သူတွေအတွက် 2006 ခုနှစ်ကထွက်ရှိထားတဲ့ ဟာသကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားက ရစ်ကီဘော်ဘီလို့ခေါ်တဲ့ ပြိုင်ကားမောင်းသမားတစ်ယောက်ရဲ့ ဘဝအနိမ့်အမြင့် အတက်အကျကို ရိုက်ပြထားတာဖြစ်ပြီး အတော်လေးကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ရစ်ကီဘော်ဘီဟာ ပြိုင်ကားမောင်းရတာကို အရူးအမူးစွဲလမ်းတဲ့ ရိစ်ဘော်ဘီလို့ခေါ်တဲ့လူတစ်ယောက်ရဲ့ ရင်သွေးဖြစ်ပြီး သူဟာလည်းအဖေ့သွေးအပြည့်ပါတဲ့အပြင် ငယ်ငယ်ကဖခင်ဖြစ်သူပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် လူငယ်အရွယ်မှာပဲ NASCAR ရဲ့ ပြိုင်ကားလောကထဲကိုရောက်လာပြီး ကမ္ဘာ့နံပါတ်တစ်နေရာကို စောစောစီးစီးယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့အောင်မြင်မှုတွေကို ခံစားလို့မဝသေးခင်အချိန်မှာပဲ ဂျွန်ဂျရတ်ဒ်လို့ခေါ်တဲ့ ပြင်သစ်လူမျိုး ပြိုင်ကားမောင်းသမားတစ်ယောက် NASCAR ကိုရောက်ရှိလာချိန်မှာတော့ သူဟာအရှုံးတွေနဲ့ရင်ဆိုင်ရပြီး သူ့ဘဝဟာလည်း တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့ပါတယ်။ဒီလိုနဲ့ တစ်ချိန်ကအတော်ဆုံးပြိုင်ကားမောင်းသမား ရစ်ကီဘော်ဘီဟာ စုတ်ပြတ်သတ်နေတဲ့သူ့ဘဝထဲကရုန်းထွက်ပြီး အတော်ဆုံးဆိုတဲ့ဂုဏ်ပုဒ်ကို ပြန်လည်ရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားက IMDB rating 6.6 အထိရရှိထားပြီး အားကစားနဲ့ပတ်သက်တာတွေ ကြည့်ချင်သူတွေ ဟာသကားကြိုက်တဲ့သူတွေအတွက်ကတော့ ကြည့်လို့ကောင်းမဲ့ဇာတ်ကားတစ်ကားပါပဲ။ File size…(2.4 GB)/(1.3 ...
movie

Talladega Nights: The Ballad of Ricky Bobby (2006)

Starship Troopers 2: Hero of the Federation (2004) 5.0
Starship Troopers 2: Hero of the Federation (2004) Bugsလို့ခေါ်တဲ့ တိုက်ခိုက်နှုန်းအားပြင်းထန်တဲ့ ဂြိုလ်သားပိုးကောင်တွေနဲ့တိုက်ပွဲမှာအဆင့်မြှင့်Laser Gunတွေအသုံးပြုပြီးတိုက်ခိုက်ခဲ့တာတောင်ဗိုလ်ကြီးJack Shepherdတို့အဖွဲ့ဟာ ဆုံးရှုံးမှုတွေများခဲ့ပြီး အနီးဆုံးကင်းထောက်စခန်းတစ်ခုမှာပုန်းခိုရင်းကယ်ဆယ်ရေးအဖွဲ့လာရောက်တဲ့အချိန်ကိုစောင့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်.အဲ့ဒီကင်းထောက်စခန်းမှာ သူတို့ထပ်အရင်ရောက်နှင့်ထားပြီးသူတွေလဲရှိပါတယ်.ကယ်ဆယ်ရေးအဖွဲ့ကိုစောင့်ရင်းနဲ့ Bugsတွေအကြောင်းကိုတစ်စထက်တစ်စပိုပိုသိလာတဲ့အခါမှာ အဲ့ဒီဂြိုလ်သားပိုးကောင်တွေဟာလူသားမျိုးနွယ်တစ်ခုလုံးကိုပါဖျက်ဆီးဖို့အကြံအစည်ရှိနေတာကိုသိလိုက်ရပါတော့တယ်.ဒါကိုသူတို့အဖွဲ့ဘယ်လိုကယ်တင်မလဲ?ဒီအဖွဲ့အစည်းထဲမှာရော ဂြိုလ်သားပိုးကောင်တွေကရောထွေးဝင်ရောက်နှင့်ပြီးသားလားဆိုတာတော့ဇာတ်လမ်းထဲမှာပဲအဖြေရှာလိုက်ကြတာပေါ့.Military, science,fiction,horrorအမျိုးအစားဖြစ်ပြီး runtimeက ၉၂မိနစ်ပါ. ၂၀၀၄ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားဖြစ်ပေမယ့်ယောကျာ်းလေးတွေက ဒီဇာတ်ကားမှာအသုံးပြုထားတဲ့လက်နက်ကြီးတွေကိုအခုထိသဘောကျဆဲဖြစ်ပါတယ်.Starship trooperအနေနဲ့ ၃ကားထွက်ရှိတာမလို့ပိတ်ရက်အတွက်အနားယူရင်းကြည့်ဖို့ အကောင်းဆုံးပါပဲ. File size…  2.2 GB /  790 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 22m Genre .....  Action , Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by.... Charm
movie

Starship Troopers 2: Hero of the Federation (2004)

2004
Born on the Fourth of July(1989) 7.2
Born on the Fourth of July(1989) Born on the Fourth of July(1989)*******************************ဒီရုပ်ရှင်ဟာ အမေရိကန်ရဲ့လွတ်လပ်ရေးနေ့ဖြစ်တဲ့၊ ဂျူလိုင် ၄ရက်နေ့မှာမွေးဖွားခဲ့တဲ့ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူ အမေရိကန်-ဗီယက်နမ် စစ်ပြန်ကြီး Ron Kovicအကြောင်းဇာတ်အိမ်တည်ရိုက်ကူးထားတဲ့စစ်ဆန့်ကျင်ရေး အတ္ထုပတ္တိကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ Ronရဲ့ငယ်စဥ်ကလေးဘဝဟာ ထိုခေတ်ထိုကာလကထုံးစံအတိုင်း စစ်ပွဲအောင်နိုင်မှုတွေအကြောင်း၊တိုင်းပြည်တာဝန်ထမ်းပြီး စစ်တိုက်ရတာမှဂုဏ်ရှိတယ်၊ ကွန်မြူနစ်ဝါဒကို တိုက်ဖျက်ရမယ်ဆိုတဲ့ ပတ်ဝန်းကျင်မှာကြီးပြင်းခဲ့ရပါတယ်။ ဒါ့ကြောင့်လည်း အမေရိကန်-ဗီယက်နမ်စစ်ပွဲဖြစ်တော့ သူကိုယ်တိုင်ရောသူငယ်ချင်းတွေပါစိတ်လိုလက်ရ မရိန်းတပ်ထဲဝင်ပြီး တိုက်ပွဲဝင်ပါတော့တယ်။ ဒီစစ်ပွဲအတွင်းမှာပဲ စစ်ပွဲရဲ့ခါးသီးမှုတွေကြုံခဲ့ရပြီး စိတ်ဝေဒနာလည်းရ အကြောပါသေ၊ မြုံတဲ့ဘဝ ဒုက္ခိတဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အဲ့အချိန်ထိ သူ့ရဲ့ စစ်ပွဲအပေါ်အယူအဆတွေက ပြောင်းလဲမသွားသေးပါဘူး။ စစ်ဆေးရုံကဆင်း မွေးရပ်ကိုပြန်ရောက်တော့မှ အဲ့ကာလမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားသူတွေ၊နိုင်ငံရဲ့လက်ရှိအခြေအနေတွေကိုမြင်ရကြားရပြီး မျက်စိပွင့်နားပွင့်ဖြစ်လာကာ၊ ကိုယ်ကိုယ်တိုင်ကလည်း စစ်ပွဲနဲ့ပတ်သက်ပြီး စိတ်မလုံခဲ့သူမို့... Ron Kovidတစ်ယောက် စစ်တိုက်ရတာဂုဏ်ယူတဲ့လူငယ်လေးဘဝကနေစစ်ဆန့်ကျင်ရေးသမားကြီးဘဝကို ဘယ်လိုကံကြမ္မာတွေ၊ အဖြစ်အပျက်တွေကြောင့် ရောက်လာလဲဆိုတာ ရိုက်ကူးပြသထားတဲ့ anti-war movieလေးပါပဲ။File Size :(3.3GB)(1.3GB) and (714MB) Quality : BLU-RAY 1080P5.1Ch,720p Format…mp4 Duration…02:25:00 Genre : War, Biography , Drama Subtitle : Myanmar Subtitle ...
movie

Born on the Fourth of July(1989)

Seraphim Falls(2006) 7.0
Seraphim Falls(2006) Seraphim Falls(2006)********************ရေခဲလွှမ်းနေတဲ့တောင်ကြောတစ်နေရာမှာ အဘိုးအိုတစ်ယောက်ကို လူအုပ်စုတစ်စုက သေနတ် နဲ့ လိုက်ပစ်နေပါတယ်။ခေါင်းဆောင်က အဘိုးကြီးကို အသေပစ်သတ်ခွင့် မပေးထားဘဲ အရှင်မိအောင်ပဲ လိုက်ခိုင်းပါတယ်။ဒါပေမယ့် သေနတ်မပါတဲ့အပြင် ဒဏ်ရာရနေတဲ့ အဘိုးကြီးဟာ အဲဒိလူအုပ်ထဲက လူ (၂)ယောက်ကိုအသေပြန်ဆော်လိုက်နိုင်ပြန်ပါတယ်။ အနောက်က လိုက်တဲ့လူတစ်စုကတော့ ဆက်လိုက် ဖို့၊ မလိုက်ဖို့ ပြောရင်းအငြင်းပွားကုန်ကြပါတယ်။ ခေါင်းဆောင်ရဲ့ စည်းရုံးမှုနဲ့ အဘိုးကြီးနောက်ကို သူတို့ ဆက်လိုက်ကြပါတော့တယ်။အဘိုးကြီးက ဘယ်သူလဲ။ သူ့နောက်ကို လိုက်နေတဲ့ လူတစ်စုကရော သူ့ နောက်ကိုဘာအကြောင်းနဲ့ လိုက်နေတာလဲဆိုတာ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ရှုစားကြပါခင်ဗျား။စကားသိပ်မပြောဘဲ ဖိုက်ပဲဖိုက်၊ မိုက်ပဲမိုက်၊ တိုက်ပဲတိုက်နေကြတဲ့ ကောင်းဘွိုင်ကား၊ အက်ရှင်ကား ကို ရှုစားရမှာ ဖြစ်ပါတယ်။ Taken မင်းသားကြီး လီယန်နီလ်ဆင်နဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီးပီယာ့စ်ဘရွန်နန်တို့ အပြိုင်ကြဲ အပြိုင်မိုက်၊ အပြိုင်တိုက်ကြတဲ့အတွက်ဇာတ်ကားကောင်းပါလို့ ညွှန်းစရာမလိုဘူး ထင်ပါတယ်ဗျာ။File Size :(2.3GB)(983MB) and (292MB) Quality : ...
movie

Seraphim Falls(2006)

Raw Deal(1986) 5.7
Raw Deal(1986) Raw Deal(1986)============== မာဖီးယားဂိုဏ်းကြီးတခုရဲ့ အမှုမျက်မြင်သက်သေ ကိုကာကွယ်ရင်းသေဆုံးသွားတဲ့ သားဖြစ်သူအတွက် လက်စားခြေဖို့ ကြိုးစားနေတဲ့အရာရှိကြီး ဟယ်ရီရှန်နွန် သက်ငယ်မုဒိမ်းမှု တရားခံကို ကြမ်းတမ်းစွာဖမ်းဆီးမှုနဲ့ ရာထူးချခံလိုက်ရပြီး နယ်မြို့လေးမှာ အရက်စွဲနေတဲ့ဇနီးဖြစ်သူနဲ့ နေထိုင်ရင်း စိတ်ဓာတ်ကျနေတဲ့ နယ်ထိန်း ကာမင်စကီ(အာနိုး)အဲ့ဒီနှစ်ယောက်ပူးပေါင်းမိပြီး အရာရှိတွေပါအိပ်ထဲထည့်ထားနိုင်တဲ့ချီကာဂိုမြို့ရဲ့အကြီးဆုံးမာဖီးယားဂိုဏ်းကြီး ထဲမှာ သူလျှိုအဖြစ်ဝင်ရောက်ကာ ဖျက်ဆီးဖို့ကြိုးစားကြပုံတွေကို ၁၉၈၀ခေတ်ကာလက‌ဇာတ်ကားဟောင်းလေးတွေ အမှတ်တရ ပြန်လည်ကြည့်ရှုလိုသူတွေအတွက်တင်ဆက်ပေးလိုက်ပါတယ်..(Arnold Schwarzenegger (အားနိုး)  ငယ်ဘဝ ရဲ့  ပုံရိပ်လေးတွေကိုဒီကားမှာ ပြန်လည် ခံစားလို့ ရမှာ ဖြစ်ပါတယ်)  File size…1.25GB / 518MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chit Min Thu
movie

Raw Deal(1986)

The Longest Yard(2005) 7.0
The Longest Yard(2005) The Longest Yard(2005) အညွှန်း***************************1974 မှာထွက်ရှိခဲ့ပြီး ရွှေကမ္ဘာလုံးဆုရရှိခဲ့တဲ့ အမေရိကန် ထောင်ဟာသဇာတ်ကားကို 2005 မှာAdam Sandler နဲ့ ပြန်လည်ဆန်းသစ်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။လူရယ်လို့ဖြစ်လာရင် တသီးတသန့်နေလို့မရပါဘူး။ ဆိုင်ရာ ဆိုင်ရာ ချစ်ခင်ရတဲ့မိသားစု မိတ်ဆွေသူငယ်ချင်းချစ်သူရည်းစားကတော့ ရှိကြစမြဲပါပဲ။ သို့ပေမယ့် ပေါလ်ခရူး (ခ) နာမည်ပျက်နဲ့ ကျော်ကြားတဲ့ရက်ဂ်ဘီကစားသမားဟောင်းမှာတော့ အဲဒီလိုတွေမရှိရှာပါဘူး။ရှိရင်လည်း သူ့အချိုးတွေကြောင့် ရေစက်ပြတ်ကုန်ကြတာကိုး။ခုလည်း သူ့ချစ်သူရဲ့ကားကိုခိုးပြီး ရဲတွေကို ပြဿနာသွားရှာလို့ ထောင်သုံးနှစ်ကျပါလေရောလား။ထူးဆန်းတာက သူရောက်သွားတဲ့ထောင်က ထောင်ပိုင်ဟာအစိုးရအဖွဲ့ ရွေးကောက်ပွဲဝင်ချင်နေပြီး ပြည်သူတွေကြားမှာကျော်စော်ချင်နေတဲ့ငနဲကြီးဖြစ်နေတော့ ထောင်စောင့်တွေနဲ့ ထောင်သားတွေတစ်သင်းစီ ခြေစစ်ပွဲလုပ်မယ်ဆိုပြီး ပေါလ်ကိုအတင်းအကျပ် ထောင်သားတွေနဲ့ အသင်းဖွဲ့ခိုင်းတော့တာပါပဲ။လူ့ဂွစာကြီးဘယ်လိုတွေဆက်ဖြတ်သန်းမလဲဆိုတာကိုတော့...  File Size :(2.5GB)(1.1GB) and (330 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:55:00 Genre : Crime , Sport, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Longest Yard(2005)

Leaving Las Vegas (1995) 7.5
Leaving Las Vegas (1995)  Palatonic Love လို့ခေါ်တယ် စိတ်ကူးယဉ်ဆန်ဆန် ပေးဆပ်ခြင်းရရယူခြင်းဘာမှမရှိတဲ့ အချစ်ဆိုတာကို ဒီဇာတ်ကားမှာတွေ့ရမှာပါ။ ဘာအကြောင်းကြောင့်လဲ သေချာပြမထားဘဲ ဘန်ဆိုတဲ့ ဟောလိဝုဒ်က နာမည်ကြီး ဇာတ်ညွှန်းရေးဆရာတစ်ယောက် အရက်အလွန်အကျွံသောက်ပြီး ကိုယ့်ကိုကိုယ်သတ်သေဖို့ကြိုးစားနေတဲ့ နေရာကစပြထားပါတယ်။ သူက ပေါက်ကွဲဖို့ စိုင်းပြင်းနေတဲ့ ဗုံးတစ်လုံးလိုပါပဲ။ သောက်တယ် သောက်တယ် သောက်တယ်။ တခြားဘာမှသူ့အတွက် အရေးမပါတော့ဘူးလို့ ထင်နေချိန်မှာ ပြည့်တန်ဆာမလေး ဆယ်ရာ နဲ့တွေ့ဆုံခဲ့ပါတယ်။ သူတို့ချစ်မိခဲ့ကြပါတယ်။ အခြေအနေတွေ အချိန်အခါတွေ ပေးဆပ်ခြင်း ရယူခြင်း ဘာမှမပါပဲ အချစ်သက်သက်နဲ့ချစ်ခဲ့ကြပါတယ်။သေတော့မယ့်အရက်သမားတစ်ယောက်နဲ့ ကိုယ့်ခန္ဓာကိုယ် ကို ရောင်းစားတဲ့ ကောင်မလေးတစ်ယောက်ရဲ့ လွမ်းစရာ ကြည်နူးစရာဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ငိုချင်သပ ငိုမရဖြစ်နေသူများ ကြည့်ကြပါဗျာ။ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 7.5 ရှိပါတယ်။ ငိုချင်အောင် ရိုက်တတ်တဲ့ Director Michael Figgis ကရိုက်ကူးထားပြီး မင်းသားကြီး Nicolas Cage နဲ့ ...
movie

Leaving Las Vegas (1995)

1995