Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Earl Maddox
The Curious Case of Benjamin Button (2008)
အချိန်တွေသာ နောက်ပြန်လည်သွားခဲ့ရင် အဲဒီဖြစ်စဉ်ရဲ့နောက်ဆက်တွဲတွေက လူတွေရဲ့ဘဝကို ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိစေမလဲ။ နာရီလက်တံတွေ ဆန့်ကျင်ဘက်လည်ပတ်ကုန်မလား။ အနောက်အရပ်က နေထွက်ပြီး အရှေ့အရပ်မှာ နေဝင်သွားမလား။ ကမ္ဘာကြီး ပြောင်းပြန်လည်သွားမလား။ လူသားတွေရဲ့ဘဝတွေ ကမောက်ကမဖြစ်ကုန်မလား။ အသက်တွေကြီးရာကနေ တဖြည်းဖြည်းငယ်ကုန်မလား။ အချိန်ရဲ့ရက်စက်မှုတွေကို ဘယ်လိုလူမျိုးကမှ အနိုင်မယူနိုင်၊ မကျော်လွှားနိုင်။ဇာတ်လမ်းအကျဉ်း- ဘန်ဂျမင်ဘက်တွန်ဆိုတဲ့ကောင်လေးဟာ အသက် ၈၀ အရွယ်အဘိုးကြီးတစ်ယောက်ရဲ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေနဲ့အတူ မွေးဖွားလာတယ်။ သူ့အမေကလည်း သူ့ကိုမီးဖွားပြီးချိန်မှာပဲ ဆုံးပါးသွားခဲ့တယ်။ ဒါနဲ့ သူ့အဖေ သောမတ်ဘက်တွန်က ဒီလို အဘိုးကြီးခန္ဓာကိုယ်နဲ့ကောင်လေးကို မကောင်းဆိုးဝါးအထင်နဲ့ ဘိုးဘွားဂေဟာမှာ သွားပစ်ထားခဲ့တယ်။ အဲဒီဂေဟာက အမျိုးသမီးက ကလေးကိုတွေ့သွားပြီး မွေးစားဖို့ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ ဒီကောင်လေးကို ဘယ်သူကမှ ကြာကြာခံမယ်လို့မထင်ကြဘူး။ ဒါပေမဲ့ ဘန်ဂျမင်ဟာ အချိန်တွေတရွေ့ရွေ့ကုန်ဆုံးလာတာနဲ့အမျှ အသက်ကြီးရာကနေ တဖြည်းဖြည်းချင်း နုပျိုလာခဲ့တယ်။ဒီဇာတ်ကားဟာ ဟောင်းပေမဲ့ ရွှေလို့ပြောလို့ရတဲ့ဇာတ်ကားတစ်ကားဖြစ်တယ်။ ဇာတ်လမ်းဟာ အချိန်အားဖြင့် ၃ နာရီနီးပါးကြာမြင့်ပြီး ဝတ္ထုရှည်တစ်ပုဒ်ကို ...
movie
The Curious Case of Benjamin Button (2008)
4.8
Lay the Favorite (2012)
Lay the Favorite (2012) ==================အရက်စားပွဲထိုး ဖြစ်ချင်နေတဲ့ အကသမား မိန်းကလေး ဘတ်က Las Vegas ကို ပြောင်းလာပြီးတဲ့နောက်မှာ ဒင့်ခ်ဆိုတဲ့ လောင်းကစားသမားတစ်ယောက်နဲ့ တွေ့ခဲ့ တယ်။ ဘတ်က ကိန်းဂဏန်းတွေလည်းတော်ပြီး ဉာဏ်ကောင်းတာမို့ အလုပ်ရှာနေ ရာက ဒင့်ခ်ရဲ့ လောင်းကစားဒိုင်မှာ အလုပ်ရသွားတယ်။ နောက်တော့ ဘတ်က သူ့ရဲ့ အလုပ်ရှင် ဒင့်ခ်ကိုပါ ကြွေလာတယ်။ ဒါပေမဲ့ ဒင့်ခ်မှာက ဘာအလုပ်မှမလုပ်ဘဲ သူ့ ယောကျ်ားပိုက်ဆံပဲ လိုက်ဖြုန်းနေတဲ့ ကျူးလစ်ဆိုတဲ့ မိန်းမရှိနေတယ်။နောက်တော့ ဘတ်က ဒင့်ခ်ကို ဆွဲဆောင်ပြီး ကျူးလစ်နဲ့သူနဲ့ကြား ရွေးချယ်ခိုင်းပါ တော့တယ်။ နောက်ပိုင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစား ဆက်ကြည့်ရှုရမယ့် လောင်းကစား၊ အချစ်ဟာသဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ ဒီဇာတ်လမ်းက Beth Raymer ဆိုတဲ့ မိန်းကလေးရဲ့ တကယ့်ဖြစ်ရပ် မှန်ကို ရိုက်ကူးထားတာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(1.69 GB) / (679 ...
movie
Lay the Favorite (2012)
2012
5.9
Abraham Lincoln: Vampire Hunter(2012)
Abraham-Lincoln-Vampire-Hunter(2012)==================================အမေရိကကို ပြင်ပကနေ ဘယ်တော့မှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး။ကျုုုပ်တို့အင်အားချိနဲ့ပြီး လွတ်လပ်မှုတွေဆုံးရှူံးရပြီဆိုရင် ဒါဟာကျုပ်တို့ကိုယ်တိုင် ဖျက်ဆီးပစ်တာကြောင့်ပဲ ဖြစ်လိမ့်မယ်။(အေဘရာဟမ်လင်ကွန်း)သမ္မတလင်ကွန်း ဆိုခဲ့သလို စစ်ရေး၊ စီးပွားရေးမဟာအင်အားကြီးစူပါပါဝါအမေရိကကို ပြင်ပကမ္ဘာကဖျက်ဆီးနိုင်ဖို့၊ ရန်သတ္တရုပြုဖို့ဆိုတာ မလွယ်လှသလို၊ဆိုးရွားပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ကြုံတွေ့ရမှာမြေကြီးလက်ခတ်မလွဲပါပဲ။ 'သွေးထွက်သံယိုမှုမရှိဘဲနိုင်ငံတစ်ခုကို မတည်ဆောက်နိုင်' ဆိုတဲ့အတိုင်းလင်ကွန်းကိုယ်တိုင်ထိတ်လန့်ခြောက်ခြားဖွယ်ရာသွေးသံရဲရဲ အနိဌာရုံတွေ၊ တိုက်ခိုက်သတ်ဖြတ်မှုတွေကိုရှောင်လွှဲမရစွာ လုပ်ဆောင်ခဲ့ရတာလည်း ရှိလေရဲ့။လင်ကွန်းရဲ့ ကျော်ကြားလှတဲ့ အထက်ပါစကားရပ်လိုအမေရိကကိုအပြီးတိုင် ဖျက်ဆီးပစ်မယ့် ရန်သူဟာနိုင်ငံအတွင်းမှာ တကယ်ကိုရှိနေခဲ့ပါပြီ။အေဘရာဟမ်လင်ကွန်း လို့ဆိုလိုက်တာနဲ့အမေရိကရဲ့၁၆ ယောက်မြောက်သမ္မတ၊ ငွေဝယ်ကျွန်စနစ်ပပျောက်ရေး ကြိုးပမ်းသူစတဲ့ သမိုင်းအချက်အလက်တွေကိုသာ သတိရကြစမြဲပါ။ လင်ကွန်းနဲ့ပတ်သက်ပြီးအလွန်အရေးကြီးလှသည့်တိုင် သမိုင်းမတွင်တဲ့အကြောင်းခြင်းရာတစ်ခုကတော့ အင်မတန် လူသိနည်းလှပါတယ်။ အဲဒါကတော့လင်ကွန်းဟာ နေ့ဘက်မှာတိုင်းပြည်ကို သမ္မတအဖြစ် စီမံအုပ်ချုပ်ပြီး၊အကာလညအခါမှာ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသုတ်သင်ချေမှုန်းသူတစ်ဦး ဆိုတာပါပဲ။ ဒီသမိုင်းဖြစ်ရပ်တွေကိုဆက်သ်ဂရေဟမ်စမစ်သ် က လေ့လာဖော်ထုတ်ဇာတ်ညွှန်းခွဲပြီး၊ ဒါရိုက်တာ ဘက်ခ်မမ်ဘီတော့ဗ် ကရိုက်ကူးတင်ပြလိုက်တဲ့အခါ-Abraham Lincoln: Vampire Hunter ဆိုပြီး ဖြစ်လာပါတယ်။ခေါင်းဆောင်မင်းသား ဘင်ဂျမင်ဝေါ်ကာရဲ့အထူးပီပြင်လှတဲ့ အင်ပြည့်အားပြည့် သရုပ်ဆောင်ချက်တွေ၊သွေးပျက်ခြောက်ခြားစရာ တိုက်ခိုက်ခန်းတွေ၊အန်ထော်နီမက်ကီ၊ ဒေါမနစ်ကူးပါး ...
movie
Abraham Lincoln: Vampire Hunter(2012)
6.7
The Gift (2000)
The Gift (2000)~ IMDb rating - 6.7/10 ~ဒီကားရဲ့ ဒါရိုက်တာက Sam Raimi ပါ။ MCU ထဲက Dr. Strange လိုကားကိုတောင် Horror vibe ရအောင် ရိုက်ခဲ့တဲ့ ဘဲပေါ့။ Director တင်လန်းတာလားဆိုတော့ မဟုတ်သေးဘူး။ တစ်ချိန်တစ်ခါက LoTRထဲ အများတကာကြွေခဲ့ရတဲ့ နတ်သမီးလို အလှနဲ့ Cate Blanchett, Batman Begins ထဲ ကျွန်တော်တော်တော်ကြွေခဲ့တဲ့ Katie Holmes, နောက် ကြည်နူးရိပ်ကလည်း ရှားရှားပါးပါး မကောင်းတဲ့လူအနေနဲ့ ပါ၀င်ထားပါသေးတယ်။ Hilary Swank နဲ့ Giovanni Ribisi တို့လို သရုပ်ဆောင်တော်တော်ကောင်းတဲ့ လူတွေလည်း ထပ်လောင်း ပါပါသေးတယ်။ တိုဘီ့ စပိုက်ဒါမန်းကားနဲ့ မသိသူမရှိတဲ့ J. K. Simmons ကြီးလည်း ...
movie
The Gift (2000)
2000
7.1
A Love Song for Bobby Long (2004)
A Love Song for Bobby Long (2004)ဘဝမှာ ဆုံးဖြတ်ချက်တစ်ခုကြောင့် အရာအားလုံးက ပြောင်းလဲသွားနိုင်ပါတယ်။ ဘဝတွေ ဆုံးရှုံး ပျက်စီးရနိုင်သလို ဘဝတွေကို ပျော်ရွင် သာယာမှုတွေပေးနိုင်ပါတယ်။ ဘော်ဘီလောင်းဟာ ပရော်ဖက်ဆာဟောင်းတစ်ယောက်၊ သူ့ရဲ့လက်ထောက်ဆရာတစ်ယောက်နဲ့ နယူးအော်လန်ကို ရောက်လာကြတဲ့အချိန်မှာ အဆိုတော်မလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ကြတယ်။ တနေ့ သူမဆုံးသွားတော့ သူမပိုင်တဲ့အိမ်ကို သူမရဲ့သမီးကိုပေးပြီး ဘော်ဘီတို့နဲ့အတူ တစ်နှစ်နေရမှာပါ။ ဒါပြီးမှပဲ အကုန်ပိုင်ဆိုင်ခွင့်ရမှာပါ။ရောက်လာတဲ့ ထောင့်မကျိုးတဲ့ ဆယ်ကျော်သက်ကောင်မလေးနဲ့ ပညာတတ်ဘဝကို အရွဲ့တိုက်နေတဲ့ ဘော်ဘီလောင်းတို့ ထိပ်တိုက်တွေ့ကြပြီး ကမောက်ကမတွေဖြစ်၊ ဘော်ဘီတို့က ဘာလို့နယူးအော်လန်ကိုရောက်လာသလဲ ကောင်မလေးရဲ့ အမေနဲ့ဘယ်လိုပတ်သက်ခဲ့ကြလဲ ဆိုတာ စိတ်ဝင်စားဖို့ကောင်းပြီးတော့ နယူးအော်လန် ရောက်သွားသလို ခံစားရမဲ့ ဇာတ်ကားလေးဖြစ်ပြီး သီချင်းလေးတွေကလဲကောင်းပါတယ်။ဒါ့အပြင် စကားလက်ဂျိုဟန်ဆန်ရဲ့ ငယ်ရွယ်တဲ့ အလှကိုမြင်ရမှာဖြစ်ပြီး ဘော်ဘီအဖြစ် မင်းသားကြီး ဂျွန်ထရာဗိုတာက သရုပ်ဆောင်ပေးထားပါတယ်။Rating ကလဲ 7.1 အထိရထားတဲ့ ကားကောင်းလေးတစ်ကားဖြစ်သလို " ...
movie
A Love Song for Bobby Long (2004)
2004
7.8
The Curious Case of Benjamin Button (2008)
အော်စကာဆု သုံးဆု ရရှိထားပြီး နာမည်ကျော်လူကြိုက်များတဲ့ ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။သရုပ်ဆောင်တွေကလည်း ဘရက်ပစ် တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ဒီဇာတ်ကားလေးကတော့ ဘန်ဂျမင် ဘော့တွန်ဆိုတဲ့ ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကိုဖော်ပြထားတာပါ။ လူသာမန်တွေဟာ မွေးလာတယ် တဖြည်းဖြည်း အိုမင်းလာပြီး ကွယ်လွန်ရတာက ဓမ္မတာပါပဲ။ ဒါပေမယ့် ဘန်ဂျမင်ကတော့ ဒီလိုမဟုတ်ဘူး ထူးဆန်းတဲ့ ရောဂါကြောင့် မွေးလာကတည်းက လူအိုလေးတစ်ယောက် အနေနဲ့ မွေးလာပါတယ်။ သူအသက်ကြီးလာ လေလေ ပိုနုပျိုလာလေလေပါပဲ။ဒီအခါမှာ မတူညီတဲ့ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု့တွေကို ခံစားလာရပါတယ်။မွေးကတည်းက အမေဖြစ်သူကွယ်လွန်ပြီး အဖေဖြစ်သူရဲ့ စွန့်လွှတ်ခြင်းကို ခံရတဲ့ ဘန်ဂျမင်တစ်ယောက် ဒေစီ ဆိုတဲ့ မိန်းကလေး တစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတယ်။ သူတို့ရဲ့ အချစ်ရေးဟာ ထူးဆန်းနေမယ်ဆိုတာ သိပေမဲ့လည်း သူတို့ချစ်မိခဲ့ကျပါတယ်။ သူ့ရဲ့ ရောဂါက သူတို့ရဲ့ အချစ်ရေးအတွက် အနှောက်အယှက်ဖြစ်စေမလား …. ဒါမှမဟုတ် သူတို့ ချစ်ခရီးလမ်း အဆင်ပြေမှာလား… ဘန်ဂျမင်ရဲ့ ဘဝမှာ ဘာတွေ ကြုံခဲ့ရလို့ ဘာတွေ ...
movie
The Curious Case of Benjamin Button (2008)
2008