Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dylan Sprouse
The Astronaut’s Wife (1999)
သိပ္ပံရုပ်ရှင်တွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် 1999 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Astronaut's Wife ဆိုတဲ့ Sci-fi, Thriller ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်မှာတော့ ပရိသတ်တို့ရဲ့ အသည်းကျော် ပဲလှော် Johnny Depp က Commander Spencer Armacost အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။နိုင်ငံတော်ကစေလွှတ်တဲ့ အာကာသမစ်ရှင်တစ်ခုကို ထမ်းဆောင်ဖို့ Commander Spencer နဲ့ Captain Alex တို့နှစ်ဦးဟာ အဖွဲ့သားတွေနဲ့အတူ ဂြိုဟ်ပတ်လည်ကြောင်းတစ်ခုဆီ သွားခဲ့ကြပါတယ်။ အဲဒီမစ်ရှင်မှာ မတော်တဆတစ်ခုဖြစ်ပွားခဲ့ပြီးတဲ့နောက် သူတို့နှစ်ဦးကို အသက်ရှင်လျက် ကမ္ဘာမြေပေါ် ပြန်လည်ခေါ်ဆောင်ခဲ့ပြီးတဲ့အခါမှာတော့ ပုံမှန်မဟုတ်တဲ့ဖြစ်စဉ်တွေ လွဲမှားနေတဲ့ပုံစံတွေဖြစ်လာခဲ့ပါတော့တယ်။အဲဒါကို သတိထားမိလာတဲ့ Spencer ရဲ့ အမျိုးသမီး Jillian တစ်ယောက်ဟာ ပဟေဠိဆန်တဲ့အဖြစ်အပျက်တွေကြား အဖြစ်မှန်ကိုသိရှိသွားမလား။ အဲဒီမတော်တဆမှုရဲ့နောက်ကွယ်မှာ ဘာတွေရှိနေနိုင်မလဲ။ ဖြစ်လာမယ့်အန္တရာယ်တွေကို Jillian တစ်ယောက် အဆုံးထိရင်ဆိုင်သွားနိုင်ပါ့မလားဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမယ့်သိပ္ပံရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။File size…(1.7 GB)/(1 GB) Quality….Webrip HEVC ...
movie
The Astronaut’s Wife (1999)
Eight Crazy Nights (2002)
IMDb - 5.3 မင်းသားကြီး Adam Sandler ကိုယ်တိုင် အသံသရုပ်ဆောင်ထားတဲ့ ခရစ္စမတ်ကာလ ကာတွန်းကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒေဗီ စတုန်း (Adam Sandler) ကတော့ ရာဇဝတ်မှတ်တမ်းများစွာနဲ့ ပျက်စီးနေတဲ့ အရက်သမားတစ်ယောက်ဖြစ်ပြီး ဒူ့စ်ဘယ်ရီမြို့မှာနေပါတယ်။ငယ်ငယ်ကတော့ လူငယ်ဘက်စကက်ဘောအသင်းရဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမဲ့ အသက် ၁၂ နှစ်သားအရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် သူ့ရဲ့အနာဂတ်ရော သူကိုယ်တိုင်ပါပျောက်ဆုံးသွားခဲ့တာပါ။ ခရစ္စမတ်မတိုင်ခင် ဟာနူကာပွဲတော်ညမှာလည်း အရက်မူးပြီး မြို့ထဲကရေခဲရုပ်တုတွေကိုဖျက်ဆီးမိလို့ ထောင် ၁၀ နှစ်ထိချခံရတော့မလို ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း လူငယ်ဘက်စကက်ဘောပွဲဒိုင်လူကြီး ဝှိုက်တီရဲ့ ကြားဝင်ေဖြာင့်ဖျပေးမှုကြောင့် လူငယ်ဘက်စကက်ဘောပွဲအတွက် အလုပ်သင်ဒိုင်လူကြီးလုပ်ဖို့ ပြစ်ဒဏ်ချခံလိုက်ရပါတယ်။ဒီလိုနဲ့ သက်ကြီးပု ဝှိုက်တီနဲ့ အရက်သမား စတုန်းတို့နှစ်ယောက်ကြားက ဟာနူကာပွဲညရှစ်ရက်မှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ စတုန်းတစ်ယောက်ရော သူ့ရဲ့အကျင့်ဟောင်းတွေကို ဖျက်နိုင်ပါ့မလားဆိုတာတွေကို ဟာသဆန်ဆန်ကြည့်ရှုကြရမှာပါ။ လူကြီးဟာသတချို့နဲ့ အသုံးအနှုံးတချို့ကြောင့် ကလေးသူငယ်တွေကြည့်ရှုဖို့မသင့်တော်တဲ့ လူကြီးကာတွန်းကားတစ်ကားပါဗျ။File size…(1.2 GB)/(573 MB) Quality….Webrip HEVC ...
movie
Eight Crazy Nights (2002)
5.8
Aftermath (2024)
ဒီတစ်ခါမှာတော့ အက်ရှင်အကြမ်းစားတွေကိုကြည့်ချင်တဲ့ပရိသတ်တွေအတွက် အက်ရှင်ကားကောင်းတစ်ကားကိုယူဆောင်လာပါတယ်။ဇာတ်ကားနာမည်က Aftermath ဖြစ်ပြီးတော့ အက်ရှင်ဇာတ်ကားတွေနဲ့ ဆုပေါင်းများစွာရရှိထားတဲ့ ဒါရိုက်တာPatrick Lussier က ရိုက်ကူးထားပါတယ်။အဓိကဇာတ်ဆောင်တွေအဖြစ် Mason Gooding,Dylan Sprouse, Dichen Lachman တို့က ပါဝင်ပေးထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ အကြမ်းဖက်အဖွဲ့တစ်ခုဟာ တံတားတစ်စင်းကိုဖောက်ခွဲပြီးတော့ တံတားပေါ်ကလူတွေကို ဓားစာခံဖမ်းလိုက်ပါတယ်။ဒါပေမယ့် အဲဒီဓားစာခံတွေထဲမှာ စစ်သားဟောင်းတစ်ယောက်ဖြစ်တဲ့ Eric နဲ့အတူ သူ့ညီမလေးပါ ပါသွားပါတယ်။ဒီလိုနဲ့ Eric ဟာ သူ့ညီမလေးနဲ့အတူ ဓားစာခံအဖြစ်ကနေဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကိုစိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုကြရမှာပါ။အမိုက်စားအက်ရှင်ခန်းတွေနဲ့အတူ အကြမ်းပတမ်းရိုက်ကူးပြသထားပြီးတော့ အက်ရှင်ရသကို အပြည့်အဝပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.17GB) / (697 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 37m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin
movie
Aftermath (2024)
5.5
The Duel (2023)
ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်ကအနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကိုဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။အသည်းနှလုံးကိုထိတော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက်ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေးဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိတစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့စိန်ခေါ်လိုက်ချိန်မှာတော့.....အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားကစီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy
movie
The Duel (2023)
Beautiful Wedding (2024)
Beautiful Wedding(2024) ============ Romance, Comedyဒီခေတ်စကားနဲ့ပြောရရင် အတော်ဆိုးတဲ့ Red Flag နှစ်ယောက်ရဲ့ အရမ်းလှပတဲ့ မင်္ဂလာပွဲလေးကိုကြည့်ရှုရမှာဖြစ်ပါတယ် ဒါပေမယ့် သာမန်ချစ်ကြိုက်ကွဲငြား ဇာတ်လမ်းမျိုးတော့မဟုတ်ပါဘူး အလွဲအလွဲအချော်အချော်နဲ့ ဆုံလာမိတဲ့ လူနှစ်ယောက်ကနေ ဘဝရဲ့ဖူးစာဖက်တွေဖြစ်သွားတဲ့အကြောင်းပါပဲ လက်စ်ဗေးဂတ်စ်မှာ one night stand အဖြစ်မူးရူးသောင်းကျန်းပြီး မနက်အိပ်ယာနိုးတဲ့အချိန်မှာ လက်ထပ်လက်မှတ်ထိုးပြီးသားဖြစ်နေတဲ့ ထရက်ဗစ်နဲ့ အက်ဘီဟာ သူငယ်ချင်းစုံတွဲဖြစ်တဲ့ မဲရ်နဲ့ ရှက်ပလီတို့နဲ့အတူ ပျားရည်ဆမ်းခရီးအဖြစ် မက္ကဆီကိုကို ထွက်လာပါတယ် သူတို့အိမ်ထောင်ရေးကို ထပ်ပြီးရှေ့ဆက်မလား အဆုံးသတ်မလား တစ်ယောက်ကိုတစ်ယောက် အဖြေရှာအကဲခပ်ဖို့အတွက် ထွက်လာခဲ့ကြတဲ့ ခရီးဆိုလည်းမမှားပါဘူး....ဒီခရီးမှာ ထင်ထားသလို အဆင်ချောနေတာတော့မဟုတ်ပါဘူး ဖဲရိုက်တော်တဲ့ အက်ဘီက ဒေါ်လာသန်းနဲ့ချီပြီး ကာစီနိုဝိုင်းမှာ ဖဲနိုင်လာတာကို မကျေနပ်တဲ့ လူမိုက်ဂိုဏ်းတစ်ခုကလည်း နောက်ကနေလိုက်လာပါတော့တယ်... အက်ဘီနဲ့ ထရက်ဗစ်ရဲ့ မင်္ဂလာအစစ်အမှန်ဘယ်လိုဖြစ်သွားမလဲဆိုတာကိုတော့ Romance ဇာတ်လမ်းတွေမှာ မြင်ဖူးနေကျ သရုပ်ဆောင်တွေဖြစ်တဲ့ Dylan Sprouse , Virginia Gardner , Austin North တို့က ပါဝင်အားဖြည့်ထားပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Thiha Yan Naing ...
movie
Beautiful Wedding (2024)
5.2
After We Collided (2020)
Hello Hello !အချစ်တွေနဲ့ အမုန်းကြမ်းမယ့် Tessa နဲ့ Hardin ပြန်လာပါပြီBut ....ဒီကားလေးကို မကြည့်ခင် After ဆိုတဲ့ 2019 တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်လမ်းလေးကို ကြည့်ဖူးမှဖြစ်ပါမယ်ဒီတော့ မကြည့်ရသေးရင် အခုပဲ ပြေးကြည့်လိုက်ပါဇာတ်ကြောင်းလေးပြန်ကောက်ပေးရမယ်ဆိုရင်တော့ ပါတီတစ်ခုက Truth or Dare ဆိုတဲ့ ဂိမ်းလေးရဲ့ ကျေးဇူးနဲ့ ချစ်သူတွေ ဖြစ်သွားကြတဲ့Hardin နဲ့ Tessaဆိုတဲ့ ကောလိပ်ကျောင်းသားနဲ့ ကျောင်းသူလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ ....After မှာ နှစ်ယောက်အတူ အနမ်းတွေ ခြွေခဲ့တဲ့ ရေကန်လေးမှာ အတူတူထိုင်ရင်း အဆုံးသတ်သွားတာ မှတ်မိကြဦးမှာပါ" လောကမှာ အချစ်ဆုံးက ငါ့ကိုယ်ငါလို့ ဖြေခဲ့တာ နင်မှတ်မိလားတကယ်တော့ လောကမှာ ငါအချစ်ဆုံးက နင်ပါ " ဆိုတဲ့ စကားလေးရော မှတ်မိကြသေးရဲ့လားမှတ်မိရင် ဆက်ကြည့်လို့ရပါပြီAfter We Collided ရော အချစ်ငှက်နှစ်ကောင် ...
movie
After We Collided (2020)
2020
Beautiful Disaster (2023)
Beautiful Disaster (2023)Disaster လို့ပြောလိုက်ရင် အားလုံးနားလည်ထားတာ ဒါအဆိုးထဲမှာမှ တော်တော့်ကိုဆိုးရွားတဲ့အရာပေါ့။ ဒါပေမဲ့ ဒါကို Beautiful နဲ့တွဲဖက်ပြီးမြင်ရတော့ အတော်လေးကို နားလည်ရခက်သွားစေမှာပါ။ ဒီတော့ ဒီ Beautiful Disaster ဆိုတဲ့ဒီကားလေးကရော ဘယ်လိုအချစ်မျိုးကိုသရုပ်ဖော်ထားလဲဆိုတာ ကြည့်ရှုခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။အက်ဘီဆိုတဲ့ကောင်မလေးဟာ ဖဲသမားအဖေရဲ့ ပျိုးထောင်မှုနဲ့ ကြီးပြင်းလာရတဲ့ မိန်းကလေးတစ်ယောက်ပါ။ အိမ်ထောင်ဦးစီးက လောင်းကစားသမားဖြစ်နေလေတော့ အမေကထားရစ်ခဲ့တဲ့ အက်ဘီရဲ့မိသားစုဘဝကလည်း သာယာနိုင်စရာအကြောင်းမရှိဘူးပေါ့။ ငယ်စဉ်ကတည်းက Pokerနဲ့ထိတွေ့ခဲ့တဲ့အက်ဘီဟာ Pokerမှာ အလွန်ပါရမီထူးသူဖြစ်ပေမဲ့ သူ့အဖေလိုမဟုတ်ဘဲ သာမန်ဘဝနဲ့ပဲရှင်သန်ချင်သူရယ်ပါ။ ဒါကပဲသူ့ကို အဖေဆီကနေထွက်ပြေးဖို့ တွန်းအားပေးခဲ့တဲ့အချက်ပါပဲ။Poker Prodigy Lucky 13 ဘဝကိုထားရစ်ခဲ့ပြီး တည်ငြိမ်အေးချမ်းတဲ့ သာမန်ကောလိပ်ကျောင်းသူလေးဘဝကိုစဖို့ ရည်ရွယ်ထားတဲ့ အက်ဘီတစ်ယောက် သူငယ်ချင်းကောင်းမှုနဲ့ ဖိုက်တာလေးထရားဗစ်ရဲ့လက်ဝှေ့ပွဲကို ကြည့်ရဖို့ဖြစ်လာပြီးတော့ အက်ဘီဆိုတဲ့ကောင်မလေးရဲ့အလှမှာ ထရားဗစ်တစ်ယောက် ကြွေဆင်းသွားတဲ့အခါ...ဘဝကို တည်တည်ငြိမ်ငြိမ် ဖြတ်သန်းဖို့အတွေးနဲ့ ပလေးဘွိုင်းငပွေးလေးထရားဗစ်ကို အကြောက်အကန်ငြင်းရင်းနဲ့ ကိုတည်ကြည်ဆရာဝန်လေး ပါကာကို အတင်းတွေခေါင်းငြိမ့်နေတဲ့ အက်ဘီ၊ ဇွဲနပဲကြီးကြီးနဲ့ အက်ဘီကိုအရလိုက်မဲ့ထရားဗစ် သူတို့နှစ်ယောက်ကြားက လိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဖြစ်နေတဲ့ ဘာရယ်လို့နာမည်တပ်မရတဲ့ပတ်သက်မှုကို ...
movie
Beautiful Disaster (2023)
6.4
Big Daddy (1999)
Big Daddy (1999) ============= IMDb Rating - 6.4/10၁၉၉၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကြီး မင်းသား Adam Sandler ရဲ့ ဟာသဒရာမာ ဇာတ်ကားတစ်ကားပါ။ Adam Sandler ရဲ့ ထုံးစံအတိုင်း ဟာသတွေအများကြီးပါသလို ဒရာမာကိုလည်း ခပ်ပါးပါးလေး ထည့် ထားပါတယ်။ Adam Sandler လျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေကို ပြန်လည်အမှတ်ရရင်း ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရှု့နိုင်အောင် CM ပရိသတ် ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ဆန်နီဟာ ဥပဒေနဲ့ ဘွဲ့ရထားတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် ရှေ့နေ အလုပ် ကိုမလုပ်ဘဲ လမ်းကြေးကောက်တဲ့ ဂိတ်မှာ အလုပ်လုပ်နေတဲ့သူပါ။ ဘဝကို အလေးအနက်မထားဘဲ ခပ်ပေါ့ပေါ့ပဲ ဖြတ်သန်းနေတာမို့ ရည်းစားဖြစ်သူ ဗနက်ဆာက သိပ်ပြီး မကြိုက်လှပါဘူး။ ဗနက်ဆာဟာလည်း ဆန်နီနဲ့ လမ်းခွဲဖို့ ပြောခဲ့လိုက်ပါတယ်။ ဆန်နီဟာ ဖခင်ဖြစ်စေချင်တဲ့ ရှေ့နေ အလုပ်ကိုမလုပ်တဲ့ အတွက် ဖခင်ဖြစ်သူနဲ့လည်း အဆင်မပြေပါဘူး။ ဒီလိုမျိုး ဘဝကို ဖြတ်သန်းနေတဲ့ ဆန်နီ့ဘဝထဲကို ဂျူလီယန်ဆိုတဲ့ ကောင်လေးတစ်ယောက်ရောက်လာခဲ့ပါတယ်။တကယ်တော့ ဂျူလီယန်ဟာ ဆန်နီ့အခန်းဖော်ဖြစ်တဲ့ ...
movie
Big Daddy (1999)
1999
4.6
My Fake Boyfriend (2022)
My Fake Boyfriend (2022)Pride Month ဖြစ်တဲ့အတွက် LGBT ကားလေး ထပ်ပြီးတင်ဆက်ပေးလိုက်ပါပြီဇာတ်ကားနာမည်အတိုင်းပဲ အန်ဒရူးတစ်ယောက် ကောင်လေးအတု တစ်နည်းပြောရရင် အယောင်ဆောင်ကောင်လေးထားတဲ့ ဇာတ်လမ်းလေးပါဇာတ်လမ်းက ဘယ်ကစလဲဆို အန်ဒရူးတစ်ယောက် သူ့ရဲ့ပထမဆုံးလိင်တူချစ်သူဖြစ်တဲ့ နီကိုသစ္စာဖောက်တာခံလိုက်ရာကနေ စတာပါသစ္စာဖောက်ခံရ၊ အလိမ်ခံရတာ တစ်ကြိမ်လည်းမဟုတ်၊ နှစ်ကြိမ်လည်းမဟုတ် အကြိမ်ပေါင်းများစွာခံရပေမဲ့ အန်ဒရူးတစ်ယောက် အမှတ်မရှိဘဲ နီကို့အပေါ်မပြတ်နိုင်တဲ့အခါ သူ့အခင်ဆုံးသူငယ်ချင်းကြီး ဂျိတ်တစ်ယောက် ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းကောင်လေးတစ်ယောက်ဖန်တီးပြီး နီကိုနဲ့ပြတ်အောင် ဉာဏ်ဆင်ပါတော့တယ်ဒီလိုနဲ့ တကယ်မရှိတဲ့ ခရစ္စတီယာနိုဆိုတဲ့ အွန်လိုင်းလူသားတစ်ယောက်က ဆိုရှယ်မီဒီယာတွေကတစ်ဆင့် ကမ္ဘာကျော်သွားပြီး အန်ဒရူးနဲ့ခရစ္စတီယာနိုအတွဲက ဟိုးလေးတကျော်ကျော်ဖြစ်လာတဲ့အခါ....တကယ်မရှိတဲ့ ဟန်ပြနာမည်တစ်ခုကို ကောင်လေးအဖြစ် လူသိရှင်ကြားတွဲနေရတဲ့ အန်ဒရူးတစ်ယောက် တကယ့်အချစ်စစ်နဲ့တွေ့တဲ့အခါ ဘယ်လိုဖြစ်မလဲလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဆိုပြီး အားလုံးကလေးစားချစ်ခင်နေကြပေမဲ့ အပြင်မှာတကယ်ရှိမနေတဲ့ ခရစ္စတီယာနိုရဲ့ နောက်ဆက်တွဲတွေကိုပါ ကြည့်ရှုလိုက်ကြပါဦးအညွှန်း နဲ့ ဘာသာပြန်ကတော့ MTA ပဲ ဖြစ်ပါတယ်။Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 710MB | 282MB Format… mp4 Duration…. ...
movie
My Fake Boyfriend (2022)
2022
6.5
The Curse of Turandot (2021)
ဒီဇာတ်ကားက ဒဏ္ဍာရီပုံပြင်တစ်ပုဒ်ကို အခြေခံပြီးရိုက်ကူးထားတာပါ။မင်းသမီး ထူလန်တော်ဟာ သူ့မွေးနေ့မှာ ခမည်းတော်ဘုရင်က ထူးဆန်းတဲ့လက်ကောက်သုံးခု အပါအဝင် လက်ဆောင်အများအပြားပေးလိုက်ပါတယ်.. ဒါပေမယ့် အဲဒီလက်ကောက်သုံးခုမှာပါဝင်တဲ့ မမြင်နိုင်တဲ့စွမ်းအားတွေကြောင့် မင်းသမီးဟာ အရောင်တွေကိုမခွဲခြားနိုင်တော့ဘဲ ထူးဆန်းတဲ့အပြုအမူတွေနဲ့ သီးသန့်ဆန်လာပါတော့တယ်။သူ၁၈ နှစ် မပြည့်ခင်မှာ ဒီလက်ကောက်သုံးခုရဲ့ ပဟေဠိသုံးခုကို မဖြေရှင်းနိုင်ရင် သူဟာနတ်ဆိုးဝင်စားသူအဖြစ် သတ်မှတ်ခံရပြီး သေဒဏ်ပေးခံရမှာပါ။ ဒါကြောင့် ဘုရင်ကြီးက သူ့သမီးအတွက် အဖြေရှာနိုင်တဲ့သူကို မင်းသမီးနဲ့လက်ထပ်ခွင့်ပေးမယ်လို့ တစ်နိုင်ငံလုံးကိုကြေငြာခဲ့တယ်။ဒီအချိန်မှာ မျက်လုံးအပြာရောင်ရှိတဲ့ မင်းသား ခါရာဖူဟာ မင်းသမီးထူလန်တော်ရဲ့ အလှအပမှာနှစ်မြောသွားတာကြောင့် မင်းသမီးလေးရဲ့အခက်အခဲတွေကို ဖြေရှင်းတိုက်ခိုက်ဖို့ စွန့်စားပါတော့တယ်။ဒဏ္ဍာရီပုံပြင်ကို အခြေခံရိုက်ကူးထားတာကြောင့် သဘာဝလွန်စွမ်းအားတွေနဲ့ Fantasy Romance အမျိုးအစားဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ File size…(1.8 GB) / (950 MB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Omi
movie
The Curse of Turandot (2021)