Channel Myanmar

Dwi Sasono

Perayaan Mati Rasa (2025) 7.1
Perayaan Mati Rasa (2025)  Perayaan Mati Rasa (2025)IMDb Rating (7.1) ဘဝရဲ့အချိူးအကွေ့တခုမှာ မိသားစုတခုရဲ့ အကြီးဆုံးသားဖြစ်သူက မိသားစုကိစ္စတွေကို ဖြေရှင်းသွားတာကို ပြထားတဲ့ကားလေးပါ။သူရဲ့ခံစားချက်တွေကို ပင်လယ်အနက် level တွေနဲ့ နှိုင်းပြထားပြီး သူ့အဖေအမှတ်မထင်ဆုံးပါးသွားတဲ့အခါ အကြီးတယောက်အနေနဲ့ အီရန်ဟာရော့ခ်စတားဖြစ်ချင်တာကတဖက် အငယ်ကိုရော အမေကိုရော ဂရုစိုက်ရတာက တဖက်ဖြစ်သွားပါတယ်။အင်ဒိုနီးရှားမိသားစုကားလေးလည်းဖြစ်ပြီး emotional လည်းအရမ်းဖြစ်ရတဲ့ကားပါ။ Honestly, This is such a beautiful movieပါ။ Plotရော actingပိုင်းရော ပြောစရာမလိုတဲ့ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phyu Thwe Zaw ဖြစ်ပါတယ်။)File size…(2 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Family,Music Duration….02:05:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Phyu Thwe Zaw
movie

Perayaan Mati Rasa (2025)

2025
Risky Business (2024) Modal Nekad 6.9
Risky Business (2024) Modal Nekad  Risky Business (2024)IMDb Rating (6.9) ညီအစ်ကိုသုံးယောက်ရှိတယ်။ အစ်ကိုကြီးက ကွာရှင်းခံထားရပြီး သမီးလေးကိုပါ အုပ်ထိန်းခွင့်မရတဲ့ ငွေမရှိတဲ့သူ။ အလတ်က လိမ်စားညာစား ငတေငပွေ။အငယ်ဆုံးက ကျောင်းပြီးဖို ရရာအလုပ်လုပ်ရင်း ကြပ်တည်းနေတဲ့လူ။ ဒုက္ခညီအစ်ကို၃ယောက်ပေါ့။ငွေမရှိကြသလို ငွေကလည်း အရေးတကြီးလိုနေကြတဲ့သူတွေဖြစ်နေတော့ သူတိုတွေ သူဌေးအိမ်က တီဗီတစ်လုံးခိုးဖိုသွားကြတယ်။အဲဒီတီဗီဈေးကလည်း သန်းနဲ့ချီနေတော့ ငပွေအလတ်ရဲ့ အစီအစဉ်ထဲ ခက်ခဲနေတဲ့ ကျန်တဲ့ညီအစ်ကိုနှစ်ယောက်ပါလာခဲ့တယ်။ဒါပေမဲ့ သူတိုသွားခိုးတာက ဂန်းစတားကြီးအိမ်ဖြစ်နေတဲ့နောက် ဘာတွေဆက်ဖြစ်လာမလဲ ဟာသတစ်ပုံပင်နဲ့ ကြည့်ရမယ့် အင်ဒိုနီးရှားရုပ်ရှင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Crime,Drama Duration….01:48:05 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

Risky Business (2024) Modal Nekad

2024
Father & Son (2023) 6.1
Father & Son (2023) Father & Son (2023)===============အကြောဆွဲပြီး အိပ်ရာပေါ်လဲနေတဲ့ အဖေကိုပြုစုရလို့ 12တန်းကျောင်းသားလေးအီမန်က အမြဲတမ်းကျောင်းမှာနောက်ကျပြီး မြောက်ကြွကြွကျောင်းသားတွေရဲ့ အနိုင်ကျင့်တာကို နေ့တိုင်းခံနေရလေ့ရှိတယ်။ဒါပေမဲ့ တစ်နေ့မှာတော့ အီမန့်အဖေဆုံးသွားပြီး အီမန် အတန်းထဲမှာ သူ့အဖေဆုံးတဲ့စိတ်ကြောင့် စိတ်တိုရာကနေ ဆရာ့ကိုထိုးမိသွားလို့ ကျောင်းနှစ်ပတ် ရပ်နားခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ သူ့အဖေရဲ့ဝိဉာဥ်က အီမန့်ဆီကိုရောက်လာပြီး သူ့သားကို ကောင်မလေးရဖို့၊ ကျောင်းက အနိုင်ကျင့်သမားတွေကို ပြန်တိုက်ဖို့နဲ့ ဘဝမှာ ကိုယ့်ကိုယ်ကိုယ် နောင်တမရှိအောင်ရှင်သန်ဖို့ ဘယ်လိုတွေလမ်းညွှန်သွားမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာ စိတ်ဝင်စားစွာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Thwal Htoo Zin ပါ )File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:18:00 Genre_Drama, Fantasy Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Thwal Htoo Zin
movie

Father & Son (2023)

Andragogy (2023) 8.2
Andragogy (2023) Andragogy (2023)မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ...
movie

Andragogy (2023)

2023
Jin & Jun (2023) 5.2
Jin & Jun (2023) Jin & Jun (IMDb 5/10)ဂျွန်နိုင်ဒီဆိုတဲ့ကောင်လေးဟာ သူလက်ရှိတက်နေတဲ့ ကျောင်းမှာ ထောက်ပံ့ကြေးနဲ့ တက်နေရတဲ့ ကျောင်းသားလေးတစ်ယောက်ပေါ့... ဘဝနာတဲ့သူတွေက ပိုကြိုးစားလေ့ရှိတယ်ဆိုသလိုပဲ ဂျွန်ဟာလည်း ကျောင်းမှာ စာကို အများသူငှာထက် သာအောင်တော့ လုပ်တဲ့ သူတစ်ယောက်ပါ... ဒါကြောင့်လည်း ကျောင်းက လူချမ်းသာတွေရဲ့ သားသမီးတွေနဲ့ စုဖွဲ့ထားတဲ့ ဘူလီဂိုဏ်းတွေက သူ့ဆီကနေ အမှတ်ကောင်းတွေ ရဖို့ အနိုင်ကျင့်လေ့ရှိပါတယ်... စာတင်မဟုတ်ဘဲ ဂျွန် သဘောကျနေရတဲ့ ဆာရာကိုပါ ဂျွန် မရအောင် လိုက်ကာဆီးနေတဲ့ ဖာရာအိုတို့ အဖွဲ့လည်း ရှိပါသေးတယ်... တစ်နေ့မှာ ဂျွန်ဟာ အခွင့်ကြုံခိုက်မှာ ဆာရာကို စကားသွားပြောပါတော့တယ်... ဒါကို မြင်သွားတဲ့ ဖာရာအိုတို့က ဂျွန်ကို ဆာရာထွက်သွားချိန်မှာ ဝိုင်းဖွဲ့အနိုင်ကျင့်ပါတော့တယ်... အဲ့နောက်မှာ ဂျွန်လည်း သူငယ်ချင်းတွေ အကူအညီနဲ့ ထွက်ပြေးလို့ လွတ်လာပေမယ့် ဖာရာအိုတို့က ဝိုင်းပိတ်ဖမ်းတာကြောင့် သရဲခြောက်တယ်လို့ လူသိများတဲ့ ခြံနားမှာ မိသွားကြပါတယ်... ဒီလိုနဲ့ ဖာရာအိုတို့က ဂျွန်ကို ပညာပေးတဲ့အနေနဲ့ သရဲအိမ်ကြီးထဲမှာ ကြိုးတုပ်ထားခဲ့ပါတော့တယ်... ဂျွန် ...
movie

Jin & Jun (2023)

2023
Anoksia (2023) 6.7
Anoksia (2023) Anoksia (2023)ပန်းနာရင်ကြပ်ရောဂါအခံရှိတဲ့ ဆရာရေးဆရာမ အာဂျန်းဟာ ကလောင်ပညာရှင်ပီပီ တိတ်ဆိတ်ငြိမ်းအေးရာ အရပ်မှာသာ နေထိုင်ရင်း ဝတ္ထုတွေကို ရေးသားလိုသူတစ်ယောက်ပါ...ဒါကြောင့်လည်း မြို့နဲ့ အလှမ်းဝေးပြီး ခေါင်လွန်းတဲ့အရပ်မှာ အိမ်တစ်လုံး ဝယ်ယူနေထိုင်ခဲ့ပါတယ်... သူ မသိတာကတော့ ဒီအိမ်ကြောင့် သူတို့ လင်မယား ဒုက္ခရောက်ကြရလိမ့်မယ်ဆိုတာပါပဲ... မိုးသည်းတဲ့ တစ်ညနေမှာ ကက်ကရာဟာ အိမ်ကို အသည်းအသန်ပြန်ပြေးလာရပါတော့တယ်... ဇနီးသည်ကလည်း ‌ရင်ကြပ်ရောဂါဖောက်... ဆေးဝယ်ဖို့ရာကလည်း ဝေးလွန်းတာမို့ ဆေးခန်းကိုသာ တစ်ခါတည်းထွက်ဖို့ ရွေးချယ်လိုက်ပါတော့တယ်... ဒီလိုနဲ့ လာရင်းလမ်းမှာပဲ မြေစာပုံက သူတို့ကားပေါ် ပြိုကျလာပါတော့တယ်... ရင်ကြပ်ရောဂါသည်တွေအတွက် အခုလို အရေးပေါ်အခြေအနေတွေ၊ မွန်းကြပ်ပိတ်လှောင်နေတဲ့ အခြေအနေမျိုးတွေဟာ ရောဂါကို ပိုဆိုးစေတတ်တာမို့ အာဂျန်းတစ်ယောက် ဒီအခြေအနေဆိုးကို အသက်ရှင်လျက် ကျော်လွှားနိုင်လိမ့်မလား... ပိတ်မိသွားကာမှ ဘယ်လိုအကျပ်အတည်း ဘယ်လို စိတ်ရှုပ်စရာတွေနဲ့ ရင်ဆိုင်ကြရမလဲ... သူတို့လင်မယားနှစ်ယောက် ‌လွှတ်မြောက်နိုင်ပါ့မလား ဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Crime, Drama, Mystery Quality…. 1080p | ...
movie

Anoksia (2023)

2022
Losmen Melati (2023) 5.7
Losmen Melati (2023) Losmen Melati (Motel Melati) (2023)လာတည်းတဲ့သူတွေအားလုံး အသက်ရှင်ရက်ပြန်မသွားနိုင်ကြတဲ့ Motel Melati ဆိုတဲ လျှို့ဝှက်မှုတွေပြည့်နေတဲ့ မိုတယ်တစ်ခုရှိပါတယ်။အဲဒီမိုတယ်မှာတော့ မိုတယ်ပိုင်ရှင်ရယ် ဝန်ထမ်းတစ်ယောက်ရယ် နှစ်ယောက်တည်း ရှိပြီးတော့ လာတည်းတဲ့သူတွေကို မိုတယ်ပိုင်ရှင်က လက်ဖက်ရည်နဲ့ ဧည့်ခံပြီးမှ အခန်းထဲဝင်ကြရတဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လမ်းထဲမှာတော့ မိခင်နာရေးကအပြန် မိုတယ်မှာဝင်တည်းတဲ့ မိသားစုတစ်စုရယ်၊ မိုတယ်မှာ လာချိန်းတွေ့တဲ့ စုံတွဲတစ်တွဲရယ်၊ မိုတယ်ကို ဓားပြတိုက်ဖို့လာတဲ့ လူဆိုးနှစ်ယောက်ရယ် ချောက်ခြားစရာမိုတယ်ကြီးမှာ ဘာတွေဆက်ဖြစ်ကြမလဲ၊ လာတည်းတဲ့သူတွေရဲ့ စိတ်ကိုလှည့်စားပြီး ဝိညာဉ်နှုတ်ယူတတ်တဲ့ ဒီမိုတယ်ရဲ့နောက်ကွယ်မှာ ဘာဇာတ်လမ်းတွေရှိနေမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါ။IMDb 6.6 ရထားတဲ့ အင်ဒိုနီးရှား Horror, Thriller, Mystery အမျိုးအစား ဇာတ်လမ်းဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre.....Horror. Mystery, Thriller Quality…. 1080p | 720p File size…950MB | 518MB Format… mp4 Duration….1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ...
movie

Losmen Melati (2023)

2023
High School Serenade / Gita Cinta Dari SMA (2023) 8.3
High School Serenade / Gita Cinta Dari SMA (2023) High School Serenade / Gita Cinta Dari SMA (2023)ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။Genre..... Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar ...
movie

High School Serenade / Gita Cinta Dari SMA (2023)

2023
Two Blue Stripes (2019) 7.8
Two Blue Stripes (2019)  Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက်နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုးဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ်ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရောမိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေးတစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်းတော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီးကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေးနှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့်စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန်မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာလူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကိုနှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ကောင်လေးဖက်က ဆင်းရဲတယ် ...
movie

Two Blue Stripes (2019)

Stealing Raden Saleh (2022) 7.5
Stealing Raden Saleh (2022) Stealing Raden Saleh (2022)(1080p ရပါပြီ)ဇာတ်လမ်းအစမှာတော့ နိုင်ငံကျော်ပန်းချီဆရာတွေရဲ့ ပန်းချီကားတွေကိုပုံတူပွားဆွဲတဲ့ပီကိုနဲ့ စထားပါတယ်။ လေလံပွဲမှာ ပီကိုဆွဲထားတဲ့ ကောပီအပွားက သန်းကိုးရာနဲ့ရောင်းထွက်သွားခဲ့ပါတယ်။ပီကို့ရဲ့အဖေကလည်း လုရက်မှု တစ်ခုနဲ့ထောင်ကျနေခဲ့ပြီး အဖေကို ထောင်မကျအောင် အမှုကို ပြန်လည်စစ်ဆေးပေးဖို့အတွက် ၂ ဘီလီယံလိုလာခဲ့ပါတော့တယ်။ အဲ့ဒါနဲ့ သူငယ်ချင်း အူးကျွတ်နဲ့ တိုင်ပင်ရင်း ဇာတ်ကားနာမည်ထဲက ပန်းချီ အကျော်အမော် ရာဒင် ဆာလက်ရဲ့ ပန်းချီကား တစ်ခုကို ပုံတူကူးဆွဲပြီး ရောင်းဖို့ အကြောင်းဖန်လာပါတော့တယ်။ပီကိုကရော ပန်းချီအကျော်အမော် ရာဒင်ဆာလက်ရဲ့ ပန်းချီကားကို ပုံတူဆွဲပြီး အောင်အောင်မြင်မြင်နဲ့ရောင်းချနိုင်ပါ့မလား? သူ့အဖေကိုကော အယူခံဝင်နိုင်အောင် လုပ်ပေးနိုင်ပါ့မလား? ဆိုတာ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုကြပါခင်ဗျာ။စကားချပ်အနေနဲ့ကော့ အင်ဒိုနီးရှားဆိုတာ ကျွန်တော်တို့ရဲ့ ဒေသတွင်းအိမ်နီးချင်းနိုင်ငံဖြစ်ပေမဲ့ ရုပ်ရှင်အရည်အသွေးပိုင်းမှာတော့ အများကြီးတိုးတတ်လာပါတယ်။ အဲ့ဒီအပြင် IMDB မှာ rating 7.5 ရရှိထားပြီး အစကနေအဆုံးထိ ရိုးအီမသွားအောင်ဆွဲဆောင်နိုင်တဲ့ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှု့ခံစားလိုက်ကြပါဦး။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Stealing Raden Saleh (2022)

2022