Channel Myanmar

Dwayne Johnson

Journey 2: The Mysterious Island (2012) 5.8
Journey 2: The Mysterious Island (2012) Journey 2: The Mysterious Island (2012)Journey to the Center of the Earth(2008) ကမ္ဘာ့အလယ်ဗဟိုသို့ခရီးတစ်ခေါက်ဇာတ်ကားရဲ့ အဆက်အနေနဲ့အသစ်ထပ်မံထွက်ရှိထားတဲ့ ထူးဆန်းကျွန်းသို့ခရီးတစ်ခေါက်ဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်...မင်းသားကြီးThe Rockဟာသူ့ဇနီးရဲ့သားဖြစ်သူနဲ့အတူထူးဆန်းတဲ့ကျွန်းရှိအဖိုးဖြစ်သူကိုရှာပုံတော်ဖွင့်ဖို့ရန်အတွက်အကြောင်းဖန်လာခဲ့ပါတယ်...သူတို့သားအဖနှစ်ယောက်ရယ်လမ်းပြသားအဖနှစ်ယောက်ရယ်နဲ့အတူဘာမြူဒါလို့ခေါ်တဲ့ကမ္ဘာ့ဆွဲငင်အားအများဆုံးနေရာသို့ရောက်တဲ့အခါမှာမုန်တိုင်းတစ်ခုရဲ့အတွင်းသို့ဆွဲခေါ်ခြင်းခံခဲ့ရပါတယ်...အဲ့လိုနဲ့သူတို့အဖွဲ့ဟာအမှန်တကယ်မရှိဘူးလို့ထင်ထားခဲ့တဲ့ထူးဆန်းကျွန်းပေါ်ရောက်ရှိသွားတဲ့အခါမှာတော့...သူတို့သားအဖနှစ်ယောက်ကိုလာရှာဖို့အချက်ပြခဲ့တဲ့သူတို့ရဲ့အဖိုးဖြစ်သူနဲ့ရောဆုံတွေ့မှာလား...နောက်ပြီးဘယ်လိုအရာတွေကိုရင်ဆိုင်ဖြေရှင်းရမလဲ...ထူးဆန်းကျွန်းပေါ်မှာရောဘယ်လိုမျိုးစိတ်ဝင်စားဖွယ်အရာတွေဖြစ်တည်နေမလဲဆိုတာကိုတော့...။ File size…(6.4 GB)/ (3.1 GB )/(1.7 GB) Quality…BluRay 4K HEVC/1080p HEVC / 720p Format…mkv/mp4 Duration….01:34:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

Journey 2: The Mysterious Island (2012)

2012
4K HEVC
Moana 2 (2024) 7.0
Moana 2 (2024)   Moana 2 (2024)IMDb Rating (7.0) / Rotten Tomatoes (61%) မိုအာနာ ဒုတိယရုပ်ရှင်ကို ကြည်တောက်ရှင်း 4K နဲ့ပါ တင်ထားပေးပါတယ်။ 4K ကိုတော့ CM App မှာ ကြည့်ပါ။Auli’i Cravalho က မိုအာနာအဖြစ် နဲ့ Dwayne "The Rock" Johnson ကပဲ မာဝီအဖြစ် ပြန်ပါဝင်ထားပါတယ်။မိုအာနာအရင်ကားရဲ့ ထူးခြားချက်အတိုင်းပဲ သီချင်းလှလှတွေ စွန့်စားခန်းကောင်းကောင်းတွေနဲ့ ခံစားရမှာပါပဲ။ ဇာတ်လမ်းအကျဉ်းမိုအာနာတစ်ယောက် ကြီးပြင်းလာချိန်မှာ ဘိုးဘေးတွေရဲ့ ဆင့်ခေါ်မှုကြောင့် ပင်လယ်ပြင်ကြီးထဲကို စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတယ်။ဒါကတော့ ကျွန်းအားလုံးအတွက် အန္တရာယ်ဖြစ်လာစေနိုင်တဲ့ နတ်ဘုရားတစ်ပါးရဲ့ ကျိန်စာကို မရောက်ဖူးတဲ့ ပင်လယ်ပြင်အဆုံးစွန်ထိသွားပြီး ချေဖျက်ရမှာဖြစ်ပါတယ်။ဒီတစ်ခါစွန့်စားခန်းကတော့ အရင်ထက် ပိုခက်ခဲနေသလို အနည်းငယ် ရင့်ကျက်လာတဲ့ ခေါင်းဆောင်ဖြစ်လာတဲ့ ...
movie

Moana 2 (2024)

2024
4K HEVC
Get Smart (2008) 6.5
Get Smart (2008) Get Smart(2008) ***************IMDb.......6.5ဒီကားကို မကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်...ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံး ရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TV ရှေ့ကို ခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်တည်းဆိုလည်း ၂ယောက်လုံး ကြည့်ဖြစ်အောင်ကြည့် တစ်ယောက်တည်း ကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့်ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ ပြောသွားတယ်......ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ...Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေး ဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့ Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကို လွှတ်လိုက်တယ်.....ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ ကြည့်ရဆိုးမယ်လို့ပေါ့ .. ...
movie

Get Smart (2008)

Hercules (2014) 6.0
Hercules (2014) Hercules (2014)IMDb Rating (6.0)ဒီကားကတော့ The Rock (Dwayne Johnson) နဲ့လိုက်ဖက်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို၊ Hercules ရဲ့ ဇာတ်လမ်းကို မထင်မှတ်ထားတဲ့ ရှုထောင့်ကနေတင်ဆက် ပေးထားတာဖြစ်ပါတယ်။ရှေးပုံပြင်တွေမှာ Hercules က Demi-God ဖြစ်ပြီး Zeus ရဲ့ သားဖြစ်တယ်လို့အာလုံး က လက်ခံထားကြသလို၊ Hercules ကာတွန်းကားကလည်း ဒီအတိုင်းပဲ သရုပ်ဖော်ထားခဲ့ပါတယ်။ ဒီကားကတော့ Hercules ရဲ့ ဂုဏ်သတင်း နဲ့ အားလုံးသိထားတဲ့ ပုံပြင်တွေ၊ စွန့်စားခန်းတွေ က တကယ်တော့ လူတွေ လုပ်ကြံပြောဆိုတာပါဆိုပြီး ရိုက်ကူးခဲ့ပါတယ်။ဇာတ်လမ်းမှာ Hercules ရဲ့ တူဖြစ်သူက ခရီးလှည့်လည်သွားလာရင်းနဲ့ ရောက်လေရာမှာ သူ့ဦးလေးရဲ့ အကြောင်းကို လူတွေ အထင်ကြီး လေးစားလာအောင် ရန်သူတွေ ကြောက်ရွံ့ အောင် ပြောဆိုလေ့ရှိပါတယ်။ Hercules က ခေါင်းသုံးနဲ့ နဂါးကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ၊ တောဝက်ကြီးကို ဘယ်လို နှိမ်နင်းခဲ့တာ၊ ခြေင်္သေ့ကြီးကို ဘယ်လို ရင်ဆိုင်ခဲ့တာ စသဖြင့် ...
movie

Hercules (2014)

2014
4K HEVC
Red One (2024) 6.8
Red One (2024)   Red One (2024)IMDb Rating (6.8) ပါဝင်တဲ့ Cast တွေနဲ့တင် သေချာပေါက်ကြည့်ရမယ့်  Red One ခရစ်စမတ်ရုပ်ရှင်ကားသစ်ကြီး ထွက်လာပါပြီ။မင်းသား Dwayne The Rock Johnson, Chris Evan, J.K Simmons Riverdale , Sabrina  စီးရီးထဲက မင်းသမီး Kiernan Shipka နာမည်ကြီးတွေအဓိက ပါဝင်ထားပါတယ်။ခရစ်စမတ်ရိုးရာ..ဆန်တာကလော့စ်တွေကို အယုံကြည်မရှိဘဲ ကြီးပြင်းလာခဲ့တဲ့ ဂျက်ဟာ ကြီးလာတော့ ဟက်ခ်ကာလောကမှာ အက်ဘီအိုင်ကပါ ကမ်းလှမ်းရတဲ့အထိဆရာတစ်ဆူဖြစ်လာပေမယ့် သူကတော့ အလွတ်တန်းပဲ သီးသန့်သာလှုပ်ရှားပါတယ်။တစ်နေ့တော့ သူ့ကို မြောက်ဝင်ရိုးစွန်းက နေရာတစ်ခုကို  နိုင်ငံတကာငလျင်စောင့်ကြည့်ရေးစင်တာကနေ လူတစ်စုကဟက်ခ်ခိုင်းပြီး ငွေပေးသွားပါတယ်။သူဟက်ခ်လိုက်တဲ့နေရာက ဆန်တာကလော့စ်တို့ရှိရာ လျှို့ဝှက်ထားတဲ့ အာတိတ်ဒေသဖြစ်နေပြီး ဆန်တာကလော့စ်လည်း မသမာသူတွေ ပြန်ပေးဆွဲတာခံလိုက်ရပါတယ်။ဒါပေမယ့် ခရစ်စမတ်အမှီ ဆန်တာရဲ့ကလော့စ်ရဲ့ နတ်သူငယ်စစ်သည်တော် The ...
movie

Red One (2024)

2024
4K HEVC
Moana (2016) 7.6
Moana (2016) Moana (2016)IMDb Rating (7.6) / Rotten Tomatoes (95 %)Disney ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ ၅၆ ခု မြောက် Animation ဇာတ်ကား အဖြစ်ထွက်ရှိခဲ့ပြီး အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ကာတွန်းကားလေးဖြစ်ပါတယ်။ဇာတ်လမ်းကတော့... တီဖီတီဟာ ကျွန်းကို စောင့်ရှောက်တဲ့ နတ်သမီးတစ်ပါးဖြစ်ပြီး ကျွန်းတွေ၊ အသက်ဝိညာဉ်တွေစတဲ့ အရာအားလုံးကို ဖန်ဆင်းထားသူဖြစ်ပါတယ်။ တီဖီတီရဲ့ နှလုံးသားဟာ ကျောက်စိမ်းတုံးလေးတစ်ခုအနေနဲ့ရှိပြီး အသက် ဝိညာဉ်တွေ ဖန်ဆင်းရာမှာ အသုံးပြုနိုင်ပါတယ်။ အဲဒါကို လူသား နတ်ဘုရားဖြစ်တဲ့ မာဝီ က သူ့ရဲ့ စွမ်းအားတွေ၊ ဝိညာဉ်တွေ မြှင့်တင်ဖို့နဲ့ မှော်ငါးမျှားချိတ်ကြီး ဖန်တီးဖို့အသုံးပြုခဲ့ပြီး မီးတောင် ချော်ရည်မိစ္ဆာကောင်ကြီး တီခါနဲ့ ကြုံရပြီးတဲ့နောက် တီဖီတီရဲ့ နှလုံးသားရော၊ မှော်ငါးမျှားချိတ်ကြီးရော သမုဒ္ဒရာထဲမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ဒီအဖြစ်အပျက်တွေက ထောင်စုနှစ်တစ်ခုကြာခဲ့ပြီဖြစ်ပြီး လက်ရှိကာလမှာတော့ တီဖီတီ ဖန်ဆင်းထားတဲ့ မိုတန်နူဝီ ကျွန်းသူကြီး တွီရဲ့ အမေ တာလာဟာ သူ့မြေး မိုအာနာ အပါအဝင် ကျွန်းပေါ်က ကလေးတွေကို ကျွန်းနဲ့ပတ်သက်တဲ့ ဒဏ္ဍာရီတွေ ဒီအကြောင်းတွေကို ပုံပြင်အဖြစ်ပြောပြလေ့ရှိပါတယ်။ တီဖီတီရဲ့ နှလုံးသားဖြစ်တဲ့ ကျောက်စိမ်းတုံးလေး ...
movie

Moana (2016)

2016
4K HEVC
Red Notice (2021) 6.3
Red Notice (2021) Red Notice (2021)IMDb Rating (6.3)Dwayne Johnson , Ryan Reynolds , Gal Gadot တို့ ပါဝင်ထားတဲ့ Action,Comedy,Thriller အမိုက်စားရုပ်ရှင်ဇာတ်ကားပါ။Red Notice ဆိုတဲ့အဓိပ္ပါယ်ကတော့ အင်တာပိုလ်(နိုင်ငံတကာရဲတပ်ဖွဲ့)ကနေ ကမ္ဘာ့အလိုရှိဆုံး ဝရမ်းအဆင့်အနေနဲ့ ထုတ်ပြန်ရတဲ့ ရာဇဝတ်ကောင်ပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာတော့ သူခိုးနှစ်ယောက်ပေါ့။ သူတို့ ခိုးချင်တာကတော့ ကလီယိုပက်ထရာရဲ့ ဥပါပဲ။ ဟုတ်ပါတယ် အီဂျစ်ဘုရင်မ ကလီယိုပက်ထရာ ပိုင်ဆိုင်ခဲ့တဲ့ ရတနာဥ သုံးလုံးကို အပြိုင်အဆိုင်ခိုးယူကြမှာပါ။ တစ်လုံးက ပြတိုက်မှာရှိတယ်၊ တစ်လုံးက အရမ်းအန္တရာယ်ကြီးတဲ့လူတစ်ယောက်လက်ထဲမှာ ရှိပြီး၊ နောက်ဆုံးတစ်လုံးကတော့ ဘယ်မှာရှိလဲဆိုတာ ဘယ်သူမှ မသိကြပါဘူး။ အဲဒီရတနာဥသုံးလုံးကို ရရင် ဒေါ်လာ သန်း ၃၀၀ ပေးမယ့် ဘီလီယံနာကြီးတစ်ယောက်က အသင့်စောင့်ကြိုနေပါပြီ။ဒီတော့ ဥတွေကို deadpool နဲ့ wonder woman တို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဉာဏ်များပြီးလုကြမလဲ။ စုံထောက်ကြီး the rock ကရော ဘယ်လိုလိုက်ဖမ်းမလဲဆိုတာကို ကြည့်လိုက်ရအောင်။ File Size ...
movie

Red Notice (2021)

4K HEVC
San Andreas (2015) 6.1
San Andreas (2015) Genre - Action,Adventure,Thriller IMDb - 6.1/10ကဲနည်းနည်းလေးဟောင်းနေပေမယ့် ကျွန်တော်တို့ရဲ့အချစ်တော် Legendary ကတုံး ပါဝင်သရုပ်ဆောင်ထားတဲ့ San Andreas ဆိုတဲ့ကားကောင်းလေးကိုမိတ်ဆက်ပေးပါရစေ။ သဘာဝဘေးဇာတ်ကားကောင်းကောင်းကိုကြိုက်သူများအဖို့လည်းကြည့်သင့်တဲ့ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ဇာတ်ညွှန်းရေး ဟာ နာမည်ကောင်းရနေတဲ့ အယ်လ်အေမီးသတ်ဌာန ကယ်ဆယ်ရေးနဲ့ရှာဖွေရေး အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ အလုပ်ဘက်မှာ တော်နေပေမယ့် တစ်ဖက်မှာ တော့မိသားစုနဲ့ကြအဆင်ပြေဖြစ်နေပါတယ်။ မိန်းမနဲ့ကွာရှင်းထားပြီး သမီးလေးကလည်း မကြာခင်ပထွေးဖြစ်တော့မဲ့သူနဲ့အတူတူနေပါတယ်။ သိပ်မကြာခင်မှာ မိန်းမရော သမီးရောက ပထွေးဖြစ်သူ ဒန်နီယယ် နဲ့လိုက်သွားတော့မှာဖြစ်ပါတယ်။တဖက်မှာလည်း ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြောင့်ငလျင်အကြီးကြီးတွေလှုပ်ဖို့ကရှိနေပါတယ်။ တာဝန်ဝတ္တရားနဲ့ မိသားစုအရေးယှဉ်လာတဲ့အခါမှာ သမီးလေးရဲ့ဘော်လီဘောပွဲကိုတောင်လိုက်မပို့နိုင်ခဲ့ပါဘူး။ ဆန်အန်ဒရေ့စ်ပြတ်ရွေ့ကြောင်းကြီးက ဆန်ဖရန်စစ္စကိုမှာ အဆုံးသတ်တာဖြစ်ပါတယ်။ ခက်တာက ရေး ရဲ့သမီးလေး ဘလိတ်ဟာ ဆန်ဖရန်စစ္စကိုကိုရောက်နေပါတော့တယ်။တကယ်တမ်းငလျင်လှုပ်တော့ ဆန်ဖရန်စစ္စကိုမှာ ဘလိတ်ဟာပိတ်မိနေပါတော့တယ်။ ကျွန်တော်တို့ရဲ့ ဟီးရိုးကြီး တစ်ယောက်ဘယ်လိုများသွားကယ်မှာလဲ...ဒီကားရဲ့ထူးခြားချက်ကတော့ မကြာသေးခင်ကမှ ယောက်ျားယူပြီး အမျိုးသားထုအသည်းကိုခွဲသွားတဲ့ Alexandra Daddario(ဘလိတ်) ရဲ့ အနုအရွအလှအပ ကိုတစ်ဝကြီးခံစားရမှာဖြစ်ပါတယ်။ရေး အဖြစ်မင်းသား Dwayne Johnson မှသရုပ်ဆောင်ထားပါတယ်။File size…    7GB / 1.5 GB /  813 MB Quality… BluRay 4k ...
movie

San Andreas (2015)

4K HEVC
Arnold & Sly: Rivals, Friends, Icons (2024) 7.3
Arnold & Sly: Rivals, Friends, Icons (2024) Arnold & Sly: Rivals, Friends, Icons (2024) ================================ IMDb Rating - 7.3/10အာနိုးနဲ့ စတားလုံးဆိုရင် မြန်မာနိုင်ငံမှာ မသိတဲ့သူ မရှိလောက်တဲ့အထိ နာမည်ကြီးခဲ့တဲ့ အက်ရှင်မင်းသားကြီး နှစ်လက်ပါ။ ကျွန်တော်တို့ငယ် ဘဝကို သူတို့ရဲ့ အက်ရှင်ကားတွေကလွှမ်းမိုးခဲ့တာပေါ့။ စတားလုံးဆို ရင်လည်း Rocky, Rambo အစရှိသဖြင့် နာမည်ကြီးကားတွေ၊ အာနိုး ဆိုရင်လည်း The Terminator, The Predator အစရှိတဲ့ ရုပ်ရှင်တွေ နဲ့ နာမည်ကြီးပါတယ်။ယခုတီဗွီရှိုးဟာဆိုရင် အာနိုးနဲ့ စတားလုံးတို့ကြား ပြိုင်ဆိုင်မှုတွေ၊ ခင်မင် မှုတွေ၊ နာမည်ကြီးဖြစ်လာပုံတွေ သူတို့နှစ်ယောက်ကို စတူဒီယိုမှာ အင် တာခေါ်ဗျူးရင်း စကားပြောထားကြတာပါ။ သူတို့နှစ်ယောက်ဟာ ခေတ် ပြိုင်မှာ ပေါ်ပေါက်ခဲ့တဲ့ အက်ရှင်မင်းသားကြီးတွေ ဖြစ်တာနဲ့အညီ သူတို့ ကြားမှာ ပြိုင်ဆိုင်မှု၊ ချောက်တွန်းမှုတွေ၊ အကောက်ကြံမှုတွေ ဖြစ်ခဲ့ကြ ပါတယ်။ ဒါပေမယ့် အဆုံးမှာတော့ သူတို့နှစ်ယောက်က အရမ်းကို ညီအစ် ကိုလိုရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ သူတို့တွေ တစ်ယောက် နဲ့ ...
movie

Arnold & Sly: Rivals, Friends, Icons (2024)

2024
Once Upon a Studio (2023)
Once Upon a Studio (2023)  ကျွန်တော်တို့ရဲ့ ငယ်ဘဝကို တစ်ဖက်တစ်လှမ်းကနေ ပြည့်စုံအောင် ဖန်တီးပေးခဲ့တဲ့ Disney Studioက နှစ် ၁၀၀ ပြည့်မြောက်ခဲ့ပါပြီ။ Disneyက သူတို့ရဲ့ နှစ်၁၀၀ပြည့် အထိမ်းမှတ်အတွက် အောက်တိုဘာ ၁၆ရက်နေ့က Disney+ နဲ့ Hulu မှာ ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုအတိုလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ဗီဒီယိုမှာ Disney ရဲ့ Charactersတွေ အကုန်လုံးကို တစ်စုတစ်စည်းတည်း မြင်တွေ့ရမှာပါ။ Disney ကို ကြည့်ဖူးတဲ့လူတိုင်းအတွက် ယခုဗီဒီယိုအတိုလေးက သင့်ရဲ့ တစ်နေ့တာကို ပြည့်စုံစေမှာပါ။အညွှန်းနဲ့ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။ File size…(159 MB)/(89 MB) Quality….Webrip 1080p / 720p Format…mp4 Duration….00:09:00 Genre...Family, Animation, Fantasy, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi ...
movie

Once Upon a Studio (2023)

The Scorpion King (2002) 5.5
The Scorpion King (2002) The Scorpion King(ကင်းမြီးကောက်ဘုရင်ကြီး) ဇာတ်ကားဟာ Dwayne Johnson(The Rock) အဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ပထမဦးဆုံးဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမတိုင်ခင်က The Rock ကြီးဟာ The Mummy Returns ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။တကယ်တော့ ကင်းမြီးကောက်ဘုရင်ကြီးဇာတ်ရုပ်ဟာ The Mummy Returns ထဲမှ ဇာတ်ရုပ်ကို ခွဲထုတ်ရိုက်ကူးထားခြင်းလည်းဖြစ်ပါတယ်။The Mummy Returns ဇာတ်ကားထဲမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးဟာ တိုက်ပွဲများစွာကို အောင်နိုင်ခဲ့တဲ့ စစ်ဘုရင်ကြီးဖြစ်ပါတယ်။စစ်ဘုရင်တို့ထုံးစံအတိုင်း နောက်ဆုံးမှာတော့ တိုက်ပွဲတစ်ခုမှာစစ်ရှုံးခဲ့ပြီး လက်ကျန်စစ်သည်အနည်းငယ်နဲ့အတူ အာမ်ရှိုင်းယားသဲကန္တာရကြီးကိုဖြတ်သန်း ပြန်လာခဲ့ကြပါတယ်။အာမ်ရှိုင်းယားသဲကန္တာရအလယ်မှာ အစာပြတ်ရေငတ် ဖြစ်ပြီး နောက်ဆုံးမှာတော့ ကင်းမြီးကောက်ဘုရင်ကြီး တစ်ဦးသာ ကျန်ခဲ့ပါတော့တယ်။ကင်းမြီးကောက်ဘုရင်ကြီးသေဆုံးခါနီးမှာ အမှောင်နတ်ဘုရား အနူးဘစ်နဲ့ အပေးအယူလုပ်ပြီး အသက်ရှင်သန်ခွင့်ရခဲ့ရုံသာမက အနူးဘစ်ရဲ့ စစ်တပ်ကြီးကိုဦးဆောင်ကာ ပိုလို့ရက်စက်ကြမ်းကြုတ်တဲ့ စစ်ဘုရင်ကြီးဖြစ်လာခဲ့ပါတယ်။The Scorpion King ဇာတ်ကားမှာတော့ ကင်းမြီးကောက်ဘုရင်ကြီးရဲ့ ငယ်ရွယ်နုပျိုစဉ်အချိန်ကာလကို ရိုက်ကူးထားတာပါ။ မားသရပ်စ် အမည်နဲ့ လူငယ်လေးဘဝမှ ...
movie

The Scorpion King (2002)

2002
The Mummy Returns (2001) 6.3
The Mummy Returns (2001) IMDb (6.3/10)..Rotten Tomatoes (47%)1999 ကထွက်ခဲ့တဲ့ The Mummy ဇာတ်ကားရဲ့အဆက်အနေနဲ့ရိုက်ကူးထားသလို ရှေ့ဇာတ်ကားက မင်းသားမင်းသမီးတွေပဲ ဆက်လက်ပါဝင်ခဲ့ပြီး ကင်းမြီးကောက်ဘုရင်ကြီး Mathayus အဖြစ် The Rock မှအင်အားဖြည့်ပါဝင်ထားပါတယ်။Action, Adventure, Fantasy အမျိုးအစားဇာတ်ကားတွေထဲမှာတော့ Mummy ဇာတ်ကားတွေက ဖျော်ဖြေမှုအပေးနိုင်ဆုံးပါပဲ။ရှေ့ကထွက်ထားတဲ့ The Mummy (1999) ဇာတ်ကားကိုကြည့်ပြီးမှ အခု The Mummy Returns (2001)ကို ဆက်လက်ကြည့်ရှုသင့်ပါတယ်...ပြန်လည်နှိုးထလာတဲ့ ကျိန်စာသင့် Mummy တို့စုံတွဲနဲ့ ကြေးစားစစ်သားကြီး အိုကော်နယ်တို့စုံတွဲ ထိပ်တိုက်တွေ့ဆုံရာမှာ ကျိန်စာတွေကို ဘယ်လိုပယ်ဖျက်မလဲဆိုတာ........။ File size…(4.4 GB) /(1.4 GB) Quality….BluRay Regrade DS4K HEVC/720p Format…mkv/mp4 Duration….02:09:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

The Mummy Returns (2001)

2001
Black Adam (2022) 7.3
Black Adam (2022) Black Adam (2022)DC စကြဝဠာရဲ့ စူပါအသစ်တစ်ယောက်လာပါပြီ။ မင်းသား The Rock သရုပ်ဆောင်ထားတဲ့ Black Adam အကြောင်းပါပဲ။ ဒီစူပါဟီးရိုးဟာ မှော်အစွမ်းကို အခြေခံထားတာဖြစ်ပြီး မှော်ဆရာတွေဆီကနေ ရှေးနတ်ဘုရားတွေရဲ့ စွမ်းအားတွေကို ရရှိထားတာဖြစ်ပါတယ်။ "ရှဇမ်း" လို့ အော်ပြီး စွမ်းအားရတာချင်းတူပေမဲ့ ပထမရုပ်ရှင်ထဲက Shazam နဲ့ နတ်ဘုရားနာမည်ချင်းမတူပါဘူး။ ရှဇမ်းက ဂရိနတ်ဘုရားတွေဆီကနေ စွမ်းအားရပြီး၊ ဘလက်အဒမ်ကတော့ အီဂျစ်နတ်ဘုရားတွေဆီက စွမ်းအားရတာပါ။ ဒီဟီးရိုးဟာ ဒီစီရဲ့ စွမ်းအားအကြီးဆုံးတွေထဲက တစ်ယောက်မို့ ဘယ်လောက်ကြမ်းလဲဆိုတာ ဒီရုပ်ရှင်ထဲမှာ မြင်ရပါတော့မယ်။ဇာတ်လမ်းအကျဉ်းကတော့ရောမထက် ရှေးကျတဲ့ ခန်းဒက်ဆိုတဲ့နိုင်ငံလေးဟာ ဘုရင်ဆိုး အက်ခ်တွန် အုပ်ချုပ်တဲ့အောက်မှာ ဒုက္ခရောက်နေရပါတယ်။ အဲဒီဘုရင်ကလည်း နတ်ဆိုး ၆ ပါးရဲ့အစွမ်းကိုအသုံးချဖို့ သရဖူတစ်ခုကို ဖန်တီးဖို့ကြိုးစားနေပါတယ်။ ဒါကိုတားဆီးဖို့ မှော်ဆရာတွေဟာ ခန်းဒက်ရဲ့ ကျွန်တွေထဲက တစ်ယောက်ကို သူရဲကောင်းအဖြစ် ရွေးချယ်ပြီး နတ်ဘုရားအစွမ်းတွေ ပေးအပ်လိုက်ပါတော့တယ်။ အဲဒီသူရဲကောင်းဟာ ဘုရင်ဆိုးကို နှိမ်နင်းပြီးနောက်မှာ နှစ်ပေါင်း ၅၀၀၀ တိတိ ပျောက်ကွယ်သွားပါတော့တယ်။ ယနေ့ခေတ် ခန်းဒက်နိုင်ငံမှာပဲ အကြောင်းတစ်ခုကြောင့် အဲဒီသူရဲကောင်းပြန်ပေါ်လာတဲ့အခါ ဘာတွေဖြစ်လာမလဲ ဆက်ကြည့်လိုက်ရအောင်...မူလထွက်ထားတဲ့ DC စူပါဟီးရိုးရုပ်ရှင်အားလုံးကိုလည်း ချန်နယ်မြန်မာမှာ ...
movie

Black Adam (2022)

2022
4K HEVC