Channel Myanmar

Dvir Benedek

Mossad (2019) 5.7
Mossad (2019)  Mossad (2019)IMDb Rating (5.7) အူလှိုက်သည်းလှိုက် ရယ်ရစေမဲ့ အစ္စရေး ဟာသဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။အေးဂျင့် Guy Moran က အစ္စရေးနိုင်ငံ Mossad ရဲ့ အရမ်းတော်တဲ့ လျှိဝှက်အေးဂျင့်တစ်ယောက်၊ဘယ်လောက်တော်လဲဆို သူ မစ်ရှင်တစ်ခုလုပ်တိုင်း ဗုံးတွေပေါက်ပြီး လူတွေသေလို  ရာထူးပြုတ်ပြီး ပျော့ပျော့အိအိကစားကွင်းရဲ့ လုံခြုံရေးအစောင့်အဆင့်ထိ လျှောသွားတယ်။တစ်နေ့မှာ ကမ္ဘာအနှံ့က ဖုန်းတိုင်းကိုထုတ်လုပ်တဲ့ ဘီလီယျံနာသူဌေးကြီး ပြန်ပေးဆွဲခံလိုက်ရပြီး Guy က ပြန်ပေးဆွဲသမားတွေနောက် လိုက်ဖမ်းရင်း သူ့သူငယ်ချင်း ထိခိုက်သွားတယ်။ဘယ်လိုထိခိုက်လဲဆို ပြိုကျတဲ့ တံတားပိပြီး ကားပေါက်ကွဲလို လျှောသွားတာ။ဒါပေမဲ့ Guy တစ်ယောက် သူ့ရဲ့ လျှိဝှက်အေးဂျင့်ရာထူးကို ပြန်ရဖို ပြန်ပေးဆွဲသမားတွေကို ရအောင်ဖမ်းမယ်ဆိုပြီး အမေရိကန် CIA ကလာတဲ့ အေးဂျင့် Harris နဲ့ ပူးပေါင်းဖြစ်ပါတော့တယ်။ဒီလိုနဲ့ မစ်ရှင်အတွင်းမှာ Mossad ရဲ့ အသုံးမကျမှုတွေကြောင့် ဖြစ်လာမဲ့ တစ်လွဲဟာသတွေ၊ Dark humorတွေ၊နိုင်ငံရေးသရော်မှုတွေအကုန်လုံးနဲ့ ...
movie

Mossad (2019)

2019
The Attack (2012) 7.1
The Attack (2012) 2012 က ထွက်ရှိကာ IMDb 7.1 ရရှိထားပြီး လူမျိုးရေး၊ နိုင်ငံရေးတွေကြားထဲမှာ ခက်ခဲစွာရုန်းကန်နေရတဲ့ အကြောင်းရိုက်ကူးထားတဲ့ Dramaကားလေးတစ်ကားပါဇာတ်လမ်းအညွှန်းကတော့....ကျွမ်းကျင်ခွဲစိတ်ဆရာဝန်တစ်ယောက်ဖြစ်တဲ့ ဂျာ‌ဖာရီဟာ သူ့ရဲ့ဘဝကို ပျော်ရွှင်အောင်မြင်စွာနဲ့ပဲဖြတ်သန်းနေတာပါ။ သူ့ကို အရမ်းချစ်တဲ့ ဇနီးလှလှလေးတစ်ယောက်ရထားတယ်.. သူ့ဘဝကလည်း ခွဲစိတ်ဆရာဝန်အ‌ဖြစ် အောင်မြင်နေတယ် ထို့အပြင် တစ်နှစ်မှာ တစ်ခါပဲကျင်းပတဲ့ ဆရာဝန်တွေအတွက် ဆုပေးပွဲမှာလဲ အကောင်းဆုံးဆုရထားတယ်။ ဒါပေမဲ့ ဂြိုလ်ဆိုးဝင်လာတဲ့အချိန်မှာတော့ သူ့ရဲ့ ဆုပေးပွဲအပြီး နောက်တစ်ရက်မှာပဲ စားသောက်ဆိုင်တစ်ခုမှာ ဗုံးထပေါက်တယ်။ စိတ်မကောင်းစရာက ထိုဗုံးပေါက်တဲ့ထဲမှာ သူ့ရဲ့ဇနီးပါသွားပါတယ်။ အဲဒါနဲ့ သူမရဲ့ bodyကို ရင်ခွဲရုံကို ယူလာတဲ့အချိန်မှာတော့ အံ့ဩစရာကောင်းတာက သူမသေဆုံးတဲ့ပုံဟာ ဗုံးပေါက်တဲ့အထဲကို မတော်တဆပါသွားတဲ့ပုံစံမဟုတ်ပဲ ဗုံးကို သူ့ကိုယ်မှာကပ်ပြီး အသေခံဖောက်ခွဲသွားတဲ့ပုံစံဖြစ်နေတာပါ။အမြဲတမ်းအေးအေးနေပြီး ဘဝမှာအပူအပင်လုံးဝမရှိတဲ့ သူ့ရဲ့ဇနီးက ဒီလိုအသေခံပြီး လူတွေအများကြီးကို ဗုံးခွဲသွားတယ်ဆိုတာကို သူကဘယ်လိုယုံနိုင်မှာလဲ။ ဒါနဲ့ပဲ သူဟာ ထိုဖြစ်ရပ်ကို လိုက်စုံစမ်းပါတော့တယ်။ သူ့ဇနီးကဘာလို့ ဒီလိုလုပ်သွားခဲ့တာလဲ? ...
movie

The Attack (2012)

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023