Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Dustin Hoffman
7.8
Midnight Cowboy (1969)
ဒီတခါမှာတော့ ပုံမှန်သမီးရည်းစား ချစ်ကြိုက်ကွဲ ဇာတ်လမ်းတွေကနေကွဲထွက်ပြီး မိတ်ဆွေစစ်၊ မိတ်ဆွေကောင်းအကြောင်းကိုရိုက်ကူးထားတဲ့ဒရမ်မာဇာတ်ကားကောင်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။Midnight Cowboy ဆိုတဲ့ကားလေးဟာ IMDbမှာ rating 7.9ရထားပြီး Rotten Tomatoes မှာလည်း 89% reviewရထားတဲ့ဇာတ်ကားလေးပါ။ တက္ကဆက်ပြည်နယ်သားဂျိုးဟာ ကြေးစားလိင်လုပ်သားအဖြစ်နဲ့ နယူးယောက်မြို့ကိုအရဲစွန့်အခြေချပြီးတဲ့နောက်မှာ ရက်စ်တို ဆိုတဲ့လူနဲ့တွေ့ပြီးဘယ်လိုတွေဒုက္ခရောက်မလဲ၊ အလုပ်ရောဘယ်အချိန်အဆင်ပြေမလဲဆိုတာကို အစမှအဆုံးထိဇာတ်ရှိန်မကျဘဲကြည့်ရှုနိုင်မယ့်ဇာတ်ကားကောင်းလေးမို့တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Theint
movie
Midnight Cowboy (1969)
7.5
Little Big Man (1970)
ဂျက်ခ်ခရက်ဘ်ဟာ အသက်အရွယ်အားဖြင့် ၁၂၁ နှစ်ရှိပြီဖြစ်ပြီး လူဖြူ-အင်ဒီးယန်းစစ်ပွဲ လစ်တဲဘစ်ဟွန်းမှာ တစ်ဦးတည်းသောအသက်ရှင်ကျန်ခဲ့တဲ့ လူဖြူအမျိုးသား။ ၁၂၁ နှစ်ထိ ရှင်သန်ဖြတ်သန်းလာခဲ့ရတဲ့ သူ့ဘ၀အကြောင်းကို သူ့အသက် ၁၀ နှစ်သားကနေ စတင်ပြောပြထားပါတယ်။သူ ၁၀ နှစ်သားအရွယ်မှာ သူတို့တစ်မိသားစုလုံးကို အင်ဒီးယန်းတစ်အုပ်စုကသတ်သွားခဲ့လို့ သူနဲ့ သူ့အစ်မပဲ ကျန်ခဲ့တယ်။ သူတို့ကို နောက်ထပ်အင်ဒီးယန်းတစ်အုပ်စုကခေါ်ယူသွားခဲ့တယ်။ သူ့အစ်မကကြောက်လို့ ထွက်ပြေးလွှတ်မြောက်သွားခဲ့ပေမဲ့ ဘာမှန်းမသိဘဲကျန်ခဲ့တဲ့ ဂျက်ခ်ကို အင်ဒီးယန်းတွေက မွေးစားလိုက်တယ်။ သူဟာ သူ့အသက်အရွယ်နဲ့စာရင်သေးငယ်နေပြီး အင်ဒီးယန်းတွေကြားထဲ သေးကွေးနေခဲ့ပဲမဲ့ သူ့ရဲ့ရဲစွမ်းသတ္တိကြောင့် " Little Big Man" ဆိုတဲ့နာမည်ကိုရသွားခဲ့တယ်။ နောက်ပိုင်းမှာတော့ သူဟာ လူဖြူတွေကြားထဲပြန်ရောက်သွားခဲ့ပြီး သူ့ဘ၀ကိုပြန်စရပါတော့။ ဂျက်ခ်ခရက်ဘ်ရဲ့ဘ၀တစ်သက်တာ ဖြတ်သန်းရပုံက တကယ့်ကိုစိတ်၀င်စားစရာပဲမို့လို့ ပရိသတ်ကြီးတို့ လက်လွှတ်မခံဘဲ ခံစားကြည့်ရှုသင့်ကြောင်းပါ.....။ File size…(2.6 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:19:00 Genre... Adventure, ...
movie
Little Big Man (1970)
7.4
Straw Dogs (1971)
Straw Dogs(1971)ကို ကြည့်ပြီး နည်းနည်းတော့မှောင်သွားတယ်။Rating ကို တစ်ချက်ရှိး ******Rating (4.5/5)လူတွေရဲ့ ရုပ်ရင်းကြမ်းတမ်းမှုတွေ အကြမ်းဖက်မှုတွေဟာလောကကြီးမှာ ဒီလိုပဲ ရှိနေတတ်တယ်ဆိုတာ မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ကားလေးကောင်းတစ်ခုပါ။ ကျွန်မတို့ရော အကြမ်းဖက်မှုနဲ့ ကြုံလာခဲ့ရင်အေမီလိုပျော့ညံ့သွားမလားDavid Sumner (Dustin Hoffman) နဲ့ သူ့ဇနီး Amy တို့ဟာ ဆူညံပြီး အလုပ်များလှတဲ့ မြိုပြဘဝကနေ ထွက်ပြေးပြီး ကျေးလက်မှာ အေးချမ်းစွာ နေထိုင်ဖို့ ရွေးချယ်ခဲ့ကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ အိမ်အသစ်လေးဟာ ရက်စက်တဲ့ ဒေသခံများရဲ့ ခြိမ်းခြောက်မှုနဲ့ အကြမ်းဖက်မှုတွေကြောင့် ကြောက်မက်ဖွယ် အိပ်မက်ဆိုးတစ်ခုအဖြစ် ပြောင်းလဲသွားပါတယ်။ နဂိုကတည်းမှာ ပျော့ညံ့တတ်တဲ့ David အနေနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သူတွေလက်ကနေ သူ့မိန်းကို ကာကွယ်နိုင်မှာလားဆိုတာကတော့....... File size…(1.8 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre... Crime, Drama, Thriller Subtitle….Myanmar ...
movie
Straw Dogs (1971)
7.4
Tootsie (1982)
မိုက်ကယ် ဒေါ်ဆီ ဆိုတာက အနုပညာကို အရမ်းအလေးထားတဲ့ သရုပ်ဆောင်မင်းသားတစ်ယောက်ပေါ့။ ဒီလိုနဲ့ပဲ သူ့အမြင်မှာ မကောင်းဘူးလို့ ယူဆတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ကြုံလာရင် ငြင်းတတ် ခုန်တတ် အလုပ်ထွက်သွားတတ်လို့ နောက်ပိုင်းမှာ သူ့ကို ဘယ်သူမှ အလုပ်မခေါ်ချင်ဖြစ်လာခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သူ့သူငယ်ချင်းတို့ရဲ့ ကိုယ်ပိုင် ပြဇာတ်ကို ကပြချင်လာတော့ ပိုက်ဆံက လိုလာတယ်။ အဲဒါနဲ့ပဲ အလုပ်ရအောင် ဆိုပြီး ရှိုးတစ်ခုမှာ မိန်းမ ပုံစံနဲ့ သွားပြီး ဝင်အရွေးခံတော့တယ်။အဲဒီမှာ အရွေးခံလိုက်ရပြီး သူဟာ ယောင်္ကျားလေးတစ်ယောက်ဆိုတာကို ဘယ်သူမှမသိအောင်နေရင်း အလုပ်လုပ်တဲ့ပုံကို ဟာသစွက်ပြီး ဒီဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ အလုပ်လုပ်ရင်းကနေ လုပ်ဖော်ကိုင်ဖက် ကောင်မလေး ကိုလည်း ကြိုက်သွားမိပြီး မိုက်ကယ်တစ်ယောက် မိန်းမဘဝနဲ့ နေရတာကို ဘယ်လို ကိုင်တွယ်သွားမလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(5.8 GB)/(2.5 GB)/(950 Mb) Quality….Blu-Ray 4KHEVC/1080p / ...
movie
Tootsie (1982)
4K HEVC
6.1
Sphere (1998)
Sphere (1998)IMDb Rating (6.1) / Rotten Tomatoes (13%) Rotten Tomatotesအနေနဲ့ 13%ရာခိုင်နှုန်းသာရရှိထားပြီး IMDBအနေနဲ့ ၆.၁သာရထားခဲ့လို့ Underrated Gem တစ်ခုအနေနဲ့သတ်မှတ်ထားကြပါတယ်။1998 တုန်းက တစ်နှစ်တည်းထွက်ခဲ့တဲ့ Titanic နဲ့အပြိုင်မချဲနိုင်ခဲ့သလို Box-Office အရလည်း အခြေအနေမဟန်ခဲ့လှပါဘူး။စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းရတဲ့အခါမှာ အရမ်းကိုတာဝန်ကြီးသလို စာအုပ်ဖန်တွေရဲ့သပိတ်မှောက်ခြင်းကိုပါခံလိုက်ရလို့ပါပဲ။စာအုပ်ဖန်များရဲ့ပြောစကားအရ စာအုပ်ထဲကအရေးကြီးတဲ့အပိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ကြည့်ရတာအားမရဘူးလို့ဆိုကြပါတယ်။သို့သောလည်း Science – Fiction ကောင်းကောင်းငတ်နေသူများအဖို့ မိုးအေးအေးနဲ့ ကြည့်ရတာ ခေါင်းစားစားဖြစ်နေစေမှာပါ။1987နှစ်ခုမှာထွက်ရှိခဲ့တဲ့ “ Sphere “ ဆိုတဲ့ဝတ္ထုကို “ Sphere “ ဆိုတဲ့နာမည်အတိုင်းပဲ အပြောင်းမလဲမရှိရိုက်ကူးခဲ့တာဖြစ်ပါတယ်။စာအုပ်ကိုရေးသူ စာရေးဆရာ Michael Crichton ဟာလည်း နာမည်ကျော် ဂန္တဝင် ဝတ္ထုများဖြစ်ကြတဲ့ “ Jurassic Park “ “ Disclosure “ စတဲ့လက်ရာမြောက်ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် ...
movie
Sphere (1998)
1998
7.4
Marathon Man (1976)
တက်လမ်းတွေနဲ့ လူငယ်တစ်ဦး သို့မဟုတ် အဖေ့ရဲ့ နာမည်ဆိုးကို ချေဖြတ်ပေးချင်တဲ့ ကောင်လေး...ချစ်လို့ ကောင်းတုန်း အရွယ် ...တက်သစ်စအရွယ်...အဖေ့အကြောင်း ကို အပြောမခံတဲ့ စီးပွားရေးလုပ်ငန်းရှင် အကိုကြီး...နာဇီ လူသတ်ကောင် ဆေးလ်...ကောင်လေးရဲ့ တစ်ဦးတည်းသော အစ်ကို ယူလာတဲ့ ပြဿနာတွေက သူ့ရဲ့ ဘဝကို ဘယ်လို တစ်ဆစ်ချိုး ပြောင်းလဲ သွားစေမှာလည်း ဆိုတာတော့ ဒီဇာတ်လမ်းလေးကို စောင့်ကြည့်ပေးပါ File size…(1.8 GB)/(1..1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:05:00 Genre... Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by YDN
movie
Marathon Man (1976)
6.6
Confidence (2003)
ဂျိတ်ခ်ဗစ် - လူတိုင်းမျက်ခုံးပေါ်စင်္ကြံလျှောက်ခဲ့တဲ့ ယုံကြည်မှုအပြည်နဲ့ဂွင်သမားလူလိမ်။ အခုချိန်မှာတော့ လူတစ်ယောက်ရဲ့သေနတ်အောက်ကိုရောက်နေပြီး သေရတော့မယ်။ သူသေရမှာက အနားမှာရပ်နေတဲ့ ဆံနီမလေးကြောင်တဲ့။ သေခါနီး တဘ၀လုံးလုပ်ခဲ့တာတွေကို မြင်မိလားမေးတော့ လွန်ခဲ့တဲ့ ၃ ပတ်စာကိုပဲ မြင်မိတယ်တဲ့။လွန်ခဲ့တဲ့ ၃ ပတ်က ဂျိတ်ခ်တို့အဖွဲဟာ ထုံးစံအတိုင်းဂွင်ဖန်ပြီး ငွေညှစ်ယူလိုက်တာ ဒီတစ်ခါတော့ သွားမထိသင့်တဲ့ ဘုရင်ကြီးဆိုသူကိုမှ သွားထိမိတော့ ဘုရင်ကြီးနဲ့ညှိနှိင်းရပြီး ဘုရင်ကြီးအတွက် ဂွင်ကြီးတစ်ဂွင်ဖန်ပေးဖို့ဖြစ်လာခဲ့တယ်။ ဘုရင်ကြီးဖန်ခိုင်းတဲ့ဂွင်ကလည်း အကောင်ကြီးကြီးအမြှီးရှည်ရှည်ဖြစ်နေလေတော့ ယုံကြည်မှုရှိတဲ့ဗစ်တစ်ယောက် ဘယ်လုပ်ဖြစ်ပြီး သူများရဲ့သေနတ်အောက်ကို ရောက်သွားဖို့ ဖြစ်သွားတာလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး File size…(1.5 GB)/(680 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre... Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Confidence (2003)
7.5
Kung Fu Panda (2008)
DreamWorks ရဲ့ အအောင်မြင်ဆုံးရုပ်ရှင်ကားတွေထဲကတစ်ကားဖြစ်တဲ့ ရုပ်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ…လူကြီးလူငယ်မရွေး အားပေးခဲ့ကြတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ…ဆုပေါင်းများစွာကိုလည်းရယူထားနိုင်ခဲ့ပါတယ်…ဇာတ်လမ်းအကျဉ်းလေးဆီသွားကြရအောင် တစ်ခါတုန်းက အေးချမ်းတဲ့မြို့လေးတစ်မြို့မှာအပျင်းကြီးပြီး အစားပုတ်တဲ့ ပန်ဒါဝက်ဝံလေးတစ်ကောင်ရှိပါတယ်…သူ့နာမည်ကတော့ ‘ပို’ လို့ခေါ်ပြီး ဝတုတ်ကြီးဖြစ်နေပါတယ်..အဖေဖြစ်သူနဲ့ ခေါက်ဆွဲရောင်းနေရတဲ့သူလည်းဖြစ်ပါတယ်…ဒါပေမယ့် သူဟာ ကွန်ဖူးသိုင်းပညာရှင်အရမ်းဖြစ်ချင်နေပြီးကွန်းဖူးသိုင်းသမားတွေကိုလည်း အားကျနေသူတစ်ယောက်ဖြစ်ပါတယ်…သူတို့မြို့လေးမှာ ကွန်ဖူးသိုင်းသင်တန်းကျောင်းတစ်ခုရှိပြီးသင်တန်းသားတွေ ဖြစ်တဲ့ နာမည်ကြီး ကွန်ဖူးသိုင်းသမားငါးယောက်လည်းရှိပါတယ်…သူတို့ကတော့ Tigress, Crane, Mantis, Viper နဲ့ Monkey တို့ပဲဖြစ်ပါတယ်….တစ်နေ့မှာတော့ သင်တန်းကျောင်းကနေ နဂါးသူရဲကောင်းရွေးချယ်ပွဲကြီးကျင်းပပါတော့တယ်…ဒီရွေးချယ်ပွဲကြီးဟာ သင်တန်းသားတွေထဲကအတော်ဆုံးတစ်ယောက်ကိုရွေးချယ်မှာဖြစ်ပါတယ်…‘ပို’ တစ်ယောက်လည်း ရွေးချယ်ပွဲကြီးကို အရမ်းကြည့်ချင်နေခဲ့ပေမယ့်သူ့အဖေကတော့ ပွဲမှာ ခေါက်သာဆွဲရောင်းခိုင်းပါတယ်…‘ပို’ တစ်ယောက် ပွဲကိုရောက်အောင်သွားခဲ့ပေမယ့် နောက်ကျသွားတဲ့အတွက်ဂိတ်တံခါးပိတ်နေတာကို တွေ့လိုက်ရပါတယ်…ဒီအချိန်မှာ ရွေးချယ်ပွဲလည်း စနေပါပြီ…‘ပို’ လည်း အရမ်းကြည့်ချင်နေတာနဲ့အထဲဝင်လို့ရအောင် ကြံစည်ပါတော့တယ်…ဒီလိုနဲ့ ရွေးချယ်ပွဲဟာ နဂါးသူရဲကောင်းကို ကြေငြာမယ့်အချိန်ကိုရောက်လာပါပြီ…ဒီအချိန်မှာ ‘ပို’ ဟာ အထဲဝင်ဖို့ကြိုးစားရင်းနဲ့ အလွဲလွဲအချော်ေျချာ်တွေဖြစ်ပြီးမမျှော်လင့်ပဲ နဂါးသူရဲကောင်းအဖြစ် ရွေးချယ်ခြင်းခံလိုက်ရတဲ့ အခါမှာတော့…..ဇာတ်လမ်းရဲ့အရသာကို အပြည့်အဝခံစားနိုင်ဖို့အတွက်ဒီလောက်ပဲညွှန်းလိုက်ပါတော့တယ်…‘ပို’ တစ်ယောက်ဘာတွေဆက်ဖြစ်ဦးမှာလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး…..IMDb rating ...
movie
Kung Fu Panda (2008)
2008
7.1
Kung Fu Panda 3 (2016)
Kung Fu Panda ဆိုရင် မသိတဲ့လူမရှိသလောက်ပဲကမ္ဘာမှာအောင်မြင်ခဲ့တဲ့ဒီ Animation ကားလေးဟာMovie လောကမှာသာမက Game လောကမှာရော ဒိတ်ဒိတ်ကြဲကိုအောင်မြင်ခဲ့ပါတယ်။1 နဲ့ 2 ကို ကြည့်ရှုခဲ့ကြပြီး ဇာတ်လမ်းဆုံးသွားပြီထင်နေခဲ့တုန်းမှာပဲ2015 ခုနှစ်ရဲ့ Movie review တွေမှာ စတင်ကြော်ငြာပါလာခဲ့တော့အရမ်းကိုမျှော်လင့်ပျော်ရွှင်စောင့်စားခဲ့ရတယ်။အခုတော့ ကျွန်တော်တို့အချိန် CM အချိန်ရောက်ခဲ့ပြီ။ဒီဇာတ်ကားဟာ အရင်ကားတွေထက်ပိုအောင်မြင်ခဲ့ပြီးIMDb rating 7.1/10 ထိရရှိအောင်မြင်ခဲ့ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကိုအနည်းငယ်ပဲပြောပြချင်ပါတယ်။ပိုရဲ့ ဆရာဖိုးဖိုးလိပ် ရဲ့ တိုက်ဖော်တိုက်ဖက် ကိုင် ဟာ ဝိညာဉ်ကမ္ဘာကသိုင်းဆရာတွေအားလုံးရဲ့ စွမ်းအင်တွေကို သိမ်းပိုက်ပြီးလူ့ပြည်ကိုပြန်ဝင်ရောက်လာပါတယ်။ ပြီးတော့ လူ့ပြည်ကဆရာတွေအားလုံးရဲ့ စွမ်းအင် ချီ တွေကိုပါ သိမ်းပိုက်လိုက်ပါတယ်။ဒါကို တားဆီးနိုင်ဖို့အတွက် ပို တစ်ယောက်လက်ရှိအင်အားနဲ့မဖြစ်နိုင်တော့ပါဘူး။သူကိုယ်တိုင် ချီရဲ့ အရှင်သခင် ဖြစ်အောင်လုပ်ရပါတော့မယ်။ဒီအဆင့်ကိုရောက်ဖို့ ဆရာလိပ်က နှစ် ၃၀ လောက် တရားထိုင်ခဲ့ရပြီးဆရာရှီဖူမှာလဲ အဲ့အစွမ်းတောင် မရှိသေးတဲ့အတွက် ပိုတစ်ယောက်လမ်းစပျောက်နေချိန်မှာ သူ့ရဲ့ပျောက်ဆုံးနေတဲ့ ဖခင်ကသူ့ကို ချီရဲ့လျို့ဝှက်ချက်တွေ သင်ပေးဖို့ဆိုပြီးပန်ဒါရွာကို ...
movie
Kung Fu Panda 3 (2016)
2016
4K HEVC
7.2
Kung Fu Panda 2 (2011)
Kung Fu Panda 2 မှာတော့ ‘ပို’ ရဲ့ ဘဝဇာတ်ကြောင်းကို ကြည့်ရှုရမှာပါ….‘ပို’ ရဲ့အဖေဖြစ်သူဟာ မွေးစားအဖေဖြစ်နေပါတယ်…‘ပို’ လသားအရွယ်မှာ သူတို့ရဲ့ရွာလေးကို တပ်ဖွဲ့တစ်ခုကဝင်ရောက်တိုက်ခိုက်ဖျက်စီးတာကို ခံလိုက်ရပါတယ်…ပို ရဲ့မိဘတွေဟာ ထွက်ပြေးရင်းနဲ့ ပို့ ကို စွန့်ပစ်ခဲ့ရပါတော့တယ်…ဒါက ပို ရဲ့ ဘသ ဇာတ်ကြောင်းပါ…အခုချိန်မှာတော့ ဒေါင်းမင်းသားတစ်ယောက်ဟာလက်နက်ဆန်းတစ်ခုကို တီထွင်ပြီးတော့ တရုတ်ပြည်ကြီးကိုသိမ်းပိုက်ဖို့ ကြံစည်နေပါပြီ…ဒါကို ပို နဲ့ သူ့အဖွဲ့က တားဆီးဖို့အတွက် တာဝန်ကျလာပါပြီ…ဒီတော့ ပို တို့တွေ ဒေါင်းမင်းသားကိုဘယ်လိုတားဆီးကြမှာလဲ ဘာတွေဆက်ဖြစ်ကြဦးမလဲဆိုတာကိုတော့ ထုံးစံအတိုင်း ကြည့်ရှုခံစားပေးကြပါဦးဒီဇာတ်ကားဟာလည်း ပထမကားလိုပဲrating ကောင်းကောင်းရထားတဲ့ကားတစ်ကားဖြစ်ပါတယ် File size… 4 GB / 1.5 GB / 913 MB Quality… WEB-DL 4K HEVC / 1080p / 720p Format… mp4 & mkv Audio ... ...
movie
Kung Fu Panda 2 (2011)
2011
4K HEVC
8.0
Papillon (1973)
Papillon (1973)IMDb Rating (8.0) / Rotten Tomatoes (73 %)စာဂျပိုး တွေ ရဲ့ ဟီးရိုး သို့မဟုတ်ယောက်ျားတို့လုံ့လ သေကာမှလျှော့မယ့် ပါပီလွန် ❣️ ☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️☁️ တစ်ပွဲတော့ ရှုံးခဲ့ပြီ။ သို့သော် နိုင်ခြင်း၊ ရှုံးခြင်း ဟူသည်မှာ ကိုယ့်နှလုံးသားထဲ၌ ခံယူတတ်မှု သဘောထားပေါ်၌ တည်၏။ ရှုံးခြင်း၏ ရလဒ်ကို ကိုယ်ကြံ့ကြံ့ခံနိုင်လျှင် ကိုယ့်ကိုရှုံးသူဟု မည်သူ ခေါ်နိုင်မည်နည်း။ ပါပီလွန် နှင့် ဗင်ဂို စာအုပ်မှ.......ပါပီလွန် နှင့် ဗင်ကို ☁️☁️☁️☁️☁️☁️ စာဖတ်သူ အတော်များများက သည်စာအုပ်ကို ဖတ်ကြည့်ပါဆိုပြီး တိုက်တွန်းလေ့ရှိတဲ့ စာအုပ်တစ်အုပ်ပါ။ ၁၉၈၂ ခုနှစ်က ဘာသာပြန်တဲ့ ဦးလှ၀င်း ( လေသူရဲတစ်ဦး ) ရဲ့ ဘာသာပြန်လက်ရာမွန် စာအုပ်ဖြစ်ပါတယ်။ မိတ်ဆက်ပေးချင်တဲ့ စာအုပ်နာမည်လေးကတော့ "ပါပီလွန် နှင့် ဗင်ကို" ဖြစ်ပါတယ်။ အတ္ထုပ္ပတ္တိ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ။ ပါပီလွန်ဆိုတာ ဘာလဲ ...
movie
Papillon (1973)
4K HEVC
7.1
Wag the Dog (1997)
ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Special Jury Prize ဆုကို ရရှိထားတဲ့ နာမည်ကျော် ဒါရိုက်တာ ဘယ်ရီလီဗစ်ဆန် ရိုက်ကူးထားတဲ့ နိုင်ငံရေးဟာသရုပ်ရှင် Wag the dog…ရွေးကောက်ပွဲမတိုင်မီ နှစ်ပတ်အလိုမှာ ထွက်ရှိလာခဲ့တဲ့ အမေရိကန်သမ္မတရဲ့ လိင်အကြမ်းဖက်မှု သတင်းတစ်ခု ဒီသတင်းကို တားဆီးဖို့ သမ္မတရဲ့ လက်ထောက် ဝင်နီဖရတ်အေမီနဲ့ နိုင်ငံရေးကျွမ်းကျင်သူ ကောနတ်ဘာရန်တို့ ပူးပေါင်းပြီး စစ်ပွဲအတုတစ်ခု ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ရာကနေ ဟောလိဝုဒ်ပရိုဂျူဆာ စတန်လေမို့စ်နဲ့ တွေ့ဆုံပြီး အယ်ဘေးနီးယားမှာ စစ်ပွဲတစ်ခုဖန်တီးခဲ့ရာ ဘယ်လိုအလွဲတွေဖြစ်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် စိတ်ဝင်စားစရာဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ် File size…(1.8 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:57:00 Genre... Dark Comedy, Satire, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Mon
movie
Wag the Dog (1997)
6.9
Moonlight Mile(2002)
Moonlight Mile(2002)********************Roadhouse နဲ့ Southpaw မှာ ပွဲကြမ်းခဲ့တဲ့ မင်းသား Jake Gyllenhaal ရဲ့ ဒွမ်မာကားကောင်းလေးပါ...လူတိုင်းရဲ့ ဘဝနဲ့အချစ်ဇာတ်လမ်းမှာ ကိုယ်ဖြစ်ချင်တာတွေ၊ မျှော်လင့်ထားရတာတွေ ကိုယ်စီကိုယ်စီရှိတတ်ကြပါတယ်....။ မျှော်လင့်ထားသလိုဖြစ်မလာခဲ့ဘူးဆိုရင်ရော ဘယ်လိုဆက်ရင်ဆိုင်မလဲ...။ လက်တွေ့ဘဝကို ဘယ်လိုရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း အဖြေရှာနိုင်ပါတယ်...။ဂျိုး နဲ့ မကြာခင်လက်ထပ်ရတော့မယ့် ဇနီးလောင်းဖြစ်သူဟာ သေနတ်ပစ်ခတ်မှုမတော်တဆဖြစ်မှုတစ်ခုမှာ သေဆုံးသွားရပါတယ်... ဒါကြောင့်ဂျိုးဟာ ဇနီးလောင်းဖြစ်သူရဲ့မိဘတွေ ပူဆွေးနေတာတွေသက်သာစေဖို့ယောက္ခမအိမ်မှာ သွားနေပေးဖြစ်ပါတယ်...။ ယောက္ခမတွေကလည်း သမီးဖြစ်သူသေဆုံးသွားတော့သမက်ဖြစ်သူကိုသာအားကိုးရင်း နေ့စဥ်ပူဆွေးစရာတွေကျော်ဖြတ်ရင်းပေါ့....။ ဒီလိုနေထိုင်နေရတာကြာလာတော့...ဂျိုးဟာ သူ့ဘဝရဲ့အနှစ်သာရကိုမေ့လျော့လာခဲ့ရပါတယ်... ဘာလို့ဆို ချစ်သူကလည်းသေဆုံးသွား...ဘဝကလည်း သူများတွေအတွက်သာ နှစ်မြုပ်ရင်းအချိန်ကုန်လွန်လာခဲ့လေတော့ အဓိပ္ပာယ်မရှိဖြစ်လာတယ်ပေါ့.... ဒီတော့ ဂျိုးဟာ အဓိပ္ပာယ်မဲ့နေတဲ့ သူ့ဘဝကို ဘယ်လိုမှန်မှန်ကန်ကန်ဖြစ်အောင်ပြန်ရွေးချယ်မလဲ....။ လူတိုင်းမှာ ကိုယ့်နားခိုရာအိမ်ရှိပြီးသားပါ...။ ဂျိုးကရော သူ့ဘဝရဲ့နားခိုးရာအိမ်ကို ဘယ်လိုတွေ့အောင်ရှာမလဲဆိုတာကို ဒီဇာတ်လမ်းလေးထဲမှာကြည့်ရှုရင်း... ဘဝနဲ့ အချစ်ရဲ့ အဓိပ္ပာယ်ကို ရှာဖွေကြည့်လို့ရပါပြီဗျာ...။၊ File size…1.7GB / 544MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1hr 57min Genre ….. Drama, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder…. ...
movie
Moonlight Mile(2002)
Kung Fu Panda 4 (2024)
ကွန်ဖူးပန်ဒါ ၄ ကားမြောက်ရုပ်ရှင်ထွက်လာပါပြီမင်းသား ဂျက်ဘလက်ပဲ အသံသရုပ်ဆောင်ထားပြီးမင်းသမီး Awkwafina က ကျန်းအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။အရင်ထွက်ခဲ့တဲ့ ၃ ကားလုံးကိုလည်းချန်နယ်မြန်မာ web နဲ့ app တွေမှာ ကြည့်နိုင်ပြီဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းဒီ ၄ ကားမြောက်မှာတော့ ပိုဟာ ရန်သူပေါင်းစုံကိုနိုင်ပြီးနဂါးစစ်သည်တော်လည်းဖြစ်နေတာကြာပြီဆိုတော့ပိုခက်တဲ့ ရန်သူနဲ့ တာဝန်တွေ ပေါ်လာပါပြီ။ ပိုဟာ ဆရာအူးဂွေးရဲ့ ပညာရှိခေါင်းဆောင်နေရာကိုဆက်ခံရတော့မှာဖြစ်ပြီး သူ့ရဲ့ နဂါးစစ်သည်တော်နေရာမှာဆက်ခံဖို့လည်း လူသစ်ရွေးရတော့မှာဖြစ်ပါတယ်။ အပြောင်းအလဲတွေမလုပ်ချင်တဲ့ ပိုအတွက်တော့တကယ့် ပြဿနာကြီးပါပဲ။ အဲဒီအချိန်မှာပဲ ခမီလီရန် ဆိုတဲ့ မှော်ဆရာမကလည်း ပိုရဲ့ ရန်သူအားလုံးပေါင်းထားတဲ့အစွမ်းတွေကို ရအောင်ကြိုးစားပြီး ကမ္ဘာကြီးကို သိမ်းပိုက်ဖို့ ကြိုးစားလာပါတယ်။ ခမီလီရန် နဲ့ ရင်ဆိုင်ရင်း ပိုတစ်ယောက် ဘယ်လိုထပ်ပြီး အလင်းတွေရအဆင့်တွေမြင့်လာမလဲ ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size… 3.4 GB / 1.8 GB / 874 MB Quality… Web-Rip 4K / 1080p / 720p Format… ...
movie
Kung Fu Panda 4 (2024)
2024
4K HEVC
7.5
Perfume: The Story of a Murderer (2006)
Paddington၊ Skyfall၊ No time to die၊ Layler Cake၊The Hollow Crown၊ In the Heart of the Seaတို့ရဲ့မင်းသား Ben Whishaw ကို main character ထားပြီး ဇာတ်လမ်းကို Thriller/Fantasy ပုံစံလေး သွားထားပါတယ်။ ဒါ့အပြင် Harry Potterထဲက Professor Severus Snape ဖြစ်တဲ့ Alan Rickman ကပါ ဇာတ်လမ်းကို ပဲ့ထိန်းမောင်းနှင်ထားပါတယ်။ ဒါတင်မကသေးပါဘူး Dustin Hoffmanနဲ့ Karoline Herfurthတို့နှင့် တခြားသော သရုပ်ဆောင်ပေါင်းများစွာနဲ့ ဇာတ်ကောင်တွေဖြင့် ပြည့်ပြည့်စုံစုံ ဇာတ်အိမ်တည်ထားပါတယ်။ကျွန်တော်တို့ Horror ရုပ်ရှင်တွေကို ကြည့်ကြည့်မယ်ဆိုရင် လူတွေကို သတ်ပြီး ဖယောင်းသွင်းတာ ရှိမယ်၊လူ ၃ယောက်ကို ဆက်ပြီး ကင်းခြေများ လုပ်တာ ရှိတယ်၊ ...
movie
Perfume: The Story of a Murderer (2006)
7.8
Kramer vs. Kramer (1979)
ဒီဇာတ်ကားလေးကတော့ လက်ရှိအချိန်ထိဟောလိဝုဒ်မှာ ဝါရင့် သမ္ဘာရင့် သရုပ်ဆောင်ကြီးတွေဖြစ်တဲ့ Dustin Hoffman နှင့် Meryl Streep တို့ အပြိုင်အဆိုင် ပါဝင်အစွမ်းပြထားတဲ့ ဝမ်းနည်းဆွတ်ပျံ့ဖွယ်ရာ အိမ်ထောင်ရေး အဆင်မပြေမှု ရုပ်ရှင်ကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ တက်ဒ်ခရေးမားနှင့် ဂျိုအန်နာခရေးမားတို့ဟာ ရှစ်နှစ်ကြာအိမ်ထောင်ရေးတစ်ခုကို ထူထောင်ထားနိုင်ပြီး ခုနှစ်နှစ်အရွယ်သားလေးတစ်ယောက်ရှိပါတယ်။တက်ဒ်က ကြော်ငြာလုပ်ငန်းကုမ္မဏီမှာ ရာထူးကောင်း လစာကောင်းနဲ့ လုပ်ကိုင်နေသူဖြစ်ပြီး တစ်နေ့မှာတော့ ရာထူးတိုးတဲ့အတွက် ဒီသတင်းကောင်းကို မိန်းမဖြစ်သူကို ပြောဖို့ ဝမ်းသာအားရပြန်လာပေမယ့် ဂျိုအန်နာတစ်ယောက်ကတော့ ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းပြီး ဒီအိမ်ကြီးမှာ ဘယ်လိုမှမနေနိုင်တော့ကြောင်း မွန်းကြပ်နေပြီဖြစ်ကြောင်း သားကိုလည်း တက်ဒ်နဲ့ ထားခဲ့ပြီး ကိုယ့်ကိုကိုယ်ပြန်ရှာဖွေဖို့ ထွက်သွားတော့မယ်ဖြစ်ကြောင်းပြောပြီး အိမ်ပေါ်ကဆင်းသွားပါတော့တယ်။ အရင်လိုစိတ်ဆိုးတာလို့ထင်ပြီး မကြာခင်အိမ်ပြန်လာမယ်လို့ ထင်တဲ့ တက်ဒ်ဟာ သိပ်စိတ်မပူခဲ့ပေမယ့် ဒီတစ်ခါတော့ ဂျိုအန်နာဟာ ပြန်မလာတော့ဘဲ သားလေးကို ထားခဲ့ရလို့ စိတ်မကောင်းကြောင်းစာပဲ ပို့လာခဲ့ပါတော့တယ်။ဒီအချိန်မှာ ရာထူးတိုးစ တက်ဒ်တစ်ယောက်ဟာ အလုပ်ရော ...
movie
Kramer vs. Kramer (1979)
8.0
The Graduate (1967)
"မစ္စရော်ဘင်ဆင် ခင်ဗျားကျွန်တော့်ကိုဖြားယောင်းဖို့ကြိုးစားနေတာပဲ"အသက် ၂၀အရွယ် လူငယ်ကလေးတစ်ယောက်ရဲ့နှုတ်က ထွက်လာသောစကားသံများ။လိုက်ဖက်ညီစွာ ကင်မရာAngleက ထိုအမျိုးသမီးကြီးရဲ့ပေါင်တံအောက်မှာ။"ငါ့ယောကျ်ားပြန်လာဖို့က နာရီနဲ့ချီကြာဦးမှာ။ ပြန်မလာခင်ထိငါ့ကိုဝိုင်းစောင့်ပေးပါဦး ""ကျွန်တော် ပိုက်ဆံအိတ်ကိုအဝနားမှာပဲချခဲ့မယ်နော်""ဘန်ဂျမင် ကြောင်တောင်တောင်တွေလုပ်မနေတော့ဘဲ အခန်းထဲကိုလာပေးလိုက်တော့""လာမပေးတာကောင်းလိမ့်မယ်ဗျာ"အီလိန်းအခန်းထဲတင်ပဲ လာခဲ့" ခြိမ်းခနဲ တံခါးပိတ်သံနဲ့အတူ မြင်ကွင်းရှေ့ပေါ်ထွက်လာတဲ့အမျိုးသမီးရဲ့ မိမွေးတိုင်း ဖမွေးတိုင်း အဝတ်ဗလာကိုယ်ခန္ဓာ။မနေ့တစ်နေ့မှကောလိပ်ကပြန်ရောက်လာတဲ့ ငတိတစ်ယောက်ထိုအမျိုးသမီးကြီးရဲ့ကျားကွက် စားကွက်အောက်အလွတ်မရုန်းနိုင်ခဲ့ပြန်။ကာမတဏှာရဲ့နှိုးဆော်မှုနဲ့အတူ လူငယ်လေးကိုပါ မိုက်ပြစ်ကျူးလွန်စေမဲ့အပြစ်သားအဖြစ်အတူဆွဲခေါ်ခဲ့တယ်။သူမ ကဘယ်သူလဲ... သူ(မ) တိုက်ကြီး ကားကြီး ဇိမ်ခံအသုံးအဆောင်တွေနဲ့လိုချင်တာရနိုင်တဲ့ ငွေကြေးပြည့်စုံတဲ့ ဘဝ။သူ(မ)ဘယ်တော့မှ မတင်းတိမ်နိုင်ဘူး။သူ(မ) ငတ်မွတ်နေတယ်။ဆာလောင်နေတယ် ။တကယ်တည်းက သူ(မ) အထီးကျန်နေတယ်။မထင်မှတ်ဘဲ ရရှိခဲ့တဲ့ကိုယ်ဝန်ကြောင့် အိမ်ထောင်ကျခဲ့တယ်။အိမ်ထောင်ရေးက ပြဿနာလည်းမရှိ။ဒုက္ခလည်းမရှိခဲ့။တစ်ဖန်သုခလည်း မရှိပြန်။သမီးကျောင်းတက် ယောကျ်ားအလုပ်သွား။မစ္စရော်ဘင်ဆင် အိမ်မှာတစ်ယောက်ပဲကျန်ခဲ့တယ်။ဒီလမ်းကိုရွေးဖို့မစတင်ခဲ့ပေမဲ့ မစ္စရော်ဘင်ဆင်ရဲ့ဇာတ်လမ်းက ဒီမှာစတင်ခဲ့တယ်။Dee Dee Dee...Mrs.Robinson အပြစ်ကျူးလွန်နေတဲ့ မစ္စရော်ဘင်ဆင်ငရဲမှာမခံစားချင်ရင်တော့ ဘုရားမှာဆုတောင်းပါတော့။ကိုယ့်ကိုကိုယ်ကူကယ်နိုင်မဲ့နိုင်ဖို့ ကူညီပေးချင်တယ်။ဒီမှာထပ်မံထည့်သွင်းရေးသွားချင်တာက ရုပ်ရှင်တစ်လျှောက်ထည့်သွင်းထားတဲ့Simon & Garfunkel ရဲ့သီချင်းများနဲ့တေးဂီတgenre အမျိုးအစားရဲ့ အကြောင်းပါ။အိမ်ကိုပြန်လာပေမဲ့ နွေးထွေးမှုမရှိဘူး။အိမ်ဟုတ်မနေဘူး။နွေးထွေးမှုရဖို့ သူ(မ) အခြားနည်းနဲ့ရှာတယ်။ဒါပေမဲ့ တစ်ခါပြီးဆုံးသွားတိုင်း အဲ့အရာကိုလုံလောက်အောင်မခံစားရပြန်ဘူး။ဒီလိုနဲ့ ...
movie
The Graduate (1967)
1967
7.8
Reinventing Elvis: The 68′ Comeback (2023)
Reinventing Elvis: The 68' Comeback (2023) ================================ IMDb Rating - 7.8/10Elvis Presley ဆိုတာနဲ့ King of Rock and Roll ကြီးပဲလို့ တန်းမြင် မိကြမှာပါ။ 1950 ဝန်းကျင်ကာလတွေရဲ့ Best seller American Artist တစ်ယောက်ဖြစ်တဲ့အပြင် အောင်မြင်ကျော်ကြားတဲ့ ရုပ်ရှင်ပေါင်းများစွာ ကိုလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမဲ့ အမေရိကန်သမိုင်းရဲ့ 1960 ခုနှစ်ကာလတွေကတော့ အဆိုးရွားဆုံး ကပ်ဆိုက်ခဲ့တဲ့ကာလတွေလို့ ဆို ရလိမ့်မယ်။ Robert F. Kennedy, Martin Luther King အစရှိတဲ့ နာမည်ကျော်ပုဂ္ဂိုလ်တွေ လုပ်ကြံခံရတဲ့သတင်းတွေကြောင့်လည်း အမေရိ ကန်ရဲ့ သမိုင်းကို အကျည်းတန်ဆုံးဖြစ်စေခဲ့တဲ့ ကာလတွေပါ။ ဖြစ်ချင်တော့ အဲဒီ 1968 ခုနှစ်က Elvis အတွက် Special Comeback Show ကို စီစဉ် နေတဲ့ အချိန်ပါပဲ။စစ်ထဲဝင်ပြီး အနုပညာလောကကနေ နှစ်ချီကွယ်ပျောက်သွားပြီးတဲ့နောက် ပရိသတ်မြင်ကွင်းပေါ်ကို ပြန်လည်ထွက်ပေါ်လာမဲ့ Elvis ...
movie
Reinventing Elvis: The 68′ Comeback (2023)
2023
As They Made Us (2022)
As They Made Us (2022)~ Rotten Tomatoes - 81% ~မင်းသားကြီး Dustin Hoffman ရဲ့ ဇာတ်ကားအသစ်ဖြစ်ပြီး သူ့အပြင် The Big Bang Theory ထဲက Howard အနေနဲ့ လူသိများခဲ့တဲ့ မင်းသား Simon Helberg ရဲ့ TBBT အလွန် Acting Skill တွေကိုပါ ရှုစားကြရပါလိမ့်မယ်။ဒီကားကိုကြည့်ရင်းတွေးမိတာက အဘီဂေးရဲ့မိသားစုလိုမျိုးက လက်တွေ့မှာ လက်ညှိုးထိုးမလွဲများလွန်းတယ်လို့ပါပဲ။ မိဘတွေက သားသမီးကိုရွေးလို့ရတယ် သားသမီးက မိဘကိုရွေးလို့မရဘူး ဆိုတဲ့စကားအတိုင်းပါပဲ။ အဘီဂေးတို့မောင်နှမက မွန်းကြပ်ဖို့ကောင်းတဲ့မိဘတွေ ပိုင်ဆိုင်ထားတဲ့သူပါ။ ဒါပေမဲ့ အစ်ကိုဖြစ်သူက ကိုယ်လွတ်ရုန်းသွားတဲ့အချိန်မှာ ကိစ္စတွေက အကုန် အဘီဂေးခေါင်းပေါ်ကျလာပါတော့တယ်။ကိုယ်ကလည်း ကလေးနှစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့အပြင် အဖေကလည်းနာမကျန်းဖြစ် အမေကလည်းတစ်မျိုးနဲ့ အဘီဂေးရဲ့ဘဝကို စိတ်၀င်တစားကြည့်ရမှာပါ။ အားလုံးပဲ ကြည့်ရှုခံစားလိုက်ကြပါဦး။(ဒီကားလေးက ရိုးရှင်းပေမဲ့ ငယ်ဘ၀ ...
movie
As They Made Us (2022)
2022
6.1
The Tale of Despereaux (2008)
The Tale of Despereaux (2008)ဟိုးရှေးတုန်းက Dor တိုင်းပြည်တစ်ခုရှိတယ် အဲ့ဒီမှာ Soup Day ဆိုတဲ့ တစ်နှစ်တစ်ခါ စွပ်ပြုတ်သောက်တဲ့ပွဲတော်ရက်ရှိတယ်။ နှစ်တိုင်း Dor တိုင်းပြည်က ဘုရင့်မိသားစုရော ပြည်သားတိုင်းက အဲ့နေ့မှာ နန်းတော်က တော်ဝင်စားဖိုမှူးကြီး အန်ဒရေးရဲ့စွပ်ပြုတ်အသစ်ကို မျှော်ကြတယ် စာဖိုမှူးကြီးကလည်း တစ်နှစ်တစ်မျိုးမရိုးရအောင် စွပ်ပြုတ်ကို အမျိုးမျိုးချက်တယ်။သူ့စွပ်ပြုတ်ကို လူတွေအပြင် တိရိစ္ဆာန်တွေကပါ မျှော်ကြရော။ အဲ့ထဲမှာ ရော့စကူတိုဆိုတဲ့မြေကြွက်တစ်ကောင်ပါ ပါတယ်။ တစ်ရက်တော့ ရော့စကူတိုက စားဖိုမှူးရဲ့ စွပ်ပြုတ်ကို သိပ်စားချင်ပြီး မတော်တဆဖြစ်တာကနေ ပြဿနာတွေဖြစ်တယ်။အဲ့ဒီကနေ တိုင်းပြည်တစ်ခုလုံး အမှောင်ကျ နေရောင်ပျောက်သွားရာက ဘယ်လိုသူရဲကောင်းတွေပေါ်လာမလဲ? ဘယ်သူတွေက ဘယ်လိုတုံ့ပြန်ကြမလဲ? ဆိုတာ ...(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Tin Myo Lwin ပါ။)File Size : 1.3GB, 564MB, ...
movie
The Tale of Despereaux (2008)
2008
1
2
Next