Channel Myanmar

Dushara Vijayan

Veera Dheera Sooran: Part 2 (2025) 7.3
Veera Dheera Sooran: Part 2 (2025) Veera Dheera Sooran: Part - 2(2025) "ရဲရင့်သော စစ်သည်တော်"တမီးလ်အက်ရှင် ရုံကားသစ်လေးကို မဆလာပရိသတ်တို့အတွက် အမြန်ဆုံးတင်ဆက်လိုက်ပါတယ်မင်းသား ဗစ်ခရမ်နဲ့ S.J Suryah တို့ ခေါင်းဆောင်ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကြမ်းရုပ်ရှင်လေးပါဇာတ်လမ်းအကျဉ်းကတော့ ရဲအရာရှိတစ်ဦးဟာ ရာဗီဆိုတဲ့ တစ်ချိန်က လူမိုက်ခေါင်းဆောင်ကို အငြှိုးအတေးထားပြီး တစ်နေ့ရအောင်လက်စားချေနိုင်ဖို့ ရည်မှန်းထားပါတယ်လက်ရှိမှာ ရာဗီက သားဖြစ်သူ ကန်နန်မိသားစုနဲ့ အတိတ်ကလုပ်ရပ်တွေကို ဖုံးဖိပြီး လူမြင်တင့်တယ်အောင်နေနေပေမယ့် ပွဲတော်ညတစ်ညမှာ ဘယ်ကမှန်းမသိတဲ့ မိန်းမနဲ့ကလေးက ရန်လာတွေ့တဲ့အခါ ပြဿနာတစ်စတစ်စကြီးထွားလာပြီး SP ရဲအရာရှိနဲ့ ပြန်လည်ရင်ဆိုင်ဖို့ တချိန်က လူမိုက်ဖြစ်ခဲ့ပြီး လက်ရှိသာမန်မိသားစုဘဝမှာ ရှင်သန်နေထိုင်နေတဲ့ ကာလီကို ပြန်ခေါ်ရပါတော့တယ်ဘာတွေဘယ်လိုတွေ ဆက်ဖြစ်လာမလဲဆိုတာကိုတော့ အက်ရှင်ပရိသတ်တို့ မလွတ်တမ်းရှုစားအားပေးကြပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 3.26 GB / 1.44 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood ...
movie

Veera Dheera Sooran: Part 2 (2025)

Vettaiyan (2024) 8
Vettaiyan (2024) Vettaiyan (2024)"မုဆိုး" ===================တမီလ်ရုပ်ရှင်လောကရဲ့ နာမည်အကြီးဆုံးမင်းသားတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဂျာကီနတ်ရဲ့ အသစ်ထွက် ရုံတင်ကားသစ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီထဲမှာ ရာဂျာကီနတ်အပြင် ဘောလိဝုဒ်ဂန္တဝင်မင်းသားကြီး အမီတာဘဂျမ်းနဲ့ Pushpa တို့.. Vikram တို့ထဲမှာ antagonist နေရာသရုပ်ဆောင်ခဲ့တဲ့ သဘာဝမင်းသား ဖာဟက်ဒ်ဖာဆေလ်တို့ကလည်း အားဖြည့်ပါဝင်ထားပါသေးတယ်။ဇာတ်လမ်းကတော့ အစိုးရရဲ့ အကျင့်ပျက်ခြစားမှုတွေကြောင့် အောက်ခြေ အစိုးရကျောင်းတွေထိ မကောင်းမှုတွေပြည့်နှက်နေတဲ့ နယ်မြို့လေး။အဲဒီမြို့လေးကို မုဆိုးလို့ နာမည်ပြောင်ရထားတဲ့ အာသီယန်ဆိုတဲ့ အကြမ်းပတမ်းရဲအုပ်တစ်ယောက်ရောက်လာပြီး တစ်မြို့လုံးကို တရားဥပဒေအောက်ပြန်ရောက်လာအောင်ကြိုးပမ်းပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပါ..။နာမည်ကြီးသရုပ်ဆောင်တွေ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပြီး ဇာတ်လမ်းကလည်း အချိန်ပေးရကျိုးနပ်တဲ့ဇာတ်လမ်းမျိုးဖြစ်တာကြောင့် ပရိသတ်တွေအတွက် CM Bollywood Team ကနေ ညွှန်းဆို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်...။ File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 43min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Vettaiyan (2024)

Raayan (2024) 6.9
Raayan (2024) Raayan (2024) "ရာယန်"IMDb 6.9CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ တမီးလ် action ဇာတ်ကြမ်း ရုံကားအသစ်လေးကို မိုးလင်းလင်းချင်း မနှေး/အမြန် တင်ဆက်ပေးလိုက်ပါတယ်နာမည်ကျော် မင်းသား Dhanush ရဲ့ ကားငါးဆယ်ပြည့်ရုပ်ရှင်ဖြစ်ပြီး သူကိုယ်တိုင် ဇာတ်ညွှန်းရေးကာ ဒါရိုက်တာလုပ် အစွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ရုံတင်ငွေ ၁၅၈ ကုဋေ ရရှိထားပါတယ်ဇာတ်လမ်းအကျဥ်းကိုပြောရရင် ရာယန်ဟာ ညီငယ်နှစ်ယောက်ဖြစ်သူ မူတူးနဲ့ မာနီကမ်၊ အချစ်ဆုံး ညီမလေး ဒူရ်ဂါတို့ရဲ့ အစ်ကိုကြီးဖြစ်ပြီးအဖေအမေတို့စွန့်ပစ်သွားကတည်းက ရွာကနေမြို့ကို ညီလေးညီမလေးတွေ လက်ဆွဲခေါ်လာကာ ကြုံရာစား ရရာလုပ်ရင်း လူစည်ကားတဲ့ မုန့်ဆိုင်တစ်ဆိုင်ဖွင့်နိုင်တဲ့ ဘဝရောက်လာပါတယ်ညီလတ်ဖြစ်သူ မူတူးက အရက်မူး သွေးဆိုးကာ ပြဿနာရှာတတ်သူဖြစ်ပြီး ညီငယ် မာနီကမ်ကတော့ လိမ္မာတဲ့ ကောလိပ်ကျောင်းသားလေးပါတုန်နေအောင်ချစ်ရတဲ့ ညီမအငယ်ဆုံးလေးကို လက်ထပ်ပေးနိုင်ဖို့နဲ့ မူတူးစရိုက်ကို ပြုပြင်ပေးနိုင်ဖို့ပဲ ပဓာနထားတဲ့ ရာယန်...တစ်နေ့မှာတော့ ဒူရိုင်နဲ့ ဆီသူ ဆိုတဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်နှစ်ယောက်နဲ့ ပတ်သက်မိရာမှ ဖြူစင်ရိုးသားတဲ့ သူတို့ဘဝတွေ အကျင့်ပျက် ဒုစရိုက်ပတ်ဝန်းကျင်ကြောင့် အရောင်နွမ်းမယ့်အရေး... အစ်ကိုကြီးတစ်ယောက်အနေနဲ့ ဘယ်လိုကယ်ထုတ်သွားနိုင်မလဲ ဆိုတာကတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Raayan (2024)

Aneethi (2023) 7.1
Aneethi (2023) Aneethi (2023)IMDb - 7.4/10 The Times Of India - 3.5/5"မိုးလင်းကနေ မိုးချုပ်ထိ မနားတမ်းအလုပ်လုပ်တယ်... အလုပ်က နားလိုက်တာနဲ့ ဒီလောက်ကျယ်တဲ့မြို့ကြီးမှာ ငါ့အတွက်နေရာဆိုတာမရှိဘူး.." တစ်နေကုန် အစားအသောက်ပို့ရင်း တစ်ပုံစံထဲ ငြီးငွေ့စရာနေ့တွေထဲ တွေ့သမျှလူတိုင်းကို သတ်ပစ်ချင်စိတ်နဲ့ အိပ်မရညတွေဖြတ်သန်းရင်း စိတ်ရောဂါကို အံတုနေရတဲ့ ဇာတ်လိုက်ကျော်မင်းသား..။တစ်နေ့ ညနက်မှပို့တဲ့ Deli way ထဲက အသံချိုချို လက်လှလှလေးနဲ့ ကြွေကျသွားတဲ့ နှလုံးသားကြောင့် | နေ့တိုင်း ဒီအိမ်ကြီးဆီ ချစ်ရသူလေးအတွက် မုန့်ပို့ဖို့ အကြောင်းတွေရှာပြီး နည်းလမ်းရှာအနားကို ပြေးကပ်ရပါပြီ။ စိတ်ရောဂါဆိုတာ ပန်းလေးလိုပါပဲ ဂရုထားပုံပေါ်မူတည်ပြီး ကြွေရင်ကြွေ ၊ မကြွေရင် ဝေ ။ဒီလိုအခြေအနေမှာမှ လူသတ်ချင်နေတဲ့မင်းသားတစ်ယောက် အချစ်မှာမျောပါသွားတဲ့အခါ အရောင်မဲ့ကမ္ဘာကြီး သက်တံ့တွေထွန်းလာတော့တာပေါ့။ ဒီလိုနဲ့ ချစ်တတ်လာတဲ့မင်းသားဟာ တစ်နေ့တာမှာ အပြုံးတွေဝေ အသက်ရှင်လာသလိုခံစားရလာရကနေ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေကြောင့် တရားခွင်ရင်ဆိုင်ရမယ့်အခြေအနေတွေ ဖြစ်လာတဲ့အခါ..။ဒီ့အပြင် ချစ်ရသူကိုယ်တိုင်ကပါ သူ့ကို ချနင်းပြီး အသုံးချသွားတဲ့အခါ..။ ...
movie

Aneethi (2023)

2023
Kazhuvethi Moorkkan (2023) 6.4
Kazhuvethi Moorkkan (2023) Kazhuvethi Moorkan ( 2023 ) ============================= IMDb 6.4/10အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာ ဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီး ဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။ အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီး နိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စ အမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကား ကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့ Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ...။ ( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့ Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ ...
movie

Kazhuvethi Moorkkan (2023)

2023