Channel Myanmar

Dulé Hill

She’s All That (1999)
She’s All That (1999) IMDb Rating 5.9/10ဆယ်ကျော်သက်အချစ်ရုပ်ရှင်ကားတစ်ကားပေမဲ့ ပုံမှန်ဆယ်ကျော်သက်ကားတွေနဲ့ မတူညီတဲ့ ရှုထောင့်ကနေ ခံစားသက်ဝင်ပြီး ကြည့်ရှုရမယ့် She’s All That ……………. မင်းသားချောလေး Freddie Prinze Jr ပါဝင်ထားတဲ့ ကြည်နူးစရာအချစ်ကားလေးတစ်ကားဖြစ်ပြီး ဒီကားမှာ ဖရတ်ဒီက ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာအဖြစ် ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်....ကျောင်းရဲ့ နာမည်ကျော် King ဇက်ဆိုင်လာက Queen တေလာဗန်ဟာရဲ့ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီး အသဲကွဲနေသောအခါ... သူ့သူငယ်ချင်းတွေက အသဲကွဲနေတဲ့သူ့ကို နှစ်သိမ့်ကြရင်း အလောင်းအစားတစ်ခုကို လောင်းကြဖို့ အခြေအနေတစ်ခုဖြစ်လာပါတယ်.... အဲ့အလောင်းအစားကတော့ ဒီကျောင်းက တစ်ယောက်ယောက်ကို ရွေးချယ်ပြီး ဇက်ဆိုင်လာက Queen ဖြစ်အောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ် သူတို့ဖန်တီးပေးရမယ့် သားကောင်က ကျောင်းက လူထူးဆန်းမလေး လန်နီဖြစ်နေတဲ့အခါ......သူ့ရဲ့အလောင်းအစားကို အနိုင်ရဖို့ ဇက်ဆိုင်လာက လန်နီကို ချဉ်းကပ်ခဲ့ရင်း တစ်ယောက်နဲ့ တစ်ယောက်နီးစပ်သွားတဲ့အချိန်မှာ ဘာတွေဆက်ဖြစ်ကြမလဲ? ...
movie

She’s All That (1999)

Men of Honor (2000) 7.2
Men of Honor (2000) Men of Honor(2000) ******************** IMDb.....7.2  ကားနာမည်ကိုမြင်လိုက်ရုံနဲ့ ခင်ဗျားတို့ဟာ ဒီဇာတ်ကားရဲ့ အတိမ်အနက်ကို အနည်းငယ်ခန့်မှန်းမိလောက်မယ်ထင်မိပါရဲ့....ဇာတ်ကားရဲ့နာမည်က လေးနက်သလို ဒီကားထဲက သရုပ်ဆောင်တွေ ဇာတ်လမ်းဇာတ်ကွက်တွေစကားပြောတွေ ပေးချင်တဲ့ message တွေဟာလည်း ခမ်းနားလှပလွန်းပါတယ်....ဒီကားက အမေရိကန် ရေတပ်မတော်မှာ ပထမဆုံးသော လူမည်းရေငုတ်သမားဘဝကို ဖိနှိပ်တားဆီးမှုကြားကကြိုးစားခဲ့ရတဲ့ ကားလ်ဘရေးရှီးရှား Carl Brashear ရဲ့ ဘဝဖြစ်စဉ်ကို ရိုက်ပြထားတာဖြစ်ပါတယ်...ဒီကားထဲက မင်းသားကြီးတွေဖြစ်တဲ့ Robert De Niro နဲ့ Cuba Gooding Jr. တို့ကိုတော့ တော်တော်များများသိကြမယ်ထင်ပါတယ်....ဇာတ်လမ်းနဲ့ပတ်သက်ပြီး ကျွန်တေ်ာဒီလောက်ပဲပြောပြချင်တယ်...ဒီကားက ဟာသတွေ CGI နည်းပညာတွေ မျက်ရည်ချူကွက်တွေ ရိုဆန်ဆန်အမူအရာတွေ တစ်ခုမှ မပါပါဘူး...သို့ပေမဲ့  ခင်ဗျားဟာ ဇာတ်လမ်းအမျိုးအစားရွေးချယ်ကြည့်ရှုရာမှာ ဘယ်လောက်ပဲ ဇီဇာကြောင်နေနေ ...ဒီကားက ခြွင်းချက်ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော် မဝံမရဲ အာမခံပေးလိုက်ပါ့မယ်...ခံစားကြည့်လိုက်ပါဦးဗျ.... File Size : 2.37GB/ 1.02GB Quality : Blu-Ray 1080p ...
movie

Men of Honor (2000)

The Guardian (2006) 7
The Guardian (2006) The Guardian(2006)IMDb...7.0ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ...လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး...ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့်ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ...သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်..တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်...ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင်ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်...ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်...ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး  Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်...အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet  ပဲဖြစ်ပါတယ်… File Size :  5.17GB / 1.85GB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:20:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard ...
movie

The Guardian (2006)

Holes (2003) 7.0
Holes (2003) Holes (2003) IMDb - 7.0/10, Rt - 78%CM ပရိသတ်တွေအတွက် 2003 တုန်းကထွက်ရှိခဲ့တဲ့မိသားစုရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။Transformers ရုပ်ရှင်တွေမှာ ဆမ် နေရာကနေသရုပ်ဆောင်ခဲ့တဲ့မင်းသား Shia LaBeouf ကအဓိကဇာတ်ဆောင်အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ စတန်လီ ယဲနက် "လေး" (Shia LaBeouf) ဟာသူ့မိသားစုရဲ့ နှစ်ပေါင်း 150 ကျော်နေပြီဖြစ်တဲ့ကျိန်စာကြီးတစ်ခုကြောင့်အမြဲကံဆိုးနေရတဲ့သူပါ။တစ်နေ့မှာတော့လမ်းလျှောက်နေရင်း မိုးပေါ်ကနေသူ့ခေါင်းပေါ်ကိုကျလာတဲ့ ဖိနပ်တစ်ရံကို ယူသွားမိတဲ့အတွက်ဖိနပ်ခိုးမှုနဲ့ တရားစွဲခံရပြီး ဂရင်းလိတ်ခ်လူငယ်ပြုပြင်ရေးစခန်းကိုအပို့ခံလိုက်ရပါတော့တယ်။ဒါပေမဲ့ဂရင်းလိတ်ခ်စခန်းဟာ နာမည်အတိုင်းဟုတ်မနေပဲရောက်လာတဲ့ လူငယ်လေးတွေကို အတင်းအကြပ်လုပ်အားပေးခိုင်းစေနေတဲ့အလုပ်ကြမ်းစခန်းလိုမျိုးဖြစ်နေပါတယ်။စခန်းရဲ့ကြီးကြပ်ရေးမှူးက အဆိပ်ရှိမြွေတွေနဲ့ ဖွတ်တွေပဲရှိတဲ့လွင်တီးခေါင်ပြင်ကန္တာရထဲမှာ တစ်နေ့ကို ငါးပေနက်ပြီးငါးပေကျယ်တဲ့တွင်းတွေတူးခိုင်းပြီးဘာမှန်းမသိရတဲ့အရာကို ရှာဖွေခိုင်းနေတာပါ။ဒီလိုနဲ့ပဲ စတန်လေ ယဲနက် တစ်ယောက် စခန်းမှာအသားကျအောင်နေထိုင်ရင်းနဲ့တစ်နေ့မှာ သူစာဖတ်တတ်အောင်သင်ပေးနေတဲ့ဟက်တာ ဇာရိုနီဆိုတဲ့ ကောင်လေးကပြဿနာတစ်ခုကြောင့်ထွက်ပြေးသွားပါတော့တယ်။လူတစ်ယောက်ထဲဆိုဘယ်လိုမှမရှင်သန်နိုင်တဲ့ကန္တာရကြီးဖြစ်တာမလို့ စတန်လေလည်းဟက်တာနောက်ကို လိုက်သွားခဲ့ပါ‌ တော့တယ်။ဒီလိုနဲ့သူတို့ကို တွင်းတွေတူးပြီး ရှာဖွေခိုင်းထားတဲ့အရာတွေဟာ စတန်လေတို့မိသားစုကျိန်စာနဲ့ဆက်စပ်နေပြီး ကြီးကြပ်ရေးမှူးရဲ့ မိသားစုနဲ့ပါဆက်စပ်နေတဲ့အခါမှာဘာတွေဆက်ဖြစ်လာမလဲ၊ စတန်လေနဲ့ ဟက်တာတို့ကရောလွင်တီးခေါင်ပြင်ကြီးထဲမှာ ရှင်သန်နိုင်မလား၊သူတို့ရှာဖွေနေတဲ့ဘာမှန်းမသိတဲ့အရာကိုရော တွေ့မှာလား၊အတိတ်မှာကရော စတန်လေရဲ့ ဘိုးဘေးတို့ကဘာတွေဖြစ်ခဲ့ကြလဲဆိုတာကိုပေါ့ပေါ့ပါးပါးရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဗျ။ File ...
movie

Holes (2003)

2003
Hypnotic (2021) 5.3
Hypnotic (2021) Hypnotic (2021)ခင်ဗျားမြင်နေရတာက အမှန်တရားလား.... ခုခင်ဗျား ဒီ Review ကို ဖတ်နေတယ်။ ဒါက အိပ်မက်လား... ခင်ဗျား အိပ်မက်တွေဟာ တကယ်များဖြစ်နေမလား....Jennifer Thompson ဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားဖြစ်သူ Brian နဲ့ ပြတ်စဲပြီးနောက် အစစအရာရာ စိတ်ဓာတ်ကျကာ ဘဝကိုအလွဲလွဲအချော်ချော်နဲ့ စိတ်ပျက်စွာဖြတ်သန်းနေသူပေါ့။ သူငယ်ချင်းဖြစ်တဲ့ Gina Kelman ကတော့ သူ့ကို သူတို့ရဲ့အိမ်တက်ပွဲမှာ Dr. Collin Meade ဆိုတဲ့ Hypnotherapist တစ်ယောက်နဲ့ မိတ်ဆက်ပေးပါတယ်။ သူ့ဘဝဟာ ဒီဆရာဝန်ကြောင့်ပြောင်းလဲခဲ့ကြောင်းပေါ့။ ဒီဆရာဝန်နဲ့ ပြကြည့်ဖို့လည်း ဆိုပါတယ်။ Jen ဟာ သူငယ်ချင်းဖြစ်သူရဲ့ စိတ်အလိုကျ ဒါကိုလက်ခံလိုက်ပြီး Dr. Meade နဲ့ သွားပြရင်း Jen နဲ့ ဒီဆရာဝန်တို့ သိကျွမ်းခဲ့ကြကာ Hypnosis session တစ်ခုကို လုပ်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ Jen ရဲ့ ဘဝဟာလည်း ...
movie

Hypnotic (2021)

2021
Psych 3: This Is Gus (2021) 8.3
Psych 3: This Is Gus (2021) သောက်တလွဲသူငယ်ချင်းနှစ်ယောက် Gus နဲ့ Shawn Spencer တို့ရဲ့ Psych ကတော့ အသစ်ထွက်လာပါပြီ။ Psych series ကနေ Psych 1 နဲ့ Psych 2 ထွက်ခဲ့ပြီးတော့ အခု Psych 3 ထွက်လာပါပြီ။ ( Psych2ကို Channel Myanmarမှာတင်ပေးဖူးပါတယ်)အခုဒီအပိုင်းမှာ Gus ကို အဓိကဇာတ်ကောင်အနေနဲ့ထားထားပါတယ်။ Gus က မကြာခင်ကလေးမွေးတော့မယ့်သူ့ချစ်သူနဲ့မင်္ဂလာဆောင်ဖို့ စီစဉ်နေချိန်မှာ Shawn Spencerရဲ့ သံသယတစ်ခုကနေအခြေတည်ပြီး Gusချစ်သူရဲ့ နောက်ကြောင်းတွေပေါ်လာခဲ့ပါတယ်။ ဒီလိုနဲ့နှစ်ယောက်သားလိုက်စုံစမ်းရင်းကနေတလွဲတွေဖြစ်လာတဲ့အခါမှာတော့...Psych ဇာတ်ကားပီပီ Crime,Comedy, Mystery အပြည့်နဲ့ ကြည့်ရရှုရမပျင်းရတဲ့ ကားကောင်းလေးတစ်ကားပါလို့ ညွှန်းပါရစေ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__(1.7GB) / (900 MB) Quality__1080p, 720p IMDb Rating__8.3/10 Format__mp4 Duration__01:40:00 Type__Comedy, Crime, Mystery Subtitle__Myanmar Subtitle (Hardsub) Translated by Chit ...
movie

Psych 3: This Is Gus (2021)

Night of the Animated Dead (2021) 5.0
Night of the Animated Dead (2021) Night of the Animated Dead (2021)=========================ဒီ​နေ့​ခေတ် Zombie apocalypseကား​တွေအ​ကြောင်း ​ပြောလိုက်ရင် Walking dead နဲ့သူရဲ့ Spin-off တစ်သိုက်၊World War Z, Zombieland, Resident Evilsတို့ကို အရင်ဆုံး​ပြေးမြင်မိကြမှာပါ။ဒါ​က​တော့ Walking deadရဲ့ ဘိုး​အေကြီးလို့​ပြောရမယ့် Animationဆိုလည်း မမှားပါဘူး၊ 1968တုန်းက ထွက်ရှိခဲ့တဲ့Director George A.Romeroရဲ့ Night of the Living Deadကို animated versionအဖြစ် 2021မှာ ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်၊ဇာတ်လမ်းအကြောင်း အနည်းငယ်ပြောပြရရင် Johnnyနဲ့ Barbaraတို့ ​မောင်နှမဟာ Pennsylvaniaပြည်နယ်မှာရှိတဲ့အ​ဖေ့အုတ်ဂူကို လွမ်း​သူပန်း​ခွေချဖို့ သွား​ရောက်ရင်း အ​မေရိကန်တစ်နိုင်ငံလုံး တစ်ချိန်တည်းနဲ့ Zombie Apocalypseကြီးထဲကိုချက်ချင်း​ရောက်ရှိသွားတဲ့အခါ ... နီးစပ်ရာယာ​တောအိမ်ထဲကို ဝင်ပုန်းရင်း ​ဒေသခံပြည်သူ​လေး​ယောက်နဲ့တူတူ အသားစားzombie​တွေရန်က​နေ လွတ်​မြောက်​အောင် ကြိုးစားရုန်းကန်ရပါတော့တယ်။Zombieကား​တွေရဲ့အနှစ်သာရဖြစ်တဲ့ ​သွေးသံရဲရဲ​တွေ၊ ရက်စက်ကြမ်းကြုတ်မှု၊ ရဲရင့်မှု၊ ...
movie

Night of the Animated Dead (2021)

2021
Locked Down (2021) 5.0
Locked Down (2021) Locked Down (2021)================IMDb Rating - 5.0/10 ဒီ Locked Down ဆိုတဲ့ကားလေးက ကြည့်ရှူသူတွေကို ဇာတ်လမ်းခပ်အေးအေး Cast အလန်းစားတွေနဲ့ ဖြည်းဖြည်းချင်းရင်ထဲထည့်သွားစေမဲ့ကားလေး ဒီကားလေးကိုကြည့်ပြီးရင် Covid ကြောင့် ဖြစ်ရတဲ့အခြေအနေတချို့ကို ကွက်ကွက်ကွင်းကွင်းမြင်လာနိုင်မယ်။ဇာတ်လမ်းအကျဉ်းအရတော့ တဖြည်းဖြည်းယိုယွင်းပျက်စီးလာတဲ့ အိမ်ထောင်ရေးကြောင့် ခွာပြဲရတော့မဲ့ Linda နဲ့ Paxton ဟာCovid Lockdown ကြောင့် တစ်အိမ်တည်းမှာ ပိတ်မိနေကြတယ်။ ဘ၀ကိုအရိုင်းဆန်ဆန်ဖြတ်သန်းခဲ့တဲ့ Paxton နဲ့ တော်ပြီးထက်မြက်တဲ့ Linda တို့ အချိုးအကွေ့တစ်ခုမှာ ဆုံခဲ့ကြပေမဲ့ Paxton တစ်ယောက်ကတော့ တစ်ညမှာ သူလုပ်လိုက်တဲ့အမှားတစ်ခုကြောင့်ဒီလိုတွေ သူဘ၀ဆက်တိုက် ကံဆိုး‌နေရတာလို့ ထင်နေတယ်။ Linda ဆိုတဲ့အမျိုးသမီးလေးကလည်း အပြင်ပန်းကကြည့်ရင် အလုပ်အကိုင်ကောင်း ၀င်ငွေကောင်းပေမဲ့ စိတ်ဖိစီးစရာ စိတ်ရှုပ်စရာတွေအပြည့်ရှိနေတာကို အတူနေတဲ့ သူ့ရည်းစား Paxton မပြောနဲ့ တစ်ဦးတစ်လေတောင်မသိ၊ ဒီလိုနဲ့ ကံကြမ္မာကြောင့်ပဲလိုဆိုရမလား သူတို့ရဲ့ ...
movie

Locked Down (2021)

2021
Psych 2: Lassie Come Home (2020) 7.5
Psych 2: Lassie Come Home (2020) Psych 2: Lassie Come Home (2020)============================IMDb - 7.5/102017 ခုနှစ်တုန်းက ထွက်ရှိထားခဲ့တဲ့ Psych : The Movie ရဲ့ နောက်တစ်ကား ဒီနှစ်မှာ ထပ်ထွက်လာပါတယ်။ဒီဇာတ်လမ်းမှာတော့ ဆန်တာ ဘာဘရာ က ရဲမှူး ကာတန် လက်စီ (လက်စီတာ) ကို ချုံခိုက်တိုက်ခိုက်ခံရပြီးတော့လမ်းဘေးမှာ ပစ်ထားခံခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ ဆေးခန်းမှာ ထူးထူးဆန်းဆန်းအရာတွေကို သူ မြင်လာရပါတော့တယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်နှစ်ဦး ဖြစ်တဲ့ ဂတ်စ် နဲ့ ရှောန်း တို့ နှစ်ယောက်က ရဲတွေရဲ့ အကူအညီ မပါဘဲ ဒီအမှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကြိုးစားပါတော့တယ်။ သူတို့ ရှာဖွေ တွေ့ရှိခဲ့တဲ့ ကိစ္စတွေက သူတို့ရဲ့ဘဝကိုတစ်သက်လုံး ပြောင်းလဲစေခဲ့ပါတယ်။ အဲဒီအကြောင်းတွေကတော့ ဒီကားလေးမှာ ဆက်လက်ရှုစားရမှာပဲ ဖြစ်ပါတယ်။IMDb - 7.5/10 Rotten Tomatoes ...
movie

Psych 2: Lassie Come Home (2020)

2020
Sleight (2016) 5.9
Sleight (2016)   အခု ဇာတ်ကားလေးကတော့ ၂၀၁၆ ခုနှစ်မှာထွက်ခဲ့တဲ့ Sleigh ဆိုတဲ့ ဇာတ်ကားလေးပါ ဒီထဲမှာ ဘိုဆိုတဲ့ကောင်လေးဟာ မိဘ၂ပါးဆုံးပါးသွားတဲ့နောက် ကျောင်းဆက်မတက်တော့ဘဲ မျက်လှည့်ပညာနဲ့ အသက်မွေးရင်း သူ့ရဲ့တစ်ဦးတည်းသောညီမလေးတီနာကို စောင့်ရှောက်နေခဲ့ပါတယ် ပြီးတော့ ညပိုင်းတွေမှာ မူးယစ်ဆေးရောင်းဝယ်တဲ့လုပ်ငန်းကို လုပ်ကိုင်ခဲ့ပါတယ် မျက်လှည့်ဆရာဖြစ်တဲ့သူ့အနေနဲ့ ရဲတွေမိတဲ့အခါ ရဲတွေကိုလှည့်စားဖို့လွယ်ကူပေမယ့် သူ့ခေါင်းဆောင်နဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားမိတဲ့အခါမှာ ဘယ်လိုအန္တရာယ်တွေကိုရင်ဆိုင်ရတယ် သူဘယ်လိုဖြေရှင်းမယ် ဆိုတာတော့ကြည့်ရှုကြပါလို့ သူ့ကောင်မလေးဟိုလီကရော သူ့အကြောင်းတွေသိသွားတော့ သူ့ကိုဆက်ချစ်ပြီး သူ့အနားမှာ အခက်အခဲတွေကို တူတူရင်ဆိုင်ဖြေရှင်းပေးမှာလား သူ့ကိုပစ်သွားမလား သူတို့ရည်းစားနှစ်ယောက် ဘယ်လိုရှေ့ဆက်ကြမလဲဆိုတာတွေကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်အပြင် ဘိုရဲ့ အံ့ဩစရာမျက်လှည့်တွေကိုလဲ ရှုစားရမှာဖြစ်လို့ မျက်လှည့်ကြိုက်တဲ့ပရိတ်သတ်တွေ တကယ့်ကိုသဘောတွေ့မယ် ဇာတ်ကားလေးပါ ပြီးရင် ဘိုပြတဲ့မျက်လှည့်ပြကွက်တွေရဲ့ နောက်ကွက်ကတကယ့်အကြောင်းကိုလဲ သိရမှာမလို့ အားပေးကြပါဦးလို့   (ဘာသာပြန်သူကတော့ မေသရဖီလွင် ပါ)  File Size : (650 MB) and (200 MB)Quality : Bluray 720pRunning ...
movie

Sleight (2016)

2016